Active Life Fitness Banmaw

Active Life Fitness Banmaw

Share

အဆင့်မြင့်အားကစားလေ့ကျင့်ရေးခန်းမ

31/03/2024

Active Life Fitness Gymမှာထားရှိသော ဖိနပ်လေးများမြန်မြန်လာယူပေးပါရန်

Time: mon, tue, wedအတွင်း
🙅‍♂️🙅‍♀️📌❌မယူရင် လိုအပ်တဲ့သူကိုပေးပါတော့မည်။

Photos from Active Life Fitness Banmaw's post 24/11/2023

လူ့ဘဝမှာအရေးကြီးဆုံးအရာက စိတ်၏အေးချမ်းမှုဖြစ်ပါတယ်
အားလုံးစိတ်အမြဲ ပျော်ရွှင်အောင်လုပ်ကြရအောင်၊ fightingပါ💪👊

13/10/2023

သီတင်းကျွတ်နားနီးလာပြီ🤣
ပြီးရင်လဲ ပွဲတွေကလဲဆက်တိုက်လာတော့မှာ🤩
အားလုံးအခုထဲက ကြိုးစားပြီး အဆီချဂျင်ဆော့ကြရအောင်😁
အားလုံး fightingပါ🥰

12/09/2023

Gymမှာ ဖိနပ်ချန်ထားသူများလာယူပေးပါရန်
မေတ္တာရပ်ခံအပ်ပါတယ်။

11/09/2023

ဂျင်စည်းကမ်းချက်လေးများ
1. Gymအခန်းအတွင်းတို့ အပြင်ဖိနပ်များစီးဝင်လို့မရပါ။ အခန်းမှာဆော့ဖို့ သီးသန့်ယူဆောင်လာရမည်။
2. Gym သင်တန်းကြေးမှာ ရက်ကြေးနှင့် လကြေး၂မျိုးတာရှိပါ၍ စဆော့သူများ၊ မသေချာသူများ၊ ခရီးထွက်စရာရှိသူ စသည်အကြောင်းရာနှင့်ပတ်သတ်၍ မည်သည့်အကြောင်းရာဖြင့်ဖြစ်စေ gymလခသွင်းပြီး ပြန်အမ်းပေးခြင်း၊ ရက်အစားထိုးပေးခြင်း၊ တခြားသောသူအားလွှဲပြောင်းဆော့ခိုင်းခြင်းလုံးဝမရပါ။
3. စမ်းဆော့သူများအတွက် ရက်ကြေးဖြင့်ဆော့ကြည့်ပါ။ မိမိစိတ်ပိုင်နိုင်မှ ၁လစာသွင်းပါ။ ငွေပြန်အမ်းပေးမှာ မဟုတ်ပါ။
4. Gymအတွင်းအချဥ်စားခြင်း၊ မှုန့်စားခြင်းများသည်းခံပါ။ စားလိုပါက အပြင်ထွက်စားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
5. Gymအတွင်း ကလေးသူငယ်များနှင့် မသက်ဆိုင်သူများကိုခေါ်လာခြင်းသည်းခံပါ။
6. Gymဖွင့်ချိန်မှာ မနက် 6:30am~10:00pm
ညနေ 3:00pm~7:30pm
အတွင်းဖြစ်ပါ၍ စောလာခြင်း၊ နောက်ကျလာခြင်းများသည်းခံပါ။

Photos from Active Life Fitness Banmaw's post 12/03/2023

အိမ်မှာ အရသာလဲရှိ၊ အာဟာရလဲရှိ၊ ကျန်မာရေးအတွက်လဲကောင်းပြီး၊ သောက်လို့လဲကောင်းတဲ့ သစ်သီးဖျော်ရည်လေးသာက်လိုက်ရအောင်🤤

31/12/2022

Happy 2023⛄❄️🎊🎉

28/05/2022

လမ်းသွားလမ်းလာခက်ခဲသူတွေအတွက် အိမ်ကနေတဆင့်ဆော့လို့ရတဲ့ ချယ် SNandar classကိုလဲ joinလို့ရတယ်နော်😍

