Hey အားလုံးပဲမင်္ဂလာပါ....အဆက်အသွယ်တွေပြတ်နေလို့ မေ့နေကြပီလား ကျွန်တော်တို့တောင်တက်အသင်းကတော့ အားလုံးကိုအမြဲသတိရနေပါတယ်နော်😘.... ဒီရောဂါကပ်ဆိုးကြီးကို အိမ်မှာနေကြရင်း အတူကျော်လွှားကြမယ်......ကပ်ဆိုးကြီးပီးရင်တော့ ကပ်ပီးဆိုးလို့ရမယ့် ချစ်သူလေးတစ်ယောက်လောက်တော့ရှိသင့်တာပေါ့ ရှိပီးသားသူတွေကလည်းအချစ်ဆုံးနဲ့ ပျော်စရာလေးတွေဖန်တီးပီး ကပ်ချွဲလို့ရတာပေါ့.........ဒါဆို ကျွန်တော်တို့Clubနဲ့အတူ ပျော်စရာလေးတွေဖန်တီးကြရအောင် ကပ်ဆိုးလို့ရမယ့် ချစ်သူတစ်ယောက်လောက်ရှာလိုက်ရအောင်နော🤗် ကျောင်းပြန်ဖွင့်တာနဲ့ activityလေးတွေပြန်စပါတော့မယ်နော် first activity မှာအရမ်းပျော်စရာကောင်းခဲ့လို့ Sec semမှာ အင်အားပိုများလာဖို့မျှော်လင့်ပါတယ်......Sec semမှာလည်းအရမ်းပျော်စရာကောင်းမှာမို့ အားလုံးလိုက်ပါကြဖို့ဖိတ်ခေါ်ပါတယ်နော် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ရဲ့ အရိပ်အောက်မှာရှိနေတဲ့ မည်သို့သောရာထူး မည်သို့သောအဖွဲ့အစည်း မည်သို့သောသူကိုမဆို ခွဲခြားမှူမရှိပဲ အားလုံးပျော်ပျော်ရွင်ရွင်နဲ့ တောင်တက်သွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်.....Join us❤️🧡💛💚💙💜🤎🖤🤍
#📷📸 San main
KTTU Trekking and hiking club
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KTTU Trekking and hiking club, Sports, Technological University (Kyaing Tong), Kengtung.
16/02/2020
Part 2:(>‿◠)✌
Have reached Annဲ Village
👬👭👫💑
16/02/2020
Trekking and Hiking
Part 1:(>‿◠)✌
Happy time😍
Hello မနက်ဖြန်လိုက်ပါကြမယ့်သူများ
ကျနော်တို့အသင်းဝင်ထားသူများစာရင်းရရှိပါပီနော်......
ကျောင်းနားမှာနေတဲ့သူတွေက ကျောင်းရှေ့မှာ ၈နာရီခွဲလာခဲ့ပေးကြပါ
မြို့ထဲကလိုက်မယ့်သူတွေက ချယ်ရီမွန်ရှေ့၉နာရီအရောက်ပါဗျ
(ဟုတ်ကဲ့အသင်းမဝင်ထားတဲ့သူတွေကိုတော့ ကျနော်တို့ရဲ့ဝန်ဆောင်မှူတွေကိုမပေးနိုင်တာမို့ နားလည်ပေးကြပါ လူစာရင်းအတိအကျနဲ့ အစားအသောက်တွေမှာထားလို့ပါနော်...formယူထားပြီးမအပ်ရသေးသူတွေလည်းပိုက်ဆံ၃၀၀၀နှင့်တကွလိုက်ပါနိုင်ပါတယ်ဗျ.)
ဆိုင်ကယ်မောင်းနိုင်သူနဲ့ မမောင်းနိုင်တဲ့သူလူမျှပေးမှာမို့ ကျနော်တို့လူမျှပေးတဲ့အချိန် ပူပေါင်းဆောင်ရွက်စေလိုပါတယ်.....
ဆိုင်ကယ်ရှိသူများယူလာကြပါ မရှိသူများငှါးလာကြပါ....၂ယောက်တစ်စီးပါနော်....
