Active Gym

Directions

Active Gym "DARE TO BE STRONG" We aim to provide fitness and wellness to our customers, prioritizing in a high quality service to enhance value and satisfaction. Visit us!

At Active Gym, we ensure our customers have full access to our facilities and resources to improve their quality of life and fitness.

🌊✨တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပြီး စိတ်ရောကိုယ်ပါ အပန်းဖြေဖို့ Active Gym ရဲ့ ရေကူးကန်လေးဆီ လှမ်းလာခဲ့ပါ။ ရ...
09/11/2026

🌊✨တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပြီး စိတ်ရောကိုယ်ပါ အပန်းဖြေဖို့ Active Gym ရဲ့ ရေကူးကန်လေးဆီ လှမ်းလာခဲ့ပါ။



ရေကန်က (ပေ ၄၀ x ၈၀) အကျယ်ရှိပြီး ရေအနက်ကလည်း (၄ ပေ ၅ လက်မ) ရှိလို့ ကလေး၊လူကြီးမရွေး ဘေးကင်းလုံခြုံစွာနဲ့ ရေကူးရင်း အပန်းဖြေနိုင်မှာပါ။



ရေကန်သန့်ရှင်းရေးလုပ်တဲ့အခါ Natural Salt Chlorinator ကိုပဲ သုံးတာဖြစ်လို့ ကလိုရင်းဓာတ်ကြောင့် အသားခြောက်တာ၊ မျက်လုံးစပ်တာ၊ ဆံသားပျက်စီးတာမျိုးတွေလည်း စိုးရိမ်စရာမလိုပါဘူး။



အပန်းဖြေ အနားယူချင်သူများအတွက်သာမက ကျန်းမာရေးလိုက်စားသူတွေအတွက် Underwater exercises တွေကိုပါ လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်မှာပါ။



ဒါဆို လွတ်လပ်ကျယ်ဝန်းတဲ့ Active Gym ရဲ့ Swimming Pool ကြီးမှာ အေးအေးလူလူ အနားယူရင်း ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားလိုက်ရအောင်လားနော်။💙

📌 𝐀𝐜𝐭𝐢𝐯𝐞 𝐆𝐲𝐦 @ 𝐒𝐚𝐧 𝐘𝐞𝐢𝐤 𝐍𝐲𝐞𝐢𝐧 ကို လာရောက်ဆော့ကစားမယ်ဆိုရင် လိပ်စာအနေဖြင့် ဂမုန်းပွင့် 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥(စံရိပ်ငြိမ်)အင်းစိန်မျက်နှာချင်းဆိုင်လမ်းထဲမှာပါရှင် ။(ကမာရွတ်မြို့နယ်) လမ်းထိပ်များမှာ 𝐀𝐂𝐓𝐈𝐕𝐄 𝐆𝐘𝐌 လမ်းညွှန်ဆိုင်းဘုတ်လဲရှိပါတယ်။

𝐋𝐨𝐜𝐚𝐭𝐞𝐝 𝐢𝐧 𝐭𝐡𝐞 𝐥𝐚𝐧𝐞 𝐫𝐢𝐠𝐡𝐭 𝐨𝐩𝐩𝐨𝐬𝐢𝐭𝐞 𝐆𝐚𝐦𝐨𝐧𝐞 𝐏𝐰𝐢𝐧𝐭 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥 (𝐒𝐚𝐧 𝐘𝐞𝐢𝐤 𝐍𝐲𝐞𝐢𝐧) 𝐨𝐧

𝐈𝐧𝐬𝐞𝐢𝐧 𝐑𝐨𝐚𝐝,𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.

𝐒𝐢𝐠𝐧𝐛𝐨𝐚𝐫𝐝𝐬 𝐚𝐫𝐞 𝐩𝐥𝐚𝐜𝐞𝐝 𝐢𝐧 𝐟𝐫𝐨𝐧𝐭 𝐨𝐟 𝐭𝐡𝐞 𝐥𝐚𝐧𝐞𝐬 𝐟𝐨𝐫 𝐞𝐚𝐬𝐲 𝐝𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧𝐬

📞𝟎𝟗 𝟒𝟐𝟗 𝟗𝟓𝟐 𝟑𝟗𝟏, 𝟎𝟗 𝟒𝟎𝟎 𝟗𝟏𝟒 𝟑𝟖𝟑,𝟎𝟗 𝟔𝟗𝟗 𝟖𝟓𝟕 𝟒𝟏𝟗



07/11/2026

🏋️‍♂️ Cardio လား၊ Weight Training လား? ဘယ်ဟာက Fat ကျဖို့ ပိုမြန်လဲ? 🏃‍♀️

ကိုယ်အလေးချိန်ချချင်လို့ Gym ဆော့တော့မယ်ဆိုရင် လူတိုင်းလိုလို ကြုံရတဲ့ မေးခွန်းတစ်ခုပေါ့။

