Tottenham Tactical View MM

Tottenham Tactical View MM

Share

Independent Tottenham Tactical Analyst & Football Enthusiast

07/09/2026

🎙️ "ဖြစ်မှ ကြည့်ရှင်း" ရှေးရိုးစွဲ စနစ်မှ Modern Sports Science သို့ 🏥📊

Source

▫️ Report တွေအရ Tottenham ရဲ့ Performance Director ဖြစ်သူ Dan Lewindon ဟာ Players တွေကို ကိုင်တွယ်ထိန်းသိမ်းတဲ့ နည်းလမ်းတွေ အပါအဝင် အဖွဲ့အစည်းတစ်ခင်းလုံးမှာ ကျယ်ပြန့်တဲ့ ပြန်လည်သုံးသပ်မှုတစ်ခုကို ပြုလုပ်နေကြောင်းသိရှိရပါတယ်။ ဒီပြောင်းလဲမှုတွေဟာ အလွန် ကျယ်ပြန့်ပြီး လာမယ့် လများ၊ နှစ်များအတွင်း အကျိုးရလဒ်ကောင်းတွေ သီးပွင့်လာမယ်လို့ မျှော်လင့်ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် Fans တွေအနေနဲ့ဒီရာသီမှာ သေးငယ်တဲ့ ထိခိုက်ဒဏ်ရာအသေးစားလေးတွေကနေ ပိုမိုဆိုးရွားတဲ့ ဒဏ်ရာကြီးတွေ ဖြစ်မသွားစေဖို့အတွက် Muscle Fatigue လို့ခေါ်တဲ့ 'ကြွက်သား ပင်ပန်းနွမ်းနယ်မှု' အကြောင်းပြချက်နဲ့ အနားပေးတာမျိုးတွေကို ပိုမို မြင်တွေ့ရဖို့ မျှော်လင့်ထားပါလို့‌ ရေးသားထားပါတယ်။ အသင်းလူစာရင်း အင်အား တောင့်တင်းနေချိန်မှာ စွန့်စားတာထက် ဆေးဘက်ဆိုင်ရာ သတိပေးချက်အတိုင်း အနားပေးတာက ပိုမို အဓိပ္ပာယ်ရှိတာကြောင့် Players တွေဟာ ပွဲထွက်စာရင်း သို့မဟုတ် အရန်ခုံကနေပါ ပွဲတစ်ပွဲစာ ရုတ်တရက် လွဲချော်သွားတာမျိုးတွေကို မျှော်လင့်ထားဖို့လိုပါမယ်။ ဆိုလိုတာက Player တစ်ယောက်ဟာ Training အပြီးကြွက်သားအနည်းငယ်တင်းနေတာမျိုးနဲ့တင်သေချာစစ်ဆေးပြီးအနားပေးတာမျိုးကိုစဉ်းစားလုပ်ဆောင်သွားမှာမျိုးဖြစ်ပါတယ်။

▫️ ဒါ့အပြင် Tottenham ဟာပထမဆုံးအကြိမ် Sport Science နဲ့ Data Stats တွေကိုအသုံးပြုပြီး Players တွေကိုစနစ်တကျရွေးချယ်အနားပေးတဲ့ System ကိုစအသုံးပြုနေပြီလို့ဆိုပါတယ်။ Player Condition, Injury Record, Recovery Rate, Player Role VS Output နဲ့ Recommended Workload စတဲ့အချက် 5 ချက်အပေါ်အခြေခံပြီးအနားယူသင့်၊ မယူသင့်၊ ပွဲထွက်သင့်၊ မထွက်သင့်၊ အကယ်၍ပွဲထွက်ခဲ့ပါကမိနစ်မည်မျှသာကစားရမည်ဆိုတာတွေကို Analysis လုပ်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အရင်တုန်းက Tottenham ရဲ့ Medical Department ဟာ ရှေးရိုးစွဲ နည်းလမ်းတွေဖြစ်တဲ့ Suck it and See ဆိုတဲ့ "ဖြစ်မှ ကြည့်ရှင်း" ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်နည်းလမ်းဟောင်းကိုစွန့်ပယ်ပြီးအထက်မှာဖော်ပြခဲ့တဲ့ Sport Science Approach ဟာရာသီတိုင်းကြုံတွေ့နေရတဲ့ Injury Record ကိုကျော်ဖြတ်နိုင်ဖို့ရည်မှန်းထားပါတယ်။

📌 ဒါ့ကြောင့်ပြီးခဲ့တဲ့ Nottingham နဲ့ပွဲစဉ်မှာ Sávio နဲ့ Udogie ဟာပွဲအချိန်ပြည့်ကစားနိုင်ပေမယ့် Medical Department ရဲ့ Plan အတိုင်း Mins 60 မှာမဖြစ်မနေလှဲခဲ့ရတာမျိုးဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်းဘယ်လောက်အရေးကြီးနဲ့ပွဲမျိုးဖြစ်ပါစေ၊ London Derby ဖြစ်နေပါစေ၊ In Game အတွင်းမှာရှုံးနေရင်သော်လည်းကောင်း၊ နိုင်နေရင်သော်လည်းကောင်း Sports Science အရ Checking ပြီး Decision ချထားသည့်အတိုင်းသာပြုလုပ်သွားမှာမျိုးဖြစ်ပါတယ်။ လက်ရှိ EPL မှာ Arsenal, Chelsea, Man City, Brighton နဲ့ Liverpool တို့ဟာ Sports Science ကိုသီးသန့်‌တည်ထောင်ပြီးငွေသန်းပေါင်းများစွာ Investment လုပ်ထားတဲ့ Clubs တွေဖြစ်ပါတယ်။

