Hantharwady United Football Club

Directions

Hantharwady United Football Club Official Page

Grand Royal M-League 2026-27 ပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲစဉ်များ ပြန်လည်လက...
04/10/2026

Grand Royal M-League 2026-27 ပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲစဉ်များ ပြန်လည်လက်ခံကျင်းပမည့် Grand Royal Stadium ကွင်းတွင် အသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်များ ပြုလုပ်ခဲ့သည်။

ဖိနပ်အဟောင်းလေးတစ်ရံမှ အသင်းခေါင်းဆောင်သို့ | ဝင်းမိုးကျော်ရဲ့ ဘောလုံးအိပ်မက်  ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့...
02/10/2026

ဖိနပ်အဟောင်းလေးတစ်ရံမှ အသင်းခေါင်းဆောင်သို့ | ဝင်းမိုးကျော်ရဲ့ ဘောလုံးအိပ်မက်

ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အတွက် ဘောလုံးကန်ဖိနပ်စစ်စစ် အသစ်တစ်ရံ ပိုင်ဆိုင်ဖို့ဆိုတာ တစ်ချိန်က အိပ်မက်တစ်ခုလိုပါပဲ။ ငယ်စဉ်ကတည်းက ဘောလုံးကို အရမ်း ရူးသွပ်စိတ်ဝင်စားခဲ့တဲ့ ဝင်းမိုးကျော်ဟာ “ပလိပ် မိသားစု ဘောလုံးသင်တန်းကျောင်း” မှ ဆရာကြီး ဦးဆန်းမောင် နဲ့ ကိုကုလားကြီး (ခေါ်) ကိုဝင်းလှိုင်ဦး လက်ဦးဆရာနှစ်ယောက်ရဲ့ သင်ကြားပြသပေးမှုနဲ့အတူ သူ့ရဲ့ အိပ်မက်ခရီးရှည်ကို စတင်ခဲ့သူပါ။ မိသားစုအခြေအနေအရ ဘောလုံးကန်ဖိနပ်အသစ် မဝယ်နိုင်သေးတဲ့အခါ ကင်းဘတ်ဖိနပ်အဟောင်းလေးနဲ့ပဲ လေ့ကျင့်ခဲ့ရပြီး ဖိနပ်အသစ်ဝယ်နိုင်ဖို့ အလုပ်တွေလုပ်ရင်း သူ့ဘောလုံးအိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ မကွေးလူငယ်အသင်းရဲ့ ကစားသမားရွေးချယ်ပွဲမှာ ရွေးချယ်ခံခဲ့ရပြီး ဒါဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝဆီ လျှောက်လှမ်းဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။ မကွေးလူငယ်အသင်းကနေ စီနီယာအသင်းအထိ တစ်ဆင့်ချင်း ကြိုးစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မကွေးအသင်းနဲ့အတူ General Aung San Shield ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူ့ကြိုးစားမှုတွေက ပြည်တွင်းကလပ်အသင်းတွေအတွက်တင်မကဘဲ မြန်မာ့လက်ရွေးစင်အသင်း အထိပါ လှမ်းတက်နိုင်စေခဲ့ပါတယ်။ မြန်မာ ယူ-၁၉၊ ယူ-၂၁၊ ယူ-၂၃ သက်တမ်းအလိုက် လက်ရွေးစင်အဆင့် အသင်းတွေမှာ ပါဝင်ကစားရင်း အောင်မြင်မှု၊ ဆုတံဆိပ်တွေနဲ့ ယဥ်ပါးခဲ့သလို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် အတွင်းမှာလည်း မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့အတူ AFF Suzuki Cup | AFF Mitsubishi Electric Cup စတဲ့ ဒေသတွင်းထိပ်တန်းပြိုင်ပွဲကြီးများမှာလည်း ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ယခုအချိန်မှာတော့ သူ့ရဲ့ဘောလုံးခရီးစဉ်ဟာ ဟံသာဝတီယူနိုက်တက်အသင်းနဲ့အတူ နောက်ထပ်အဓိပ္ပာယ်ရှိတဲ့ အခန်းကဏ္ဍတစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။၂၀၂၂ ခုနှစ်ကစပြီး ဟံသာဝတီယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ဝင်းမိုးကျော်ဟာ နောက်ခံကစားသမားတစ်ဦးဖြစ်ပေမယ့် ၂၀၂၄-၂၅ MNL ဘောလုံးရာသီမှာ သွင်းဂိုး (၅) ဂိုးနဲ့ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူပါ။ ၂၀၂၅-၂၆ MNL ဘောလုံးရာသီမှာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိ Grand Royal M League 2026-27 ဘောလုံးရာသီမှာတော့ ဟံသာဝတီယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အသင်းဖော်တွေကို ဦးဆောင်ပေးနေပြီဖြစ်ပါတယ်။

