EXCEL

EXCEL

Share

Gym and Fitness

Photos from EXCEL's post 30/04/2020

လက်တလော covid 19 အခြေအနေကြောင့်

ဆိုင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူးခင်ဗျာ !

ဆိုင်ကိုလည် ရွေ့ထားပြီး ရောဂါအခြေအနေ ကောင်းမွန်မှ ဆိုင်နေရာအသစ်ကို

ပြန်လည်အကြောင်းပြန်ပေးပါမည်။

ကစားသမားအားလုံး ကျန်းမာပြီး ရောဂါဘယ

ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်း

အပ်ပါသည်ခင်ဗျာ 🙏🙏

25/03/2020

🗓️ #ဆိုင်ပိတ်ရက်ကြေငြာခြင်း 🗓️

လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံများတွင်

Corona Virus Disease ( C🦠VID- 19 ) ရောဂါ

ဖြစ်ပွားလျှက်ရှိသောကြောင့် ကျွန်တော်တို့

EXCEL GYMအနေဖြင့်

ကစားသမားများ​၏ ကျန်းမာရေးအား အလေးထား

သော အနေဖြင့် ( 27-3-20 ) မှ ( 27-4-20 ) အထိ

ဆိုင်ကို ပိတ်ထားမည်ဖြစ်ပါသည်။

🔛 ဆိုင်ပြန်လည်ဖွင့်ချိန်တွင် ကစားသမားများအား

ဖုန်းဆက်အကြောင်းကြားပေးမည်ဖြစ်ပြီး

ပျက်ရက်များအားလုံးကိုလည်း အစားထိုးပြန်လည်

ပေးအပ်သွားမည်ဖြစ်ပါသည်။

🔛 ဆိုင်ဖွင့်ရက် အပြောင်းအလည်း ထပ်ရှိပါက

GYM မှတစ်ဆင့် အချိန်နှင့်

တပြေးညီ အသိပေးသွားပါမည် ။

GYMရှိ ကစားသမား

များအားလုံး နှစ်သစ်မှာစိတ်​၏ချမ်းသာခြင်း

ကိုယ်​၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ 🙏🙏🙏

17/01/2020

တစ်ကယ်လုပ်ရင် တစ်ကယ်ဖြစ်ပါတယ် သင်ခုစမလုပ်ရသေးလို့ပါ..😊

Congratulationပါ ညီလေး PhoneZawHein ရေ..👏👏

After 3 months of changing ပါ..😍💪💪

11/01/2020

နံနက်စာ မစားတဲ့သူတွေ ဘာဖြစ်နိုင်လဲ 😒🥗

ဒီနေ့တော့ AD က နံနက်စာကို အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အကျိုးရှိအောင် ဘယ်လိုစားရမလဲ၊ ဘာတွေစားရမလဲ၊ စတာတွေကို ဖော်ပြပေးချင်ပါတယ်။ အရင်ဆုံး နံနက်စာမစားတဲ့သူတွေ ဘာဖြစ်နိုင်လဲဆိုတာ ပြောပြပေးမယ်နော်။

1. Gym ဆော့ပေမယ့် ကိတ်မလာတော့ဘူး။ 🏋🏋️‍♀️⏳🤷‍♂️🤷‍♀️

နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကိုစားပေးရပါတယ်။ မစားဘူးဆိုရင်တော့ သင်လိုချင်တဲ့အကိတ် goal နဲ့ ဝေးသွားမှာပါ။

2. ဦးနှောက်မကောင်းတော့ဘူး။ 🙄😮🤔😵

နံနက်စာစားပေးတဲ့အခါ ဦးနှောက်အားကောင်းစေပါတယ်။ နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက်အသုံးပြုအလုပ်လုပ်ရတဲ့သူတွေဟာ နံနက်စာစားပေးသင့်ပါတယ်။

3. ဆံပင်ကျွတ်နိုင်တယ်။ 😐😐😐😐

နံနက်စာမစားတဲ့အခါ ပရိုတင်းကို ပြည့်ဝစွာမရရှိနိုင်ဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin မရရှိတော့ပါဘူး။ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေမဖြစ်ချင်ရင်တော့ နံနက်စာစာပေးပါနော်။