06/09/2026

Roy Kean ၏ထောက်ပြချက် 🎙️

🗣️ လူတွေက '၃ ပွဲပဲ ရှိသေးတာပါ၊ နည်းပြကို အချိန်ပေးလိုက်ပါဦး' လို့ ပြောကြပါလိမ့်မယ်။ ဟုတ်တာပေါ့၊ ၃ ပွဲပဲ ရှိသေးတာပါ။ ဘယ်သူကမှ နည်းပြကို မနက်ဖြန် ထုတ်ပစ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။
ဒါပေမဲ့ Fans တွေမှာ မေးခွန်းထုတ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ သူတို့ ပေါင် သန်း ၃၀၀ ကျော် သုံးခဲ့တာပါ။ Tonali, Fernandes, Sávio, Marmoush, Van Hecke။ နွေရာသီတစ်ခုတည်းမှာ ဒီလောက် သုံးစွဲထားပြီးမှ Players တွေ အသားကျတဲ့အထိ Fans တွေကို မျှော်လင့်ချက် လျှော့ထားဖို့ တောင်းဆိုလို့ မရပါဘူး။
လိဂ်ပွဲ ၃ ပွဲ။ ၁ မှတ်။ ၅ ဂိုး ပေးလိုက်ရတယ်။ ၁ ဂိုးမှ မသွင်းရသေးဘူး။ ၁ ဂိုးမှကို မသွင်းနိုင်သေးတာပါ။

🗣️ ကြားတာတော့ ဒါဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း Tottenham အနေနဲ့ရာသီအစ ၃ ပွဲမှာ ၁ ဂိုးမှ မသွင်းနိုင်ခဲ့တာ ပထမဆုံးအကြိမ်ပဲတဲ့။ နှစ်ပေါင်း ၅၀ ကျော်အတွင်း မဖြစ်ဖူးတာကို ပြန်ဖြစ်အောင် ပေါင်သန်းပေါင်းများစွာ သုံးခဲ့တာပေါ့။ Forest နဲ့ ၀-၀ သရေကျတာကို တိုးတက်လာတယ်လို့ ပြောနေတာကို ကျွန်တော် တွေ့ရပါတယ်။ ဟုတ်ကောင်းဟုတ်မှာပေါ့၊ ဂိုး မပေးခဲ့ရဘူးလေ။ ဒါပေမဲ့ ဘောလုံး Club တစ်ခုမှာ စံချိန်စံညွှန်းတွေက အဲဒီလို လျင်မြန်စွာ ပြောင်းလဲသွားတာပါ။ လွန်ခဲ့တဲ့ ၃ ပတ်ကပဲ Fans တွေဟာ ခေါ်ယူမှုတွေကို ကြည့်ပြီး 'ငါတို့တော့ နောက်ဆုံးတော့ အခြေအနေကောင်းတော့မယ်' လို့ တွေးခဲ့ကြတာ။

🗣️ အခုကျတော့ ၁ ဂိုးလောက် တောင်းဆိုတာကိုပဲ အလိုကြီးရာ ကျမလို ဖြစ်နေလို့ Clean Sheet ရတာကိုပဲ အောင်ပွဲခံနေကြရတယ်။ ဒါဟာ အဲဒီ Players တွေကို အမှိုက်တွေလို့ ပြောနေတာ မဟုတ်ပါဘူး။ သူတို့ အမှိုက်မဟုတ်ပါဘူး။ De Zerbi ကလည်း ရုတ်တရက်ကြီး ညံ့သွားတဲ့ နည်းပြ မဟုတ်ပါဘူး။ ဒါပေမဲ့ Club တစ်ခုက ဒီလောက် အပြင်းအထန် ငွေသုံးလိုက်တဲ့အခါမျှော်လင့်ချက်ကို သူတို့ဘာသာ မြှင့်တင်လိုက်သလို ဖြစ်သွားတာပါ။ August မှာ Transfer Market ကို အနိုင်ရခဲ့ပြီး September မှာ ဘောလုံးကစားကွက်ကို မေ့ပစ်ခိုင်းလို့ မရပါဘူး။ De Zerbi ကို အချိန်ပေးပါ၊ အပြည့်အဝ ပေးပါ။
ဒါပေမဲ့ အဲဒီလို အချိန်ပေးနေစဉ်မှာပဲ Fans တွေကို အနည်းဆုံး ဂိုးတစ်ဂိုးတော့ ပေးလိုက်ကြပါဦး။

05/09/2026

Nottingham နှင့်ပွဲစဉ်အပြီး Post-Confrence 🎙️

🗣️ ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ပြိုင်ဘက် Area ရဲ့ Final-Third မှာတော့ ဒီထက်မက ပိုကောင်းအောင် ကစားဖို့ လိုပါသေးတယ်။ Decisions တွေကို ပိုမို မှန်ကန်အောင် ချဖို့နဲ့ အရေးကြီးတဲ့ Chances တွေ နီးစပ်လာချိန်မှာ တည်ငြိမ်မှု ရှိဖို့ လိုပါတယ်။ ဥပမာ - ဒုတိယအပိုင်း Marmoush ရခဲ့တဲ့ Chance မှာ Robertson ထပ်တက်လာတာကို ပေးလိုက်ရင် တခြားဘက်မှာ Kudus လွတ်နေတာပါ။ Tel ၂ ကြိမ်နဲ့ Sávio ၁ ကြိမ် ဖြတ်တင်ပေးလိုက်တာတွေ တိုင်ကျော်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Mentality အပိုင်းကိုတော့ အရမ်း သဘောကျပါတယ်။ Forest ရဲ့ PlayStyle က Long Ball နဲ့ Second Ball လုတဲ့ Style ဆိုတာ ရှင်းပါတယ်။ အဲဒီလိုကြားထဲကပဲ ကျွန်တော်တို့ Second Ball အများစုကို အနိုင်ရခဲ့ပါတယ်။

🗣️ Bentancur, Tonali, Gallagher နဲ့ Van De Ven တို့ အရမ်းကောင်းတဲ့ ပွဲစဉ်ကို ကစားသွားကြတာပါ။ Sávio နဲ့ Udogie တို့ ကမိနစ် ၆၀ ထက် ပိုကစားပေးနိုင်ပေမဲ့ Medical Teams ရဲ့ Plan အရ Risks မယူချင်တာမို့ လဲလှယ်ခဲ့ရတာပါ။

