Hpa-An Fitness

Hpa-An Fitness

Share

Healthy Lifestyle ကို one stop service နဲ့ လိုချင်ရင် Hpa An Fitness ကို လာခဲ့ပါ….

06/09/2026

📢 Gym Closure Announcement

Hpa-An Fitness Team Annual Trip ✈️💛🖤

Hpa-an Fitness Team ရဲ့ Team Annual Trip သွားရောက်မည်ဖြစ်သောကြောင့် Hpa-An Fitness Gym နှင့် Fit Bar ကို အောက်ပါရက်များတွင် ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။

📅 September 7, 2026 — နေ့လည် 2:00 PM မှစ၍
📅 September 8–11, 2026 — ပိတ်ထားမည်

🏋️ September 12, 2026 မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်။

Member များအတွက်
ပိတ်ထားသောရက်များကို Membership သက်တမ်းတွင် အစားထိုးရက်များအဖြစ် ပြန်လည်ထည့်ပေးသွားမည်ဖြစ်ပါသည်။

ဒီခရီးစဉ်လေးက Team အတွက် အနားယူဖို့၊ အချင်းချင်းပိုမိုရင်းနှီးဖို့နဲ့ အားအင်အသစ်တွေနဲ့ ပြန်လာနိုင်ဖို့အတွက် ဖြစ်ပါတယ်။ 💛

Thank you for your understanding & continued support.

Hpa-An Fitness
Fit Bar
Fit People • Stronger Community

03/09/2026

Hpa-An Fitness နှင့်အတူ Growthဖြစ်ချင်တဲ့ Fitness Trainer များကို ဖိတ်ခေါ်နေပါသည်။ 💛🖤

Hpa-An Fitness သည် Gym တစ်ခုထက်ပိုသော Fitness Community တစ်ခုဖြစ်ပြီး Member များ၏ ကျန်းမာရေး ၊ ခန္ဓာကိုယ်လှပခြင်း နှင့်အတူ Healthy lifestyle ကို ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိပါသည်။

ယခုအခါ ကျွန်ုပ်တို့၏ Team နှင့်အတူ လက်တွဲပြီး ရေရှည် Career တည်ဆောက်လိုသူများကို ဖိတ်ခေါ်လိုက်ပါသည်။

📌 ခေါ်ယူမည့်ရာထူး

👨 Male Trainer – (၃) ဦး

👩 Female Trainer – (၃) ဦး



✅ လိုအပ်သောအရည်အချင်းများ

✔️ အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း

✔️ ကျန်းမာသန်စွမ်းပြီး Fitness Trainer တစ်ဦးနှင့် သင့်တော်သော Body Appearance ရှိသူ

✔️ Fitness နှင့် ကျန်းမာရေးကို စိတ်ဝင်စားပြီး သင်ယူလိုစိတ်ရှိသူ

✔️ Member များအား စိတ်ရှည်စွာ သင်ကြားပေးနိုင်သူ

✔️ Teamwork ကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ

✔️ Communication Skill ကောင်းမွန်သူ

✔️ Fitness Certificate သို့မဟုတ် Trainer Experience ရှိသူကို ဦးစားပေးမည်။

✔️ Trainer အတွေ့အကြုံမရှိသေးသော်လဲ Gym ကစားသက်တမ်း (၁) နှစ်အထက်ရှိသူများလည်း လျှောက်ထားနိုင်ပါသည်။



🌱 Hpa-An Fitness မှာ ဘာတွေ ရရှိမလဲ?

✅ Professional Working Environment

✅ Continuous Learning & Development

✅ Career Growth Opportunity

✅ Supportive Team Culture

✅ Salary & Benefits (Interview ဖြင့်ညှိနှိုင်း)

📌 CV တွင် မိမိ၏ အရည်အချင်း၊အတွေ့အကြုံနှင့် Performance Value နှင့်ကိုက်ညီသည့် မျှော်မှန်းလစာကို စိတ်ကြိုက်ဖော်ပြပေးနိုင်ပါသည်။

