BGO G One Gym

BGO G One Gym

Share

Welcome from our family gym.

Photos from BGO G One Gym's post 22/05/2026

BGO G One Gym ကို 21.5.2026 ကြာသပတေးနေ့မှ စပြီး ဗထူးစျေး ၄ လမ်း ၊ ၇ ရပ်ကွက် ၊ ဥဿာမြို့သစ်သို့ ​ပြောင်းလဲဖွင့်လှစ်ထားပါတယ်ရှင်။
Member အသစ် ၊ အဟောင်းများကိုလည်းဖိတ်ခေါ်ပါတယ်။ လမ်းညွန်ကတော့ ဗထူးစျေးလမ်းထဲဝင် ၊ ပထမဆုံးတွေ့တဲ့လမ်း ဘယ်ဘက်ကိုချိုးပါ။စာကြည့်တိုက်ကိုရောက်ပါလိမ့်မယ်။ စာကြည့်တိုက်ရှေ့မှာလမ်းနှစ်သွယ်တွေ့ပါမယ်။ ဘယ်ဘက်တံတားနဲ့လမ်း မဟုတ်ဘဲ ညာဘက်ကွန်ကရစ်လမ်းပါ။
လမ်းအတိုင်းတည့်တည့်ဝင်လာရင် အမိုးအပြာနဲ့တိုက်အသစ်လေးတွေ့ရင် ကျမတို့ Gym လေးကိုရောက်ပါပြီရှင့် 😊
လမ်းမရှာတတ်လျှင် ဗထူးလမ်းဆုံက ဝတီအထည်ဆိုင်ကိုလဲ မေးလို့လဲရပါတယ်နော်။
Member ကြေး 30000 ကျပ်ပါ။
Sunday တိုင်း Gym ပိတ်ပါတယ်ရှင့်။အသေးစိပ်အချက်အလက်များ သိလိုပါက hotline no. 09965424322 ကိုလည်း ဖုန်းဆက်စုံစမ်းနိုင်ပါတယ်ရှင်။

10/04/2026

🥰🥰🥰

09/04/2026

Thingyan ရက်များဖြစ်သော 13,14,15,16 ရက်များတွင် Gym ကိုမနက်ခင်း ၆ နာရီမှ ၉ နာရီထိဖွင့်လှစ်ပေးပါမည်။
နှစ်ဆန်းတစ်ရက်နေ့မှစ၍ မူလအချိန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်။ member များနှင့် page follower များ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ကြပါစေရှင် 😇