🗣️ Mateus Fernandes ဟာ ကျွန်တော့်လက်ထက်မှာ Top Player တစ်ဦး ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမဲ့ Forest ရဲ့ ကွင်းဟာ အင်္ဂလန် ဘောလုံးစတိုင် ပြင်းထန်ပြီး Gallagher က ဒီလိုပွဲမျိုးကို ပိုမို Experience ရှိတာကြောင့် ရွေးချယ်ခဲ့တာပါ။ ကျွန်တော်တို့ ဒီနေ့ပွဲမှာ ၃ ဂိုး သို့မဟုတ် ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သင့်တာပါ။ ဆုံးဖြတ်ချက် မှားယွင်းသွားရင် Goal မဝင်ပေမဲ့ ဒါဟာ Chances တွေရရှိခဲ့တာပါပဲ။

🗣️ Mudryk ကတော့ ပွဲထွက်ဖို့ အသင့်မဖြစ်သေးပါဘူး။ ကြံ့ခိုင်မှု အပြည့်ရအောင် လေ့ကျင့်နေရဆဲ ဖြစ်ပြီး အချိန်ပေးဖို့ လိုပါတယ်။ အဲဒီနေရာမှာ ပါရမီကြီးတဲ့ Mathys Tel ရှိပေမဲ့ Tel ရော Mudryk ပါ Decisions လွဲမှားမှုတွေ အများကြီး ရှိနေပါသေးတယ်။

📌 ပါရမီကြီးမားတဲ့ Tel ဆိုတာကျွန်တော်အပိုရေးတာမဟုတ်ဘူးနော်၊ နည်းပြ De Zerbi ကိုယ်တိုင်က We have big potential, Tel လို့ပြောခဲ့တဲ့အတိုင်းဘာသာပြန်တာဖြစ်ပါတယ်။

05/09/2026

⚽ Nottingham 0️⃣ - 0️⃣ Tottenham ⚽
⌛ Full - Time Review ⌛

▫️ ဒီပွဲကိုတော့ Tactical Review လုပ်မှာမဟုတ်ပါဘူး ... ဘာလို့လဲမေးရင်ဘာ Tactics မှမတွေ့လိုက်ရလို့ပါ။ ကျွန်တော်ပြောခဲ့ပါတယ်နည်းပြ De Zerbi မှာ Plan-B ဆိုတာမရှိနေဘူး။ 95 Mins တိတိဒီပုံစံအတိုင်းသွားတယ်။ Substitute တွေလည်းအမှားတွေချည်းပဲ။ ဒီနေ့ပွဲမှာနည်းပြ De Zerbi ဘက်ကိုထောက်ပြစရာပြောစရာတွေကအများကြီးပဲ။ အဓိကသူ့စကားကိုသူတာ၀န်ယူနေရတာလို့မြင်တယ်။ Gallagher ကိုသူသဘောကျတယ်၊ Tonali ကိုသူခေါ်ခိုင်းတယ်၊ Tel ကို Bournemouth ကခေါ်ဖို့လုပ်တုန်းကသူတားတယ် ... ဒါတွေရဲ့အကျိုးဆက်က BoD ဘက်ကသူ့ကိုမင်းခေါ်တဲ့၊ မင်းတားတဲ့ Players တွေဘာလို့မသုံးတာလဲဆိုတဲ့ Pressure တွေများလာမှာမို့မဖြစ်မနေ Substitute မလုပ်ရဲပဲ သုံးနေရတာလို့မြင်တယ်။ Gallagher က 83 Mins အထိ In Game မှာရှိနေစရာအကြောင်းကိုမရှိတာ။ Tonali လည်းထိုနည်း၎င်းပဲ။

▫️ Nottingham ဘက်က Compact Mid-Block နဲ့ပွဲထွက်လာတယ်၊ Gallagher နဲ့ Tonali နှစ်ယောက်ပေါင်းတာတောင် Man City Academy Player ဖြစ်တဲ့ McAtee ကိုမကျော်နိုင်ဘူး။ Ground Duel လည်းမယှဉ်နိုင်ဘူး၊ Passing လည်းကျော်မထွက်ဘူး။ Tonali ဆိုရင်ပိုသိသာတယ်၊ Physical အရယှဥ်လုတာ‌တောင်သူ့ထက်သေးတဲ့ Nottingham က Ndoye ကိုမယှဥ်နိုင်ဘူး။ ပထမအပိုင်းပြီးကတည်းကပွဲကြည့်နေတဲ့ကျွန်တော်တို့တောင် In Game ရဲ့ပြဿနာက Midfield ဆိုတာကိုသိတယ်၊ ဒါပေမယ့်နည်းပြ De Zerbi မသိဘူး။ ဒီ Instructions အတိုင်းပဲဆက်သွားတယ်၊ Formation Change မရှိဘူး၊ Tactics Change မရှိဘူး။ Substitute လုပ်တာတောင်တလွှဲ ... Gallagher ဘာလုပ်ကွက်မှပေါ်မနေတာသိသိနဲ့ Gallagher ကိုမထုတ်ပဲအတန်အသင့်အလုပ်ဖြစ်နေပါတယ်ဆိုတဲ့ Sávio ကိုထုတ်တယ်။ ဆော့တဲ့ Formation က 4-2-3-1 ... Midfield Trio ကအလုပ်မဖြစ်နေတော့ခံစစ်မှာ၀န်ပိပြီးတိုက်စစ်ကဘောလုံးဆင်းယူနေရတယ်။ Gallagher ကိုထုတ်ပြီး Kudus ကို AM ထည့် Sávio ကိုဆက်ထားပြီး Tel ကိုထုတ်ရမယ်ဆိုတာကလေးအစလူကြီးအဆုံးအကုန်သိတယ် ... ဒီနည်းပြမသိဘူး။

▫️ ဒီပွဲမှာ Van Hecke, Van De Ven နဲ့ Bentancur တို့ 3 ယောက်က Performance အတော်အသင့်ပြနေလို့သာဘာမှမဖြစ်ခဲ့တာ။ နည်းပြ Ange တုန်းက Attacking Philosophy ကိုမြင်ရတယ်၊ နည်းပြ Thomas Frank တုန်းက Set-Pieces System ကိုမြင်ရတယ်၊ နည်းပြ Conte တုန်းက Direct Counter-Attack ကိုမြင်ရတယ်၊ အခုနည်းပြ De Zerbi မှာအခုအထိတော့ဘာမှကိုမမြင်ရသေးဘူး။ ဘာ Tactics အသုံးပြုချင်နေမှန်းလည်းမသိဘူး၊ ဘာကိုအခြေပြုပြီးတည်ဆောက်ချင်နေမှန်းလည်းမသိဘူး၊ Attacking လည်းမသွားတတ်ဘူး၊ Defensive Transition လည်း Set-Up မလုပ်တတ်ဘူး။ တခါတလေ Training Sessions တွေမှာဘာတွေသင်ပေးနေလဲဆိုသွားမေးချင်စိတ်ပါဖြစ်မိတယ်။