📩 လျှောက်ထားလိုပါက

CV Form ကို

📍 လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို

📩 Hpa-An Fitness Page Chat Box မှလည်း ပေးပို့နိုင်ပါသည်။

📞 09-5660102 viber တွင်လဲ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

Hpa-An Fitness သည် ဝန်ထမ်းမရှာပါ။

ကျွန်ုပ်တို့နှင့်အတူ Growth ဖြစ်လိုသော Team Member များကို ရှာဖွေနေပါသည်။ 💛🖤

27/08/2026

အသက် ၄၀၊ ၅၀ ကျော်လာတဲ့အခါ
Training ဆိုတာ “ပိုပြင်းပြင်းလုပ်နိုင်ဖို့” ထက်
မှန်မှန်ကန်ကန်၊ စိတ်ရှည်ရှည်နဲ့ Injury ကင်းကင်း လေ့ကျင့်နိုင်ဖို့ က ပိုအရေးကြီးလာပါတယ်။ 💪

ဒါကြောင့် အသက် ၄၀/၅၀ ကျော် Clients တွေရဲ့ Training မှာ အများဆုံးရွေးချယ်ခံရတဲ့ Trainer တစ်ယောက်အနေနဲ့
Trainer Sr Khun က လူကြီးတွေရဲ့ Fitness Level၊ ခန္ဓာကိုယ်အခြေအနေနဲ့ လှုပ်ရှားနိုင်မှုတွေကို နားလည်ပြီး တစ်ဆင့်ချင်းစီ စိတ်ရှည်စွာ Guide လုပ်ပေးနေပါတယ်။

ကိုယ့်အတွက် သင့်တော်တဲ့Training တွေနဲ့ ပြသပေးနိုင်တဲ့ Trainer ရှိတာက လူကြီးတွေအတွက်အရေးကြီးပါတယ်။

အသက်ဘယ်လောက်ပဲဖြစ်ဖြစ်
ကျန်းမာပြီး Strong ဖြစ်နေဖို့ Training ကို အခုကတည်းက စတင်လိုက်ပါ။ ❤️

Hpa-an Fitness — Fitness for Every Age.

23/08/2026

ဒီနေ့ Hpa-an Fitness မှာ ပြုလုပ်ခဲ့တဲ့ CrossFit Seminar ပွဲလေးရဲ့ ပုံရိပ်လေးတွေပါ…..

21/08/2026

🔥 BATTLE OF STRENGTH 🔥

Strength ဆိုတာ အလေးတင်နိုင်တာတစ်ခုတည်း မဟုတ်ဘူး 🏋️

ကိုယ့် Limit ကို စမ်းသပ်တာ၊
တစ်ယောက်နဲ့တစ်ယောက် အားပေးတာ၊
မလွယ်တဲ့အချိန်မှာတောင် အတူတူ ဆက်ကြိုးစားတာပါ။

ဒီ Friday ညနေမှာတော့ တစ်ယောက်တည်း Workout လုပ်တာမဟုတ်ဘဲ Hpa-An Fitness Community နဲ့အတူ Battle of Strength မှာ ဝင်ရောက်စမ်းသပ်ကြမယ်။ 💪🔥

🏋️‍♂️ Strength
⚡ Endurance
🤝 Teamwork
🔥 Challenge

How strong are you?
Come and find out.

📅 Every Friday
⏰ 5:30 PM
📍 Hpa-An Fitness

Hpa-An Fitness Members အားလုံးအတွက် Free Group Class ဖြစ်ပါတယ်။

18/08/2026

🔥 HPA-AN မှာ ပထမဆုံး CrossFit Seminar!

CrossFit ကို စိတ်ဝင်စားပေမယ့်
“ဘယ်ကစရမလဲ?”
“Beginner တစ်ယောက်အနေနဲ့ လုပ်လို့ရလား?”
“Movement တွေကို ဘယ်လိုမှန်အောင် လုပ်ရမလဲ?”

ဆိုပြီး သိချင်နေသူတွေအတွက်—

Hpa-An Fitness မှာ CrossFit Seminar — For Beginners ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ 🔥

ဒါဟာ ဘားအံမြို့မှာ CrossFit နဲ့ပတ်သက်ပြီး Beginner တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ ပထမဆုံး Seminar ဖြစ်ပါတယ်။

🎙️ Yar Yar
CrossFit Level 1 Coach

📅 23 August 2026
⏰ 9:00 AM – 11:00 AM
📍 Hpa-An Fitness Gym

CrossFit ကို မစမ်းဖူးသေးတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။
အရင်ကတည်းက CrossFit ကို စိတ်ဝင်စားနေတဲ့သူတွေအတွက်လည်း မှန်ကန်တဲ့အခြေခံကနေ စတင်လေ့လာနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ CrossFit ကိုစိတ်ဝင်စားတဲ့မည်သူမဆိုလာရောက် Join နိုင်ပါတယ်ခင်ဗျာ…..