03/04/2026

Body type (ခန္ဓာကိုယ်အမျိုးအစား) ၃ မျိုး
Endomorph body type
Endomorph ဆိုတာ ခန္ဓာကိုယ် တည်ဆောက်ပုံ အမျိုးအစား (Somatotypes) သုံးမျိုးထဲက တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် အရိုးအဆစ် ကြီးမားပြီး ခန္ဓာကိုယ်မှာ အဆီစုလွယ်တဲ့ သဘာဝရှိသူတွေကို ခေါ်တာပါ။
Endomorph ဖြစ်သူတွေရဲ့ အဓိက လက္ခဏာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ခန္ဓာကိုယ် အချိုးအစား (Physical Characteristics)
* အရိုးတည်ဆောက်ပုံ: ပခုံးနဲ့ တင်ပါး ကျယ်တတ်ပြီး အရိုးအဆစ်တွေက တခြားသူတွေထက် ပိုကြီးတတ်ပါတယ်။
* ပုံသဏ္ဍာန်: ခန္ဓာကိုယ်က အနည်းငယ် လုံးဝိုင်းတဲ့ပုံစံ (Pear-shaped သို့မဟုတ် Apple-shaped) ရှိတတ်ပါတယ်။
* ခြေလက်များ: လက်မောင်းနဲ့ ပေါင်တံတွေမှာ အသားများပြီး တိုတောင်းတယ်လို့ ထင်ရတတ်ပါတယ်။
၂။ ဇီဝကမ္မဖြစ်စဉ် (Metabolism)
* အဆီစုလွယ်ခြင်း: အစားအသောက်စားရင် ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲသိုလှောင်တာ မြန်ပါတယ်။ အထူးသဖြင့် ခါးနဲ့ ဝမ်းဗိုက်ပိုင်းမှာ အဆီစုလွယ်ပါတယ်။
* ဇီဝကမ္မဖြစ်စဉ် နှေးကွေးခြင်း: ကယ်လိုရီလောင်ကျွမ်းနှုန်း နှေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ တခြား body type တွေထက် ပိုကြိုးစားရတတ်ပါတယ်။
* ကြွက်သား တည်ဆောက်မှု: ကံကောင်းတာတစ်ခုကတော့ Endomorph တွေဟာ ကြွက်သားတက်ဖို့ လွယ်ကူပါတယ်။ အားကစားလုပ်ရင် ခွန်အားကောင်းတဲ့ အမျိုးအစား ဖြစ်ပါတယ်။
Endomorph တွေအတွက် အကြံပြုချက်
ဒီ body type ရှိသူတွေက ကျန်းမာရေးနဲ့ ညီညွတ်အောင် ထိန်းသိမ်းချင်ရင် အောက်ပါ အချက်တွေကို အလေးထားသင့်ပါတယ်။
* အာဟာရ: ကာဗိုဟိုက်ဒရိတ် (Carbohydrates) စားသုံးမှုကို လျှော့ချပြီး ပရိုတင်း (Protein) နဲ့ အသီးအရွက်တွေကို ပိုစားပေးသင့်ပါတယ်။
* လေ့ကျင့်ခန်း: နှလုံးခုန်နှုန်းမြှင့်တင်ပေးတဲ့ (Cardio) လေ့ကျင့်ခန်းတွေနဲ့ ကြွက်သားတက်စေတဲ့ (Strength Training) လေ့ကျင့်ခန်းတွေကို မျှတအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရင် Endomorph ဆိုတာ "အဆီတက်လွယ်ပေမယ့် ကြွက်သားတက်ဖို့လည်း အလားအလာကောင်းတဲ့ ခိုင်ခံ့တဲ့ ခန္ဓာကိုယ်မျိုး" လို့ မှတ်ယူနိုင်ပါတယ်။