05/09/2026

🚨 Player News 🗞️

▫️ နည်းပြ De Zerbi က Press-Confrence မှာသူ့အနေနဲ့ Tottenham ကိုင်တွယ်ဖူးတဲ့ကာလတလျှောက်လုံးမှာယ‌ခုအကြိမ်က Squad Players စုံစုံလင်လင်နဲ့ Training ဆင်းနိုင်တဲ့ပထမဆုံးအကြိမ်လို့ဖြေကြားခဲ့ပါတယ်။ သို့ပေမယ့်ယနေ့မနက်အစောပိုင်းမှာ SZY ဘက်ကနည်းပြ De Zerbi ကအခုလိုပြောထားပေမယ့် Training အပြီးမှာ Injury ရသွားတဲ့ Senior Player တစ်ဦးရှိတယ်လို့ဖော်ပြထားပါတယ်။ အစောအပိုင်းက Kulusveski ဖြစ်တယ်လို့ထင်ခဲ့ပေမယ့်လွန်ခဲ့တဲ့ 1 နာရီကထွက်လာတဲ့သတင်း 🗞️ တွေအရ Injury ရသွားတဲ့ Player က Matheus Fernandes ဖြစ်တယ်လို့သိရပါတယ်။

▫️ ဒါ့အပြင်နည်းပြ De Zerbi ဘက်က Maddison ဟာ Training အပြည့်ဆင်းထားနိုင်ပေမယ့် Risk မယူချင်တာကြောင့်ယနေ့ပွဲစဉ်မှာပါ၀င်ကစားခိုင်းမှာမဟုတ်ဘူးလို့သိရပါတယ်။ Mateus Fernandes က Injury ကြီးကြီးမားမားမဟုတ်ပဲအသေးအမွှားသာဖြစ်ပြီးခြေထောက်ခေါက်သွားတာလို့ကနဦးသိရပါတယ်။ ပါ၀င်နိုင်ချေက 50 \50 လို့သိရပြီးတကယ်မဟုတ်ပါစေနဲ့လို့ပဲမျှော်လင့်မိပါတယ်။ ကျန်တာကတော့ Line - Up ထွက်လာမှပဲစောင့်မျှော်ကြ‌တာပေါ့ဗျာ။

04/09/2026

Oliver Glasner 🗣️ နည်းပြ De Zerbi ရဲ့ Tactics တွေကခန့်မှန်းရလွယ်ကူတယ်

🗣️ De Zerbi မှာ သူ့အသင်းတွေကို ကိုင်တွယ်ကစားတဲ့ ရှင်းလင်းပြတ်သားတဲ့ PlayStyleရှိပါတယ်။ အဲဒါက ပွဲအတွက် ပြင်ဆင်ရတာကို နည်းနည်း ပိုမို လွယ်ကူစေပါတယ်။ ကစားကွက် Patterns တွေက အရမ်းကို ထင်ရှားလွန်းပါတယ်။ သူ့မှာ တိကျတဲ့ PlayStyle တစ်ခု ရှိပြီး အချို့သော အခြေအနေတွေမှာ သူတို့ အရမ်းကောင်းကောင်း ကစားနိုင်တာကို တွေ့ရသလို၊ အချို့ အခြေအနေတွေမှာတော့ အရာရာ အံဝင်ခွင်ကျ မဖြစ်သေးတာကို တွေ့ရပါတယ်။ သူတို့ ကျွန်တော်တို့ကို ဘယ်လို ဖိအားပေး လာမလဲဆိုတဲ့ တိကျတဲ့ နည်းလမ်းတွေ ရှိနေတာမို့ အဲဒီအတိုင်းပဲ ကျွန်တော်တို့ အသင်းကို ပြင်ဆင်ထားပါတယ်။

📌 ကျွန်တော်ပထမဆုံး EPL အဖွင့်ပွဲစဉ်ပြီးကတည်းကထောက်ပြခဲ့ပါတယ်။ နည်းပြ De Zerbi ကိုကြိုက်တဲ့သူဖြစ်စေ၊ မကြိုက်တဲ့သူဖြစ်စေ ... နည်းပြ De Zerbi က In Game အတွင်းမှာ Plan-B ရှိမနေပါဘူး။ Newcastle နဲ့ပွဲမှာဆိုပိုသိသာပါတယ်။ ပွဲရလဒ်ကဘယ်လိုပဲဖြစ်နေနေ၊ နိုင်နေသည်ဖြစ်စေ၊ ရှုံးနေသည်ဖြစ်စေ ... Players Substitute တစ်ခုကိုပဲလုပ်ပါတယ်။ EPL မှာ Physical အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကလေးအစ၊ လူကြီးအဆုံးသိတဲ့ Squad တစ်ခုလုံး 6'2" နဲ့အထက် Players တွေချည်းစုဖွဲ့ထားတဲ့ Newcastle ကိုပွဲပြီးလို့အချိန်ပို 93 Mins အထိ Box အတွင်းကို Cross ပဲလုပ်နေတာကြည့်ရင် ... Plan-B ရှိလား၊ မရှိလားသိသာပါတယ်။

04/09/2026

Nottingham နှင့်ပွဲစဉ်အတွက် Press-Confrence 🎙️

🏥 Team News & Injury Updates
🗣️ သူတို့အားလုံး ပွဲထွက် ကစားဖို့ အသင့်ဖြစ်နေကြပါပြီ။ James Maddison ကတော့ မနေ့ကမှ ကျွန်တော်တို့နဲ့အတူ Training စတင် ဆင်းနိုင်ခဲ့တာ ဖြစ်ပေမဲ့ ကျန်တဲ့ Players တွေကတော့ ကြံ့ခိုင်မှု အခြေအနေ ကောင်းမွန်နေပါတယ်။ Sávio လည်း ပြန်ပါလာပါပြီ။

