Linn Linn Fitness Centre/Dawei

Linn Linn Fitness Centre/Dawei

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Linn Fitness Centre/Dawei, Gym/Physical Fitness Center, Seik Kan Thar Road, Dawei.

02/08/2026

အဆီကျဖို့အတွက် ကြောင်စာလောက်စားနေတဲ့လူတွေက educated မဖြစ်လို့ပါ
👉Educated ဖြစ်တဲ့ Trainer တွေက ကိုယ့် client တွေကို ကြောင်စာလောက်ကြွေးပြီး အငတ်ခံ မခိုင်းပါဘူး
👉ညစာမစားဘဲ နေတာတို့ ထမင်းမစားဘဲ အဆီချနေတာပါဆိုတဲ့ လူတွေမြင်ရ ကြားရရင် ရင်ထဲမကောင်းဘူး သနားမိတယ်
ဖွံ့ဖြိုးတိုးတက်နေတဲ့ ခောတ်ကာလမှာတောင် စာတွေပေတွေလဲ တတ်ကြရဲ့သားနဲ့ ဒီလိုလူတွေက ရှိနေသေးတာ တကယ်အံ့ဩတယ်
👉ပုံထဲက 2 weeks transformation သည် တရက် အစား 5 ချိန်စားပြီး Fat Loss နှင့် Muscle Gain လုပ်ထားတာဖြစ်ပါတယ်
🔥ညစာစားချိန်က ည 8:30 ၊တခါတလေ 9 နာရီ

27/02/2026

Beginner လေး အသက် ၁၇ နှစ်
ကျောင်းပိတ်တုန်းလေး လာဆော့နေတာ

27/02/2026

အသက် ၅၀ အရွယ်
မာတာမှ အသက် ၂၀ အရွယ်လောက်ထင်စေတယ်
မျောက်လွဲကျော်တွေလို ဟိုခုန် ဒီခုန် ခိုင်းပီ့း train ပေးနေတာမဟုတ်ပါဘူး
Injury ကင်းရမယ် ကျန်းမာ‌ရမယ် သန်စွမ်းရမယ် အစားထိန်းနိုင်ရင် diet plan တိကျစွာ စားနိုင်ရင် body change ရမယ်

27/02/2026

အသက် ၆၀ လဲ Linn Linn Gym ရောက်လာရင် နုပျို သန်မာ ကျန်းမာစေရမယ်

27/02/2026

အချိန် ၄ လလောက်နဲ့ ရထားတဲ့ muscle တွေ

21/02/2026

Weight Loss / Fat Loss မှာ Diet Plan ရဲ့ အရေးပါမှု
Gym သွားတာပဲ အရေးကြီးလား?
Cardio လုပ်တာပဲ လုံလောက်ပြီလား?
👉 အမှန်တကယ်တော့ Fat loss ရဲ့ 70% က Diet ပေါ်မူတည်တာဖြစ်တဲ့အတွက် Workout မလုပ်ဘဲ diet control လုပ်ရင်တောင် ဝိတ်ကျဖို့ အာမခံပါတယ်။
ဒါပေမယ့် workout လုပ် HIIT cardio တွေ မတရားလုပ်ပြီး diet မထိန်းနိုင်ရင်တော့ fat မကျနိုင်ပါဘူး။
✅ Diet Plan ရဲ့ ကောင်းကျိုးများ
1. Calorie Control ဖြစ်စေတယ်
စားသုံးတဲ့ calorie ကိုထိန်းနိုင်ရင် fat လျှော့ချနိုင်ပါတယ်။
2. Muscle မကျစေဘူး
Protein လုံလောက်စွာ စားပေးရင် fat ကျသလို muscle ကိုလည်း ထိန်းထားနိုင်ပါတယ်။
3. Energy Level တည်ငြိမ်စေတယ်
Balanced carb/fat intake ကြောင့် workout performance မကျပါဘူး။
(အချို့ဆို အရမ်းသနားဖို့ကောင်းကြတာ diet မလုပ် ပေါက်ကရစားပြီး gym ထဲရောက်ရင် မောနေကြတာပဲ)
4. Metabolism ပိုကောင်းစေတယ်
Clean food စားရင် digestion, hormone balance ပိုကောင်းလာပါတယ်။
5. Rebound Weight မဖြစ်အောင်ကာကွယ်ပေးတယ်
စနစ်တကျတည်ဆောက်ထားတဲ့ diet plan နဲ့ ဝိတ်လျော့ချရင် ပြန်တက်လွယ်မှုနည်းပါတယ်။(မိတ်ဆွေတို့ကြားဖူးနေကြပဲလေ gym ဆော့တယ် diet လုပ်တယ် gym နားလိုက်ရင် ဝိတ်ကျ မတရားထိုးတက်တယ်ဆိုတာလေ) symmetrical diet plan မဟုတ်ရင် တက်မှာပဲ

