29/08/2026
Kobudo weapon training time 🔥
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I K O Matsushima Myanmar, Tanintharyi Branch, Dawei -KURO OBI DOJO, Martial Arts School, (406), Yadana Street, Talinema Quarter, Dawei City, Dawei.
ဤသင်တန်းသည် ထားဝယ်ဒေသအတွင်း မျိုးဆက်သစ်ကရာတေးသမားများ ပေါ်ထွက်လာရေးအတွက်ရည်ရွယ်၍ ကျို့ခ်ရှင်းကရာတေးပညာကို အစဉ်တစိုက်ကြိုးစားသင်ကြားလျက်ရှိပါသည်။သင်တန်းမှူးနာမည်မှာ ဆရာရဲအောင်ဖြစ်ပြီး ကျို့ခ်ရှင်းကရာတေး Black Belt 4th Dan အဆင့်ရှိသူဖြစ်သည်။
29/08/2026
Kobudo weapon training time 🔥
ကိုယ်ခံပညာလောကမှာ လျင်မြတ်ဖြတ်လတ်မှု၊ ကိုယ်ဟန်အနေအထားနဲ့ ကြွက်သားအမြန်နှုန်းကို အကောင်းဆုံးတည်ဆောက်ပေးနိုင်တဲ့ ထင်ရှားတဲ့လေ့ကျင့်ရေးလက်နက်တစ်ခုကတော့ နံချပ်ကူ (Nunchaku) ပဲ ဖြစ်ပါတယ်။
နံချပ်ကူကို ကိုင်တွယ်တဲ့အခါ အရေးအကြီးဆုံးက တုတ်နှစ်ချောင်းရဲ့ အမြန်နှုန်း၊ ဒါမှမဟုတ် အလှအပသက်သက် မဟုတ်ပါဘူး။ကိုယ့်ရဲ့လက်ဖျံ၊ လက်ကောက်ဝတ်နဲ့ နံချပ်ကူတို့ဟာ တစ်သားတည်းဖြစ်သွားတဲ့ "ဆက်စပ်မှု (Mind-Body Connection)" ပါပဲ။ကရာတေးမှာ လက်ဗလာနဲ့ ထိုးတယ်၊ ကန်တယ်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ကို လက်နက်ဖြစ်အောင် တည်ဆောက်တာပါ။နံချပ်ကူကျတော့ အဲဒီခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို အပြင်ဘက်ကိုပါ ပိုပြီး ကျယ်ပြန့်သွားအောင် (Extension of the Body) တိုးချဲ့ပေးလိုက်တာဖြစ်လို့ ကရာတေးသမားတွေအတွက် ခြားနားတဲ့ အာရုံစူးစိုက်မှုနဲ့ ထိန်းချုပ်မှုကို သင်ယူနိုင်စေပါတယ်။
နံချပ်ကူလေ့ကျင့်တဲ့အခါ အာရုံတစ်ချက်လွှတ်သွားတာနဲ့ ကိုယ့်ကိုယ်ပြန်ထိခိုက်နိုင်ခြေ (Self-injury) အရှိဆုံးလက်နက်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ဒါကြောင့် ဒီလက်နက်ကိုင်ပညာက လူကို အလွယ်တကူ အန္တရာယ်ပေးဖို့ထက် "ကိုယ့်ကိုယ်ကိုယ် အမြဲသတိကပ်နေဖို့ (Mindfulness)" နဲ့ "စည်းကမ်းကြီးဖို့" ကို အဓိက သင်ကြားပေးပါတယ်။လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း စိတ်မတည်ငြိမ်ရင် နံချပ်ကူရဲ့ ရွေ့လျားမှုကို မထိန်းနိုင်ပါဘူး။ဒီအချက်ကပဲ ကရာတေးကျင့်စဉ်တွေမှာလိုပဲ စိတ်ကို ငြိမ်သက်စေပြီး ဆုံးဖြတ်ချက်မြန်ဆန်မှုကိုပါ အလိုလို ရရှိလာစေပါတယ်။
အိုကီနာဝါရဲ့ လယ်ယာသုံးကိရိယာကနေ ဆင်းသက်လာတာကစလို့ ဘရုစ်လီရဲ့ ရုပ်ရှင်တွေကနေတစ်ဆင့် ကမ္ဘာကျော်လာတာအထိ၊ နောက်ဆုံး ယနေ့ခေတ် ဖရီးစတိုင် (Free Style) ပြိုင်ပွဲတွေအထိ နံချပ်ကူဆိုတာ ခေတ်အဆက်ဆက် ပြောင်းလဲရှင်သန်လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်း ပလောင်ရိုးရာ ကြိုးဆက်တုတ်သိုင်းတွေနဲ့ နှိုင်းယှဉ်လေ့လာနိုင်သလို၊ မြန်မာလူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ နိုင်ငံတကာအဆင့် ရွက်ပုန်းသီးပညာရှင်တွေ ပေါ်ထွက်လာတာက ကိုယ်ခံပညာအပေါ် ထားရှိတဲ့ ဝါသနာနဲ့ တီထွင်ကြံဆနိုင်စွမ်း ဘယ်လောက်ကြီးမားတယ်ဆိုတာကို ပြသနေပါတယ်။