တစ်ချိန်က ဘောလုံးကန်ဖိနပ်အသစ်တစ်ရံအတွက် ကြိုးစားခဲ့ရတဲ့ လူငယ်လေးဟာ ဒီနေ့မှာတော့ “ဟံသာဝတီယူနိုက်တက်အသင်း” ရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ မြင်တွေ့နေရပါပြီ။ ဘောလုံးအိပ်မက်ကို လက်မလျှော့ခဲ့တဲ့ ဝင်းမိုးကျော်ရဲ့ ဇွဲနဲ့ ကြိုးစားမှုတွေဟာ မျိုးဆက်သစ် လူငယ်ကစားသမားတွေအတွက်လည်း အတုယူစရာကောင်းတဲ့ ခရီးစဉ်တစ်ခုပါ။ Grand Royal M League 2026-27 ဘောလုံးရာသီမှာ အသင်းခေါင်းဆောင် ဝင်းမိုးကျော်နဲ့အတူ ကျွန်တော်တို့ “ဟံသာဝတီယူနိုက်တက်” အသင်း ဘယ်လိုအောင်မြင်မှုတွေဆီ တက်လှမ်းသွားမလဲဆိုတာ စောင့်ကြည့်ရင်းနဲ့ ဆက်လက်အားပေးနေဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေ။

M League 2026 (U-20) ပွဲစဉ် ၁၇ Galaxy (၂-၀)ဟံသာဝတီယူနိုက်တက် ယူ-၂၀ ပွဲစဉ်မှပုံရိပ်များဖြစ်ပါသည်။
02/10/2026

M League 2026 (U-20) ပွဲစဉ် ၁၇ Galaxy (၂-၀)ဟံသာဝတီယူနိုက်တက် ယူ-၂၀ ပွဲစဉ်မှပုံရိပ်များဖြစ်ပါသည်။

M League 2026 (U-20)Week-17Galaxy FC U-20 Vs Hantharwady United U-20Full -Time.
01/10/2026

M League 2026 (U-20)
Week-17
Galaxy FC U-20 Vs Hantharwady United U-20
Full -Time.

M League 2026 (U-20)Week-17Galaxy FC U-20 Vs Hantharwady United FC U-20Half-Time
01/10/2026

M League 2026 (U-20)
Week-17
Galaxy FC U-20 Vs Hantharwady United FC U-20
Half-Time

M League 2026 (U-20)Week-17Galaxy FC Vs Hantharwady United U-20Hantharwady United U-20Starting Line-up.
01/10/2026

M League 2026 (U-20)
Week-17
Galaxy FC Vs Hantharwady United U-20
Hantharwady United U-20
Starting Line-up.

မင်္ဂလာ နံနက်ခင်းပါ…..ဟံသာဝတီယူနိုက်တက် ယူ-၂၀ အသင်းရဲ့ ပွဲနေ့ပါ ခင်ဗျာ…M League 2026 [U-20] ပြိုင်ပွဲ ပွဲစဉ်-၁၇ အနေဖြင့်...
01/10/2026

မင်္ဂလာ နံနက်ခင်းပါ…..

ဟံသာဝတီယူနိုက်တက် ယူ-၂၀ အသင်းရဲ့ ပွဲနေ့ပါ ခင်ဗျာ…

M League 2026 [U-20] ပြိုင်ပွဲ ပွဲစဉ်-၁၇ အနေဖြင့် Galaxy FC အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာပါ။

ယနေ့ ၁.၁၀.၂၀၂၆ ကြာသပတေးနေ့၊ မွန်းလွဲ ၃:၃၀ အချိန် ဗဟန်း M-3 မြက်ခင်းတုကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားမှာပါ။

M League Youth YouTube channel မှာ တိုက်ရိုက်ကြည့်ရူနိုင်မှာဖြစ်ပါတယ်။

ဘောလုံးအသင်းတစ်သင်းရဲ့ နာမည်နောက်ကွယ်မှာ ကစားသမားတွေရဲ့ ကြိုးစားမှု၊ ပရိသတ်တွေရဲ့ အားပေးသံတွေအပြင် မြို့တစ်မြို့၊ ဒေသတစ်...
30/09/2026

