Yan Naing Sports

Yan Naing Sports

Share

MMA အားကစားသတင်းတွေကိုနေ့စဥ်တင်ဆက်ပေးနေပါတယ်။ page ကို follow လုပ်ထားနော်

11/05/2026

😜 ဗန်ပွဲအပြီး ဂျပန်ရောက်မြန်မာများ ရုံးတက်ကြပုံ

10/05/2026

🥊 ဒီနေ့ပွဲမှာ ဗန်ကို အနိုင်ယူမယ့် အချက်တွေရလိုက်တယ်ဆိုတဲ့ ပန်တိုဂျာ

ပန်တိုဂျာကတော့ ဗန်နဲ့တိုင်ရာပွဲကို ပွဲထဲထိလာပြီး အနီးကယ်လာရောက်ကြည့်ရှု့သွားပါတယ်။ပန်တိုဂျာ ပွဲမတိုင်ခင်ထဲက တိုင်ရာကို အနိုင်ရစေခဲ့တာပါ။ ဗန်လည်းနိုင်သွားရော မျက်နှာပုံကြည့်ရတာ ထိုးခံရမှာကြောက်နေသလားပဲ ဟန်တောမဆောင်နိုင်ဘူး။ ဒီနေ့ပန်တိုဂျာက ပြောသွားပါတယ် ဒီပွဲကိုအနီးကပ်စောင့်ကြည့်ခဲ့တာမို့ ဗန်ရဲ့အားနည်းချက် တွေ့ခဲ့ပါတယ်။ မကျေပွဲမှာ ဘယ်သူချန်ပီယံ အစစ်လည်းဆိုတာ သက်သေပြကြတာပေါ့တဲ့။ ပန်တိုဂျာရေ အရိုးအဆစ်ကောင်းအောင်လေ့ကျင့်ခဲ့ကွာ ပြီးမှာ တောင်ပြောမြောက်ပြောမလုပ်နဲ့ အထိုးခံရမှကြောက်လို့ NO NO လို့လည်မအော်နဲ့

ကျွန်တော်အထင် ပန်တိုဂျာ တွေ့တဲ့အချက်က Takedown ပါသွားတွေဖြစ်ပါမယ်။ ဗန်အနေနဲ့ ထပ်ပြီးပြင်ဆင်လာမှာပါ။ ဒီနေ့ပွဲမှာ ဗန်ပ Takedown တချို့ပေးလိုက်ရပါတယ်။

10/05/2026

🥊 UFC 328 ရဲ့ Fight Of The Night ဆုကို ဗန်က ထပ်မံဆွတ်ခူးသွားပါပြီ

Photos from Yan Naing Sports's post 10/05/2026

🥊Sean Strickland က khamzat chimaev ကို ဒိုင်အဆုံးဖြတ်နဲ့ ချန်ပီယံနောက်တစ်ကြိမ်ဖြစ်လာပါတယ်။

Photos from Yan Naing Sports's post 10/05/2026

🥊 တိုင်ရာကို အလဲထိုးပြီး ချန်ပီယံအစစ်ဖြစ်ကြောင်းသက်သေပြသွားတဲ့ ဗန်

ပွဲအစမှာ Takedown တွေပေးရလို့ စိုးရိမ်ခဲ့ပေမယ် ဗန်ကတော့ standfight နဲ့ တိုင်ရာကို အထိနာအောင်လုပ်ပြီး 5 ချီမြောက်မှာ အလဲထိုး ဒိုင်ပွဲရပ်နဲ့ အနိုင်ယူကာ ချန်ပီယဲခါးပတ်ကာကွယ်သွားပါတယ်။ 3 ချီမှာတောင် ပွဲသိမ်းနီးလုနီးပါးဖြစ်ခဲ့တယ် တိုင်ရာကိုတောင် ချုပ်ပြီး ပွဲသိမ်းဖို့လုပ်လိုက်သေးတယ် ဂုဏ်ယူပါတယ် ဗန်ရေ

09/05/2026

🥊 ဗန်ပါဝင်ကစားမယ့် UFC 328 ပြိုင်ပွဲများ စတင်နေပါပြီခင်ဗျာ

ကော.မန့်မှာ တယ်.လီဂ.ရမ် ချပေးထားပါတယ်။

Photos from Yan Naing Sports's post 09/05/2026

🥊 🥊 လာမယ့်သောကြာညမှာတော့ ထွန်းမင်းနိုင်နဲ့ လူသစ် အောင်ထွန်းဘိုပွဲပါဝင်လာပါတယ်။ the inner circle မှာတော့ မာလီခင်နဲ့ရုရု ၊ စူပါတ်လတ်ပွဲလည်းပါဝင်ပါတယ်။