4. နှလုံးရောဂါ ဖြစ်လာမယ်။ 💓💔💓💔

နံနက်စာမစားတဲ့သူဟာ ကြာလာလေလေ နှလုံးအားနည်းလာလေဖြစ်ပြီး ရုတ်တရပ်အသက်ရှူရပ်ကာသေစေနိုင်တဲ့ နှလုံးရောဂါကို လက်ဆောင်ရသွားမှာပါ။ ရင်ခုန်သံတွေမှန်နေစေဖို့ နံနက်စာ စားကြရအောင်။

5. အားကိုးချင်စရာလူအဖြစ် မရပ်တည်နိုင်ပါဘူး။ 🙎‍♂️🙎🙎‍♂️🙍

နံနက်စာမစားတဲ့သူဟာ သူ့မှာ အားအင်အလုံအလောက်မရှိမှန်း သူ့ဘာသာသူ မသိပါဘူး။ ဒါပေမယ့် နှစ်တွေအများကြီးကြာလာတဲ့အခါ သူဟာ သူများလိုကျန်းမာသန်စွမ်းတော့မှာမဟုတ်ပါဘူး။ အမောလွယ်မယ်။ အားနည်းမယ်။ မူးမယ်။ မောမယ်။ ပင်ပန်းလွယ်မယ်။ အားကိုးချင်စရာ မဖြစ်တော့ဘူးပေါ့။

6. ငယ်ရွယ်နုပျိုမှုတွေ အကုန်မြန်လာမယ်။ 👦⏳👨⏳👴

ငယ်ရွယ်တုန်းမှာ နံနက်စာမစားပေမယ့် အလုပ်လုပ်နိုင်ကြပါတယ်။ ဒါဟာ ငယ်ရွယ်နုပျိုမှုကြောင့်သက်သက် လုပ်နိုင်နေတာပါ။ တစ်နည်းပြောရရင် သန်မြန်ဖျတ်လတ်တဲ့ ငယ်ရွယ်မှုကို ဖြုန်းပစ်လိုက်တာပါ။ အဲ့ဒီအခါ သူများအသက် ၄၀ သန်မြန်နေပေမယ့် ကိုယ်ကတော့ အသက် ၄၀ လောက်နဲ့ အင်အားချိနဲ့သူ အဖိုးအဖွားတွေ ဖြစ်နေရမှာပါ။

ဒါတွေက အမြဲ နံနက်စာမစားတဲ့သူတွေအနေနဲ့ ဖြစ်နိုင်ချေအများဆုံး အကြောင်းအရာတွေပါ။ အဓိကက နံနက်ဆို ဗိုက်ဟောင်းလောင်းနဲ့မနေဖို့ပါပဲ။ အခုဆက်ပြီး ကျန်းမာရေးနဲ့အလှအပအတွက် စားသင့်တဲ့နံနက်စာပုံစံကို ပြောပြပေးပါမယ်။

တစ်ပါတ်မှာ ၇ ရက်ရှိတယ်။ ၄ ရက်ကိုကျန်းမာရေးနဲ့ အလှအပအတွက်ကောင်းတာတွေစားမယ်။ ကျန် ၂ ရက်ကို ပုံမှန်မြန်မာနံနက်စာနဲ့ ကျန်တဲ့ ၁ ရက်ကို ကြိုက်တာစားမယ်လို့ AD က သတ်မှတ်ထားပါတယ်။

🥗 ကျန်းမာရေးနဲ့ အလှအပအတွက်ကောင်းတဲ့ နံနက်စာတွေ 🥗

1. ကြက်ဥပြုတ် ၁ လုံး (သို့မဟုတ်) ၂ လုံး 🥚🥚
2. ငှက်ပျောသီး 🍌🍌
3. သင်္ဘောသီး၊ ဖရဲသီး၊ နာနတ်သီး၊ ပန်းသီး 🍍🍉
4. ဘယ်ရီသီးများ 🍒🍓
5. ထောပတ်သီး၊ ကီဝီသီး 🥑🥝
6. ပြောင်းဖူး 🌽🌽
7. ကွေကာအုပ် 🥛🥛
8. နွားနို့ 🥛🥛
9. Green Tea 🍵🍵
10. ပေါင်မုန့်ကြမ်း 🍞🥖
11. နံပြားနဲ့ ပဲပြုတ် 🌮🌮