"Exercise is important, but Diet is everything."ဆိုတာကို မှတ်သားထားကြပါ
Fat loss လုပ်ချင်ရင်
(၁) Calorie deficit
(၂) High protein
(၃) Consistency
ဒီ 3 ချက်ကို မဖြစ်မနေလိုက်နာမှ ရပါတယ်

Macro nutrition,micro nutrition နဲ့ muscle loss မဖြစ်ပဲ အဆီကျချင်သလား။ ဗိုက်မဆာပဲ ဗိုက်၀အောင်စားပြီး အဆီချချင်သလား၊ခွေးခုန် ကြောင်ခုန် ခုန်ပြီး ဝိတ်ချ၍ ရင်တွဲ ဖင်ရွဲဖြစ်စရာမလိုပဲ တနေ့ ၁နာရီလောက်လေးအချိန်ပေးပြီး မပင်ပန်းပဲ ဝိတ်ချချင်တယ်ဆိုရင် Gym ကို လာပြီး လာရောက်စမ်းဆော့ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်
Personal trainer မငှားချင်သူများအတွက်ကတော့ Workout Program+Diet Plan
နှစ်ခုပေါင်း ၁၅၀၀၀၀ ကျပ်ဖြစ်ပြီး Diet Plan တခုထဲ၀ယ်ယူချင်ပါက ၁၀၀၀၀၀ ကျပ်ဖြင့် မိမိလိုချင်သော body Goal ကို အချိန်တိုတိုနှင့် ကျန်းမာရေးမထိခိုက်စေဘဲ အာမခံ၍ ရောင်းချပေးနေပါပြီ

Htet Naing Lin(Personal trainer)
📍 အမှတ် (၄၄၃)
ဆိပ်ကမ်းသာလမ်း၊ ဥဿရံတိုးချဲ့ရပ်ကွက်
ထားဝယ်မြို့
🏋️‍♂️ Linn Linn Fitness Centre