𝗕𝗮𝘁𝗰𝗵-𝟭𝟴 တန်းခွဲသစ် မကြာမှီစတင်တော့မည်🎉

𝟰-𝗪𝗘𝗘𝗞𝗦 𝗙𝗔𝗧 𝗟𝗢𝗦𝗦 သင်တန်းရဲ့
အတန်းသစ်စမယ့်ရက်စွဲနဲ့အချိန်များမှာ

🟧 𝗠𝗮𝘆 𝟯𝟬 (Monday)

📌 𝟕:𝟎𝟎 - 𝟖:𝟎𝟎𝐀𝐌 (မနက်)
📌 𝟓:𝟎𝟎 - 𝟔:𝟎𝟎𝐏𝐌 (ညနေ)
📌 𝟔:𝟑𝟎 - 𝟕:𝟑𝟎𝐏𝐌 (ညနေ)
သင်တန်းအချိန် စုစုပေါင်း(3)ချိန်ရှိပါမယ်

အချိန်မအားလပ်သူတွေအတွက်စီစဉ်ဖွင့်လှစ်ထားတဲ့
𝑭𝒍𝒆𝒙𝒊𝒃𝒍𝒆 𝑪𝒍𝒂𝒔𝒔 သင်တန်းလေးဖြစ်တာမို့
📌မနက်ပြောင်း/ညပြောင်းပဲကစားသွားမလား ?
ဒါမှမဟုတ် အမြန်ဝိတ်ကျချင်လို့
📌မနက်/ည(၂)ချိန်လုံး ထိထိရောက်ရောက်ကစားသွားချင်သလား?
မိမိအချိန်ရရင် ရသလိုကြိုးစားလေ့ကျင့်ပြီး
ကိုယ့်ရဲ့ Body ကို
အလှဆုံးဖြစ်အောင်ပြောင်းလဲပေးနိုင်မယ့်သင်တန်းတစ်ခုဖြစ်ပါတယ်

💃 အတန်းအားလုံးကို ချယ်ကိုယ်တိုင်
အမျိုးသမီး(သီးသန့်)လူဦးရေကန့်သတ်ဖြင့်သာ💢
သင်ကြားပို့ချလေ့ကျင့်ပေးသွားမှာဖြစ်တာမို့
အမျိုသမီးနဲ့သက်ဆိုင်မယ့် လေ့ကျင့်နည်းများဦးစားပေး
လေ့ကျင့်ကစားသွားရမှာပါ 💃

🎁 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 အနေနဲ့ကတော့
🎫 အစောဆုံးအပ်နှံသူနောက်ထပ် (၁၀)ယောက်ကို
𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 𝟮𝟬% 𝗢𝗳𝗳 လက်ဆောင်ပေးအပ်သွားမှာဖြစ်တာမို့
‌လူစာရင်းမပြည့်ခင်
အမြန်ဆုံးလက်ဦးနေရာယူထားနိုင်ပါပြီနော် 😍

🚩 𝐀𝐁𝐎𝐔𝐓

သင်တန်းအကြောင်းနဲ့ပါတ်သက်ပြီး
အသေးစိတ်လေ့လာသိရှိလိုလျှင်
အောက်က Comment ထဲ
𝟰𝗪 ဆိုပြီးရေးပို့နိုင်သလို
(Or)
ဒါမှမဟုတ် အောက်က Message Link ထဲဝင်ပြီး
ချယ်နဲ့ တူတူတိုက်ရိုက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်
https://m.me/SoeNandarTheinZ?ref=w12982130