ဒါလေးတွေကို အလျဉ်းသင့်သလို စားပေးပါ။ အသားအရေလှချင်တဲ့သူက သစ်သီး ၂ မျိုး၊ gym ကစားတဲ့သူတွေက ကြက်ဥနဲ့ ကွေကာလိုမျိုး၊ ဒီလို အလှအပအတွက် ဂရုစိုက်စားပေးသင့်ပါတယ်။ မြန်မာနံနက်စာထဲမှာတော့ အန္တရာယ်မပေးတဲ့ စားစရာတစ်မျိုးက မီးနဲ့ပဲဖုတ်တဲ့ နံပြားပါ။ ဆီကြော်မဟုတ်တဲ့ နံပြားနဲ့ ပဲပြုတ်က အကျိုးရှိတဲ့ နံနက်စာပါပဲ။

🍛 ပုံမှန် မြန်မာနံနက်စာတွေ 🍛

မုန့်ဟင်းခါး၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ အီကြာကွေး၊ စမူဆာ စတဲ့ ကျန်းမာရေးနဲ့ အလှအပအတွက်သိပ်အကျိုးမပြုပေမယ့် စားကောင်းတဲ့နံနက်စာတွေကိုတော့ ၂ ရက်စားပေးလည်း ရပါတယ်။

👍 အရမ်းကြိုက်တဲ့ စားစရာတွေ 👍

ပီဇာ၊ ဘာဂါ၊ ဆူရှီ၊ ကိတ်မုန့်၊ လက်ဖက်ရည်၊ ကော်ဖီအေး၊ အကြော် အလှော် စတဲ့ နံနက်စာအဖြစ်တောင့်တသမျှ အရာမှန်သမျှ၊ အကျိုးမရှိလည်းစားချင်တာမှန်သမျှကို ၁ ရက်စားနိုင်ပါတယ်။ ၁ ရက်လောက်တော့ ကြိုက်တာလုပ်ပေါ့။

AD ရဲ့ တစ်ပါတ်စာ နံနက်စာဇယားက ဒီလိုပါ...

Monday - အကျိုးရှိနံနက်စာ
Tuesday - ပုံမှန်နံနက်စာ
Wednesday - အကျိုးရှိနံနက်စာ
Thursday - ပုံမှန်နံနက်စာ
Friday - အကျိုးရှိနံနက်စာ
Saturday - ကြိုက်ရာနံနက်စာ
Sunday - အကျိုးရှိနံနက်စာ

ဘာမျှမစားတာထက်တော့ နံနက်စာစားတာကကောင်းပါတယ်။ ကွေကာလေးတစ်ခွက်တော့ သောက်နိုင်ပါတယ်။ မစားချင်ဘူး၊ မစားချင်ဘူးဆိုပြီး မစားတဲ့အကျင့်ကိုဖျောက်ပါ။ မကြိုက်လည်းစားရင်း အကျင့်ရသွားတဲ့အခါ စားဖြစ်သွားပါလိမ့်မယ်။

နောက်တစ်ခုက နံနက်စာဆိုတာ ၉ နာရီခွဲအထိပဲ အကျုံးဝင်ပါတယ်။ အဲ့ဒီအချိန်အတွင်း သေချာစားပါ။ AD ကတော့ ၈ နာရီခွဲကနေ ၉ နာရီအတွင်း အမြဲစားပါတယ်။

နံနက်စာဟာ စားရင်စားသလောက် အကျိုးဖြစ်စေပါတယ်။ အားဖြစ်စေပါတယ်။ ညစာလျော့စားတာ ကောင်းသလိုပဲ နံနက်စာများများစားတာဟာ ကောင်းပါတယ်။ ကိတ်မုန့်လို အကျိုးမရှိတာတွေတော့ အမြဲမစားနဲ့ပေါ့။

အိပ်ရာထနောက်ကျတဲ့သူတွေ
နံနက်စာတမင်မစားတဲ့သူတွေ
စားရမှာပျင်းတတ်တဲ့သူတွေ
မစားဘူးလုပ်နေတဲ့သူတွေရှိရင်

အဲ့လိုမျိုးချစ်သူ
အဲ့လိုမျိုးသူငယ်ချင်းတွေရှိရင်
mentioned ပေးပြီး ဒီစာကိုဖတ်အောင် လုပ်ပေးလိုက်ကြပါနော်။

