13/03/2026
❌အသိပေးကြေညာချက်❌
သရဖီ Gym နှင့်ပတ်သက်၍ နာမည်အလွဲသုံးစားပြုလုပ်နေသူများအား ယခုနေရာမှ အသိပေးကြေညာအပ်ပါသည်။
သရဖီတွင် Trainer အကူအဖြစ် ၁ နှစ်မပြည့်ဘဲ လုပ်ကိုင်ခဲ့ပြီး သရဖီ Gym တွင် Trainer အဖြစ်လုပ်ကိုင်ခဲ့ဖူးသည်ဟု မမှန်မကန် ပြောဆို၍ သရဖီ၏နာမည်ကို အသုံးပြုကာ ကိုယ်ကျိုးရှာ လုပ်ကိုင်နေသူများရှိနေကြောင်း သိရှိရပါသည်။
အဆိုပါသူများသည် သရဖီတွင် လေ့ကျင့်ခန်းအခြေခံ (Basic) များကိုပင် စနစ်တကျ မသင်ယူရသေးမီ အလုပ်မှထွက်သွားသူများဖြစ်ပါသည်။
ထို့ကြောင့် သရဖီ၏ နာမည်ကို အသုံးပြုကာ လုပ်ကိုင်နေသော အဆိုပါသူများ၏ လုပ်ဆောင်မှုများအပေါ် သရဖီဘက်မှ အာမခံမည်မဟုတ်သလို တာဝန်ယူမည်လည်း မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
ထို့ပြင် ယင်းကဲ့သို့ နာမည်အလွဲသုံးစားပြုလုပ်မှုများ ဆက်လက်ဖြစ်ပေါ်လာပါက တည်ဆဲတရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သရဖီမှ တရားဝင်ပေးအပ်ထားသော လက်မှတ် (Certificate) ကို ကိုင်ဆောင်ထားသူများကိုသာ သရဖီ၏ သင်တန်းသား / Trainer အဖြစ် အသိအမှတ်ပြုမည်ဖြစ်ပါသည်။
Gym
11/02/2026
12/06/2025