(ဆိုင်ကယ်ဦးထုပ်နဲ့ Maskတွေတပ်လာဖို့လည်းမေ့နဲ့နော်)
ဒီနေ့ ၄:၀၀ နောက်ဆုံးထားပြီး formအပ်ပေးပါ
# Library #
မင်္ဂလာပါ
စနေနေ့ မနက် ၈:၃၀ကျောင်းရှေ့မှာဆုံကြမယ်နော်
တောင်တက်ရန်စိတ်ပါဝင်စားသူများ formထုတ်ယူရန်
-Library
-အမျိုးသားဆောင် အခန်းno-59
-အမျိုးသမီးဆောင် အခန်းno-30
12/02/2020
ကဲ သူများClubတွေနဲ့အပြိုင် Activityတွေစပါမယ်😎 မင်မင်တို့အရင်တစ်ပတ်ကသွားခဲ့တဲ့ အဲန်ရွာလေးကို လိုက်ကြမယ်မလားအတူသွားကြမယ်လေ🚶🏃လာမယ့်(15.2.2020)စနေနေ့မှာ ချစ်စရာအဲန်လူမျိုးတွေနဲ့သွားတွေ့ကြမယ်👬👭 Club အသင်းဝင်ဖို့လည်းမမေ့နဲ့အုံးနော် ဒါမှ အသင်းဝင်ထားသူတွေကိုမင်မင်တို့Clubက ကြည့်ရှူစောင့်ရှောက်မှူတွေ အကျိုးခံစားခွင့်(ဆေး ၊ ရေ ၊ နေ့လည်စာ)တွေကို ရရှိပါမယ်နော်☺😍 ဒါကြောင့်မနက်ဖြန် ကျောင်းသားများသမဂ္ဂမှာ Formတွေထုတ်လို့ရပါပီ formကြေး၃၀၀၀နှင့်တကွ ပြန်အပ်ပေးကြပါနော်☺😁
လိုအပ်သည်များ= ဆိုင်ကယ်အဆင်ပြေအောင်သူငယ်ချင်းများနဲ့ညှိပေးကြပါ ဆိုင်ကယ်စီစဉ်ပေးဖို့အဆင်မပြေသေးလို့ပါ အားနွဲ့တဲ့မိန်းကလေးဆိုင်ကယ်မောင်းခွင့်မပြုပါ မိမိချစ်သူကောင်လေး(သို့)သူငယ်ချင်း တျောက်မှမရှိရင်တော့မင်မင်တို့စီစဉ်ပေးသူနောက်ကလိုက်ရပါမယ် ကိုယ်တိုင်မောင်းနိုင်ပါတယ်ဆိုသူမိန်းကလေးအားအခြေနေကြည့်၍ခွင့်ပြုပါမည်။လမ်းအခြေနေကြောင့်ယခုလိုစီစဉ်ရခြင်းဖြစ်ပါတယ် နားလည်ပေးကြဖို့မျှော်လင့်ပါတယ်။
အချိန်=နံနက် ၈:၃၀အရောက် ၉နာရီစတင်ထွက်
နေရာ=နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ကျောင်းရှေ့
ပုံလှလှလေးတွေရိုက်ကြမယ်နော် Let's Go☺
Join Us👋✋
သိချင်တာရှိရင်Cb☺
08/02/2020
Hello ဘော်ဒါတို့ရေ Clubရဲ့Activityလေးစတင်ပါတော့မယ်နော်😊😊☺️ ဒါကတော့ ကျိုင်းတုံမြို့နယ်အတွင်းက အဲန်လူမျိုးတွေနေထိုင်တဲ့ ပန်ေလဆိုတဲ့ တောင်ပေါ်ရွာလေးဖြစ်ပါတယ်...........