လူတိုင်း နံနက်စာစားတတ်ကြဖို့ မျှော်လင့်ရင်း

AD
your secret friend
your smart guy

11/12/2019

ကျန်းမာရေးဆိုတာ အသက်ကြီးမှ ဂရုစိုက်ရမယ့်အရာမဟုတ်ပါ

တရက်ကို ကျပ်တစ်သောင်းရှာနိုင်တဲ့သူက
တရက်ကို ကျပ်ငွေ ခုနှစ်ထောင်ပဲ သုံးမယ်ဆိုရင်
ပိုတဲ့ တနေ့ သုံးထောင်က တလဆိုရင် ကျပ်ငွေ
ကိုးသောင်း အသားတင်စုမိမှာက အရမ်းရိုးရှင်းတဲ့
သေဘာတရားပါ။

အဲ့သဘောတရားအတိုင်းပဲ ဆီဦးထောပါတ်ပဲစားစား
မလာရှမ်းကောပဲစားစား လွှစာမှုန့်ပဲစားစား😁
ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်ပမာဏထက်
ပိုလျံအောင် စားသောက်နေမယ်ဆိုရင်
ကိုယ်အလေးချိန်(အဆီ)တက်လာမှာ အသေအချာ
ပါပဲ။

လူတွေက လှလို့ ဝလို့ ပါလားဆိုတဲ့စကားကို
ကြားရင် ပြုံးပြီးကျေနပ်မနေနဲ့။ ဗိုက်ခေါက်ကလေ
ပါးပါးလေးစတက်တာ အများကြီးမဟုတ်ဘူးနော်
လက်မဝက်လောက် ထူသွားရင်ပဲ ခင်ဗျားပြန်ချ
ဖို့ ကြိုးစားရင် သေလုမျောပါးပဲ။ကိုယ်တိုင်အဆီချ
ဖူးသူတွေသိတယ်။

ကျန်းမာရေးဆိုတာက အသက်ကြီးမှ
ဂရုစိုက်ရမဲ့အရာမဟုတ်ပါဗျာ။
ဘာလို့လဲဆိုတော့ သင်ပိုင်တဲ့ခန္ဓာကိုယ်ကြီး
ကအပြောင်းအလဲ လုပ်လို့မရသလို
အစားထိုးလို့လည်းမရနိုင်ပါ။ဒီဘဝ ဒီခန္ဓာပဲနော်
Spare မပါဘူးမိတ်ဆွေ🤝

လောကမှာ ဘယ်တော့မှ သတိလက်လွတ်
မထားသင့်တဲ့အရာထဲမှာ ကိုယ်အလေးချိန်
ဆိုတာပါ ပါဝင်နေတယ်ဆို ခင်ဗျားယုံမလား?

ကျန်းမာ သန်စွမ်းကြပါစေဗျာ။
လေးစားလျက်
Crd_နိုင်ဦး

11/12/2019

Gymနဲ့ပတ်သက်တဲ့ တလွဲအတွေးများ(1)
---------------------------------------------
(A)Gym မကစားနဲ့ ရပ်လိုက်ရင်ပိုဝ လိမ့်မယ်