- Mesomorph body type
​Mesomorph ဆိုတာ ခန္ဓာကိုယ် တည်ဆောက်ပုံ သုံးမျိုးထဲမှာမှ အားကစားသမား ခန္ဓာကိုယ်မျိုး (Athletic build) လို့ အများက သတ်မှတ်ကြတဲ့ အမျိုးအစားပါ။ သူတို့ရဲ့ ထူးခြားချက်တွေကတော့ တော်တော်လေး အားကျစရာ ကောင်းပါတယ်။
​၁။ ခန္ဓာကိုယ် အချိုးအစား (Physical Characteristics)
​ပုံသဏ္ဍာန်: ပခုံးကျယ်ပြီး ခါးသေးတဲ့ V-shape ပုံစံမျိုး ရှိတတ်ပါတယ်။
​ဖွဲ့စည်းပုံ: အရိုးအဆစ် အနေတော်ရှိပြီး ကိုယ်ဟန်အနေအထား (Posture) မတ်ပါတယ်။
​ကြွက်သား: သဘာဝအတိုင်း ကြွက်သားထု ရှိပြီးသားဖြစ်သလို၊ အနည်းငယ် လေ့ကျင့်လိုက်ရုံနဲ့ ကြွက်သားတွေ သိသိသာသာ တက်လွယ်ပါတယ်။
​၂။ ဇီဝကမ္မဖြစ်စဉ် (Metabolism)
​ထိန်းညှိရလွယ်ကူခြင်း: သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ မြန်ဆန်တဲ့အတွက် အဆီတက်တာမျိုး သိပ်မရှိဘဲ ကိုယ်အလေးချိန်ကို အလွယ်တကူ ထိန်းထားနိုင်ပါတယ်။
​တုံ့ပြန်မှု: အစားအသောက်နဲ့ လေ့ကျင့်ခန်းအပေါ် ခန္ဓာကိုယ်က တုံ့ပြန်မှု အရမ်းကောင်းပါတယ်။ အဆီချချင်ရင်လည်း မြန်မြန်ကျသလို၊ ကြွက်သားတက်ချင်ရင်လည်း မြန်မြန်တက်ပါတယ်။
​Mesomorph တွေအတွက် အကြံပြုချက်
​Mesomorph တွေဟာ သဘာဝကပေးတဲ့ ခန္ဓာကိုယ်ကောင်းကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပေမယ့် ပိုမိုကောင်းမွန်အောင် အောက်ပါအတိုင်း နေထိုင်နိုင်ပါတယ်-
​မျှတသော အစားအစာ: ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီ (Healthy Fats) ကို မျှမျှတတ စားပေးဖို့ လိုပါတယ်။ သူတို့က အစားအသောက် အမှားအယွင်းကို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပေမယ့် အချိုနဲ့ ဆီကြော်တွေ အလွန်အကျွံစားရင်တော့ အဆီတက်လာနိုင်ပါတယ်။
​လေ့ကျင့်ခန်း: Strength Training (အလေးမခြင်း) နဲ့ Cardio ကို ရောနှောလုပ်ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ် အချိုးအစားကို အလှပဆုံး ထိန်းသိမ်းနိုင်ပါတယ်။
