05/11/2026
❝ တာဝန်ပေးပြီး လုပ်ပိုင်ခွင့်မပေးထားတဲ့ ခေါင်းဆောင်။ ❞
ဒီ Department ကို မင်းတာဝန်ယူ လို့ ပြောတယ်။ ဒါပေမဲ့ လူခန့်ချင်ရင် အထက်ကိုမေးရတယ်။ အသုံးစရိတ်သေးသေးလေးတောင် Approval တောင်းရတယ်။ Customer Problem တစ်ခုကို ဖြေရှင်းချင်ရင် အထက်ကိုဖုန်းဆက်ရတယ်။ Promotion တစ်ခုလုပ်ချင်ရင်လည်း အဆုံးအဖြတ်မပေးနိုင်ဘူး။
နောက်ဆုံး Manager က ရာထူးတော့ရှိတယ်။ တာဝန်လည်းရှိတယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့် မရှိဘူး။ Responsibility ရှိပြီး Authority မရှိတာက Management ကို အားနည်းစေပါတယ်။
Authority (မိမိတာဝန်အတွင်း ဆုံးဖြတ်ပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ပိုင်ခွင့်) မရှိရင် Decision နှေးတယ်။ Manager က ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတယ်။ Team က Manager ကို မယုံတော့ဘူး။ အရာအားလုံး လုပ်ငန်းရှင်ဆီ ပြန်တက်လာတယ်။
ပြီးတော့ လုပ်ငန်းရှင်က “Manager တွေ ဆုံးဖြတ်ချက်မချတတ်ဘူး” လို့ ပြောလာတတ်ပါတယ်။ ဒါပေမဲ့ မေးရမှာက ဆုံးဖြတ်ချက်ချဖို့ သူတို့ကို တကယ် လုပ်ပိုင်ခွင့်ပေးထားရဲ့လား?
Delegation (တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို သင့်တော်သလို လွှဲပေးခြင်း) ဆိုတာ အလုပ်ပေးလိုက်ရုံ မဟုတ်ပါဘူး။
အနည်းဆုံး—
✅ ဘာ Result အတွက် တာဝန်ယူရမလဲ။
✅ ဘာကို ကိုယ်တိုင်ဆုံးဖြတ်လို့ရလဲ။
✅ ဘာကို Approval တောင်းရမလဲ။
✅ ဘယ်လောက်အထိ Budget သုံးခွင့်ရှိလဲ။
✅ ဘယ်အခြေအနေမှာ Escalate လုပ်ရမလဲ ရှင်းဖို့လိုပါတယ်။
Escalate (ကိုယ့်အဆင့်နဲ့ မဖြေရှင်းနိုင်တဲ့ကိစ္စကို အထက်တာဝန်ရှိသူဆီ တင်ပြခြင်း)
📍 ဒီတစ်ပတ် Manager တစ်ယောက်ကို မေးကြည့်ပါ။
ကိုယ့် Position မှာ ကိုယ်တိုင်ဆုံးဖြတ်လို့ရတဲ့အရာ ၅ ခုကဘာလဲ? သူမသိဘူးဆိုရင် Authority Boundary မရှင်းသေးတာ ဖြစ်နိုင်ပါတယ်။
တာဝန်ပေးပြီး လုပ်ပိုင်ခွင့်မပေးတာ Delegation မဟုတ်ပါဘူး။ Result အတွက် တာဝန်ယူခိုင်းချင်ရင် Result ဖန်တီးနိုင်မယ့် လုပ်ပိုင်ခွင့်လည်း ပေးရပါမယ်။
သင့်ရဲ့လုပ်ငန်းမှာ Manager တွေ မဆုံးဖြတ်ရဲတာလား။ ဒါမှမဟုတ် ဆုံးဖြတ်ခွင့်ကို မရှင်းပေးထားတာလား?
#နိုင်လိုမွန်
#လုပ်ငန်းထဲကတကယ့်ပြဿနာများ