ဘောလုံးအသင်းတစ်သင်းရဲ့ နာမည်နောက်ကွယ်မှာ ကစားသမားတွေရဲ့ ကြိုးစားမှု၊ ပရိသတ်တွေရဲ့ အားပေးသံတွေအပြင် မြို့တစ်မြို့၊ ဒေသတစ်ခုရဲ့ ဂုဏ်ယူမှုနဲ့ အမှတ်တရတွေပါ ရှိနေတတ်ပါတယ်။ ကျွန်တော်တို့ ဟံသာဝတီယူနိုက်တက်အသင်းအတွက်တော့ အဲဒီနေရာဟာ ပဲခူးပါ။​

ဟံသာဝတီယူနိုက်တက်က Myanmar National League - MNL (ယခု M League) စတင်မွေးဖွားခဲ့တဲ့ ၂၀၀၉ ခုနှစ် ကတည်းက ဥဿာယူနိုက်တက်နာမည်နဲ့ ပါဝင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး မြန်မာ့ဘောလုံးလောကရဲ့ တစ်ဆစ်ချိုး သမိုင်းမှတ်တိုင်မှာ စာရင်းဝင်နိုင်ခဲ့သလို၊ ၂၀၁၂ ခုနှစ်ကစပြီး ဟံသာဝတီယူနိုက်တက်ဆိုတဲ့ နာမည်နဲ့ ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုရင်း ဘောလုံးခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းလာခဲ့ပါတယ်။ ​

ဒီခရီးလမ်းတစ်လျှောက်မှာ နိုင်ပွဲတွေရဲ့ ပျော်ရွှင်ဂုဏ်ယူမှုတွေ၊ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ပွဲတွေရဲ့ မချိတင်ကဲ ဖြစ်ရမှုတွေ၊ ရာသီသစ်တစ်ခုအတွက် မျှော်လင့်ချက်အသစ် စတာတွေကို ပရိသတ်တွေနဲ့အတူ ဖြတ်သန်းလာခဲ့ကြပါတယ်။ ဘယ်လိုပဲ အချိန်တွေ ပြောင်းလဲလာပါစေ၊ ကျွန်တော်တို့အသင်းအတွက် မပြောင်းလဲတဲ့ အရာတစ်ခုကတော့ “ဟံသာဝတီယူနိုက်တက်” ရဲ့အိမ်ဟာ ပဲခူးမြို့ဖြစ်တယ်ဆိုတာပါပဲ။ ဒီအသင်းဟာ ကျွန်တော်တို့အတွက် ဘောလုံးကလပ်တစ်ခုဆိုတာထက် အများကြီး အဓိပ္ပါယ်ရှိပါတယ်။ ပဲခူးဒေသရဲ့ အမှတ်အသားတစ်ခု၊ ပရိသတ်တွေအတူတူ ဂုဏ်ယူအားပေးကြတဲ့ ကျွန်တော်တို့ရဲ့ ဟံသာဝတီယူနိုက်တက်အသင်းပါ။​

အခုတော့ ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ဘောလုံးခရီးစဉ်မှာ နောက်ထပ်မှတ်တမ်း အသစ်တစ်ခုအဖြစ် စိုက်ထူနိုင်တော့မယ့် အချိန်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလထဲမှာ ကျွန်တော်တို့အသင်းဟာ မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ Grand Royal Stadium (ပဲခူးကွင်း) မှာ ဒီနှစ် ဘောလုံးရာသီရဲ့ အိမ်ကွင်းပွဲစဉ်တွေအဖြစ် ရှမ်းယူနိုက်တက်၊ ရတနာပုံ နဲ့ ရန်ကုန်ယူနိုက်တက် အသင်းတွေကို လက်ခံယှဉ်ပြိုင် ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

ပဲခူးမြို့ရဲ့ဂုဏ်ဆောင်၊ အထင်ကရ သင်္ကေတတစ်ခုဖြစ်လာမယ့် Grand Royal Stadium (ပဲခူးကွင်း)မှာ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့အတူ ပြန်လည်ယှဉ်ပြိုင်ကစားရတော့မယ့်အချိန်ဟာ ကျွန်တော်တို့အသင်းအတွက်ရော၊ ဟံသာဝတီပရိသတ်တွေအတွက်ပါ အမှတ်တရအခိုက်အတန့် တစ်ခု ဖြစ်လာမှာပါ။​

