17/04/2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလဆုတ် (၅) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကာ ဘေးဘယာဝေးကွာ၍ စီးပွါးလာဘ်လာဘများတိုးပွါးပြီး ကပ်ကြီး ၃ ပါးကျော်လွှားနိုင်ပါစေကြောင်း Laugh & Lift Gym Team မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🏻
&LiftGym
#မြန်မာနှစ်ဆန်းတစ်ရက်နေ့
11/04/2025
💦 သင်္ကြန်ပိတ်ရက် ကြေညာခြင်း 💦
(12.4.2025) နေ့လည် 12နာရီမှ စ၍ (17.4.2025) နှစ်ဆန်းတရက်နေ့ အထိ Gym ပိတ်ပါမည်ခင်ဗျ ✨
နှစ်ကူးကာလ သင်္ကြန်အခါသမယလေးမှာ Laugh & Lift Gym မှ မိတ်ဟောင်းမိတ်သစ်များအားလုံး ကျန်းမာချမ်းသာပျော်ရွှင်ကျပါစေလို့ Laugh & Lift မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ ဘေးအန္တရာယ် ကပ်ဘေးအပေါင်းမှလဲကင်းဝေးကြပါစေ 🙏❤️
09/04/2025
အကြိုက်ဆုံး workout တစ်မျိုးက ဘာများလဲ?
Gym ဆော့လာတာလည်း အချိန်တစ်ခုကြာပြီ။ ⏳
အကြိုက်ဆုံး Workout တစ်မျိုးပြောပြဆိုရင် ဘာများဖြစ်မလဲခင်ဗျာ။ 💬
အက်ဒမင်ကတော့ ကြွက်သားတည်ဆောက်တာကို ကြိုက်လို့ Powerlifting တွေကို သဘောကျပါတယ်။
ကဲ Laugh & Lift ရဲ့ Gym Rat လေးတွေရော ဘာတွေအကြိုက်ဆုံးလဲ Comment ပေးသွားကြပါဦးနော်။ 💬👇
05/04/2025
အလွဲတွေမလုပ်နဲ့ အစွဲတွေဖြုတ်🏋️
Gym မှာ အချိန်ကုန်၊ အားကုန်ခံပြီး အလုပ်မတွင်အကျိုးမရှိတဲ့ အလွဲတွေကိုလုပ်မိနေလား? ဒီလိုမျိုး လွဲမှားနေတာတွေကို ဆက်လုပ်နေရင် ကြွက်သားတက်မလာဘဲ Injury ရနိုင်ချေများပါတယ်. 💥 ဒါ့ကြောင့် Gym မှာ ဂရုစိုက်ပြီးရှောင်ရမယ့် အလွဲတချို့ကိုပြောပြသွားပါမယ်.
1️⃣ ဝိတ်နည်းနည်းနဲ့ အကြိမ်ရေများများလုပ်တာ (Light Weight + High Reps)
"ဝိတ်မများဘူး၊ အကြိမ်ရေ ၃၀လောက်ထိ လုပ်မယ်... ဒါဆို ကြွက်သားတက်မယ်" ဆိုပြီးတွေးနေရင်တော့ အချိန်ဖြုန်းတာပါပဲ. ⏳ ကြွက်သားကို Challenge မခေါ်နိုင်ရင်တက်ဖို့ကြာပါတယ်. အကောင်းဆုံးက ၈-၁၂ ကြိမ် (ဝိတ်များများ) နဲ့ Muscle Failure ရောက်အောင်လုပ်တာပါပဲ.
2️⃣ ပုံမှန်ထက် အလွန်အကျွံ Cardio လုပ်တာ.
"ဗိုက်ချပ်ချင်လို့ တစ်နေ့ကို တစ်နာရီထက် ပိုပြီး Cardio လုပ်မယ်"ဆိုရင် ကြွက်သားတွေ ပါ Burn ဖြစ်သွားနိုင်ပါတယ်. 🔥 Cardio ကိုလည်း သင့်တင့်မျှတစွာလုပ်ဖို့လိုပါတယ်. HIIT (၁၅-၂၀ မိနစ်) ဒါမှမဟုတ် သွက်သွက်လမ်းလျှောက်တာက ပိုပြီးထိရောက်ပါတယ်.
3️⃣ အားကစားလုပ်ပြီးရင် ပရိုတိန်း Intake မလုပ်တာ.
"Gym ကနေပြန်ရောက်ပြီး ၂ နာရီကြာမှ ပရိုတိန်းပါတဲ့အစာစားတယ်" 🥛🍗 ဆိုရင် ကြွက်သားတည်ဆောက်မှုနှေးသွားတတ်ပါတယ်. ⏳ Workout ပြီး ၃၀ မိနစ်အတွင်း ပရိုတိန်းစားပေးဖို့ အရေးကြီးပါတယ်.