​အတိုချုပ်ပြောရရင် Mesomorph ဆိုတာ "သဘာဝအတိုင်း ကြွက်သားထုရှိပြီး ကျစ်လျစ်သန်စွမ်းတဲ့ အားကစားသမား ခန္ဓာကိုယ်မျိုး" Ectomorph ဆိုတာကတော့ ကျန်တဲ့ body type နှစ်မျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သဘာဝအတိုင်း ပိန်ပိန်ပါးပါး ရှိတဲ့ ခန္ဓာကိုယ် အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ "ဘယ်လောက်စားစား ဝမလာဘူး" လို့ ပြောလေ့ရှိတဲ့သူတွေဟာ များသောအားဖြင့် Ectomorph တွေ ဖြစ်တတ်ပါတယ်။
​သူတို့ရဲ့ အဓိက လက္ခဏာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
​၁။ ခန္ဓာကိုယ် အချိုးအစား (Physical Characteristics)
​ဖွဲ့စည်းပုံ: အရိုးအဆစ် သေးသွယ်ပြီး ပိန်ပါးတဲ့ ပုံစံရှိပါတယ်။ ပခုံးကျဉ်းတတ်ပါတယ်။
​ခြေလက်များ: လက်တံ၊ ခြေတံတွေက ရှည်လျားပြီး ကြွက်သားထု နည်းပါးပါတယ်။
​ပုံသဏ္ဍာန်: ခန္ဓာကိုယ်က အပြားလိုက် (Flat) ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။
​၂။ ဇီဝကမ္မဖြစ်စဉ် (Metabolism)
​ဇီဝကမ္မဖြစ်စဉ် အလွန်မြန်ခြင်း: ကယ်လိုရီ လောင်ကျွမ်းနှုန်း အရမ်းမြန်တဲ့အတွက် အဆီတက်ဖို့ ခက်ခဲသလို၊ ကိုယ်အလေးချိန်တက်ဖို့လည်း တော်တော်လေး ကြိုးစားရပါတယ်။
​ကြွက်သားတက်ရန် ခက်ခဲခြင်း: ကြွက်သားထု တည်ဆောက်ဖို့အတွက် တခြား body type တွေထက် ပိုပြီး အချိန်ပေးရသလို အစားအသောက်ကိုလည်း အများကြီး စားပေးဖို့ လိုအပ်ပါတယ်။ (ဒါကြောင့် သူတို့ကို Hardgainer လို့လည်း ခေါ်ကြပါတယ်)။
​Ectomorph တွေအတွက် အကြံပြုချက်
​ဒီ body type ရှိသူတွေ ကိုယ်အလေးချိန်တက်ချင်တာ ဒါမှမဟုတ် ကြွက်သားတက်ချင်တာမျိုး ရှိရင် အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။
​အာဟာရ: ကယ်လိုရီ တော်တော်များများ စားပေးဖို့ လိုပါတယ်။ ကာဗိုဟိုက်ဒရိတ် (ထမင်း၊ ခေါက်ဆွဲ) နဲ့ ပရိုတင်း (အသား၊ ငါး၊ ဥ) ကို အချိုးအစား များများစားပေးရပါမယ်။ ညဘက် အိပ်ခါနီး အဆာပြေစားပေးတာမျိုးကလည်း သူတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
​လေ့ကျင့်ခန်း: Cardio (ပြေးတာ၊ စက်ဘီးစီးတာ) တွေကို အလွန်အကျွံ မလုပ်သင့်ပါဘူး။ အလေးမတဲ့ လေ့ကျင့်ခန်း (Heavy Weight Training) ကို အဓိကထားပြီး ကြွက်သားစုတွေကို အနားပေးရင်း လေ့ကျင့်ရပါမယ်။
​အတိုချုပ်ပြောရရင် Ectomorph ဆိုတာ "သွယ်လျပြီး အဆီတက်ဖို့ ခက်ခဲတဲ့၊ ဇီဝကမ္မဖြစ်စဉ် မြန်ဆန်တဲ့ ခန္ဓာကိုယ်မျိုး" ဖြစ်ပါတယ်။