ကိုယ့်မြို့၊ ကိုယ့်အိမ်ကွင်းမှာ ကိုယ့်အသင်းအတွက် အတူတူအားပေးကြဖို့ အောက်တိုဘာလ ၁၁ ရက်နေ့ ပဲခူးမြို့ Grand Royal Stadium မှာ ဆုံကြမယ်.... ​

M League ပွဲစဉ်များ ခေတ္တရပ်နားထားချိန်တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ခြေ...
27/09/2026

M League ပွဲစဉ်များ ခေတ္တရပ်နားထားချိန်တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ခြေစမ်းပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၃:၃၀ အချိန်က မြသီတာအားကစားကွင်းတွင် ရန်ကုန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၁ ဂိုးစီ သရေရလဒ်နှင့် ပွဲပြီးဆုံးခဲ့သည်။

စက်တင်ဘာရဲ့ ပြင်ဆင်မှုတွေကို အောက်တိုဘာ အိမ်ကွင်းပွဲစဉ်တွေမှာ သက်သေထူမယ် !!! ​စက်တင်ဘာလဟာ Grand Royal M League ပွဲစဉ်တွေ...
25/09/2026

စက်တင်ဘာရဲ့ ပြင်ဆင်မှုတွေကို အောက်တိုဘာ အိမ်ကွင်းပွဲစဉ်တွေမှာ သက်သေထူမယ် !!! ​

စက်တင်ဘာလဟာ Grand Royal M League ပွဲစဉ်တွေ ခေတ္တရပ်နားထားတဲ့ ကာလဖြစ်ခဲ့ပေမယ့် ဟံသာဝတီယူနိုက်တက် အသင်းသားတွေအတွက်တော့ လာမယ့် အိမ်ကွင်းပွဲစဉ်တွေမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေခဲ့တဲ့ ကာလတစ်ခုပါ။​

အောက်တိုဘာလ (၁၁) ရက်နေ့ - ရှမ်းယူနိုက်တက်၊ အောက်တိုဘာလ (၁၈) ရက်နေ့ - ရတနာပုံအသင်းနဲ့ အောက်တိုဘာလ (၂၅) ရက်နေ့မှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပွဲစဥ်များကို သုံးပတ်ဆက်တိုက် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲစဥ်သုံးပွဲကနေ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကျွန်တော်တို့ ဟံသာဝတီယူနိုက်တက်အသင်းက အားသွန်ခွန်စိုက် ပြင်ဆင်လျက်ရှိပါတယ်။​

လေ့ကျင့်ရေးကွင်းမှာ နေ့စဉ်ပေးဆပ်ခဲ့ရတဲ့ ချွေးစက်တိုင်း၊ အသင်းသားတွေအတူတူ ကြိုးစားပြင်ဆင်ခဲ့ရတဲ့ အချိန်တိုင်းရဲ့ရလဒ်တွေကို အခုတော့ Grand Royal Stadium အားကစားကွင်းကြီးနဲ့ ပဲခူးမြို့သူမြို့သားအပေါင်းတို့ရဲ့ ရှေ့မှောက်မှာ သက်သေထူပြသရမယ့်အချိန် နီးကပ်လာပါပြီ။ ကျွန်တော်တို့အသင်းရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်တွေမှာ ဟံသာဝတီယူနိုက်တက် အသင်းသားတွေက မဆုတ်မနစ်တဲ့ စိတ်ဓာတ်အပြည့်နဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြမှာဖြစ်သလို ကွင်းဘေးကနေ ပဲခူးပရိသတ်တွေရဲ့ အားပေးသံတွေကိုလည်း ကြားချင်ပါတယ်။​

စက်တင်ဘာလရဲ့ ကြိုးစားပြင်ဆင်မှုတွေကို အောက်တိုဘာ အိမ်ကွင်းပွဲစဉ်တွေမှာ သက်သေထူနိုင်ဖို့ ကျွန်တော်တို့ ဟံသာဝတီယူနိုက်တက်အသင်းနဲ့အတူ ရှိနေကြရအောင်ဗျာ။ ​


Address

Bago

Website

Alerts

Be the first to know and let us send you an email when Hantharwady United Football Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share