Done Pyan Football Club

Done Pyan Football Club

Share

This page is official . So you can see and read Rocket's news such as transfers,injury players' news and match-considers ect...

15/08/2022

အပြောအဆို ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ

အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ််မျိုးပါ

အထင်လွဲခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်

စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနဲ့

ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနဲ့

နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ် သလို

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်

စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့
တစ်သက်တာ ကြိုးစားကြရမယ်

လောက နိယာမအရ...

အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး

ခွင့်လွှတ်ပေးသူက
မြတ်ပြီးသားပါ

#ဘုန်းခေ

25/06/2022

ရူးလို့ ဂိုးဖမ်း / ပေါလို့ ဂိုးဖမ်း / ဘောလုံးမကန်တတ်လို့ ဂိုးဖမ်း /

ထင်နေရင် …

ညနေစောင်းတစ်ခုမှာ လူငယ်အပျော်တမ်းဘောလုံးအသင်းကစားနေကြရင်း ….

တသင်းလုံးက အလှည့်ကျနဲ့ ဝိုင်းကန် / တယောက် ( သို့မဟုတ် ) နှစ်ယာက် က အလှည့်ကျနဲ့ ဖမ်း

ဘောလုံးဖမ်းနေတဲ့သူတွေကိုတော့ ဂိုးသမားပေါ့

ဒါတွေထားတော့ …

အခုပြောပြမှာက ဂိုးသမားတို့အကြောင်း

အရပ်မရှည်တဲ့ မြန်မာ့မျိုးရိုးစဉ်ဆက်ကြောင့် မြန်မာ ဂိုးသမားလေးများ မျိုးရိုးလိုက်ပီး အရပ်ပုရှာသည်

ဥရောပအထိမပြောနှင့် ၊ အာရှတိုက်မှ ဂိုးသမားတယောက်အရပ်ပျမ်းမျှ 177.8 cm ( 5 ပေ 10 လက်မ ) ရှိသင့်သော်လည်း မြန်မာပြည်မှ ဂိုးသမားလေးများရဲ့ ပျမ်းမျှအရပ် 5 ပေ 5 လက်မ ဝန်းကျင်သာရှိတာကြောင့် ပုတဲ့စာရင်းဝင်ပါတယ်

အရပ်ပုသည့် လူငယ်ဂိုးသမားလေးများအတွက် အရပ်အမောင်းထွက်ဖို့ အခွင့်အရေးများစွာရှိသေးသော်လည်း မြန်မာ့စီးပွါးရေးအရ အောက်ခြေလူတန်းစားစာရင်းဝင်တဲ့ မိဘတွေရဲ့ တစ်ရက်လုပ် တစ်ရက်စားအခြေအနေကြောင့် အားဆေးဝယ်သောက်ဖို့မပြောနှင့် ထမင်းနှပ်မှန်ဖို့ပင်အနိုင်နိုင်

မြန်မာပြည်တွင် ဂိုးသမားများကို တဆင့်နှိမ့်သည့် သဖွယ် / ပြောဆိုဆက်ဆံလေ့ရှိကြပါတယ်

ဂိုးသမားဂိုးပေးရလျှင် ဟိုလိုလုပ်ပါလား
ဒီလိုဖမ်းပါလား တသင်းလုံးဆရာဝိုင်းလုပ်တတ်ကြတယ် / သူတို့များ တဖက်အသင်းရဲ့ ဂိုးပေါက်အလွတ်ကြီးကို လွဲကန်ရင်တောင် ဘယ်တော့မှအပြစ်မဖြစ်တတ် သူတို့အမြဲတမ်းနီးပါးမှန်သည် တော်ကြသည် တတ်ကြသည်

တခါတရံ ပြစ်ဒဏ်ဘောအတွက် ဂိုးသမားက wall ကာဖို့ လူတံတိုင်းစီရင်တောင် ခေါ်သည့်အရေအတွက်အတိုင်း မလိုအပ်ဟုယူဆကာ မလာကြ လာမကာကြတတ်ပေ / ဂိုးသွားလျှင် ဂိုးသမားအပြစ်ဖြစ်ကြပြန်သည်

ဂိုးသမားများသည် ဘောလုံးမကန်တတ်၍ ဂိုးဖမ်းခြင်းမဟုတ် / ဂိုးဖမ်းရတာ ဝါသနာဖြစ်၍ သူ၏ ဝါသနာကို အသင်းဖော်များ လေးစားရမည် ၊ လေးစားသင့်သည်

ဂိုးသမားများသည် ရှေ့တန်းကစားသမားများဝါသနာနည်းအတူ ၊ အလယ်တန်းကစားသမားများဝါသနာနည်းအတူ ၊ နောက်တန်းကစားသမားများဝါသနာနည်းအတူ တကွင်းထဲမှာ ကစားကြသော ဝါသနာအတူ အသင်းဖော်တဦးဖြစ်သည်