ဒီဗီဒီယိုလေးထဲမှာ Trainer ကနေ ဘယ်ဟာက ဘယ်လို အကျိုးရှိတယ်၊ ဘယ်နည်းလမ်းက ကိုယ့်ရဲ့ Goal နဲ့ အကိုက်ညီဆုံးလဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားတာဖြစ်လို့
အဆုံးထိကြည့်ပြီး ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းပုံစံကို ရွေးချယ်လိုက်ကြရအောင်နော်✨💖




Healthy Lifestyle တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ခြင်းကလည်း အရေးကြီးပါတယ်။ 💪ကိုယ့်ရဲ...
06/11/2026

Healthy Lifestyle တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ခြင်းကလည်း အရေးကြီးပါတယ်။ 💪
ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် စနစ်တကျလေ့ကျင့်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Active Gym ကို လှမ်းလာခဲ့လိုက်ပါ။
Active Gym မှာတော့ ...
✅ Professional Trainers များရဲ့ လမ်းညွှန်မှုနဲ့ လေ့ကျင့်ခန်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်မယ်။
✅ သန့်ရှင်းသပ်ရပ်တဲ့ Gym Environment မှာ စိတ်အေးလက်အေး လေ့ကျင့်နိုင်မယ်။
✅ Modern Gym Equipment များကို အသုံးပြုပြီး လေ့ကျင့်ခန်းအမျိုးမျိုး လုပ်ဆောင်နိုင်မယ်။
✅ ကိုယ့်ရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ Fitness Goal ပေါ်မူတည်ပြီး သင့်တော်တဲ့ Workout Plan ကို ရွေးချယ်နိုင်မယ်။

Healthy Lifestyle အတွက်မှန်ကန်တဲ့ ပထမဆုံးခြေလှမ်းကို Active Gym နဲ့အတူ စတင်လိုက်ပါ။ 💪🏻
Active Gym📍 Located in the lane right opposite Gamone Pwint Shopping Mall (San Yeik Nyein) on Insein Road, Kamayut Township.
☎️ 09 429 952 391, 09 400 914 383, 09 699 857 419

04/11/2026

Gym မှန်မှန်လာရဲ့သားနဲ့ ဘာလို့ဝိတ်မကျတာလဲ? 🤷🏻‍♀️




Gym မှာ အလေးမလေ့ကျင့်ရတာ မကြိုက်ပေမဲ့ ခန္ဓာကိုယ်ကျစ်လျစ်ပြီး ကိုယ်နေဟန်ထားလှပချင်တယ်ဆိုရင် Pilates ကို စတင်ကြည့်ဖို့ အကြ...
03/11/2026

Gym မှာ အလေးမလေ့ကျင့်ရတာ မကြိုက်ပေမဲ့ ခန္ဓာကိုယ်ကျစ်လျစ်ပြီး ကိုယ်နေဟန်ထားလှပချင်တယ်ဆိုရင် Pilates ကို စတင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ✨

Pilates ဟာ ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်က ကြွက်သားတွေကို သန်မာစေတဲ့အပြင် ဟန်ချက်ညီမှုနဲ့ ကိုယ်နေဟန်ထားကိုလည်း တိုးတက်စေဖို့ ကူညီပေးနိုင်တဲ့ Low-impact လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ...
▪️အချိန်ကြာကြာ ထိုင်ပြီး အလုပ်လုပ်ရသူတွေ
▪️ကြွက်သားသန်မာပြီး ခန္ဓာကိုယ်ကျစ်လျစ်တောင့်တင်းလိုသူတွေ
▪️ကိုယ်လက်လှုပ်ရှားမှုနဲ့ အသက်ရှူမှုကိုထိန်းညှိပြီး စိတ်ဖိစီးမှုကို လျှော့ချလိုသူတွေအတွက် အထူးသင့်တော်ပါတယ်။

Pilates ကို ပုံမှန်လေ့ကျင့်ပေးခြင်းက ကိုယ်လက်ကြံ့ခိုင်မှု၊ ပျော့ပျောင်းမှုနဲ့ ဟန်ချက်ညီမှုတို့ကို တိုးတက်ကောင်းမွန်စေပါတယ်။

ကိုယ့်ရဲ့ ကြံ့ခိုင်မှုအနေအထားနဲ့ ကိုက်ညီတဲ့ Pilates လေ့ကျင့်ခန်းတွေကို တစ်ဆင့်ချင်း စနစ်တကျလေ့ကျင့်သွားချင်ရင်တော့ Active Gym ကို ယုံကြည်စွာ လှမ်းလာခဲ့လိုက်ပါ။ 💪🏻