4️⃣ အချိန်အကြာကြီး Gym မှာနေပြီး Overtraining ဖြစ်နေတာ.
"တစ်နေ့ကို ၂-၃ နာရီကြာအောင် Gym ဆော့နေတယ်” ဆိုရင် ကြာလာတဲ့အခါ ကြွက်သားတွေပျက်စီးနိုင်ပါတယ်. ခန္ဓာကိုယ်က အနားယူချိန်မှာ ကြွက်သားတည်ဆောက်တာပါ. ၄၅ မိနစ်ကနေ ၁ နာရီခွဲအတွင်းလေ့ကျင့်ခန်းလုပ်ရင် လုံလောက်ပါတယ်.
5️⃣ Form မမှန်ဘဲလေးတဲ့ဝိတ်မတာမျိုး.
❌အလေး မ နိုင်ရုံနဲ့မပြီးပါဘူး. ✅ မ တတ်ဖို့ကပိုအရေးကြီးပါတယ်. မ နိုင်တယ်ဆိုပြီး အလေးများများကို ပုံစံမမှန်ဘဲ မ တဲ့အခါ အရွတ်နဲ့ အရိုးတွေကို ထိခိုက်နိုင်ပါတယ်. ကိုယ်နိုင်တဲ့ ဝိတ်ကနေဖြေးဖြေးချင်းတိုးပြီး Form မှန်မှန်နဲ့ လုပ်တာက ပိုအကျိုးရှိပါတယ်.
📌 ကြွက်သားကို Challenge လုပ်ပါ (ဝိတ်ကိုတဖြေးဖြေးတိုးတာမျိုး၊ Progressive Overload)
📌 အနားယူချိန်ပေးပါ (တစ်ပတ်ကို ၁-၂ ရက် Rest Day ထားပါ)
📌 အာဟာရပြည့်အောင်စားပါ (ပရိုတိန်း၊ Carbs, အဆီ မျှမျှတတစားပါ.)
📌 အိပ်ရေးဝဝအိပ်ပါ (ည ၇-၈ နာရီထိအိပ်ပါ.)
အလွဲတွေရှောင်ပြီး Smart ကျကျလုပ်မယ်ဆိုရင် ၃ လအတွင်း သိသာတဲ့ပြောင်းလဲမှုတွေ့ရမှာပါဗျာ! 💪🔥
🎯 တစ်ဦးချင်းကို အထိရောက်ဆုံး Train ပေးနိုင်မယ့် Personal training တစ်ခုက သင့်ရဲ့ Fitness journey မှာ မြန်ဆန်တဲ့ရလဒ်တွေကို နည်းမှန်းလမ်းမှန်နဲ့ရရှိစေနိုင်မှာပါ. 🚀 Laugh & Lift ကနေ Fitness journey ကိုသေချာစဖို့စဉ်းစားထားသူတွေကို စောင့်နေပါမယ်ဗျို့.
📞 ဒီကို ဟဲလိုလိုက်ပါ....☎️ 09 668891355
📍 ဒီလိပ်စာလေးကို လာခဲ့ပါ....📌 အမှတ် (၇၇) ၊ စည်ပင်လမ်းမကြီး ၊ (၂၄) ရပ်ကွက် ၊ တောင်ဒဂုံမြို့နယ်.