​-Ectomorph body type

Ectomorph ဆိုတာကတော့ ကျန်တဲ့ body type နှစ်မျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သဘာဝအတိုင်း ပိန်ပိန်ပါးပါး ရှိတဲ့ ခန္ဓာကိုယ် အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ "ဘယ်လောက်စားစား ဝမလာဘူး" လို့ ပြောလေ့ရှိတဲ့သူတွေဟာ များသောအားဖြင့် Ectomorph တွေ ဖြစ်တတ်ပါတယ်။
​သူတို့ရဲ့ အဓိက လက္ခဏာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
​၁။ ခန္ဓာကိုယ် အချိုးအစား (Physical Characteristics)
​ဖွဲ့စည်းပုံ: အရိုးအဆစ် သေးသွယ်ပြီး ပိန်ပါးတဲ့ ပုံစံရှိပါတယ်။ ပခုံးကျဉ်းတတ်ပါတယ်။
​ခြေလက်များ: လက်တံ၊ ခြေတံတွေက ရှည်လျားပြီး ကြွက်သားထု နည်းပါးပါတယ်။
​ပုံသဏ္ဍာန်: ခန္ဓာကိုယ်က အပြားလိုက် (Flat) ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။
​၂။ ဇီဝကမ္မဖြစ်စဉ် (Metabolism)
​ဇီဝကမ္မဖြစ်စဉ် အလွန်မြန်ခြင်း: ကယ်လိုရီ လောင်ကျွမ်းနှုန်း အရမ်းမြန်တဲ့အတွက် အဆီတက်ဖို့ ခက်ခဲသလို၊ ကိုယ်အလေးချိန်တက်ဖို့လည်း တော်တော်လေး ကြိုးစားရပါတယ်။
​ကြွက်သားတက်ရန် ခက်ခဲခြင်း: ကြွက်သားထု တည်ဆောက်ဖို့အတွက် တခြား body type တွေထက် ပိုပြီး အချိန်ပေးရသလို အစားအသောက်ကိုလည်း အများကြီး စားပေးဖို့ လိုအပ်ပါတယ်။ (ဒါကြောင့် သူတို့ကို Hardgainer လို့လည်း ခေါ်ကြပါတယ်)။
​Ectomorph တွေအတွက် အကြံပြုချက်
​ဒီ body type ရှိသူတွေ ကိုယ်အလေးချိန်တက်ချင်တာ ဒါမှမဟုတ် ကြွက်သားတက်ချင်တာမျိုး ရှိရင် အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။
​အာဟာရ: ကယ်လိုရီ တော်တော်များများ စားပေးဖို့ လိုပါတယ်။ ကာဗိုဟိုက်ဒရိတ် (ထမင်း၊ ခေါက်ဆွဲ) နဲ့ ပရိုတင်း (အသား၊ ငါး၊ ဥ) ကို အချိုးအစား များများစားပေးရပါမယ်။ ညဘက် အိပ်ခါနီး အဆာပြေစားပေးတာမျိုးကလည်း သူတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
​လေ့ကျင့်ခန်း: Cardio (ပြေးတာ၊ စက်ဘီးစီးတာ) တွေကို အလွန်အကျွံ မလုပ်သင့်ပါဘူး။ အလေးမတဲ့ လေ့ကျင့်ခန်း (Heavy Weight Training) ကို အဓိကထားပြီး ကြွက်သားစုတွေကို အနားပေးရင်း လေ့ကျင့်ရပါမယ်။
​အတိုချုပ်ပြောရရင် Ectomorph ဆိုတာ "သွယ်လျပြီး အဆီတက်ဖို့ ခက်ခဲတဲ့၊ ဇီဝကမ္မဖြစ်စဉ် မြန်ဆန်တဲ့ ခန္ဓာကိုယ်မျိုး" ဖြစ်ပါတယ်။
ကဲ သင်ရော ဘယ်ခန္ဓာကိုယ်အမျိုးအစားထဲ ပါလဲ?
Gym knowledge နဲ့ပတ်သတ်ပြီး သိလို မေးမြန်းလိုပါက page ကို like & follow လေးလုပ်ထားပေးပါရှင့်။
ကိုယ်တိုင်ရေးသားထားလို့ စာကို copy ခွင့်မပြုပါ။ လွတ်လပ်စွာ share နိုင်ပါတယ်ရှင်။

01/04/2026

Fitness knowledge check!

