Thaing Byaung Byan In Korea

Thaing Byaung Byan In Korea

Share

HTET AUNG LIN (Thaing Byaung Byan In Korea 🇰🇷 Group founder)

28/05/2024
27/05/2024

"မတတ်နိုင်ဘူး၊မလုပ်နိုင်ဘူး"
ဆိုတာကို ယနေ့ကစပြီးပြောင်းလဲပစ်လိုက်ပါ👊
" ငါတတ်နိုင်တယ် ၊
ငါလုပ်နိုင်တယ် "👌

Photos from Thaing Byaung Byan In Korea's post 26/05/2024

ကိုရီးယားသိုင်းပြောင်းပြန်အဖွဲ့ ဘူချွန်းးနိုင်ငံပေါင်းစုံပွဲတော် မြန်မာကိုယ်စားပြု မြန်မာ့ရိုးရာကိုယ်ခံပညာရပ်များစွာထဲက

သိုင်းပြောင်းပြန်ပညာရပ်ရဲ့ လက် / ဒုတ် /ဓါး /လှံ ပညာရပ်များးကစားပြကြစဉ်

👉 သိုင်းပြောင်းပြန်ပညာ စနစ်တကျသင်ယူချင်ရင်ဖြင့် ဆက်သွယ်နိုင်ပါသည် ခင်ဗျာ

🗡 ဆရာ ထက်အောင်လင်း( 🇰🇷 korea )
Thaing Byaung Byan In Korea Group founder
( Headquarter Thanlyin )
010 - 6713 - 8710
https://www.facebook.com/profile.php?id=100008642884718&mibextid=LQQJ4d

⚔️ လက်ထောက်ဆရာ ဇာနည်အောင်
(ဘူဖျောင်း သိုင်းပြောင်းပြန်သင်တန်းမှူး)
Thaing Byaung Byan In Korea 🇰🇷 Group
010 - 2876 - 5456
https://www.facebook.com/profile.php?id=100024747770886&mibextid=ZbWKwL

19-5-2024

25/05/2024

💥 သိုင်းပြောင်းပြန် တုတ်ရှည်သိုင်း၊ ဓါးသိုင်း 💥
အထူး Online သင်တန်း 🗡၃ လပြတ်🗡

ဆရာချယ်နှင့်အဖိုးဦးမောင်လေး ၊ကျွန်တော့်ရဲ့ကျေးဇူးရှင် ဖခင်ဆရာကြီး ဦးအောင်သိန်း(သန်လျင်)တို့ကိုဦးစွာဂါရဝပြုကန်တော့လိုက်ပါတယ်..🙏🙏🙏

၁. ၆ .၂၀၂၄ နေ့ရက်မှစ၍ ၃ လတိတိ ၊ စနေနေ့ အပတ်စဥ်တိုင်း တုတ်ရှည်သိုင်းနှင့် ဓါး၂လက်၊ဓါး ၁ လက်တို့ကို အခြေခံမှစ၍ အသေးစိတ်သင်ကြားပြသပေးမှာဖြစ်ပါတယ်.

💥သိုင်းပြောင်းပြန်ရဲ့ အခြေခံမှစ၍ ဆရာအဆင့်အထိ အသုံးပြုမှု အများဆုံးဖြစ်သောတုတ်ရှည် ပညာရပ်နှင့် ဓါးသိုင်း ပညာရပ်တွေကို စုပေါင်းပြီး သိုင်းပြောင်းပြန်ပညာရဲ့အနှစ်သာရများကိုသာသင်ကြားပေးမည့် သင်တန်း 💥

📚၄င်းပညာရပ်ကို သင်ကြားခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများမှာ 💥💥💥

တုတ်ရှည်တစ်ချောင်းကို စနစ်တကျပေါ့ပါးသွက်လက်စွာ ကိုင်တွယ်အသုံးပြုပြီး လွယ်လင့်တကူတိုက်ခိုက်နိုင်ခြင်း၊ သိုင်းပြောင်းပြန်ရဲ့အဓိက အားအပြင်းဆုံး ဖြစ်တဲ့
"လိမ်တုတ်"ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်မည့်အပြင်
ဘာအခြေခံမှ သင်ကြားထားခြင်းမရှိသေးသောသူများအတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ အကယ်၍များ သိုင်းပြောင်းပြန်ပညာရပ်ကို လေ့လာထားတဲ့ သူတွေဆိုရင်တော့ စနစ်တကျ သိရှိနားလည်နိုင်ပြီး လှုပ်ရှားမှုတစ်ခုစီတိုင်းရဲ့ အဓိပ္ပာယ်တွေကို ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်.