Gym ကစားပြီး ရပ်လိုက်ရင် ပို ဝ လာမလားဆိုပြီး မကစားရဲတဲ့သူတွေ ရှိတယ် ။တစ်ချို့လူတွေက အရင်gymကစားဖူးတာကြောင့်ပဲ အခုပိုဝ လာသလိုပြောတတ်တော့ အဟုတ်မှတ်တဲ့သူက မှတ်တာပေါ့။ ဝလာတယ်ဆိုတာ ကယ်လိုရီ အထွက် ထက် အဝင်ကပိုများလို့ပါ ။gymကစားစဉ်က ကယ်လိုရီဖြုန်းတာရှိတယ် ။metabolic rate လည်းမြင့်နေမယ်။ မကစားတော့တဲ့အခါဖြုန်းတာမရှိတော့ဘူး။ စားနေတဲ့ကယ်လိုရီအဝင်ကအရင်တိုင်းဆို မဖြုန်းလို့ ပိုလျှံတဲ့ ကယ်လိုရီက အဆီဖြစ်မှာပါ။ကယ်လိုရီဆိုတာ ခန္ဓာကိုယ်က လိုသလောက်သုံးပြီး ပိုရင်အဆီအဖြစ်သိုလှောင်မှာပဲ။Gymကစားလိုက်လို့ပိုပြီးသိုလှောင်စေတာမဟုတ်ပါဘူး။ဖြုန်းတာမရှိဘဲပိုစားလို့ပါ။ မကစားပဲbody weightကို ထိန်းထားချင်တော့ အစားအသောက်နဲ့ထိန်းရမှာပါ။နောက်တစ်ချက်ပြောချင်တာက ဝဖူးတဲ့သူတွေဟာ ပြန်ဝ လွယ်တယ်ဆိုတဲ့ အချက်ပါ။အဆီကျသွားပေမဲ့ ဝစဉ်ကဖြစ်တည်ခဲ့တဲ့ အဆီသိုလှောင်အိတ်လေးတွေက ရှိနေတုန်းပါ။ အဆီအိတ်တွေအဆင်သင့်ရှိနေတော့ ပြန်ဝ ဖို့သာမန်ထက် လွယ်ပါတယ်။gymကစားပြီး ဝိတ်ချမိလို့တက်လွယ်တာမဟုတ်ပါဘူး။ တစ်ချို့က အစားပဲလျှော့ သွားမကစားနဲ့ ဆွသလိုဖြစ်ပြီး ထိန်းမနိုင်အောင် ဝလိမ့်မယ်ဆိုပြီး မှားယွင်းတဲ့အသိနဲ့ နည်းပေးလမ်းပြလုပ်ကြပါတယ်။တကယ်တော့ အစားလျှော့ သီးသန့်ကမှ ပြန်ဝဖို့ပိုလွယ်ပါသေးတယ်။` dieting သီသန့် ဝိတ်ချတာနဲ့လေ့ကျင့်ခန်းနဲ့တွဲဝိတ်ချတာဘာကွာလဲ´ ဆိုတဲ့ဆောင်းပါးမှာ ရေးဖူးလို့ ဆက်မရှင်းတော့ပါဘူး..။ရပ်လိုက်ရင် ပိုဝ လာမလားဆိုတဲ့ အတွေးအမြင်မှားကြောင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့ ။
______________________________________________
(B)အဲလို ဗလကြီးမဖြစ်ချင်ဘူးနော်

Gym စကစားသူတစ်ချို့က gymခန်းမထဲ ဝင်လိုက်ပြီဆိုရင်ပဲ ခန်းမထဲမှာ ကပ်ထားတဲ့ ကာယဗလပိုစတာတွေကြည့်ပြီးပြောတတ်တယ်။ အဲလောက်အကြီးကြီးမဖြစ်ချင်ဘူးနော်..တဲ့ ။အလေးမလိုက်ရင်ပဲ ကြွက်သားတွေလေထိုးသလို ချက်ချင်းဖောင်းလာတော့မယ့် အတိုင်း။ သူတို့ပြောတဲ့ အဲလောက်ဆိုတော်ပါပြီဆိုတဲ့ အဆင့်တောင် ဘယ်လောက်ကြိုးစားရတယ်..ဘယ်လိုစားသောက် အနားယူမှုတွေ ရှိရတယ်..ဆိုတာ မသိကြဘဲ ကြွက်သားထွက်ဖို့ အလွယ်လေးမှတ်ကြတယ် ။ပေါင်၈၀လောက်အဆီချရတာထက် ကြွက်သားစစ်စစ်၁၀ပေါင်လောက်တက်အောင်လုပ်ရတာ ပိုခက်ခဲပါတယ်။
______________________________________________
(C)၁ပတ်လောက်Gymဆော့လိုက်တာ လက်မောင်းတွေပိုတုတ်လာတယ်

အမလေး ကစားတာ၁ပတ်ရှိပြီ.. မကျတဲ့အပြင် လက်မောင်းတွေပိုတုတ်လာတယ်..တဲ့...။ဒါကတော့ မိန်းကလေးတွေပါ ။တစ်ချို့တွေ အလေးနဲ့စ ကစားကာစမှာဖြစ်တတ်ပါတယ် ။အလေးနဲ့စကစားချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေတုန့်ပြန်မှုကြောင့် တင်းလာ တုတ်လာတာမျိုးပါ ။ဒါဟာ ယာယီကြွက်သားယောင်ရမ်းမှုဖြစ်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ ၇ရက် ၁ပတ်နဲ့လက်မောင်းကြီးဖို့မဖြစ်နိုင်ပါဘူး။လက်မောင်းကြီး ပိုကြီးလာတယ်ဆိုပြီး မကြောက်ပါနဲ့။
______________________________________________
(D)အမျိုးသမီးတွေအလေးကစားရင် ယောက်ျားလေးတွေလိုဗလတွေထွက်လာမှာလား