⚡ Mykhailo Mudryk ၏ Debut မိတ်ဆက်ပွဲ ပေါ်ပေါက်လာနိုင်ခြေ
🗣️ ပွဲစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သူ ၁၅ မိနစ်၊ မိနစ် ၂၀ ဒါမှမဟုတ် မိနစ် ၃၀ လောက် ဝင်ကစားပေးဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ Shakhtar မှာ တစ်ရာသီ အတူတူ ကုန်လွန်ခဲ့ကြဖူးပြီး Ballon d'Or အကြောင်း ကျွန်တော် ပြောခဲ့တုန်းက Player ရဲ့ Potential ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းခဲ့တာပါ။ ဒီခန့်မှန်းချက်ကို လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သူဟာ အခုအချိန်အထိ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူ့ရဲ့ ပါရမီ အရည်အသွေးကတော့ အရင်ကရော အခုပါ ထင်ရှားနေတုန်းပါပဲ။ သူဟာ ထိပ်တန်း Player တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ Quality အားလုံးကို မီးမောင်းထိုးပြနိုင်ဖို့က သူ့ရဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ဒီရာသီကို သူ နည်းလမ်းမှန်အတိုင်း ကိုင်တွယ်ရမှာဖြစ်ပြီး လူတွေ သူ့အပေါ် ထင်မြင်ယူဆထားကြတာတွေကို သက်သေပြဖို့ အကောင်းဆုံး အချိန်ပါပဲ။

🎯 ကွင်းလယ်ဟန်ချက်နှင့် လူငယ်များ၏ အခန်းကဏ္ဍ
🗣️ Mateus Fernandes အနေနဲ့ကောင်းမွန်တဲ့ ပွဲတစ်ပွဲကို ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ ဒီထက်မက ပိုကောင်းအောင် ကစားနိုင်ပါသေးတယ်။ သူဟာ နေရာအမျိုးမျိုးမှာ ကစားနိုင်တယ်လို့ ထင်ပါတယ်၊ ဥပမာ - လက်ရှိအချိန်မှာ Rodrigo Bentancur ဟာ သူ့ရဲ့ Experience နဲ့အတူ ကွင်းအတွင်း ဟန်ချက်ညီမှုနဲ့ စနစ်တကျ ရှိမှုကို ပေးစွမ်းနိုင်တာကြောင့် ဒီအသင်းအတွက် အရမ်း အရေးပါနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Mateus ကို သူ့ရဲ့ Player Life စတင်ခဲ့တဲ့ နံပါတ် ၁၀ (Attacking Midfield) နေရာမှာ စတင် ပွဲထုတ်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ကွင်းလယ်လူ ၂ ဦးထဲက တစ်ဦးအဖြစ် ပြောင်းလဲခဲ့တာပါ။ သူက အရမ်း ငယ်ပါသေးတယ်။ အသင်းသစ်၊ နည်းပြသစ်၊ ပတ်ဝန်းကျင်သစ်နဲ့ အံဝင်ခွင်ကျ ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အချိန်ပေးရပါမယ်။ Bergvall၊ Archie Gray နဲ့ Sávio တို့လိုပါပဲ - သူတို့ဟာ ဒီအသင်းရဲ့ အနာဂတ်တွေ ဖြစ်ကြပါတယ်။

❌ Richarlison နှင့် ပတ်သက်သည့် ပြတ်သားသော ရပ်တည်ချက်
🗣️ ကျွန်တော် ထင်တယ်၊ Richarlison ကပဲ အရာရာကို ဆုံးဖြတ်ခဲ့တာပါ။ Pre-Season Training စတင်ချိန်တုန်းက သူ ကျွန်တော်နဲ့ လာရောက် စကားပြောခဲ့ပြီး သူ့ရဲ့ ရည်ရွယ်ချက်က အသင်းကနေ ထွက်ခွာဖို့ ဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ နောက်ထပ် တိုက်စစ်မှူးတစ်ယောက် ခေါ်ယူခဲ့ရပြီး Pre-Season Training စတင်ချိန်ကတည်းက ကျွန်တော်ဟာ ဒီမှာ ဂုဏ်ယူမှု၊ ရာသီအတွက် ထက်သန်တဲ့ စိတ်ဓာတ်တို့နဲ့ ဆက်ရှိနေချင်တဲ့ Players တွေကိုပဲ အလိုရှိခဲ့တာပါ။ အဲဒီနောက်ပိုင်း ဖြစ်လာတဲ့ တခြား ပြဿနာတိုင်းက ကျွန်တော့် ကိစ္စ မဟုတ်တော့ဘဲ အသင်းဘုတ်အဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘာမှ မဆုံးဖြတ်ခဲ့တာမို့ ဘာမှ မပြောနိုင်ပါဘူး။ ရာသီစတင်ချိန်ကတည်းက Richarlison ပေးခဲ့တဲ့ Message က ရှင်းလင်းခဲ့တာမို့ ကျွန်တော်လည်း အဲဒါကို လက်ခံခဲ့ပါတယ်။ Turkey ကနေ ကမ်းလှမ်းမှု ရှိ၊ မရှိ ကျွန်တော် မသိပါဘူး။ အသင်းက အဲဒီ ကမ်းလှမ်းမှုကို လက်ခံခဲ့သလား ဆိုတာလည်း ကျွန်တော် မသိပါဘူး။ Transfer Market မပိတ်မီတုန်းက ကမ်းလှမ်းမှုတစ်ခု ရှိခဲ့ဖူးပြီး သူ လက်မခံခဲ့ဘူးဆိုတာပဲ ကျွန်တော် သိပါတယ်။ ကျွန်တော့်အတွက်တော့ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။