နံချပ်ကူဆိုတာ ရိုးရှင်းတဲ့ လယ်ယာသုံးပစ္စည်းလေးကနေ တစ်ဆင့် ကမ္ဘာ့ထိပ်တန်း ကိုယ်ခံပညာနဲ့ ဖျော်ဖြေရေးလက်နက်တစ်ခုအဖြစ် ရောက်ရှိလာခဲ့တာပါ။ကရာတေးသမားတွေအတွက် လက်နက်မဲ့ခုခံရင်း လိုအပ်နေတဲ့ တိုက်ခိုက်မှုကွက်လပ်တွေကို ဖြည့်ဆည်းပေးရုံသာမက စိတ်တည်ငြိမ်မှု၊ ခန္ဓာကိုယ် ညှိနှိုင်းလှုပ်ရှားနိုင်မှုနဲ့ အာရုံစူးစိုက်မှုကို အထူးကောင်းမွန်စေတဲ့ အဖိုးတန် ကိုဘူဒိုပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။
ဆရာရဲအောင်
In the martial arts world, the nunchaku is a prominent training weapon that best builds agility, posture, and muscle speed.
When handling the nunchaku, the most important thing is not just the speed or aesthetic of the two sticks. It is the "Mind-Body Connection," where your forearms, wrists, and the nunchaku become one. In karate, punching and kicking with bare hands is about building your own body into a weapon. With the nunchaku, it extends that bodily movement further outward (as an extension of the body), allowing karate practitioners to learn a different kind of focus and control.
When practicing with the nunchaku, even a momentary lapse in concentration makes it one of the weapons with the highest risk of self-injury. Therefore, this weapon art teaches "mindfulness" and "discipline" rather than being solely about easily harming others. If your mind is unstable during exercise, you cannot control the movement of the nunchaku. This very aspect, much like in karate practices, naturally brings about a calm mind and rapid decision-making.
From its origins as an Okinawan farming tool, to becoming world-famous through Bruce Lee's films, and finally to modern-day freestyle competitions, the nunchaku has survived and evolved through generations. In Myanmar, it can be studied in comparison with Palaung traditional cord-connected stick martial arts, and the creativity of Myanmar youth along with the emergence of international-level hidden martial artists demonstrates just how grand their passion and inventiveness are toward martial arts.
The nunchaku has journeyed from a simple farming tool to a top-tier global martial art and performance weapon. For karate practitioners, not only does it fill the defensive gaps of empty-handed combat, but it is also a valuable Kobudo art that exceptionally enhances mental calmness, bodily coordination, and concentration.