10/02/2026

ADVANCED WORKOUT & CARDIO SYSTEM CLASS
(၁ လခွဲ– Concept နားလည်မှ အသုံးချနိုင်မယ့် သင်တန်း)
Gym မှာ
❓ ကြွက်သားကြီးဖို့ ဘယ်နှစ်ကျော့ကစားရမလဲ
❓ အဆီကျ ကျစ်လစ်ဖို့ ဘယ်နှစ်ကျော့ ဘယ်နှစ်ရက်ကစားရမလဲ
❓ Cardio လုပ်ရင် ကြွက်သားပျက်သလား
❓ HIIT နဲ့ LISS ဘာကွာလဲ မသေချာသေးဘူးလား
ဒီမေးခွန်းတွေကို
👉 Theory + Practical Training နဲ့
👉 တစ်နေရာတည်းမှာ ဖြေရှင်းပေးမယ့် သင်တန်း 💯
📌 သင်ကြားပေးမည့် အကြောင်းအရာများ (
🔹 Body Goal အလိုက် Program တည်ဆောက်နည်း
✔️ Muscle Gain / Fat Loss / Recomposition အလိုက် Program Design
✔️ Training Volume & Intensity ချိန်ညှိနည်း
✔️ Beginner / Intermediate / Advanced အလိုက် Program ပြောင်းနည်း
🔹 Muscle Growth (ကြွက်သားကြီးထွားရန်)
✔️ Sets ဘယ်နှစ်ကျော့
✔️ Reps ဘယ်လောက်
✔️ Frequency (တစ်ပါတ်ဘယ်နှစ်ကြိမ်)
✔️ Progressive Overload အသုံးချနည်း
🔹 Fat Loss & Toning (အဆီကျ ကျစ်လစ်ရန်)
✔️ Volume Control
✔️ Training Split ရွေးနည်း
✔️ Weight Training + Cardio ပေါင်းစပ်နည်း
🔹 အားနည်းချက် (Weak Point) ဖြည့်ကစားနည်း
✔️ ကိုယ့် Body ရဲ့ အားနည်းတဲ့ Muscle ကို ခွဲခြားသိမြင်နည်း
✔️ Weak Muscle ကို Priority ပေးကစားနည်း
✔️ Frequency / Volume တိုးပြီး ဖြည့်နည်း
🔹 Muscle Imbalance ဖြေရှင်းနည်း
✔️ Left–Right Imbalance ဖြစ်ရတဲ့ အကြောင်းရင်း
✔️ Unilateral Training အသုံးချနည်း
✔️ Posture & Movement Pattern ပြန်ညှိနည်း
🔹 Mind–Muscle Connection
✔️ Target Muscle ကို အမှန်တကယ်ထိအောင်ကစားနည်း
✔️ Momentum မသုံးဘဲ ကြွက်သားထိအောင်လုပ်နည်း
🔹 Time Under Tension (TUT)
✔️ Tempo Control (slow & pause reps)
✔️ Muscle Growth / Fat Loss အလိုက် အသုံးချနည်း
🔹 Advanced Training Techniques
– Partial Rep
– Drop Set
– Superset / Triset / Giant Set
– Rest–Pause
➡️ ဘယ်အချိန်၊ ဘယ် goal မှာ သုံးသင့်လဲဆိုတာကို logic နဲ့နားလည်အောင် သင်ပေးမယ်
🔹 Deload Week (Recovery Concept)
✔️ Overtraining ကို ဘယ်လိုရှောင်မလဲ
✔️ Long-term Muscle Growth အတွက် Deload အရေးပါပုံ
🔹 B***y Training (မိန်းကလေးများအတွက် အထူး)
✔️ Glutes Anatomy
✔️ Leg ကြီးမသွားဘဲ B***y Shape လှအောင်ကစားနည်း
✔️ Hip Thrust & Glute Activation
🏃‍♂️ Cardio Training (အရေးကြီးဆုံး Concept)
✔️ အဆီကျရန် Cardio ဘယ်နှစ်မိနစ်
✔️ ကြွက်သားကြီးဖို့ Cardio လိုအပ်လား
✔️ HIIT vs LISS (သဘောတရား / အသုံးချနည်း)
➡️ Cardio ကို မကြောက်တော့ဘဲ
➡️ မပျက်ဘဲ ပိုတိုးအောင် ဘယ်လိုလုပ်ရမလဲ နားလည်သွားမယ် 💡
🎯 ဒီသင်တန်းပြီးရင်…
✅ Body Goal အလိုက် Program ကို ကိုယ်တိုင်တည်ဆောက်နိုင်မယ်
✅ အားနည်းတဲ့ Muscle တွေကို ကိုယ်တိုင်ဖြည့်ကစားနိုင်မယ်
✅ Muscle Imbalance ကို သိပြီး ပြင်နိုင်မယ်
✅ Workout Program ကို နားလည်ပြီး
ကစားနိုင်မယ်
✅ Workout Exercises များအား စိတ်ရှိတိုင်းမပြာင်းလဲသင့်‌ေကြာင့် နားလည်လာမယ်
✅လိုင်းပေါ်မှ တွေ့ရာ လေ့ကျင့်ခန်းများကို လိုက်ကစားပြီး လမ်းပျောက်ခြင်းမှ ကင်းဝေးစေမယ်
✅ Trainer ဖြစ်ချင်သူများအတွက် အခြေခံအခိုင်မာဆုံး ဖြစ်မယ်
💰 သင်တန်းကြေး
💵 500,000 ကျပ်
🎉 February လအတွင်း သင်တန်းကြေးသွင်းသူများအတွက်
🔥 450,000 ကျပ် (အထူးလျော့ဈေး)
သင်တန်းကာလအတွင်း Gym members ကြေး သွင်းစရာမလိုပဲ ကစားနိုင်ပါမည်။
ကျားမ စိတ်၀င်စားသူများ တက်ရောက်နိုင်ပါသည်။
👉🏻သူများ ဂျင်းထဲခြင်းမှ ကင်းဝေးပြီး ကိုယ်တိုင်စနစ်တကျ နားလည်တတ်မြောက်ပြီး ကစားတတ်စေရန် ရွယ်ရွယ်ပါသည်။