🚩သင်တန်း𝐑𝐞𝐯𝐢𝐞𝐰𝐬 များကြည့်ရန်
https://www.facebook.com/SoeNandarTheinZ/

Girls, Let's Do it Together ! 🤜🤛

Photos from Active Life Fitness Banmaw's post 28/05/2022

ကြီးထွားဖို့ အခြေခံလေ့ကျင့်ခန်းများကိုမမေ့ပါနှင့်

ကိုယ်ကပိန်တယ်၊ ကိုယ်အလေးချိန် နည်းတယ်ဆိုရင် ကြွက်သားတက်အေင်၊ ကြီးထွားအောင်၊ ခွန်အားတိုးတက်အောင်ကစားဖို့ လိုပါမယ်။ ကြွက်သား၊ ကိုယ်ခန္ဓာအရွယ်အစားနဲ့ ခွန်အားတွေတက်ချင်ရင် “အခြေခံ လေ့ကျင့်ခန်းများ´´ (𝗕𝗮𝘀𝗶𝗰 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀) ကို စွဲစွဲမြဲမြဲကစားရပါမယ်။

အခြေခံလေ့ကျင့်ခန်းတွေကိုကစားရင် အလေးများများလည်း ပိုနိုင်မယ်၊ ကိုယ်ကစားတဲ့ အဓိကကြွက်သား တွေအပြင် လေ့ကျင့်ခန်းလှုပ်ရှားမှုနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားကြွက်သားတွေကိုလည်း “သွယ်ဝိုက်တဲ့ထိရောက်မှု အာနိသင်များ´´ (𝗜𝗻𝗱𝗶𝗿𝗲𝗰𝘁 𝗘𝗳𝗳𝗲𝗰𝘁𝘀) ကိုလည်း ပေးစွမ်းနိုင်လိမ့်မယ်။ ဒါ့ကြောင့် အခြေခံလေ့ကျင့်ခန်းများကို “စုပေါင်းလေ့ကျင့်ခန်းများ´´ (𝗖𝗼𝗺𝗽𝗼𝘂𝗻𝗱 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀) ဖြစ်တယ်လို့လည်း ပြောကြတာဖြစ်ပါတယ်။

အခြေခံလေ့ကျင့်ခန်းများစွာရှိသည့်အထဲမှ မြန်မာပြည်မှာ အများဆုံးကစားဖြစ်တတ်ကြတဲ့ လေ့ကျင့်ခန်းအချို့မှာ

1️⃣အလေးထမ်း၊ ထိုင်ထပြုလုပ်ခြင်း (𝗦𝗾𝘂𝗮𝘁𝘀)

2️⃣ အလေးခုံကိုခြေဖြင့်တွန်းကန်ခြင်း (𝗟𝗲𝗴 𝗣𝗿𝗲𝘀𝘀𝗲𝘀)၊

3️⃣အလေးကို ဒူးဆန့်ဆွဲတင်ခြင်း (𝗗𝗲𝗮𝗱𝗹𝗶𝗳𝘁𝘀)

4️⃣ အလေးကို ဒူးကွေးဆွဲတင်ခြင်း (𝗕𝗮𝗿𝗯𝗲𝗹𝗹 𝗥𝗼𝘄)

5️⃣တန်းခိုဆွဲတက်ခြင်း (𝗖𝗵𝗶𝗻𝘀)

6️⃣ပခုံးနောက်အနှေးမ(𝗕𝗲𝗵𝗶𝗻𝗱 𝘁𝗵𝗲 𝗡𝗲𝗰𝗸 𝗣𝗿𝗲𝘀𝘀𝗲𝘀)

7️⃣အလေးမေးစေ့အောက်ဆွဲတင်ခြင်း ( 𝗨𝗽𝗿𝗶𝗴𝗵𝘁 𝗥𝗼𝘄𝘀)

8️⃣အလေးကိုင်ပြီး ပခုံးပင့်တင်ခြင်း (𝗦𝗵𝗿𝘂𝗴𝘀)၊

9️⃣ ခွန်အားစိုက်ကလင်းကောက်ခြင်း(𝗣𝗼𝘄𝗲𝗿 𝗖𝗹𝗲𝗮𝗻𝘀)