🗡မိမိမှာ ဓါးတစ်ချောင်းရှိတယ်ဆိုရင်တောင် ခုတ်တက်ရုံနဲ့တော့ မရ ... လူတိုင်းခုတ်တက်တယ် ... 😊
ပရိယာယ်နဲ့ အချိန်အတိုအတွင်းမှာ တိုက်ခိုက်နိုင်ဖို့ဆိုရင် ပညာရပ်တစ်ခုလိုအပ်ပါတယ်. ထို့ကြောင့် ဓါးလမ်း​ကြောင်းများကိုသိရှိနိုင်မှာဖြစ်ပြီး လိမ္မာပါးနက်စွာ ရှောင်တိမ်းနိုင်မဲ့အပြင် သိုင်းပြောင်းပြန်ရဲ့ ဓါးသိုင်းကိုတက်မြောက်ထားလျှင် တုတ်တိုဖြင့်လည်းကောင်း၊ တုတ်တိုနှစ်ချောင်းဖြင့်လည်းကောင်း တိုက်ခိုက်နိုင်မည်ဖြစ်ပါတယ်.

၄င်း Online သင်တန်းကို တက်ရောက်ပြီးလျှင်
ကျွန်တော်တို့ သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီး ဦးအောင်သိန်း(သန်လျင်)ဦးစီးသောသန်လျင်အဖွဲ့ရဲ့ Online ပေါ်တွင်တင်ထားသော video များနှင့် ကိုရီးယားတွင် ကျွန်တော်ဦးစီးဖွင့်လှစ်ထားသော ကိုရီးယားသိုင်းပြောင်းပြန်အဖွဲ့ရဲ့ Online ပေါ်တင်ထား video များကို ကြည့်ရှုလိုက်တာနဲ့ နားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ် .....

💥 တုတ်ရှည်သိုင်း ၊ ဓါးသိုင်း
၃ လပြတ် သင်တန်းကြေး 👇👇👇

💥💥💥 ၅သောင်း💥💥💥

💥မြန်မာနိုင်ငံနှင့် တခြားနိုင်ငံများမှ သိုင်းဝါသနာရှင်များအတွက်လည်း အထူးသင်တန်းကြေးဖြင့် သင်ကြားပေးမယ်..

သင်တန်းသားများစတင်လက်ခံနေပါပြီခင်ဗျာ.
အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ...

Htet Aung Lin (Thaing Byaung Byan In Korea 🇰🇷 Group founder)
သန်လျင်သိုင်းပြောင်းပြန်အဖွဲ့
010 6713 8710

Photos from Thaing Byaung Byan In Korea's post 20/05/2024

ယနေ့ ၂၀.၅.၂၀၂၄ ရက်နေ့တွင် ကျွန်တော့်ရဲ့ ကျေးဇူးရှင်
🙏 သိုင်းပြောင်းပြန်ပင်မ ဦးစီးဆရာကြီး ဦးအောင်သိန်း
(သန်လျင်) ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှစ၍ မိသားစုတွေနဲ့အတူ
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး အသက်ရှည်အနာမဲ့စွာဖြင့်
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ...🙏🙏🙏
ကိုရီးယားရောက် သိုင်းပြောင်းပြန် သားတပည့်များက
ဆုမွန်ကောင်းတောင်းပြီး ကန်တော့လိုက်ပါတယ်.....

" ကမ္ဘာတည်သရွေ့ သိုင်းပြောင်းပြန်အဓွန်ရှည်တည်တံ့အောင် ကြိုးစားသွားပါ့မယ် " .......

🙏🙏🙏
ဆရာကြီးရဲ့ သားတပည့် .....
ဆရာထက်အောင်လင်း(သန်လျင်သိုင်းပြောင်းပြန်အဖွဲ့)
Thaing Byaung Byan In Korea 🇰🇷 Group founder
010 6713 8710

Thaing Byaung Byan In Korea

19/05/2024

19.5.2024 부천 다문화 축제 23회
ကိုရီးယားသိုင်းပြောင်းပြန် အဖွဲ့ရဲ့ သိုင်းစွမ်းရည်များ
ပြသခဲ့စဥ်.....