(လိုက်ပါဖို့စိတ်ပါ၀င်စားတယ်ဆိုရင်တော့ Page Cbသို့စာရင်းပေးသွင်းနိုင်ပါပြီ)ကျောင်းသားများသမဂ္ဂမှာformယူလို့ရပါပြီ🌄🌅
#သွားဖြူ ရင်ရှက်စရာ သွားမည်းမှ အလှတရားဆိုတဲ့ အဲန်လူမျိုးတို့ရွာဆီ🚶🏃
စိမ်းညို့နေတဲ့ စပါးခင်းတွေ၊ တောင်တန်းတွေခြံရံထားတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက အဲန်ကျေးရွာဟာ ခိုင်မာလှတဲ့ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ လယ်ကွင်းတွေပေါ်က လျှပ်ပြေး တိုက်ခတ် နေတဲ့ လေတွေကြောင့် အဲန်ကျေးရွာကို သွားရာ လမ်းတလျှောက်မှာ စပါးအနံ့တွေ သင်းပျံ့လို့နေတယ်။အဲန်ကျေးရွာဟာ သွားရေးလာရေး ခက်ခဲတဲ့ကျေးရွာတရွာ ဖြစ်ပေမယ့် နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ ရွာလေးတရွာဖြစ်ပါတယ်။ အဲန်ဆိုတာကတော့ ရှမ်းလူမျိုးစုတွေထဲက လူမျိုးစုတခုလို့ သိရပါတယ်။ သူတို့တွေကတော့ ရှမ်းစကားနဲ့ အဲန်စကားကို အဓိက ပြောဆိုနိုင်ပါတယ်။ အဲန် ဆိုတာ ရှမ်းဘာသာစကားအရ ပြေးလွှားတယ်လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့တွေက နတ်ကိုးကွယ်မှုကို ခိုင်ခိုင်မာမာယုံကြည်နေဆဲဖြစ်ပြီး မိရိုးဖလာ ရိုးရာနတ်တွေက သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ စားဝတ်နေရေး ကိစ္စတွေကို ဖြည့်ဆည်းပေးနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။အဲဒီဒေသကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ကျိုင်းတုံမြို့ကနေ =၁:၃၀လောက် ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် ပင်တောက်ကျေးရွာအုပ်စု ပန်လေဆိုတဲ့ အဲန် ကျေးရွာကို ရောက်ပါတယ်။ ရှေးရိုးရာဆန်ဆန် ဝတ်စုံအနက်ရောင် ဝတ်ဆင်ထားတဲ့ အဲန်ရွာသားတွေဟာ သွားမည်းတွေ ပေါ်အောင်ရယ်လျက် လာလည်သူခရီးသွားတွေကို ပျူငှာစွာ ကြိုဆိုနေကြပါတယ်။ အဲန်ကျေးရွာဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အဓိက အကြောင်း အရင်းကတော့ ရွာသားတွေရဲ့ လူနေမှု ပုံစံကြောင့်ပါ။အဲန်လူမျိုးတွေဆီကို စိတ်ဝင်တစား သွားရောက်လည်ပတ်တဲ့ သူတွေကတော့ နိုင်ငံခြားသားတွေသာ ဖြစ်ပြီး ရှေးကျတဲ့ လူမျိုးစု တခုပုံစံအဖြစ် လေ့လာသူ နိုင်ငံခြားသားတွေရဲ့ စိတ်အာရုံကို ဖမ်းယူထားပါ တယ်။ အဲန်လူမျိုးတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အနီးတဝိုက်နဲ့ မိုင်းဖြတ်ဒေသတွေမှာ တွေ့နိုင်ပါတယ်။ များသောအားဖြင့်တော့ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတခုပါ။ အဲန်ရွာ စုစုပေါင်း ၄၀ ဝန်းကျင်သာရှိပြီး အဲန် လူဦးရေ ၅၀၀၀ ဝန်းကျင် ရှိကြောင်းသိရပါတယ်။
အဲန်တွေက ဝေလံခေါင်ဖျားတဲ့ နေရာမှာပဲ နေထိုင်ကြပါတယ်။ ရွာတရွာမှာ ရွာသူကြီး ရှိပြီး ခွန်ဆောင် လို့ခေါ်တဲ့ နတ်ဆရာလည်းရှိပါတယ်။ သူတို့တွေက အလှည့်ကျ စနစ်နဲ့ တာဝန်ထမ်းဆောင်ကြပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Technological University (Kyaing Tong)
Kengtung