30/03/2025
မနက်ဖြန်တစ်ရက် gym လေးပိတ်ပါမယ်
27/03/2025
Laugh & Lift ကိုလာရင် ဒီလို promise တွေရမယ်။
မတည်နိုင်တဲ့ကတိတွေပေးတဲ့သူနား အကြာကြီးဖက်တွယ်နေမယ့်အစား ပြောင်းလဲပြီး ပိုလှလာမယ်**ဆိုတဲ့ ကတိပေးနိုင်မယ့် Laugh & Lift မှာ Gym လာဆော့လိုက်ပါ။ 🏋️♀️💖
- ပိုပြီးလှလာမယ် ✨
- ပိုပြီးယုံကြည်မှုရှိလာမယ် 💪
- ပိုပြီးကျန်းမာသန်စွမ်းလာမယ် 🌟
- ပိုပြီးခင်မင်ရင်းနှီးမှုတွေတိုးလာမယ်👫
- ပိုပြီးပြောင်းလဲလာမယ် 🔥
Laugh & Lift ကတော့ ဒီလိုကတိလေးတွေပေးနိုင်ပါတယ်။
အမျိုးသား၊ အမျိုးသမီး၊ ပိန်သူ၊ ဝသူ ဘယ်သူ့ကိုမဆို ကောင်းမွန်တိကျတဲ့ နည်းလမ်းတွေနဲ့ ခန္ဓာကိုယ်ပြောင်းလဲနိုင်မယ့် training တွေကို အနီးကပ်စေတနာအပြည့်နဲ့ Train ပေးနေလို့ပါ။ 🏆
- အရမ်းဝနေလို့ အဆီချချင်တာလား? 🍔➡️💪
- အရမ်းပိန်နေလို့ ဝိတ်တင်ချင်တာလား? 🍗➡️💥
- ဘယ်လို ခန္ဓာကိုယ် Body goal ကိုမဆို အမြန်ဆုံး၊ အထိရောက်ဆုံး ပြောင်းလဲနိုင်ဖို့ ကျွမ်းကျင်တဲ့ Trainer တွေကိုယ်တိုင်က သေချာလေးပြသပေးပါတယ်။ 👨🏫👩🏫
Training equipment တွေစုံလင်ပြီး လာရောက်ကစားသူတွေ ယုံကြည်မှုအပြည့်နဲ့ကစားနိုင်ဖို့ ပြင်ဆင်ပေးထားပါတယ်ခင်ဗျာ။ 🏋️♂️💯
လိုချင်တဲ့ Body goal ကိုရောက်ဖို့ အနေအထိုင်၊ အစားအသောက်၊ ကစားနည်း အားလုံးဟန်ချက်ညီနေဖို့လိုအပ်တာမို့ Laugh & Lift က အကောင်းဆုံးဖြစ်အောင် Training ပေးနိုင်ပါတယ်ဆိုတဲ့ ကတိလေးတစ်ခုတော့ အားလုံးကိုပေးနိုင်ပါတယ်ခင်ဗျာ။ 🤝💖
ဒီကို ဟဲလိုလိုက်ပါ....☎️ 09 668891355
ဒီလိပ်စာလေးကို လာခဲ့ပါ....📌 အမှတ် (၇၇)၊ စည်ပင်လမ်းမကြီး၊ (၂၄) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်📍
23/03/2025
ကြွက်သားတည်ဆောက်ရန် အကောင်းဆုံး Exercise များ🏋️
ကြွက်သားထွက်ဖို့ကြိုးစားနေသူတွေအတွက် လွယ်ကူပြီး ကြွက်သားတည်ဆောက်ဖို့အကောင်းဆုံး exercises တွေကို မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ ကြွက်သားတည်ဆောက်ဖို့ဆိုတာ လေ့ကျင့်ခန်းအပြင် နေထိုင်မှုပုံစံတွေပါပြောင်းလဲဖို့လိုအပ်ပါတယ်။
ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ ကျန်းမာရေးနဲ့သင့်တော်တဲ့အဆီတွေပိုမိုစားသုံးဖို့လိုသလို ရေများများသောက်ပေးရပါမယ်။ ငါးကြီးဆီလို ကြွက်သားတည်ဆောက်ဖို့အထောက်အကူဖြစ်တဲ့ Supplement တွေသောက်ပြီး အိပ်ရေးဝအောင်နေဖို့လည်းအရေးကြီးပါတယ်။ 💧🥗💊
1. ဒိုက်ထိုး (Push-Ups)
ဒိုက်ထိုးတာက ရင်အုပ်ကြွက်သား (Chest)၊ လက်မောင်းနောက်ဖက် (Triceps)၊ ပခုံး (Shoulders) တွေကို အဓိက အလုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ အိမ်မှာလည်း လုပ်လို့ရပါတယ်။ မြေပြင်ပေါ် မှောက်ပြီး လက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ထောက်၊ ကိုယ်ကို မြေပြင်နဲ့ နီးနီးကပ်ကပ်ရောက်အောင် ချပြီး ပြန်တင်ရုံပါပဲ။ 💪
2. ဘားတန်း ဆွဲ (Pull-Ups)