📆 သင်တန်းစတင်မည့်ရက်
🗓 April လ 6 ရက်နေ့
📍 သင်တန်းနေရာ
သင်ကြားချိန် ၂ ချိန်ခွဲထားပါသည်။အဆင်ပြေရာ ရွေးချယ်တတ်ရောက်နိုင်ပါသည်။
နေ့လည် (12:30 pm -2:00pm)
ညပိုင်း (7:30 pm -8:30 pm)
👉🏻သင်တန်းကြာချိန် ၆ ပတ်
Linn Linn Fitness Centre, Dawei
📞 ဆက်သွယ်ရန်
09777721848

06/02/2026

Fitness Foundation Course (၆ လ)
၁။ Fitness အခြေခံဗဟုသုတ
Fat Loss & Muscle Building အကြောင်း အမှန်တရားများ
Fitness Myths (အမှားယုံကြည်ချက်များ) ဖြေရှင်းခြင်း
Beginner / Intermediate / Advanced Training အဆင့်ခွဲခြားခြင်း
Plateau (တိုးတက်မှု ရပ်တန့်ခြင်း) ဖြစ်ရတဲ့ အကြောင်းရင်းများ
၂။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ နားလည်မှု
Muscle Groups များ၏ အလုပ်လုပ်ပုံ
Joint & Movement Pattern အခြေခံများ
Injury ကာကွယ်ရေး အခြေခံဗဟုသုတ
၃။ Workout Program Design
Fat Loss Program တည်ဆောက်နည်း
Muscle Gain Program တည်ဆောက်နည်း
Men / Women အတွက် Program ခွဲခြားရေးဆွဲနည်း
Beginner → Advanced Progression
Weekly / Monthly Training Split များ
၄။ Exercise Technique & Proper Form
Compound Exercises (Squat, Deadlift, Bench, Row, Press)
Isolation Exercises အသုံးချနည်း
Reps / Sets / Rest Time သတ်မှတ်နည်း
Form မှားယွင်းမှုများ ပြင်ဆင်နည်း
၅။ Nutrition Guidance
Fat Loss အတွက် Diet Planning
Muscle Gain အတွက် Diet Planning
Calories, Protein, Carbs, Fats နားလည်မှု
Meal Timing & Portion Control
Local Food များနဲ့ Diet စီမံနည်း
၆။ Supplements Knowledge
Supplements များ၏ အကျိုးကျေးဇူး
သောက်သင့် / မသောက်သင့် အမျိုးအစားများ
Supplements အပေါ် မမှန်တဲ့ ယုံကြည်ချက်များ
Natural Training vs Supplement Use
၇။ Cardio Training
Fat Loss အတွက် Cardio အမျိုးအစားများ
Muscle မပျက်ဘဲ Cardio လုပ်နည်း
HIIT vs LISS Cardio
Cardio Time & Frequency သတ်မှတ်နည်း
၈။ Women-Specific Training
Glute Training အခြေခံမှ Advanced
Women Body Type အလိုက် Training
Fat Loss + Shape Improve နည်းလမ်းများ
၉။ Recovery & Sleep
Recovery အရေးပါမှု
Sleep Quality တိုးတက်စေမည့် နည်းလမ်းများ
Overtraining ကာကွယ်နည်း
Deload Week အသုံးချနည်း
၁၀။ Practical Coaching & Assessment
Trainee တစ်ဦးချင်းစီ၏ Body Analysis
Customized Workout & Diet Plan
Progress Tracking & Adjustment
👉🏻သင်တန်းပြီးဆုံးပါက
ကိုယ့်ကိုယ်ကိုယ်အတွက် Program ရေးနိုင်မည်
Fat Loss / Muscle Gain ကို စနစ်တကျ ထိန်းချုပ်နိုင်မည်

Fitness ကို ရေရှည် Lifestyle အဖြစ် အသုံးချနိုင်မည်

အခြားသူများကိုလဲ ပြန်သင်ပေးနိုင်မည်

သင်တန်းကာလအတွင်း စာ‌တွေ့ လက်တွေ့သင်ရမည်ဖြစ်သောကြောင့် body transformation တခါထဲ လုပ်သွား၍ ရပါမည်