03/09/2026

🎙️ CEO Vinai ၏ကျေးဇူးတင်ကြောင်းသ၀ဏ်လွှာ ⚪️

▫️ Transfer Market တွေဆိုတာ Football Club အသင်းတစ်သင်းအတွက် အမြဲတမ်း အလုပ်ရှုပ်တဲ့ ကာလတွေ ဖြစ်ပေမဲ့ ဒီတစ်ကြိမ် Transfer Market ကတော့ Tottenham အတွက် လုံးဝ အတိုင်းအတာ သီးခြား ကွဲပြားခဲ့ပါတယ်။
ကျွန်တော်တို့ အမျိုးသား ပထမအသင်း တစ်ခုတည်းမှာတင် Transfer Process ပေါင်း ၃၀ ကျော်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ၇၈ ရက်တာ Market ကာလအတွင်း ခေါ်ယူမှုများ၊ ထွက်ခွာမှုများနှင့် စာချုပ်သစ် သက်တမ်းတိုးမှုများ အပါအဝင် အလွန်တရာ ကြီးမားသည့် အရေအတွက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အရေအတွက်ဟာ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်း အချို့ကိုပဲ ဖော်ပြနိုင်တာပါ။

▫️ ကြေညာချက် တိုင်းရဲ့ နောက်ကွယ်မှာ Agent Discussion များ၊ ဘဏ္ဍာရေး ပုံစံတွက်ချက်မှုများ၊ Contract များ၊ ဆေးစစ်မှုများ၊ Register များ၊ Players အသစ်များနဲ့ သူတို့၏ မိသားစုများကို ကြိုဆိုခြင်းများ၊ Logistics လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေးနှင့် အခြား အသေးစိတ် လုပ်ဆောင်ချက်ပေါင်း များစွာနဲ့အတူ လပေါင်းများစွာ ကြိုတင် လေ့လာစကောက်ကြည့်ခြင်း၊ သုံးသပ်ခြင်းနှင့် စီမံကိန်း ရေးဆွဲခြင်းများ ပါဝင်နေပါတယ်။

▫️ အမျိုးသား အသင်း လူစာရင်း အပြင်မှာလည်း ဒီကာလဟာ Tottenham တစ်ခင်းလုံးအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ Pre-Season Training တွေမစတင်မီကတည်းက အမျိုးသမီး အသင်းအတွက် တောင့်တင်းတဲ့ Transfer တွေကို အပြီးသတ်နိုင်ခဲ့သလို Academy မှတစ်ဆင့် ပါရမီရှင် လိုင်းကြောင်းကို ပိုမို နက်ရှိုင်းစေဖို့အတွက် အလားအလာရှိတဲ့ အသက်ငယ် Youngster တွေမှာလည်း ဆက်လက် Investment ပြုလုပ်ခဲ့ပါတယ်။

▫️ အဲဒီ အလုပ်တွေအပြင် ကျွန်တော်တို့ရဲ့ Training Room အတွင်း စနစ်များ၊ စံချိန်စံညွှန်းများနှင့် ဖွဲ့စည်းပုံတွေကိုလည်း အသစ် ပြန်လည် ပုံဖော်ခဲ့ပါတယ်။ အသင်းတစ်ခင်းလုံးရဲ့ အလုပ်ပမာဏဟာ တကယ့်ကို ကြီးမားခဲ့ပြီး ကြိုးပမ်းအားထုတ်မှုတွေကလည်း အံ့မခန်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ ပါဝင်ကူညီခဲ့ကြတဲ့ သူတိုင်းကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးဆိုင်ရာ ဦးဆောင်အဖွဲ့၊ Players ခေါ်ယူရေးနှင့် စွမ်းဆောင်ရည် အဖွဲ့များ၊ နည်းပြများ၊ ဆေးဘက်ဆိုင်ရာနှင့် Players စောင့်ရှောက်ရေး လုပ်ဖော်ကိုင်ဖက်များ၊ ဥပဒေရေးရာ၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ ဆက်သွယ်ရေးနှင့် မီဒီယာ ဌာနများအပြင် ဒါကို ဖြစ်မြောက်လာအောင် ကူညီပေးခဲ့ကြတဲ့ အသင်းတစ်ခင်းလုံးက လုပ်ဖော်ကိုင်ဖက် အများအပြားကိုလည်း ကျေးဇူးတင်ပါတယ်။ လုပ်ဖော်ကိုင်ဖက် အများအပြားဟာ ကျွန်တော်တို့ ရည်မှန်းထားတာတွေကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ညနေပိုင်းတွေ၊ စနေ၊ တနင်္ဂနွေတွေ၊ အစိုးရ ရုံးပိတ်ရက်တွေနဲ့ အိပ်စက်ချိန် အများအပြားကို စွန့်လွှတ် အနစ်နာခံခဲ့ကြရပါတယ်။
Transfer Market တစ်ခု တည်းနဲ့ ဘောလုံးပွဲစဉ်တွေကို အနိုင်မရရှိနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခု အဓိက တာဝန်ကတော့ အားလုံး အတူတကွ ကြိုးစား အားထုတ်ပြီး အားပေးသူများ ဂုဏ်ယူနိုင်မယ့် စွမ်းဆောင်ရည်တွေကို ကွင်းအတွင်း ထုတ်ပြသွားဖို့ပဲ ဖြစ်ပါတယ်။

▫️ ဒီနွေရာသီဟာ Tottenham ရဲ့ တိုးတက်ပြောင်းလဲမှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကို ဖြစ်မြောက်အောင် ကူညီပေးခဲ့သူ တိုင်းကို ကျေးဇူးတင်ရှိပါတယ်။

03/09/2026

🎙️ Archie Gray အပေါ် အပြစ်တင် ဝေဖန်သံများ နှင့် မီးမောင်းထိုးပြချင်သည့် အမှန်တရား ⚪️💭

▫️ ကျွန်တော့်ရဲ့ Tottenham ညီအကိုမောင်နှမတွေထဲမှာဒီရက်ပိုင်း Gray ကိုဝေဖန်တာ၊ အပြစ်တင်တာ၊ တချို့ဆိုဆဲဆိုတာတွေအထိပါလုပ်ကြ၊ ရှိကြလို့ဒီ Content ကိုရေးဖြစ်သွားတယ်ဆိုပါတော့။ ဟိုတလောကလည်း Social Media အပေါ်မှာ Gray အနေနဲ့မပျော်ရွှင်ဘူး၊ အဓိကအားဖြင့် RB မှာဆော့ရတဲ့အပေါ်စိတ်ပျက်နေတယ်၊ Progressive Midfield အဖြစ်ကစားချင်တဲ့ဆန္ဒရှိတယ်ဆိုတဲ့စာပိုဒ်လေးဖတ်လိုက်ရတယ်။ အဲ့တော့ဝေဖန်တဲ့ Fans ညီအကိုမောင်နှမတွေကိုမေးချင်တာကဘာလို့ Gray ကို‌ဝေဖန်ကြတာလဲ၊ ရောင်းထုတ်ဖို့ပြောကြတာလဲ ❔ဒုတိယအချက်က Gray ကိုသူကျွမ်းကျင်တဲ့ Primary Position & Role မှာဆော့တာတောင်မြင်ရပြီးပြီမို့လားဆိုတာပြန်စဉ်းစားစေကြည့်ချင်တယ်။