🔟ခုံပေါ်ပက်လက်အိပ်အနှေးမခြင်း (𝗕𝗲𝗻𝗰𝗵 𝗣𝗿𝗲𝘀𝘀)၊

1️⃣1️⃣ခုံစောင်းပေါ်တွင် အနှေးမခြင်း (𝗜𝗻𝗰𝗹𝗶𝗻𝗲 𝗣𝗿𝗲𝘀𝘀)

1️⃣2️⃣လက်ထောက် တွန်းတင် ဒိုက်ထိုးခြင်း (𝗗𝗶𝗽𝘀)

1️⃣3️⃣ အလေးခေါင်းနောက်မှ ဆွဲတင်ခြင်း (𝗣𝘂𝗹𝗹𝗼𝘃𝗲𝗿)

1️⃣4️⃣ လက်မောင်းနောက်သား ဆန့်ထုတ်ခြင်း (𝗧𝗿𝗶𝗰𝗲𝗽𝘀 𝗘𝘅𝘁𝗲𝗻𝘀𝗶𝗼𝗻𝘀)

1️⃣5️⃣ပလက်လက်အိပ် လက်ကျဉ်းကိုင်အနှေးမခြင်း (𝗖𝗹𝗼𝘀𝗲-𝗴𝗿𝗶𝗽 𝗕𝗲𝗻𝗰𝗵 𝗣𝗿𝗲𝘀𝘀)

1️⃣6️⃣ဘားတိုဘားရှည် လက်မောင်းရှေ့သားကွေးမခြင်း (𝗗𝘂𝗺𝗯𝗯𝗲𝗹𝗹 𝗮𝗻𝗱 𝗕𝗮𝗿𝗯𝗲𝗹𝗹 𝗖𝘂𝗿𝗹𝘀)

1️⃣7️⃣မတ်တတ်ရပ်အလေးထမ်းခြေသလုံး ကြွတင်ခြင်း (𝗦𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗖𝗮𝗹𝗳 𝗥𝗮𝗶𝘀𝗲𝘀 )

1️⃣8️⃣ခါးပေါ် လူအားပြုပြီး ခြေသလုံးကြွ တင်ခြင်း (𝗗𝗼𝗻𝗸𝗲𝘆 𝗖𝗮𝗹𝗳 𝗥𝗮𝗶𝘀𝗲𝘀) တို့ ဖြစ်ကြပါတယ်။

ကာယဗလလေ့ကျင့်မှုစလုပ်တဲ့ အနည်းဆုံး(၆)လလောက် အတွင်းမှာ ကစားဖို့ ထည့်ပြီး မစဉ်းစားသင့်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။

1️⃣ခါးကိုင်းပြီး လက်မောင်းရှေ့သား သက်သက်အားနဲ့ လက်မောင်းကွေးမခြင်း ( 𝗖𝗼𝗻𝗰𝗲𝗻𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗖𝘂𝗿𝗹𝘀)

2️⃣ခါကိုင်းပြီး ဘားတိုတစ်ဖက်ကိုင် လက်မောင်းနောက်သား နောက်ကိုဆန့်ထုတ်ခြင်း (𝗧𝗿𝗶𝗰𝗲𝗽𝘀 𝗞𝗶𝗰𝗸 𝗕𝗮𝗰𝗸)

3️⃣ဘားတိုကို ဘေးတိုက်မတင်ခြင်း (𝗟𝗮𝘁𝗲𝗿𝗮𝗹 𝗥𝗮𝗶𝘀𝗲)

4️⃣ ပက်လက်အိပ်ပြီး ဘားတိုကို ငှက်တောင်ကားသလို ဘေးတိုက်ခွဲမခြင်း(𝗗𝘂𝗺𝗯𝗯𝗲𝗹𝗹 𝗙𝗹𝘆)

5️⃣ထိုင်လျက်ဒူးဆန့်ထုတ်ခြင်း (𝗟𝗲𝗴 𝗘𝘅𝘁𝗲𝗻𝘀𝗶𝗼𝗻𝘀)