By Instructor Ye Aung
17/08/2026
I K O Matsushima Myanmar, Tanintharyi Branch, Dawei - KURO OBI DOJO ကျို့ခ်ရှင်းကရာတေးသင်တန်းတည်ထောင်သူ ဆရာရဲအောင်သည် ထားဝယ်ဒေသအတွင်း မျိုးဆက်သစ်ကရာတေးသမားများ ပေါ်ထွက်လာရေးအတွက်ရည်ရွယ်၍ ကျို့ခ်ရှင်းကရာတေးပညာကိုအစဉ်တစိုက်သင်ကြားလျက်ရှိပါသည်။
ဆရာရဲအောင်၏ ကရာတေးပညာရပ်ဆိုင်ရာအောင်မြင်မှုအဖြစ် International Karate Organization Kyokushinkaikan I.K.O MATSUSHIMA အဖွဲ့အစည်းကြီး၏ သင်ရိုးညွှန်းတမ်းများနှင့်အညီ ကမ္ဘာ့အဖွဲ့ချုပ်မှ ကျို့ခ်ရှင်းကရာတေး ခါးစည်းနက်အဆင့် (၁) (၂) (၃) (၄) Black belt (1st,2nd,3rd Dan,4th Dan) ကို ထိုက်တန်စွာရရှိခဲ့ပါသည်။ 1/12/2025ခုနှစ်တွင် ဂျပန်နိုင်ငံ Maebashi မြို့ရှိ International Karate Organization Kyokushinkaikan,I K O Matsushima (Honbu)မှ ကမ္ဘာ့အဖွဲ့ချုပ်ဥက္ကဌဖြစ်သည့် Kancho Yoshikazu Matsushima ကိုယ်တိုင်စစ်ဆေးပြီး နိုင်ငံတကာမှ Shihanများကြီးကြပ်သည့် Yon Dan (4th Dan) အဆင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး Certificate နှင့် Yon Dan ခါးစည်းကိုရရှိထားသူလည်းဖြစ်ပါသည်။
ဆရာရဲအောင်သင်ကြားလျက်ရှိသည့် I K O Matsushima Myanmar, Tanintharyi Branch, Dawei - KURO OBI DOJO ကျို့ခ်ရှင်းကရာတေးသင်တန်းသည် International Karate Organization Kyokushinkaikan , I.K.O MATSUSHIMA အဖွဲ့အစည်းကြီးအသိအမှတ်ပြု မြန်မာပြည်သင်တန်းကျောင်း I K O Matsushima Myanmar (M K.K.A)၏ တနင်္ဿာရီတိုင်းသင်တန်းခွဲ(ထားဝယ်)ဖြစ်ပါသည်။ဆရာရဲအောင်သည် ကရာတေးပညာပျံ့ပွားရေးနှင့် ထားဝယ်ဒေသရှိလူငယ်လူရွယ်များ မိမိကိုယ်ကိုခုခံကာကွယ်နိုင်ပြီး စိတ်ရောကိုယ်ပါကြံ့ခိုင်သန်မာစေရေးအတွက် သင်တန်းဖွင့်လှစ်သင်ကြားရုံသာမက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများဖြစ်သည့် (၁)kk_learning_academy,
kaung_kin_private_school_dawei
(၂) Genius kids -Dawei , Preschool & Education center ၊
(၃) Pole Star Private Primary School တို့တွင် ကရာတေးပညာကို ကျောင်းသား/သူများအားသင်ကြားပို့ချလျက်ရှိပါသည်။
ဆရာရဲအောင်သည် ကျို့ခ်ရှင်းကရာတေးပညာဖြင့် မျိုးဆက်သစ်များအား အချင်းချင်းလေးစားတန်ဖိုးထားတတ်ရန်၊ကိုယ်ကာယကြံ့ခိုင်ကျန်းမာစေရန်၊မိမိကိုယ်ကိုကာကွယ်နိုင်စေရန်နှင့် နိုင်ငံ့အကျိုးပြုအားကစားသမားကောင်းများပေါ်ထွက်လာစေရန်အတွက် အစဉ်တစိုက်ကြိုးစားအားထုတ်နေသူဖြစ်ပါသည်။ ဆရာရဲအောင်သည် ၂၀၁၀ခုနှစ် 1st Matsushima Cup ကျို့ခ်ရှင်းကရာတေး ပြည်တွင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှင်အဖြစ်သာမက အာရှ-ပစိဖိတ်နိုင်ငံတကာဖိတ်ခေါ် ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုဖိုက်တာအဖြစ် (၂)ကြိမ်၊ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင်(၂)ကြိမ်ယှဉ်ပြိုင်ထားသူဖြစ်ပြီး ၂၀၂၅ခုနှစ် နိုဝင်ဘာလ၂၉ရက်တွင်ကျင်းပသည့် (၆)ကြိမ်မြောက်ကမ္ဘာ့အဆင့်ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုဖိုက်တာအဖြစ်သွားရောက်ယှဉ်ပြိုင်ထားသူဖြစ်ပါသည်။
