#} Myanmar Fighter, muha-ro, Hwaseong (2026)

Myanmar Fighter

Myanmar Fighter

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Fighter, Sports, muha-ro, Hwaseong.

15/07/2026

🥊 လာမယ့် 18 ရက်နေ့မှာ ကမ္ဘောဒီးယားဖိုက်တာနဲ့ ကစားသွားမယ့် Chit Wine Wyne
လာမယ့် 18 ရက်နေ့ မြန်မာအချိန် ညနေ 6:30 pm မှာ စတင်မှာဖြစ်ပြီး Chit Wine Wyne က ခေါင်ပွဲကစားရမှာဖြစ်လို့နောက်ကျမှ လာမှာပါ။ Town Full Hd ရဲ့ Fb နဲ့ Youtube ကနေ ကြည့်နိုင်ပါတယ်။

14/07/2026

🥊 လာမယ့်သောကြာနေ့မှာ ကြည့်ရှု့ရမယ့် ​ဆွန်ရတ်နဲ့ ဝုတ္တိခရိုင်း

လာမယ့်သောကြာနေ့မှာတော့ မွန်ဖိုက်တာ ဆွန်ရတ်နဲ့ ထိုင်းဖိုက်တာ ဝုတ္တိခရိုင်းတို့ ကစားကြဖို့ရှိပါတယ်။

13/07/2026

🥊 မနေ့က ကျင်းပသွားတဲ့ UFC 329 ရဲ့ ဖိုက်တွေရဲ့ ထိုးကြေးများ

ကော်နာကတော့ ဒဏ်ရာရသွားတာဆိုတော့ ခဏလေးနဲ့ သန်း 30 ရရှိပြီး ဟိုလိုဝေးကလည်း ချွေးတောင်မထွက်လိုက်ရပဲ 3 သန်းရသွားပါတယ်။ ဒုတိယခေါင်ပွဲဖိုက်တာတွေလည်း 1 မိနစ်မပြည့်ပဲ ချွေးတောင်မထွက်ရပဲ ထိုးကြေးတွေ ရရှိသွားပါတယ်။ ပရိတ်သတ်တွေ အတွက်တော့ မတန်လိုက်ပါဘူး။

Photos from Myanmar Fighter's post 12/07/2026

🥊 ကော်နာကို အနိုင်ရရှိသွားတဲ့ ဟော်လိုဝေး

ပွဲစတာနဲ့ ကော်နာက ခုန်ဝန်ကန်တာပါ ပြန်ကျထဲက ဒူးကထိသွားတာပါ ဆက်ကစားတော့ ကော်နာ ဒူးကနာနေပါပြီ။ ဆက်မကစားနိုင်လို့ ပွဲကရပ်လိုက်ရတာပါ။ ကော်နာဒူးထိသွားတာမို့ ပရိတ်သတ်တွေကြည့်ရတာ မတန်လိုက်ပါဘူး။ ဟိုလိုဝေးအတွက်လည်း ဘာမှမလုပ်လိုက်ပဲ ထိုးကြေးရသွားတာပါ။

Photos from Myanmar Fighter's post 12/07/2026

🥊 ဆိန့်ဒင်းနစ် ကို ပင်ဘလက်က ပထမအချီ ပွဲစတာနဲ့ သိပ်မကြာခင်မှာပဲ ချုပ်ကွက်နဲ့ အနိုင်ယူသွားပါတယ်။ ဆိန့်ဒင်းနစ်က Takedown လုပ်ဖို့ ဝင်ဆွဲတဲ့အချိန် လည်ပင်းဖမ်းချုပ်ပြီး ချုပ်ကွက်နဲ့ ပွဲသိမ်းအနိုင်ယူသွားတာပါ 52 စက္ကန့်ပဲ ကြာလိုက်ပါတယ်။

Photos from Myanmar Fighter's post 12/07/2026

🥊 Sandhagen ကို Bautista က အသီးကစားသွားပြီး ဒိုင်အဆုံးဖြတ်နဲ့ အနိုင်ယူသွားပါတယ်။

Photos from Myanmar Fighter's post 12/07/2026

🥊 ဗန်ရဲ့ ပြိုင်ဘက်ဟောင်း ရိုဗာ ချုပ်ကွက်နဲ့ အနိုင်ရရှိ

ဒီပွဲကလည်း ကြည့်ကောင်းခဲ့ပါတယ်။ ပထမအချီမှာ ထောက်လက်သီးထိုးချက်နဲ့ ကာဗာနာ အတော်လေးထိအောင် ရိုဗာက ထိုးနိုင်ခဲ့လို့ ပထမအချီမှာသာပါတယ်။ ဒုတိယအချီမှာ ကာဗာနာ ရဲ့ လက်သီးထိပြီး ရိုဗာလဲကျပါတယ် ပွဲသိမ်းခံရလုနီးပါး အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ရိုဗာပြန်ထလာတဲ့အချိန် ကာဗာနာ ရဲ့ တံတောင်တိုက်ချက်က ရိုဗာဦးခေါင်းနောက်ထိသွားသေးတယ်။
တတိယအချီမှာတော့ သူထိကိုယ်ထိပါပဲ နောက်ပိုင်း ရိုဗာက ကာဗာနာ ကို လဲချပြီး ကြမ်းပြင်မှာပဲ ချုပ်ကွက်ဖော်ဆောင်ကာ လည်းပင်းကို နောက်ကနေညစ်ပြီး ချုပ်ကွက်နဲ့ အနိုင်ယူသွားပါတယ်။

11/07/2026

🥊 မနက်ဖြန် 12 ရက်နေ့မှာတော့ ပရိတ်သတ်ရဲ့အချစ်တော်ကြီး ကော်နာနဲ့ ဟော်လိုဝေးပွဲကြည့်ရတော့မှာပါ။ ပွဲဝေးနေတဲ့ ကော်နာအနေနဲ့ ဟိုလိုဝေးကို ဘယ်လိုရင်ဆိုင်ကစားသွားမလဲဆိုတာစောင့်ကြည့်သွားရဦးမှာပါ။ UFC 329 ရဲ့ Prelims ပွဲတွေကို မနက်ဖြန် 12 ရက်နေ့ မြန်မာအချိန် မနက် 3:30am မှာ စတင်သွားမှာဖြစ်ပြီး Main Card ကိုတော့ မနက် 7:30am မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Photos from Myanmar Fighter's post 10/07/2026

🥊ဂျိုရှူအာ ပါစီယိုက မန်ဆာ မာလာချီယက်ဗ်ကို ပထမအချီ ချုပ်ကွက်နဲ့ အနိုင်ယူပြီး ခါးပတ်ကာကွယ်သွားပါတယ်။

Photos from Myanmar Fighter's post 10/07/2026

🥊ရှိုဇို အီဆိုဂျီးမားက ချန်ပီယံဟောင်း ဖိုလာယန်းကို ပထမအချီနဲ့ အလဲထိုးကာ အနိုင်ယူသွားပါတယ်။

Want your business to be the top-listed Gym/sports Facility in Hwaseong?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Muha-ro
Hwaseong
18536