▫️ Gray ကို Leeds ဆီကနေ Tottenham ဘက်က 2024 မှာစပြီးတော့ခေါ်ခဲ့တယ်။ Gray ကို Brentford ဆီကနေ Hiking လုပ်လိုက်တဲ့အချိန်မှာအကုန်အချိန်နဲ့တပြေးညီတင်ကြတယ်။ Gray ဟာ CB ဖြစ်သူ၊ RB ဖြစ်သူစသည်ဖြင့်တင်တယ်။ အဲ့ကတည်းကသူဆော့တဲ့ Playstyle ကိုကျွန်တော် Videos 3 ခုလောက်သေချာကြည့်ပြီးမှကျွန်တော့် Page မှာတိတိကျကျတစ်ခုတည်းတင်ခဲ့တယ်။ သူက DM Player ဖြစ်တယ်၊ Deep-Lying Playmaker Role ဖြစ်တယ်လို့ ... ဒီလိုပြောလို့ကျွန်တော့် Senior အကို‌ Page တွေကိုထိခိုက်လိုခြင်းမရှိဘူး။ ကျွန်တော်ကိုယ်ရည်သွေးတာလည်းမဟုတ်ဘူး။ ကျွန်တော့် Page မှာ Player တစ်ယောက်နဲ့ပက်သက်ရင် Role တိတိကျကျတစ်ခုတည်း၊ Position တိတိကျကျတစ်ခုတည်းကိုပဲဖော်ပြတယ်။ သူ့ရဲ့ Primary Position & Role ကတော့ဒါဖြစ်တယ်၊ Secondary Position & Role ကတော့ဟိုဟာဖြစ်တယ်လို့နှစ်ခွတွေမရေးခဲ့ဖူးဘူး။ ဆိုတော့ Gray က DM Player ပဲ ... RB မဟုတ်ဘူး၊ CB လည်းမဟုတ်ဘူး။

▫️ ဒါပေမယ့်ကောင်လေးက ကံဆိုးရှာတယ်၊ နည်းပြ Ange လက်ထက်ကမှာ Injury Prone တွေများလို့ CB မှာ Ball-Playing Defender အနေနဲ့၀င်ဆော့ရတယ်၊ RB ၀င်ကူရပြန်တယ်။ နည်းပြ Thomas Frank လက်ထက်ရောက်တော့သူ့ကို Brentford မှာကတည်းကရအောင်ခေါ်ခဲ့တာဆိုတော့သူ့အရင် Position & Role လေးတော့ပြန်ဆော့ခွင့်ရမယ်လို့မျှော်ခဲ့တယ်။ အနည်းငယ်လည်း Double Pivot အဖြစ်နဲ့ Midfield မှာ၀င်ဆော့ခွင့်ရခဲ့တယ်။ Deep-Lying Playmaker Role အဖြစ်နဲ့တော့မဟုတ်ဘူး၊ Ball-Winning Midfielder အဖြစ်နဲ့ဆော့ရခဲ့တယ်။ အဲ့တော့ပြောချင်တာကသူမကျွမ်းကျင်တဲ့ Position & Role ကိုဆော့နေရတဲ့ Player ကို Under Performance ဖြစ်နေရင်သူ့ကိုအဲ့လိုဖြစ်အောင်အဲ့နေရာပို့တဲ့နည်းပြကိုမဝေဖန်ပဲဘာလို့ Gray ကိုအပြစ်တင်၊ ဝေဖန်နေကြတာလဲ ❔

▫️ နောက်တစ်ခုက Modern Football ကိုအရမ်းလေ့လာလိုက်စားနေတဲ့ Fans တွေအတွက်ထောက်ပြချင်တယ်။ Modern Football မှာ Tactical Adoption ဖြစ်တဲ့ Players တွေမှသာပိုအံ၀င်လာတာ၊ အခုကတည်းကနေရာစုံဆော့ထားတတ်မှအဆင်ပြေတာ ... Man City က Rico Lewis နဲ့ Arsenal က Lewis-Skelly ကိုထောက်ပြပြီး Gray ကို "နေရာစုံ ကစားနိုင်ရမယ်" လို့ ဆိုကြပါတယ်။ မှန်ပါတယ်အဲ့လိုမျိုးကို Inverted Playmaker လို့ခေါ်တယ် ... နောက်ပိုင်းမှာခေတ်စားလာတဲ့ Role ပေါ့၊ လက်ရှိ Liverpool မှာ Szoboszlai တခါတရံ RB ၀င်ကစားသလို Midfielder စစ်စစ်မျိုးကြ‌တော့ Make-Shift RB လို့လည်းခေါ်ကြတယ်၊ ဒါပေမယ့်အဲ့ဒါကအရမ်းစာတွေ့ဆန်ပြီး Analyst တွေအကြားမှာလည်းသိပ်မပြောဖြစ်ကြပါဘူး။ အဲ့တော့တစ်ခုသတိထားရမှာတစ်ခုက Lewis သို့မဟုတ် Skelly တို့ Inverted Role တွေမှာ အောင်မြင်စွာ တောက်ပနိုင်ခဲ့တာဟာ အသင်း၏ Tactical Chemistry၊ Mentality နဲ့ Momentum တွေ ထိပ်တန်း အမှတ်အသား ရောက်နေတဲ့အချိန်မှာ ဖြစ်ပြီး၊ အသင်းသားတွေရဲ့ အလိုက်သင့် ကူညီပံ့ပိုးမှုအောက်မှာ သူတို့ရဲ့ Positional Intelligence ကို အေးဆေးစွာ အသုံးချခွင့် ရခဲ့ကြလို့ပါ။ အပြန်အလှန်အားဖြင့် Gray ကြတော့ Tottenham ဆီရောက်လာကတည်းက အသင်း၏ ရှုံးပွဲဆက် အကျပ်အတည်းတွေ၊ Results မကောင်းတာတွေ၊ Pressure တွေနဲ့ Injury Players တွေများပြားလွန်းတဲ့ ခက်ခဲတဲ့ အခင်းအကျင်းတွေကြားမှာမှ သူမကျွမ်းကျင်တဲ့ Position တွေမှာ ဝင်ဖြည့်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အသင်းတစ်သင်းလုံးရဲ့ Tactical Balance ပျက်ယွင်းနေချိန်မှာ အသက်ငယ်သေးတဲ့ Player တစ်ယောက်ကို မရင်းနှီးတဲ့ Role မှာ အပြစ်ကင်းစင်အောင် ဆော့ခိုင်းဖို့ဆိုတာ စာတွေ့ဆန်လွန်းလှပါတယ်။ အလားတူပဲ Sandro Tonali ရောက်ရှိလာချိန်မှာ Gray အတွက် တူညီတဲ့ DLP Role အတူတူ Senior Player တစ်ဦးဆီကနေ သင်ယူခွင့် ရရှိတော့မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့၊ လက်တွေ့မှာတော့ သူ့အတွက် ပင်ကိုယ် DNA အတိုင်း တည်တည်ငြိမ်ငြိမ် ကစားခွင့်ရမယ့် အခွင့်အရေး မရှိသေးပါဘူး။