🔥 Seats are limited.
ပါဝင်လိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

CrossFit ကို ကြားဖူးရုံနဲ့ မထားပါနဲ့။
နားလည်အောင် လေ့လာပြီး မှန်ကန်စွာ စတင်ကြည့်ပါ။

📩 Register Now at Hpa-An Fitness Gym
☎️ 09405172707

16/08/2026

ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) အမှတ်တရ ပုံရိပ်လေးများ 💗🪡

Photos from Hpa-An Fitness's post 16/08/2026

ဒီနေ့ ကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) လေးကို ပါဝင်တက်ရောက်ပေးကြတဲ့ Member အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🎉♥️

15/08/2026

🤍 ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ 🤍

Hpa-An Fitness မှ Member များနှင့် Member ဟောင်းများအားလုံးကို
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားသို့ နွေးထွေးစွာ ဖိတ်ကြားအပ်
ပါတယ်ခင်ဗျာ 🙏

ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတန်ဖိုးထားခြင်းနှင့်အတူ
ကျွန်တော်တို့ Hpa-An Fitness Community ရဲ့ အတူတကွဆုံတွေ့ခြင်း၊ ချစ်ခင်ရင်းနှီးခြင်းနှင့် အားပေးခြင်း တွေကိုလည်း မျှဝေလိုပါတယ်ခင်ဗျာ 🤍

📅 နေ့ရက် — ၁၆.၈.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန် — နံနက် ၈:၀၀ မှ ၁၀:၀၀ နာရီအထိ
📍 နေရာ — Hpa-An Fitness Gym
👕 ဝတ်စုံ — ကရင်ရိုးရာဝတ်စုံ

Member ဖြစ်ခဲ့ဖူးသူတိုင်း၊ လက်ရှိ Member ဖြစ်သူတိုင်း —
Hpa-An Fitness Family ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ 🖤💛

ဒီလိုအခမ်းအနားလေးမှာ အားလုံးနဲ့အတူ ပြန်လည်ဆုံတွေ့ချင်ပါတယ်။
လာရောက်ပါဝင်ပေးကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 🙏

#ချည်ဖြူဖွဲ့မင်္ဂလာ

13/08/2026

🔥 FRIDAY FREE GROUP CLASS 🔥

Every Friday တိုင်း
⏰ ညနေ ၅:၃၀ PM

Hpa-An Fitness ရဲ့ Member တိုင်း FREE Join လို့ရမယ့် Group Class အသစ်တစ်ခု စတင်တော့မယ်နော်! 🖤💛

တစ်ပတ်လုံး Workout လုပ်ပြီးပြီဆိုရင်
Friday Evening ကိုတော့ တစ်ယောက်တည်းမဟုတ်ဘဲ အတူတူလှုပ်ရှားကြမယ်။ 🔥

💥 ဘာ Class ဖြစ်မလဲ?
👀 ဘယ်လို Workout မျိုးလဲ?
🔥 ဘယ်လောက်ထိ Challenge ဖြစ်မလဲ?

ဒါလေးကတော့ မကြာခင် Reveal လုပ်ပေးမယ်နော်… 😉

📍 Hpa-An Fitness Gym
🗓️ Every Friday
⏰ 5:30 PM
🎟️ All Members — FREE JOIN

Friday ကို Gym မှာတွေ့မယ်! 🔥

Want your business to be the top-listed Gym/sports Facility in Hpa-an?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


6/111, Thiri Road, (6) Quarter
Hpa-an
13017

Opening Hours

Monday 06:30 - 20:00
Tuesday 06:30 - 20:00
Wednesday 06:30 - 20:00
Thursday 06:30 - 20:00
Friday 06:30 - 20:00
Saturday 06:30 - 20:00
Sunday 06:30 - 20:00