ဒါ့အပြင် နိုဝင်ဘာလမှစပြီး တီချယ် Yamin ရဲ့ Mat Pilates Class အသစ်လေးလည်း တိုးပေးလိုက်ပြီဖြစ်လို့ ကျန်းမာရေးလိုက်စားသူတိုင်း Join ထားသင့်ပါတယ်နော်။

📅 အတန်းချိန်များ -

• ဗုဒ္ဓဟူး : 6:45 PM – 7:45 PM

• စနေ : 3:00 PM – 4:00 PM

Class လေးက လူဦးရေ အကန့်အသတ်ရှိတာမို့ App မှာ လူဦးရေမပြည့်မီ Booking တင်ထားဖို့ မမေ့ပါနဲ့နော်။

📍 Located in the lane right opposite Gamone Pwint Shopping Mall (San Yeik Nyein) on Insein Road, Kamayut Township.

☎️ 09 429 952 391, 09 400 914 383, 09 699 857 419

🎉 Active Gym ရဲ့ 9th Anniversary အမှတ်တရပုံရိပ်များ ❤️Anniversary အစီအစဉ်မှာ ဆုတွေရရှိခဲ့ကြတဲ့ Winner တွေကိုလည်း ဂုဏ်ယူဝ...
02/11/2026

🎉 Active Gym ရဲ့ 9th Anniversary အမှတ်တရပုံရိပ်များ ❤️

Anniversary အစီအစဉ်မှာ ဆုတွေရရှိခဲ့ကြတဲ့ Winner တွေကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်။ 🏆

(၉) နှစ်တာခရီးလမ်းတစ်လျှောက် ယုံကြည်စွာ လက်တွဲလာပေးကြပြီးတော့ အခုလို အမှတ်တရနေ့လေးကို အတူတူဖန်တီးပေးခဲ့ကြတဲ့ Member အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။

နောက်ထပ်နှစ်ပေါင်းများစွာ ကျန်းမာကြံ့ခိုင်တဲ့ ခရီးလမ်းကို အတူဆက်လျှောက်သွားကြရအောင်နော်။ 💪🏻🔥

💪 Active Gym ရဲ့  Fitness Classes Schedule အသစ်လေး ထွက်ရှိလာပါပြီရှင်...
01/11/2026

💪 Active Gym ရဲ့ Fitness Classes Schedule အသစ်လေး ထွက်ရှိလာပါပြီရှင်...

သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မိသားစု၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်...
26/10/2026

သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မိသားစု၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနိုင်ပါစေလို့ Active Gym မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🏻💛

ဒီလို မင်္ဂလာရှိတဲ့အချိန်အခါမှာ ချစ်ခင်ရသူတွေနဲ့အတူ နွေးထွေးပျော်ရွှင်တဲ့ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ 🌕✨

Happy Thadingyut! 🪔💛

#သီတင်းကျွတ်

24/10/2026

ဟိတ် အခုမှ Gym စဆော့မှာလား?🏋️

ဒါဆို အခုမှ Gym စဆော့မယ့်သူတွေ လုပ်လေ့ရှိတဲ့ အမှားအများဆုံး အပြုအမူတွေထဲမှ (၃) ခုကို ဆင်ခြင်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

ကျန်းမာကြံ့ခိုင်အောင် ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီအခွင့်အရေးလေးကို ...
20/10/2026

ကျန်းမာကြံ့ခိုင်အောင် ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီအခွင့်အရေးလေးကို လက်မလွတ်လိုက်ပါနဲ့။

Active Gym ရဲ့ October Walk-in Sale မှာ Gym ဆော့ဖို့ပဲဖြစ်ဖြစ်၊ Swimming လုပ်ဖို့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာ Package ကို နိုဝင်ဘာလကုန်ထိ အထူးဈေးနှုန်းနဲ့ ရွေးချယ်နိုင်ပါပြီ။ ✨

🏋🏻 All Access Package
Gym + Swimming Pool + Fitness Classes

Regular Price: 48,000 Ks
Special Price: 35,000 Ks

🏊🏻 Swimming Only Package

Regular Price: 38,000 Ks
Special Price: 25,000 Ks

🗓 Promotion Period: End of November

Gym နဲ့ Swimming ကို စတင်ဖို့အကောင်းဆုံး အချိန်အခါဖြစ်လို့ Active Gym ကို အခုပဲလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💪

Active Gym
📍 Located in the lane right opposite Gamone Pwint Shopping Mall (San Yeik Nyein) on Insein Road, Kamayut Township.

☎️ 09 429 952 391, 09 400 914 383, 09 699 857 419

Address

No. 75(A), Htan Tapin Street
Kamayut
11041

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Active Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby gyms & sports facilities