📌 အဲ့တော့ Summarize ရရင် နည်းပြတစ်ယောက်အနေနဲ့ ကစားသမားရဲ့ Tactical Profile ကို မှန်ကန်စွာ အသုံးမချဘဲ နေရာစုံ လျှောက်သုံးနေတာကို မဝေဖန်ဘဲ၊ ဝင်ဖြည့်ပေးရတဲ့ လူငယ် Player ကိုပဲ "မကောင်းဘူး၊ ရောင်းထုတ်ပါ" လို့ ပြစ်တင်နေတာဟာ မတရားရာ ကျပါတယ်။ မတူညီတဲ့ Position တွေမှာ ကစားပေးနေရလို့ Turnovers တွေ များတာ၊ Defensive Transition တွေမှာ နေရာလွတ် ပေးလိုက်ရတာတွေဟာ က Player ၏ သဘာဝအရ အမှားများသွားရခြင်း သာဖြစ်ပြီး၊ ဒါဟာ သူ့ရဲ့ ပင်ကိုယ် စွမ်းရည်အစစ်အမှန် မဟုတ်ပါဘူး။ အဲ့တော့ Archie Gray ကို သူ့ရဲ့ ပင်ကိုယ် DNA ဖြစ်တဲ့ DM Position မှာ Deep-Lying Playmaker အဖြစ် နည်းပြက စနစ်တကျ အချိန်ပေး သုံးစွဲနေလျက်နဲ့မှ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရရင်တော့ Fans တွေအနေနဲ့ ဝေဖန်လို့ ရပါတယ်၊ အပြစ်တင်လို့ ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Primary Role မဟုတ်တဲ့ နေရာတွေမှာ အသင်းအတွက် စာနာစိတ်နဲ့ ဝင်ဖြည့်ပေးနေရတဲ့ အခြေအနေမှာတော့ အပြစ်တင်ရမှာက Instruction ပေးတဲ့ နည်းပြနဲ့ အသင်းရဲ့ Management သာ ဖြစ်သင့်ပါတယ်။ Gray ဟာ အချိန်ပေးပြီး ပုံသွင်းယူရမယ့် Tottenham ရဲ့ အနာဂတ် ရွှေရောင် Talent တစ်ဦးဖြစ်တာကြောင့်၊ သူ့ရဲ့ ပင်ကိုယ် Role မှာ မကစားရသေးသ၍ ကျွန်တော်တို့ Fans တွေအနေနဲ့ အပြစ်တင်တာထက် စိတ်ရှည်ရှည်နဲ့ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ လိုအပ်မယ်လို့ထင်မိပါတယ်။ Comment မှာ အမြင်ချင်း ဖလှယ်သွားလို့ရပါတယ်။ 💬

02/09/2026

🚨 Player News 🗞️

Edit : Trabzonspor ရဲ့ Offer ကို Tottenham ဘက်ကပယ်ချလိုက်ပါတယ်တဲ့၊ Trabzonspor ဘက်က £13M အထိတိုးပေးခဲ့ပေမယ့်၊ Tottenham ဘက်က £30M ရှိတဲ့ပမာဏ Offer လုပ်မှသာရောင်းမယ်လို့ဆိုပါတယ်။

▫️ Tottenham အသင်းရဲ့ Wide Forward တစ်ဦးဖြစ်တဲ့ Richarlison အသင်းကတော့ Türkiye Club တစ်ခုဖြစ်တဲ့ Trabzonspor အသင်းနဲ့ Personal Terms Agreement ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Clubs အသင်းအကြား Transfer Fees နဲ့ပက်သက်ပြီးဆွေးနွေးနေပြီး Trabzonspor ဘက်က £8.5M နဲ့ Offer လုပ်ထားပါတယ်။

▫️ Richarlison ဘက်က Trabzonspor ဆီပြောင်းရွှေ့ပေးဖို့ Tottenham ကိုအတင်းအကြပ်ဖိအားပေးနေတယ်လို့လည်းသိရပါတယ်။ Türkiye League က September လ 4 ရက်‌နေ့မှာမှ Transfer Market ပိတ်သိမ်းမှာဖြစ်ပါတယ်။ ကြည့်ရတာ၊ ဆရာသမားကအသင်းကိုရော၊ Fans တွေကိုပါအဆုံးစွန်အထိပြဿနာရှာပေးခဲ့မယ့်ပုံပါပဲ။ အသင်းဘက်ကိုလည်း Everton ရဲ့ £35M မရအောင်နဲ့ Ndiaye မရအောင်ငြင်းခဲ့တယ်၊ အခုလည်း £8.5M ပဲရအောင်ဖိအားပေးနေတယ်။

Want your business to be the top-listed Gym/sports Facility in Hlaing?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
Hlaing
11041