ဆရာထက်အောင်လင်း
Thaing Byaung Byan In Korea 🇰🇷 Group founder
သန်လျင်သိုင်းပြောင်းပြန်အဖွဲ့
010 6713 8710

01/01/2024

💥သိုင်းပြောင်းပြန်လက်တွေ့ သင်တန်း(အခမဲ့)💥

၃ . ၂ . ၂၀၂၄ ရက်နေ့တွင် စတင်​ပြီး ၃၁ . ၃ . ၂၀၂၄ ရက်နေ့အထိ (၂ လ)အကြာ သိုင်းပြောင်းပြန်ပညာရပ် လက်သိုင်း ၊ ဓါးသိုင်း ၊ တုတ်ရှည်သိုင်းအခြေခံ​များနှင့် လက်တွေ့​တိုက်ခိုက်​ခြင်းများကို စနစ်တကျ သင်ကြားပြသပေးမှာဖြစ်ပါတယ်.

💥ကိုရီးယားရောက် ရွှေညီအကိုများ သိရှိစေရန်အတွက် တဆင့်ပြန်လည်ဝေမျှပေးခြင်းဖြင့် မိမိတို့ရဲ့ မြန်မာ့ရိုးရာအမွှေအနှစ်များဆက်လက်ရေရှည် တည်တံ့နိုင်မှာဖြစ်ပါတယ်.

၄င်းသင်တန်းကို တက်ရောက် သင်ကြားခြင်းကြောင့် မိမိအတွက်အကျိုးကျေးဇူးများစွာကိုရရှိနိုင်မှာဖြစ်ပါတယ်.

လက်ထောက်​ဆရာများ​နှင့်စီနီယာများကလည်း အပြည့်​အဝ ကူညီသင်ကြားပြသပေးမှာဖြစ်ပါတယ်.

သိုင်းပြောင်းပြန်သင်တန်း(အခမဲ့)ကို စိတ်ဝင်တစား သင်ယူချင်သော ညီအကိုများကို
ကျွန်တော်တို့ Thaing Byaung Byan In Korea 🇰🇷 Group မှ နွေးထွေးစွာ ကြိုဆိုလျက်ပါ...

👉ဘူဖြောင်းမြို့ သိုင်းပြောင်းပြန်သင်တန်း

အပတ်စဥ်
စနေနေ့ ... ညနေ ၄ နာရီမှ ၆ နာရီအထိ

👉ဖျောင်းထက်မြို့ သိုင်းပြောင်းပြန်သင်တန်း

အပတ်စဥ်
တနင်္ဂနွေနေ့ ... နေ့လည် ၁ နာရီမှ ညနေ ၃ နာရီ အထိ

မိမိနီးစပ်ရာ သင်တန်းနေရာကိုတက်ရောက်နိုင်ပါတယ်.

💬 ဆက်သွယ်မေးမြန်းစုံစမ်းပြီး အမည်စာရင်းပေး​ရန်အတွက်

🗡 ဆရာ ထက်အောင်လင်း( 🇰🇷 korea )
Thaing Byaung Byan In Korea Group founder
( Headquarter Thanlyin )
010 - 6713 - 8710

⚔️ လက်ထောက်ဆရာ ဇာနည်အောင်
(ဘူဖျောင်း သိုင်းပြောင်းပြန်သင်တန်းမှူး)
Thaing Byaung Byan In Korea 🇰🇷 Group
010 - 2876 - 5456
https://www.facebook.com/profile.php?id=100024747770886&mibextid=ZbWKwL

⚔️ လက်ထောက်ဆရာ ဝေယံ
(ဖျောင်းထက် သိုင်းပြောင်းပြန်သင်တန်းမှူး)
Thaing Byaung Byan In Korea 🇰🇷 Group
010 - 2180 - 2123
https://www.facebook.com/profile.php?id=100093608506323&mibextid=ZbWKwL

⚔️ လက်ထောက်ဆရာ ရှိန်းခန့်ထက်
(ဖျောင်းထက် သိုင်းပြောင်းပြန်သင်တန်း တာဝန်ခံ )
Thaing Byaung Byan In Korea 🇰🇷 Group
010 - 2026 - 4163 https://www.facebook.com/khanthtet.skh?mibextid=ZbWKwL

02/12/2023

သိုင်းပြောင်းပြန် အခြေခံ လက်ပေါင်းဒူးတိုက် ၂ မျိုး..

ကိုရီးယားသိုင်းပြောင်းပြန်အဖွဲ့

Want your business to be the top-listed Gym/sports Facility in Incheon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Incheon