အမျိုးသမီးတွေ အလေးနဲ့ကစားရင် ယောက်ျားလေးတွေလိုပဲ ဗလတွေ ကြွက်သားကြီးတွေ ဖြစ်လာမလားဆိုပြီး ကြောက်တတ်ကြတယ်..။ကြွက်သားကြီးထွားမှုဖြစ်စဉ်အတွက် အလွန်အရေးပါတဲ့testrosteroneဟော်မုန်းဟာအမျိုးသမီးတွေမှာ အမျိုးသားတွေလောက်မရှိတဲ့ အတွက် ဆေးဝါးအထောက်အထောက်အပံ့မပါဘဲ ကြွက်သားအဖုအထစ်ကြီးတွေ မဖြစ်နိုင်ပါဘူး.။နိုင်ငံခြား ကာယဗလမယ်ပုံတွေကြည့်ပြီး အဲလိုဖြစ်မှာလား စိုးရိမ်စရာမလိုပါဘူး။ ဖြစ်ချင်တယ်ဆိုတောင် ပြင်းထန်တဲ့လေ့ကျင့်မှု့အပြင် ဟော်မုန်းဆေးတွေ အထောက်အကူပြုဆေးဝါးတွေ သုံးမှရမှာပါ။
ကြွက်သားဆိုတာ မတော်တဆ မမျှော်လင့်ပဲ မဟားဒရားကြီးသွားတတ်တာမျိုးမဟုတ်ပါဘူး။

မှားတတ်တဲ့အယူအဆတွေအများကြီးရှိသေးလို့ နောက်မှဆက်ရေးပါဦးမယ် ။

Credit to Power-9 Gym
https://m.facebook.com/story.php?story_fbid=557206121416821&id=111303766007061
သဘောကြရင် share ပြီး သိမ်းထားလိုက်ပါနော်

Unicode

Gymနဲ့ပတ်သက်တဲ့ တလွဲအတွေးများ(1)
---------------------------------------------
(A)Gym မကစားနဲ့ ရပ်လိုက်ရင်ပိုဝ လိမ့်မယ်

Gym ကစားပြီး ရပ်လိုက်ရင် ပို ဝ လာမလားဆိုပြီး မကစားရဲတဲ့သူတွေ ရှိတယ် ။တစ်ချို့လူတွေက အရင်gymကစားဖူးတာကြောင့်ပဲ အခုပိုဝ လာသလိုပြောတတ်တော့ အဟုတ်မှတ်တဲ့သူက မှတ်တာပေါ့။ ဝလာတယ်ဆိုတာ ကယ်လိုရီ အထွက် ထက် အဝင်ကပိုများလို့ပါ ။gymကစားစဉ်က ကယ်လိုရီဖြုန်းတာရှိတယ် ။metabolic rate လည်းမြင့်နေမယ်။ မကစားတော့တဲ့အခါဖြုန်းတာမရှိတော့ဘူး။ စားနေတဲ့ကယ်လိုရီအဝင်ကအရင်တိုင်းဆို မဖြုန်းလို့ ပိုလျှံတဲ့ ကယ်လိုရီက အဆီဖြစ်မှာပါ။ကယ်လိုရီဆိုတာ ခန္ဓာကိုယ်က လိုသလောက်သုံးပြီး ပိုရင်အဆီအဖြစ်သိုလှောင်မှာပဲ။Gymကစားလိုက်လို့ပိုပြီးသိုလှောင်စေတာမဟုတ်ပါဘူး။ဖြုန်းတာမရှိဘဲပိုစားလို့ပါ။ မကစားပဲbody weightကို ထိန်းထားချင်တော့ အစားအသောက်နဲ့ထိန်းရမှာပါ။နောက်တစ်ချက်ပြောချင်တာက ဝဖူးတဲ့သူတွေဟာ ပြန်ဝ လွယ်တယ်ဆိုတဲ့ အချက်ပါ။အဆီကျသွားပေမဲ့ ဝစဉ်ကဖြစ်တည်ခဲ့တဲ့ အဆီသိုလှောင်အိတ်လေးတွေက ရှိနေတုန်းပါ။ အဆီအိတ်တွေအဆင်သင့်ရှိနေတော့ ပြန်ဝ ဖို့သာမန်ထက် လွယ်ပါတယ်။gymကစားပြီး ဝိတ်ချမိလို့တက်လွယ်တာမဟုတ်ပါဘူး။ တစ်ချို့က အစားပဲလျှော့ သွားမကစားနဲ့ ဆွသလိုဖြစ်ပြီး ထိန်းမနိုင်အောင် ဝလိမ့်မယ်ဆိုပြီး မှားယွင်းတဲ့အသိနဲ့ နည်းပေးလမ်းပြလုပ်ကြပါတယ်။တကယ်တော့ အစားလျှော့ သီးသန့်ကမှ ပြန်ဝဖို့ပိုလွယ်ပါသေးတယ်။` dieting သီသန့် ဝိတ်ချတာနဲ့လေ့ကျင့်ခန်းနဲ့တွဲဝိတ်ချတာဘာကွာလဲ´ ဆိုတဲ့ဆောင်းပါးမှာ ရေးဖူးလို့ ဆက်မရှင်းတော့ပါဘူး..။ရပ်လိုက်ရင် ပိုဝ လာမလားဆိုတဲ့ အတွေးအမြင်မှားကြောင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့ ။
______________________________________________
(B)အဲလို ဗလကြီးမဖြစ်ချင်ဘူးနော်