ကျောကြွက်သား (Back)၊ လက်မောင်းရှေ့ပိုင်း (Biceps)၊ ပခုံးတွေကို အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းပါ။ ဘားတန်းကိုကိုင်ပြီး ကိုယ်ကိုအပေါ်ကိုဆွဲတင်လိုက်၊ ပြီးရင် ဖြည်းဖြည်းချင်းချလိုက်နဲ့လုပ်ရမှာပါ။ အစပိုင်းမှာမလွယ်ဘူးဆိုရင် အရင်ဆုံးလက်မောင်းကြွက်သားအားကောင်းအောင်လုပ်ပြီးမှ စသင့်ပါတယ်။ 💪
3. ဒက်ဖ်လစ် (Deadlifts)
ဒါက ခန္ဓာကိုယ်အောက်ပိုင်း (Legs)၊ ကျောကြွက်သား (Back)၊ တင်ပါးကြွက်သား (Glutes) တွေကို အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းပါ။ မြေပြင်ပေါ်က ဘားဘီးကို လက်နဲ့ကိုင်ပြီး ခါးကို မတ်မတ်ထားကာ မတင်လိုက် ပြီးရင်ပြန်ချလိုက်နဲ့လုပ်ရမှာပါ။ ခါးကိုမကွေးဖို့ကအရမ်းအရေးကြီးပါတယ်။ ဒါမှ Injury မရမှာပါ။ 💪
4.ထိုင်ထ (Squats)
ပေါင်ရှေ့ကြွက်သား (Quads)၊ တင်ပါးကြွက်သား (Glutes)၊ ခြေသလုံးကြွက်သား (Calves) တွေကို အဓိက လုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ မတ်တပ်ရပ်ပြီး ဒူးကွေးကာ ထိုင်လိုက်၊ ပြီးရင် ပြန်ထလိုက်နဲ့ လုပ်ရမှာပါ။ ပိုပြီး Challenging ဖြစ်ချင်ရင် ဘားဘီးနဲ့လုပ်လို့ရတယ်။ 💪
5.ပခုံးတွန်း (Shoulder Press)
ပခုံးကြွက်သား (Shoulders) ကို အဓိက လုပ်ပေးတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ထိုင်ခုံမှာ ထိုင်ပြီး ဒမ်ဘယ် (သို့) ဘားဘီးကို လက်နှစ်ဖက်နဲ့ ကိုင်ကာ အပေါ်ကို တွန်းတင်လိုက်၊ ပြီးရင် ပြန်ချလိုက်နဲ့ လုပ်ရမှာပါ။ 💪
ကြွက်သားအုပ်စုတစ်ခုကို တစ်ပတ်မှာ ၂-၃ ကြိမ် လေ့ကျင့်ပေးဖို့ လိုပါတယ်။
Beginners : တစ်ပတ်ကို ၃ ကြိမ်ခန့် လုပ်ပါ။ တစ်ကြိမ်လုပ်ရင် ခန္ဓာကိုယ်တစ်ခုလုံးကို လေ့ကျင့်ပေးပါ။
Intermediate : တစ်ပတ်ကို ၄-၅ ကြိမ် လုပ်ပါ။ ကြွက်သားအုပ်စုတစ်ခုကို ၂ ကြိမ်ခန့် လေ့ကျင့်ပေးပါ။
Advanced : တစ်ပတ်ကို ၅-၆ ကြိမ် လုပ်ပါ။ ကြွက်သားအုပ်စုတစ်ခုကို ၂-၃ ကြိမ် လေ့ကျင့်ပေးပါ။
ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်သွားမယ်ဆိုရင် ကြွက်သားတွေ သန်မာလာပြီး ကိုယ်ခန္ဓာက လိုချင်တဲ့ပုံစံကို ရောက်လာမှာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အခါ မှန်မှန်ကန်ကန် လုပ်ဖို့နဲ့ အနားယူဖို့လည်း အရေးကြီးတယ်နော်။ ပြီးတော့ အာဟာရပြည့်ဝအောင် စားဖို့လည်းမမေ့နဲ့နော်။ 💪
☎️ 09 668891355 📞
📌 အမှတ် (၇၇) ၊ စည်ပင်လမ်းမကြီး ၊ (၂၄) ရပ်ကွက် ၊ တောင်ဒဂုံမြို့နယ်။📍
21/03/2025
ကဲ.....ဒီတစ်ခါတော့ မေးခွန်းလေးမေးကြည့်ချင်တယ်ဗျို့။🤔
Fitness journey ထဲရောက်နေသူတွေအနေနဲ့ ကိုယ့်ရဲ့ gym ဆော့တဲ့သက်တမ်းဘယ်လောက်ရှိနေပြီလဲ ဆိုတဲ့ အမှတ်တရမေးခွန်းလေးကိုဖြေသွားပေးကြပါဦးဗျာ။💪 တခြားသူတွေလည်း Moti ရ၊ ကိုယ်လည်း Moti ရတာပေါ့ခင်ဗျာ။🌟
Gym ဆော့သက်တမ်းကြာတဲ့ စီနီယာတွေကလည်း ကိုယ့်ရဲ့အမှတ်အရဆုံးအတွေ့အကြုံလေး တစ်ခုလောက် Share ခဲ့လို့ရပါတယ်နော်။📖 Fitness journey ကတော့ သေချာလေးလိုက်စားမယ်ဆိုရင် ဝင်ပြီးရင် ပြန်မထွက်ချင်တဲ့ Life style တစ်ခုပါပဲ။🔥💯
💪🏋️♂️🏋️♀️