ဂိုးသမားတယောက်သည် ပြိုင်ဖက်ကစားသမား ရဲ့ ကန်သွင်းခွင့် 99 ချက်ကို ကာကွယ်ခဲ့ပါသော်လည်း 1 ဂိုးခွင့်ပြုပေးရသည်နှင့် သမိုင်းမှတ်တမ်းတွင် 99 ချက်ကာကွယ်မှု့ကို ထည့်သွင်းမရေးသားဘဲ ခွင့်ပြုပေးလိုက်ရတဲ့ 1 ဂိုးကိုသာ အကျယ်တဝံ့ဖော်ပြပါရှိလိမ့်မည်

ထို့ကြောင့် တကွင်းလုံးမှာရှိတဲ့ ကစားသမားများအနက် အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားရသည်မှာ ဂိုးသမားတယောက်ရဲ့ အခြေခံအကျဆုံးတာဝန်သာဖြစ်ပါလိမ့်မယ်

ထိုသို့ ကစားနိုင်သည့်ကာလတလျှောက်လုံး တသင်းလုံးမှာ အကြိုးစားဆုံးဖြစ်ခဲ့သည့် ဂိုးသမား တယောက် အနားယူခဲ့သောအခါမှာလည်း ….

တသက်လုံးအရှေ့ပဲကစားခဲ့ပီး ဂိုးမဖမ်းဘူးသည့် နည်းပြချုပ်ကြီးမှ ဂိုးနည်းပြတယောက် ပြပေးနေတဲ့ဂိုးသမားတွေရဲ့ ဖမ်းပုံနည်းနာတွေကို သိယောင်တတ်မှားတွေနဲ့ ဝင်အာချောင်ပြန်လေရဲ့

ကိုယ်ကန်သွင်းတဲ့အလုံး ဂိုးသွားရင် ဝမ်းသာအောင်ပွဲခံရတဲ့အရသာကို လွယ်ကူစွာမရွေးဘဲ ကိုယ်ကာကွယ်လိုက်တဲ့ အောင်ပွဲတွေကို ပီတိစား အရသာခံတတ်တဲ့ ဂိုးသမားတွေက တသင်းလုံးမှာ တစ်ယောက်နှစ်ယောက်လောက်သာပါတတ်သည်

ဘယ်လောက်ကြိုးစားလုပ်ပေးလုပ်ပေး အကောင်းမမြင်တတ်သည့် လောကကြီးနှင့် ဂိုးသမားများ နေသားကျနေသည်မှာ ဘောလုံးအားကစားကိုစတင်မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိဖြစ်နေပါတော့တယ်ဗျာ

Write : WAI PHYO TUN

ယခု post ကို ပြန်လည်ကူးယူဖော်ပြမည်ဆိုပါက မူရင်းရေးသားသူအား respect ပေးသည့်အနေဖြင့် နာမည်ရေး crd ပေးပါရန် တောင်းဆိုပါရစေခင်ဗျာ

Photos from Kyaukse Premier League's post 22/05/2022

🤝🤝🤝🤝⚽ KPL ⚽🤝🤝🤝🤝
ချစ်ကြည်ရင်းနီးမှု့အမှတ်တရပွဲစဥ်(၉)

Photos from Kyaukse Premier League's post 16/05/2022

🤝🤝🤝🤝⚽ KPL⚽🤝🤝🤝🤝
ချစ်ကြည်ရင်းနီးမှု့အမှတ်တရပွဲစဥ်(၈)

Photos from Kyaukse Premier League's post 06/05/2022

🤝🤝🤝🤝⚽ KPL ⚽🤝🤝🤝🤝
ချစ်ကြည်ရင်းနှီးမှု့အမှတ်တရပွဲစဥ် (၇)

Photos from Kyaukse Premier League's post 01/05/2022

🤝 Shwe She Cup Semi Final. 🤝
ချစ်ကြည်ရင်းနှီးမှု့အမှတ်တရပွဲ⚽⚽⚽

Photos from Kyaukse Premier League's post 03/04/2022

🤝🤝🤝🤝⚽ KPL ⚽🤝🤝🤝🤝
ချစ်ကြည်ရင်းနှီးမှု့အမှတ်တရပွဲစဥ် (5)

Photos from Kyaukse Premier League's post 26/03/2022

🤝🤝🤝🤝⚽ KPL ⚽🤝🤝🤝🤝ချစ်ကြည်ရင်းနှီးမှု့အမှတ်တရပွဲစဥ်( 4 )

Photos from Kyaukse Premier League's post 20/03/2022

🤝🤝🤝 Shwe se cup 🤝🤝🤝
ချစ်ကြည်ရင်းနှီးမှု့အမှတ်တရပွဲစဥ်( 1 )

Want your business to be the top-listed Gym/sports Facility in Kyaukse?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Kyaukse

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00