Gym စကစားသူတစ်ချို့က gymခန်းမထဲ ဝင်လိုက်ပြီဆိုရင်ပဲ ခန်းမထဲမှာ ကပ်ထားတဲ့ ကာယဗလပိုစတာတွေကြည့်ပြီးပြောတတ်တယ်။ အဲလောက်အကြီးကြီးမဖြစ်ချင်ဘူးနော်..တဲ့ ။အလေးမလိုက်ရင်ပဲ ကြွက်သားတွေလေထိုးသလို ချက်ချင်းဖောင်းလာတော့မယ့် အတိုင်း။ သူတို့ပြောတဲ့ အဲလောက်ဆိုတော်ပါပြီဆိုတဲ့ အဆင့်တောင် ဘယ်လောက်ကြိုးစားရတယ်..ဘယ်လိုစားသောက် အနားယူမှုတွေ ရှိရတယ်..ဆိုတာ မသိကြဘဲ ကြွက်သားထွက်ဖို့ အလွယ်လေးမှတ်ကြတယ် ။ပေါင်၈၀လောက်အဆီချရတာထက် ကြွက်သားစစ်စစ်၁၀ပေါင်လောက်တက်အောင်လုပ်ရတာ ပိုခက်ခဲပါတယ်။
______________________________________________
(C)၁ပတ်လောက်Gymဆော့လိုက်တာ လက်မောင်းတွေပိုတုတ်လာတယ်

အမလေး ကစားတာ၁ပတ်ရှိပြီ.. မကျတဲ့အပြင် လက်မောင်းတွေပိုတုတ်လာတယ်..တဲ့...။ဒါကတော့ မိန်းကလေးတွေပါ ။တစ်ချို့တွေ အလေးနဲ့စ ကစားကာစမှာဖြစ်တတ်ပါတယ် ။အလေးနဲ့စကစားချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေတုန့်ပြန်မှုကြောင့် တင်းလာ တုတ်လာတာမျိုးပါ ။ဒါဟာ ယာယီကြွက်သားယောင်ရမ်းမှုဖြစ်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ ရရက် ၁ပတ်နဲ့လက်မောင်းကြီးဖို့မဖြစ်နိုင်ပါဘူး။လက်မောင်းကြီး ပိုကြီးလာတယ်ဆိုပြီး မကြောက်ပါနဲ့။
______________________________________________
(D)အမျိုးသမီးတွေအလေးကစားရင် ယောက်ျားလေးတွေလိုဗလတွေထွက်လာမှာလား