31/03/2026

အရွယ်တင်ခြင်ပါသလား Gym ဆော့ပါ။
ဟုတ်ပါတယ်။ ကျမတို့ အသက် ၃၀ ကျော်လာတဲ့အခါ အသက်အရွယ်အရ ခန္ဓာကိုယ်က muscle တွေ ဆုံးရှုံးလာပါတယ်။ အလေးမ မ တဲ့အခါ muscle ဆုံးရှုံးမှုကို မကာကွယ်နိုင်ပါဘူး။
ဒါကြောင့် အလေး မကို မပေးရပါမယ်။ လူငယ်တွေက muscle တည်ဆောက်ဖို့ အလေးမကြသလို ၊ လူကြီးတွေလဲ muscle မဆုံးရှုံးစေဖို့ အလေးမရပါမယ်။ တနေ့ကို အနည်းဆုံး တနာရီခန့် အချိန်ပေးပြီး Gym ဆော့သင့်ပါတယ်။
တချို့က Gym ဆော့တာကို အချိန်ဖြုန်းတယ်လို့ ထင်တဲ့သူအများအပြားရှိပါတယ်။ Gym ဆော့တာဟာ ကျမတို့ ခန္ဓာ ကိုယ်ကို ဒုတိယအကြိမ် ပြန်လည်တည်ဆောက်တာပါ။ အချို့ကလေးမွေးထားလို့ ဗိုက်ပူ ၊ဗိုက်ခေါက်ထူသူများလဲ Gym ဆော့ရင်း ပြန်လည်တင်းရင်းစေနိုင်သလို ကျမGym က member လူငယ်လေးအများစု ပြောင်းလဲ လာမှု အံ့မခန်းပါ။
တချို့ဆိုလာကာစက ပခုံးကျဥ်းကျဥ်းနဲ့ သာမာန်ပုံစံကနေ ရင်အုပ်ကျယ်ကျယ် bicep muscle တွေနဲ့ အရမ်းပြောင်းလဲ ကြည့်ကောင်းလာပါတယ်။ အသက် ၁၇ ကလေးတယောက်ဆို Gym ဆော့ရင်း တနှစ်အတွင်း အရပ်တစ်လက်မခွဲ ရှည်လာတာ ခုလက်ရှိ Gym မှာ ဆော့နေဆဲပါ။
တကယ်ပေါ့ပါးလာတာ၊ ချပ်ရပ်လာတာ ၊ အမျိုးသားလေးတွေ ကျန်းမာတောင့်တင်းလာတာ လက်တွေ့မို့ Gym ဆော့တာ ကောင်းလား၊ မကောင်းလား လက်ရှိ Gym ဆော့နေသူတွေကို မေးမြန်းကြည့်တာပဲ ဖြစ်ဖြစ် ၊ ကိုယ်တိုင်စမ်းကစားကြည့်ဖို့ပဲဖြစ်ဖြစ် တိုက်တွန်းပါရစေ။
တခုရှိတာက Gym life ဆိုတာ long journey ပါ။ အခုဆော့ အခုပြောင်းလဲတော့ လူတိုင်းမဖြစ်နိုင်ပါဘူး။ အချိန်တခုပေးရမယ် ၊ စိတ်ရှည်ရမယ် ၊ မိမိရဲ့ body& mind ကိုသေချာတည်ဆောက်ရမယ်။ ကောင်းမွန်တဲ့ community တစ်ခုလဲ တည်ဆောက်နိုင်လိမ့်မယ်။
Gym ဆော့ခြင်းရဲ့ ကောင်းကျိုးကတော့ အများကြီးပါပဲ။
သေချာလေ့လာခြင်ရင်တော့ BGO G ONE GYM ကိုလာခဲ့ပါ။ ကိုယ်တိုင်ရေးသားထားတာမို့ copy ကူးယူခွင့်မပြုပါရှင်။

26/03/2026

ဒီရက်ပိုင်းတွေမှာ Page မှာ active မဖြစ်တာ အတော်လေးကြာခဲ့ပြီ။
ကျန်းမာရေးအနဲငယ်ချူခြာတာရယ် ၊ အလုပ်တွေများနေတာကြောင့်ရယ်ပါ။ Page မှာ active မဖြစ်ပေမယ့် အပြင်မှာတော့ တကယ် အလုပ်များ ၊ လှုပ်ရှားနေပါတယ်။
ဟိုးအရင်က member အဟောင်းတွေရော ၊ အသစ်တွေပါ စုံစုံလင်လင်နဲ့ ပျော်စရာ family type Gym လေး ​ဖြစ်နေဆဲပါပဲ။ member တွေနဲ့ ခရီးတွေသွား၊ မုန့်တွေစား လှုပ်ရှားနေတုန်းပါပဲ။
ကျမတို့ Gym ရဲ့ marketing က တကယ်ဆော့တဲ့သူတွေ တဆင့်ခြင်းစီ သီတင်းစကားနဲ့ သွားတဲ့ type ပါ။ လိုင်းပေါ်မှာလဲ မကြော်ငြာသလို လမ်းညွှန်ဆိုင်းဘုတ်တောင်မထားပါဘူး။ အမှန်တကယ်ဆော့ချင်တဲ့သူက ရောက်အောင်လာကြပါတယ်။
စက်ပစ္စည်းတွေလဲ လိုအပ်တာလေးတွေ ထပ်ဖြည့်ပြီး အကောင်းဆုံးဖြစ်ဖို့ တဖြည်းဖြည်းကြိုးစားနေပါတယ်။ စေတနာနဲ့ ဂရုစိုက်မှုတွေလဲ မလျော့ပါဘူး။ အပြင်မှာ အမှန်တကယ်အလုပ်လုပ်နေတာမို့ page မှာ active မဖြစ်တာ၊ page messager မှာ စာဝင်ရင် ချက်ခြင်း reply မလုပ်နိုင်တာ နားလည်ပေးဖို့ request ပါတယ်ရှင့် 🙏
အသေးစိပ်အချက်အလက်များသိရှိလိုပါက 09965424322 ကိုဖုန်းဆက်စုံစမ်းနိုင်ပါတယ်။ပုံလေးကတော့ February လက သွားခဲ့တဲ့ short trip ကရှုခင်းလေးပါ😊