05/02/2026

❌ အဆီကျတဲ့ကစားနည်း
❌ ကြွက်သားကြီးစေတဲ့ကစားနည်း
သူများပြောတိုင်း ယုံနေတုန်းလား?
ဘယ်လောက်ကစားကစား
ကိုယ်တစ်ယောက်တည်း မပြောင်းလဲဘဲ လမ်းပျောက်နေတုန်းလား?
အတူတူကစားတဲ့သူတွေထဲ
“ငါတော့ မတက်ဘူး… ဟိုကောင်က ဆေးသုံးလို့ပါကွာ”
ဆိုပြီး လျောက်ဘလိန်းနေတဲ့ အဆင့် မှာပဲ ရှိနေသေးလား?
“ငါက သူများလို မစားနိုင်လို့ မကြီးတာပါ”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက်ပေးပြီး လမ်းပျောက်နေတာလား?
🔥 လမ်းပျောက်နေသူများအတွက်
Fitness Foundation Course (6 Months)
👉 ကိုယ်တိုင်တတ်အောင် သင်ပေးမည့် သင်တန်း
📌 သင်ကြားပေးမည့် အကြောင်းအရာများ
✅ Workout Program ရေးဆွဲနည်း / ဖတ်နည်း
✅ Program ထဲပါ လေ့ကျင့်ခန်းများကို လက်တွေ့ကျကျ သင်ကြားပေးခြင်း
✅ မိမိခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီမယ့် Program တည်ဆောက်နည်း
✅ Fat Loss / Muscle Gain / Weight Gain
ပန်းတိုင်ရောက်အောင် Nutrition Plan ရေးဆွဲနည်း
✅ Supplement များ၏ ကောင်းကျိုး၊ ဆိုးကျိုး နှင့် အသုံးချပုံ
✅ Cardio များ၏ အသုံးဝင်ပုံ
Fat Loss / Muscle Gain အတွက် လိုအပ်သလို အသုံးပြုနည်း
✅ မိန်းကလေးများအတွက် တင်ပါးအလှ ကစားနည်းများ
✅ Recovery & Sleep
ဘာကြောင့် ကြွက်သားကြီးဖို့ အရေးကြီးလဲ
🎁 BONUS (အခမဲ့ထပ်ဆောင်းရရှိမည့်အရာများ)
🏋️ နမူနာ Workout Program များ
👉 ယောင်္ကျားလေး / မိန်းကလေးများအတွက်
8 ခုထက်မနည်း ပါဝင်ပါမည်
🔹 Fat Loss Focus Program
🔹 Muscle Gain Focus Program
🔹 Beginner / Intermediate / Advanced Level Programs
🔹 Home / Gym အသုံးပြုနိုင်သော Programs
(သင်တန်းပြီးလျှင် ကိုယ်တိုင် Program ပြန်ရေးနိုင်အောင် အသုံးချနည်းအထိ သင်ပေးပါမည်)
🏆 Body Transformation မှစ၍
🏆 Lifestyle Athlete / ပြိုင်ပွဲဝင်ကစားသမားဖြစ်သည်အထိ
ကိုယ်တိုင်လေ့ကျင့်နိုင်အောင် အကုန်လုံးကို ပြီးပြည့်စုံအောင် သင်ကြားပေးမည်
✔️ သင်တန်းပြီးဆုံးပါက ကိုယ်တိုင် Body Transformation ဖြစ်နိုင်မည်
✔️ မိမိသူငယ်ချင်း၊ ဆွေမျိုးများအား ပြန်လည်သင်ကြားနိုင်မည်
⏰ သင်တန်းကာလ
📅 6 လတာသာ ကြာမြင့်မည်
👥 လူဦးရေ ၁၀ ဦးသာ လက်ခံသင်ကြားမည်
(တစ်ဦးချင်းစီကို Quality အပြည့်နဲ့ သင်ကြားရန်)
📍 သင်ကြားမည့်နေရာ
Linn Linn Fitness Centre
ထားဝယ်မြို့
⏱️ သင်ကြားမည့်အချိန်
နေ့လည် 12 နာရီမှ 2 နာရီအထိ
📆 သင်တန်းစမည့်ရက်
3.1.2026
📞 သင်တန်းကြေး / သင်ကြားပုံ / လိုအပ်ချက်များ
သိလိုသမျှ ဆက်သွယ်မေးမြန်းနိုင်ပါသည်
ထက်နိုင်လင်း
(တိုင်းနှင့် ပြည်နယ် လက်ရွေးစင်)
📱 09777721848

Want your business to be the top-listed Gym/sports Facility in Dawei?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Seik Kan Thar Road
Dawei

Opening Hours

Monday 06:00 - 19:30
Tuesday 06:00 - 19:30
Wednesday 06:00 - 19:30
Thursday 06:00 - 19:30
Friday 06:00 - 19:30
Saturday 06:00 - 19:30