အမျိုးသမီးတွေ အလေးနဲ့ကစားရင် ယောက်ျားလေးတွေလိုပဲ ဗလတွေ ကြွက်သားကြီးတွေ ဖြစ်လာမလားဆိုပြီး ကြောက်တတ်ကြတယ်..။ကြွက်သားကြီးထွားမှုဖြစ်စဉ်အတွက် အလွန်အရေးပါတဲ့testrosteroneဟော်မုန်းဟာအမျိုးသမီးတွေမှာ အမျိုးသားတွေလောက်မရှိတဲ့ အတွက် ဆေးဝါးအထောက်အထောက်အပံ့မပါဘဲ ကြွက်သားအဖုအထစ်ကြီးတွေ မဖြစ်နိုင်ပါဘူး.။နိုင်ငံခြား ကာယဗလမယ်ပုံတွေကြည့်ပြီး အဲလိုဖြစ်မှာလား စိုးရိမ်စရာမလိုပါဘူး။ ဖြစ်ချင်တယ်ဆိုတောင် ပြင်းထန်တဲ့လေ့ကျင့်မှု့အပြင် ဟော်မုန်းဆေးတွေ အထောက်အကူပြုဆေးဝါးတွေ သုံးမှရမှာပါ။
ကြွက်သားဆိုတာ မတော်တဆ မမျှော်လင့်ပဲ မဟားဒရားကြီးသွားတတ်တာမျိုးမဟုတ်ပါဘူး။

မှားတတ်တဲ့အယူအဆတွေအများကြီးရှိသေးလို့ နောက်မှဆက်ရေးပါဦးမယ် ။

Credit
https://www.facebook.com/111303766007061/posts/680468399090592/

m.facebook.com

Photos from EXCEL's post 29/11/2019

Excel Fitness Gym ရဲ့ December promotions လေးလာပါပြီ...

Excel ရဲ့ customer အပေါ်ဝန်ဆောင်မှု့တွေကတော့😞
Admin တောင် အားကျတယ်😒😒
စျေးတွေနဲ့တင် အပျော်လွန်နိုင်တယ် ကိုယ့်လူ🙄🙄
ကျား/မ စျေးမခွဲဖူးနော် 😁😁
🏋‍♀
Daily ~~ 1500 ks
Monthly ~~ 23000 ks
3 Months~~ 59000 ks
6 Months~~ 115000ks + 1month free
12 Months~~230000 + 2month free

1.12.2019 မှ 15.12.2019 ရက်နေ့အတွင်း ထူးခြားမှုကတော့
- 3 ယောက် အတူတကွလာအပ်နှံမယ်ဆိုရင်ဖြင့် ( 15% Discounts....)
- 2ယောက် အတူတကွလာအပ်နှံမယ်ဆိုရင်ဖြင့် ( 10% Discounts....)

- လူဟောင်းတွေအတွက်လဲ အစီအစဉ်လေးတစ်ခုရှိပါသေးတယ်...
ကိုယ့်သူငယ်ချင်းဖြစ်ဖြစ် မိသားစုဖြစ်ဖြစ် အသိမိတ်ဆွေဖြစ်ဖြစ် ခေါ်လာမယ်ဆိုရင်တော့ 10% Discounts ရမှာနော်...🏋️‍♀️🏋️‍♂️🏋️‍♀️

🏋‍♀🏋‍♂😮
wow
ကဲ တွေဝေမနေနဲ့ တနေ့တာလှုပ်ရှားမှု့တွေထဲကမှ့
တစ်ရက် ၁နာရီခွဲလောက်အချိန်ပေးရုံနဲ့
ကျန်းမာရေးအတွက်ကော ခန္ဓာကိုယ်ပါ
သွယ်လှလှလေးဖစ်လာမှာနော်
ဘာဆေးညာဆေးတွေအစား ကိုယ်တိုင်ကြိုးစားမှု့ကြောင့်
ဘေးထွက်ဆိုးကျိုးမရှိတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်ဖို့
အခု့ပဲလှမ်းလာခဲ့ပါနော်...

အမှတ် 601(က) ဆင်ကန်လမ်း၊ ဂတ်တန်းဂွေ့မှတ်တိုင်အနီး၊ မဟာသုခ ရပ်ကွက် ၊ ကျောက်တန်းမြို့။
Ph- 09951235000 / 0976152440
အားဆက်သွယ်ရျ်သိလိုသမျှ
မေးမြန်းနိုင်ပါတယ်ခင်ဗျာ. . .
😍😍

20/07/2019

2 လကြာပြီနောက် ဗိုက်ပြုတ်သွားသော ညီလေးကောင်းမြတ်နိုင် congratulation

Photos from EXCEL's post 21/06/2019

Excel gym မှာ 1လကြာပြီးနောက် ပြောင်းလဲသွားသော ညီလေးသက်ပိုင်စိုး Congritulation

Want your business to be the top-listed Gym/sports Facility in Kyauktan?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 601(A), Sin Kan Road, Near KaTanKwe Bus Stop, Ma Har Thu Kha Ward, Kyauttan Township
Kyauktan

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00