09/05/2026

🥊 မနက်ဖြန် 10 ရက်နေ့ ဗန်ပွဲ ကြည့်ရမယ့် အချိန်

မနက်ဖြန် 10 ရက် တနင်္ဂနွေနေ့မှာတော့ ချင်းဖိုက်တာလေး ဗန်ရဲ့ ပထမဆုံးသော ချန်ပီယံကာကွယ်ပွဲကို ကြည့်ရှု့ရတော့မှာပါ။ UFC 328 ပြိုင်ပွဲကို 10 ရက်နေ့ မြန်မာအချိန် မနက် 3:30am မှာ စတင်သွားမှာဖြစ်ပါတယ်။ ဗန်ပါဝင်ကစားမယ့် main card ကတော့ မနက် 7:30 am မှာ စတင်သွားမှာဖြစ်ပါတယ်။ ဗန်ပွဲကတော့ 8:30am နောက်ပိုင်းလောက်မှာ ကြည့်ရှု့ရမှာပါ။ အားပေးကြဖို့ အသင့်ပဲလား ❓

ဗန်ပွဲကြည့်ရှု့လိုပါက တယ်.လီ.ဂရမ် ကို ကြွလှမ်းခဲ့ပါ။ ကောမန့်မှာ ချထားပေးပါမယ်။

09/05/2026

🥊 မနက်ဖြန်မှာ ကစားမယ့် ဗန် နဲ့ တိုင်ရာတို့ပွဲ ခန့်မှန်းချက်

ဖိုက်တာနှစ်ယောက်လုံး အားရှဖိုက်တာတွေ အသက်နဲ့ အရပ်ကလည်း မသိမ်းမယိမ်းတွေပါ။ တိုင်ရာကတော့ လက်တံ 5 လပ်မပိုရှည်တယ် ဗန်အနေနဲ့ ထိုးချက်တွေထိဖို့ အနားထိကပ်ထိုးမှ ရလိမ့်မယ်။ ကပ်လာရင်လည်း တိုင်ရာက ဆွဲလဲချဖို့ ကြိုးစားလာလိမ့်မယ်။ တိုင်ရာက ကြမ်းပြင်မှာ တိုက်ခိုက်ရာတာ ကျွမ်းကျင်သလို လဲချပြီး တိုက်ခိုက်နိုင်ဖို့ကြိုးစားလာမှာသေပါတယ်။ ဗန်အနေနဲ့ တိုင်ရာ Takedown ယူတိုင်း ပါမသွားဖို့နဲ့ ပါသွားရင်တောင် ခဏလောက်နဲ့ ပြန်ရုန်းထဖို့လိုပါတယ်။ တိုင်ရာကိုယ်တိုင်းကလည်း ဗန်ကို မြေပြင်ကိုဆွဲခေါ်ပြီး 3 ချီအတွင်းအပြတ်ဖြတ်မယ်လို့ ပြောဆိုထားပါတယ်။

ဗန်ကလည်း တိုင်ရာကို 3 ချီအတွင်းအဆုံးသတ်မယ်လို့ ပြောဆိုထားပါတယ်။ ဗန်က လက်သီးချက်တွေ မြန်သလို Takedown ကာကွယ်တဲ့အပိုင်းလည်းအတော်လေးကောင်းပါတယ်။ ရှေ့အချီတွေ တိုင်ရာလဲချတာ ပါမသွားရင် ဗန်အနေနဲ့ ယုံကြည်ချက်တွေမြင့်မားလာပြီး နောက်ပိုင်အချီတွေမှာ မြန်ဆန်တဲ့လက်သီးချက်တွေနဲ့ ပွဲသိမ်းသွားနိုင်ခြေရှိပါတယ်။ ကျွန်​တော်ကတော့် ဗန်က 4/5 ချီတွေမှာ ပွဲသိမ်းရလဒ်နဲ့ နိုင်မယ်လို့ထင်ပါတယ်။

Photos from Yan Naing Sports's post 08/05/2026

🥊 ဒီမနက်ဝိတ်ချိန်အခမ်းနားမှာ မြင်တွေ့ရတဲ့ ဗန်နဲ့တိုင်ရာတို့ရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ မနက်ဖြန် 10 ရက်နေ့ မနက်မှာ ဗန်ပွဲကို အားပေးလိုက်ကြရအောင်ပါ။

08/05/2026

🥊 တရားဝင်ပွဲဖြစ်ပါပြီ ဗန်ရော တိုင်ရာရော 125 ပေါင်နဲ့ ဝိတ်တန်းဝင်ခဲ့ပါပြီ။ တနင်္ဂနွေ့မနက်မှာ ​​ဆော်ကြယုံပဲ ကျန်တော့တယ်။

Want your business to be the top-listed Gym/sports Facility in Hwaseong?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Muha-ro
Hwaseong
18536