6️⃣ရင်အုပ်သားအတွက် စက်ဖြင့် ဘေးတိုက်ခွဲ ပြန်ဆွဲခြင်း (𝗣𝗲𝗰 𝗗𝗲𝗰 𝗙𝗹𝘆𝗲𝘀) စတဲ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေဟာ အခြေခံလေ့ကျင့်ခန်းများလို စုပေါင်းအာနိသင်ရှိတဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ပါဘူး။ ကြွက်သားတစ်ခုချင်းရဲ့ ကြွက်သားပုံစံနဲ့ ကြွက်သားကွဲပြားပေါ်လွင်မှုအတွက် ပြိုင်ပွဲဝင် မောင်တွေနဲ့ ချန်ပီယံတွေ ကစားကြတဲ့ “သီးသန့်ကြွက်သားခွဲ လေ့ကျင့်ခန်းများ´´ (Isolation Exercises) ဖြစ်ပါတယ်။

မကစားရဘူးလို့ ပိတ်ပင်တားမြစ်တာ မဟုတ်ပါဘူး။ ကိုယ်က အခြေခံကြွက်သားထုတက်အောင် လေ့ကျင့်နေတဲ့ အဆင့်မှာ မလိုအပ်သေးလို့ မကစားသင့်သေးဘူးလို့ သတိပေးတားသာဖြစ်ပါတယ်။ သီးသန့်ကြွက် သားခွဲ လေ့ကျင့်ခန်းတွေဟာ ကြွက်သားအလှပုံဖော်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ အခြေခံလေ့ကျင့်ခန်းတွေက ကြွက်သားနဲ့ ခွန်အားတိုးတက်မှုပေးတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

အခြေခံလေ့ကျင့်ခန်းတွေကို တစ်နှစ်လောက် ကစားပြီးတဲ့အခါမှာတော့ကိုယ့်ရဲ့ အားနည်းတဲ့ ကြွက်သား အစိတ်အပိုင်းတွေအတွက် သီးသန့်ကြွက်သားခွဲလေ့ကျင့်ခန်းတခို့ကို ထည့်ကစားသွားနိုင်ပါတယ်။ တိုးတက်မှု အတော်ရှိနေတဲ့ ကာယဗလသမားတွေတောင်မှ သီးသန့် ကြွက်သားခွဲလေ့ကျင့်ခန်းတွေကို အများကြီး မကစားကြဘူး။

အခြေခံလေ့ကျင့်ခန်းများက (၇၅)ရာခိုင်နှုန်းနဲ့ သီးသန့်ကြွက်သားခွဲ လေ့ကျင့်ခန်းများက (၂၅) ရာခိုင်နှုန်း အချိုးအစား ထားပြီး ကစားသင့်ကြပါတယ်။

အခြေခံလေ့ကျင့်ခန်းတွေကို အနိုင်ဆုံး အလေးများများနဲ့ ကစားခြင်းဟာ ကြွက်သားကြီးထွားမှုအတွက် အခြေခံကိုယ်ကာယကို ဆောက်တည်ယူတဲ့ သဘောဖြစ်ပါတယ်။ အခြေခံမခိုင်သေးဘဲနဲ့ သီးသန့်ကြွက် သားခွဲ လေ့ကျင့်ခန်းတွေကို ဦးစားပေး ကစားတာက အောက်ခြေမခိုင်ခံ့တဲ့ သဲသောင်ပြင်ပေါ်မှာ အိမ်ဆောက်နေတာနဲ့ တူပါလိမ့်မယ်။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြော်ညာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798

#အောင်အောင်_လှိုင်

Want your business to be the top-listed Gym/sports Facility in Banmaw?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Dream World Store 3th Floor
Banmaw

Opening Hours

Monday 06:00 - 11:00
15:00 - 20:30
Tuesday 06:00 - 11:00
15:00 - 20:30
Wednesday 06:00 - 11:00
15:00 - 20:30
Thursday 06:00 - 11:00
15:00 - 20:30
Friday 06:00 - 11:00
15:00 - 20:30
Saturday 06:00 - 11:00
15:00 - 20:30
Sunday 06:00 - 11:00
15:00 - 20:30