21/02/2026

ဒီပုံလေးသဘောကျမိတယ်။ ကိုယ့်မျက်နှာမပေါ်ပေမယ့် အားလုံးပြုံးရယ်နေတာလေးက သဘာဝကျတယ်။
Member တွေက ကိုယ့်ထက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကလေးတွေလို့ပဲ သဘောထားတယ်။
Fitness life တင်မဟုတ်ဘဲ သူတို့ကိုအနားမှာရှိနေသရွေ့ အမြဲပြုံးပျော်အောင် ထားနိုင်တဲ့ သူဖြစ်ချင်တယ်။ လိုက်ချင်ရက်နဲ့ ခွင့်မရလို့ မလိုက်ရတဲ့ ကလေးတွေအတွက်လဲ ခရီးထပ်စီစဥ်ပေးမယ်နော်။
21.2.2026 Pre-birthday memory 💜

Photos from BGO G One Gym's post 03/02/2026

အသက် ၄၀ ကျော်မှ Gym စဆော့လဲ နောက်မကျဘူးဆိုတာ ခုပုံက သက်သေပါပဲ။ Gym စဆော့ကာစ ပုံနဲ့ ခုလက်ရှိပုံက တအားကွာခြားသွားပြီ။
အဆီတွေကျပြီး muscle တွေ အစားထိုးဝင်လာတော့ ပေါင်ချိန်အနည်းအများထက်ကို body shape change သွားတယ်။
တချို့ကလှချင်လို့ Gym ဆော့တယ်။ တချို့က ကျန်းမာဖို့ဆော့တယ်။ ဘာအတွက်ပဲဆော့ဆော့ Gym ပုံမှန်ဆော့ရင် ပထမဆုံးအသားအရည်ကြည်လင်လာမယ်။ အဆီတွေကျလာမယ်။ ကျန်းမာကြံ့ခိုင်လာမယ်။ ပေါ့ပါးလာမယ်။
လက်ရှိခံစားနေတဲ့ ​​​​​​ဝေဒနာသက်သာလာမယ်။ အသည်းကွဲတာတော့ မပါဘူးပေါ့ 😛
ဒါကြောင့် အခုနောက်ပိုင်း lifestyle တွေမှာ Gym ဆော့ခြင်းက မဖြစ်မနေ ပါဝင်လာတာပါ။ Condo တွေမှာ Gym တွေ ပါလာတယ်။ ရောဂါဖြစ်လာမှ ကုမယ့်အစား ကျန်းမာအောင်နေထိုင်ခြင်းက လာဘ်တပါးပါ။
အားလုံးကျန်းမာပျော်ရွှင်တဲ့ဘဝရရှိစေဖို့ ဆန္ဒပြုလျှက်
Rachel
Founder & Trainer
BGO G One Gym

27/01/2026

Zora အချိုရည် promotion အမှတ်တရ

05/01/2026

Today day trip with my lovely members 🥰🥰🥰

Want your business to be the top-listed Gym/sports Facility in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bago