Sensei Ye Aung
1.2009 (Starting Year of doing Karate)
2.2015 (Year of Receiving Black belt)
3.1st Prize (1st Matsushima Cup, Myanmar, Yangon,2010)
4.Fighter (First Asian Pacific Championship, Indonesia, Jakarta, 2017)
5.Fighter (5th I. K. O Matsushima World Cup, China, Shanghai ,2018)
6.Fighter (Second Asian Pacific Championship, Myanmar, Yangon, 2019)
7.Fighter (THE 6th I K O MATSUSHIMA WORLD WEIGHT KYOKUSHIN KARATE TOURNAMENT, Japan, Maebashi,2025)
8.17 years( Karate Experiences)
8.Branch Chief (Thanintharyi Region -I. K. O Matsushima Myanmar (M. K. K. A))
ဆရာရဲအောင်သင်ကြားခဲ့သည့် သင်တန်းသား/သူများသည် အာရှ-ပစိဖိတ် ဖိတ်ခေါ်ကျို့ခ်ရှင်းကရာတေးပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့်တွင် ဆုတံဆိပ်များရရှိထားကြသလို ပြည်တွင်းပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာရရှိအောင်ကြိုးစားစွမ်းဆောင်ထားနိုင်ပါသည်။ဆရာရဲအောင်သည် ကျို့ခ်ရှင်းကရာတေးပညာရပ်ပျံ့ပွားရေးအတွက် နှစ်ပေါင်းများစွာအားထုတ်သင်ကြားလျက်ရှိသလို လူမှုကွန်ယက်ပေါ်တွင်လည်း ကျို့ခ်ရှင်းကရာတေးပညာရပ်နှင့် ကိုယ်ခံပညာရပ်ဆိုင်ရာဗဟုသုတများကို မျှဝေရေးသားနေသူလည်းဖြစ်ပါသည်။
I K O Matsushima Myanmar, Tanintharyi Branch, Dawei -KURO OBI DOJO
Dawei -KURO OBI DOJO 🏆
ခလေးတွေသင်ရတာ စိတ်ရှည်ရသလို ချော့မော့ပြီးလည်းသင်ရသေးတယ်ဗျာ
16/08/2026
ထားဝယ်အလံလွှမ်းခြုံထားတဲ့ ထားဝယ်လူမျိုုး ကျို့ခ်ရှင်းကရာတေးဖိုက်တာပေါက်စလေး
15/08/2026
ကျို့ခ်ရှင်းကရာတေးပညာမှာ အမျိုးသမီး ခါးစည်းနက် ကရာတေးဆရာမတွေရှားပါးသလို ဒီပညာကိုပြန်လည်သင်ကြားဖြန့်ဝေဖို့နဲ့ပညာရပ်ပျံ့ပွားဖို့အတွက် စွမ်းဆောင်နိုင်သူနည်းလှပါတယ်။
ကျွန်တော်တို့ ထားဝယ်ဒေသမှာ ဒီလိုအမျိုးသမီးကရာတေးမျိုးဆက်သစ်တွေ အများကြီးထွက်ပေါ်လာဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
ဆရာရဲအောင်
ထူးချွန်သမီးငယ်လေး မခွန်းဆက်ဝင်း🏆
[ Gyaku Tsuki+Kizami Tsuki+Jodan Mawashi Geri+Gedan Mawashi Geri+Jodan Ushiro Geri+Tobi Ushiro Mawashi Geri]
I K O Matsushima Myanmar, Tanintharyi Branch, Dawei -KURO OBI DOJO
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |