Aye Mee-Offline & Online Business

Directions

Aye Mee-Offline & Online Business Over 40 တယောက်ရဲ့ အိမ်ထောင်ရေး စီးပွါးရေး နဲ့
အေးချမ်းစေသော အကြောင်းအရာများကို မျှဝေမှု

17/09/2026

ကျေးဇူးတင်စွာဖြင့်….


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

14/09/2026

ဆိုင်မှာ အတူရောင်းကူနေတဲ့ ကလေးမလေးကို ဗျူးလိုက်တော့….


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

10/09/2026

အဆိုးထဲမှာ အကောင်းအမြဲရှိတယ်😍
မြင်တတ်ဖို့တော့ လိုမယ်ရှင့်🥰


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

03/09/2026

ကိုယ့်ကို အေးချမ်းစေတဲ့ အချက်နှစ်ချက်..


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

02/09/2026

ဘာမှ မလုပ်ချင်တော့တဲ့အထိ စိတ်ညစ်ဖူးပေမယ့်လည်း…..


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

🫶
31/08/2026

🫶

🍀လွှမ်းမိုးမှုပြသနာ🍀
( မိသားစုရေးရာဆောင်းပါး)

#ပုညခင်

ဒီစာကို ဖတ်နေတဲ့သူဟာ သားသမီးလား ။ မိဘလား ။ နှစ်ခုလုံးလား ။ ကိုယ်က သားသမီးအပေါ် လွှမ်းမိုးချင်တဲ့မိဘလား ။ မိဘလွှမ်းမိုးတာ ခံနေရတဲ့သားသမီးလား ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်သူကို အကျိုးဖြစ်ထွန်းစေမယ်ထင်လို့ ဒီစာကိုရေးပါတယ် ။ ကျွန်မတို့နိုင်ငံယဉ်ကျေးမှုအရ မိဘဆိုတာ အနန္တော အနန္တ ငါးပါးစာရင်းဝင်မို့ မိဘကို ဝေဖန်တာ ၊ မိဘအမှားကိုထောက်ပြတဲ့စာမျိုးထက် မိဘကျေးဇူး မြင်းမိုရ်ဦးကိုဖော်ကျူးတဲ့ စာပေရုပ်ရှင်တွေသာ မြန်မာ့ လူမှုဝန်းကျင်ကို အများဆုံး လွှမ်းမိုးပါတယ် ။ ဒါ့ကြောင့်တစ်ခါတစ်ရံမှာ ဒီလိုဆောင်းပါးမျိုး လိုအပ်တယ်ထင်လို့ရေးဖြစ်ပါတယ် ။

မိဘတွေဟာ သားသမီးကို ကိုယ်ကမွေးထုတ်ပြီး ပလူမွေးပလူတောင်ဘဝကစပြီး ပြုစုစောင့်ရှောက်ခဲ့ရတဲ့အတွက် ပင်ကိုယ်သဘာဝကကို သားသမီးအပေါ်မှာ လွှမ်းမိုးနိုင်ပါတယ် ။ ဒါပေမဲ့ သားသမီးကြီးပြင်းလာတဲ့အခါ လွှမ်းမိုးမှုကို လျှော့ချဖို့မေ့လျှော့သူတွေလည်းရှိတတ်ပါတယ် ။ အခု ပြောမှာက လွှမ်းမိုးမှုလျှော့ချဖို့မေ့လျှော့တတ်တဲ့ မိဘတွေအကြောင်းပါ ။

၁။ မိဘတွေကိုက ထက်မြက်သူတွေ ကြီးမြတ်သူတွေ မိမိတို့ဘဝကို အောင်မြင်ကြီးပွါးအောင်စွမ်းဆောင်နိုင်သူတွေဖြစ်ကြတဲ့အခါ သားသမီးကို ကိုယ့်လောက်မတော်မတတ် မစဉ်းစားတတ်တဲ့ ကိုယ့်အောက်ကလူတွေလို့ပဲ အမြဲမြင်ပြီး အမြဲ သားသမီးဘဝကို လွှမ်းမိုးကြီးစိုးခြယ်လှယ်ချင်တာမျိုးပါ ။ သားသမီးအကြံဥာဏ်ဆို အမြဲပယ်ချ ၊သားသမီးကို ဘယ်တော့မှ ရှေ့တန်းမတင် ၊အမြဲ ကိုယ့်နောက်မှာသာ ထားချင်တာမျိုးပါ ။

၂။ နောက်တစ်မျိုးကတော့ ကိုယ်ကလည်း သားသမီးအပေါ် ရှေ့ဆောင်လမ်းပြမဖြစ်ခဲ့၊ မိဘဝတ္တရားလည်း မကြေခဲ့ ။ကောင်းရာမွန်ရာလည်း လမ်းညွှန်မပြသခဲ့တဲ့အပြင် သူ့ဘဝရဲ့မကျေနပ်ချက်တွေကို သားသမီးအပေါ်မှာ စိတ်ထွက်
ပေါက်အဖြစ်အသုံးချပြီး သူ့ဒေါသကိုပုံချရိုက်ပုတ်ဆဲဆိုတတ်သူ ၊ သားသမီးတက်လမ်းကို သူလုပ်မပေးနိုင်တဲ့အခါ သားသမီးက သူ့ဘာသာကြိုးစားအားထုတ်ရင်လည်း သားသမီးတက်လမ်းကို ပိတ်ဆို့တားဆီးတတ်သူပါ ။ ဒီလိုလူမျိုးက သားသမီးကို လွှမ်းမိုးချင်တဲ့ ပြသနာကတော့ အတော်ကို ဆိုးပါတယ် ။ ကိုယ်ကလည်း သားသမီးလောက် အရည်အချင်းအစွမ်းအစနဲ့တာဝန်ယူမှုမရှိဘဲ သူ့မှာမရှိတဲ့အရည်အချင်းတွေရှိနေပြီး သူ့ထက် တွေးခေါ်မျှော်မြင်တတ်တဲ့သားသမီးအပေါ် သူ့ဩဇာသက်ရောက်လွှမ်းမိုးဖို့ကြိုးစားလို့ မအောင်မြင်တဲ့အခါ ဒေါသတွေ မကျေနပ်ချက်တွေနဲ့ပူလောင်နေတတ်သူမျိုးပါ ။ သူ့အကြံဥာဏ်ကိုမနာခံဘဲ အောင်မြင်ပြည့်စုံလာတဲ့သားသမီးအပေါ်မှာ မနာလိုစိတ်ပါဖြစ်လာပြီး သားသမီးရဲ့ပြည့်စုံမှုအပေါ်မှာ ဝမ်းမြောက်မပေးနိုင်တော့သူ ၊ သားသမီးက တောက်ပလေ သူကသိမ်ငယ်လေ သူ့ဘဝသူမကျေမနပ်နဲ့ သားသမီးကို အနှောင့်အယှက်ပေးလေ ဖြစ်လာတာမျိုးပါ ။ ဒီလိုမိဘမျိုးကတော့ ရှိတော့ရှိပေမယ့်ရှားမှာပါ

၃။ နောက်မိဘတစ်မျိုးကတော့ သားသမီးတွေကို လွှမ်းမိုးဖို့ကြိုးစားရင်း သားသမီးတွေကိုအမြဲ မျက်နှာငယ်စေသူပါ ။ သားသမီိးတွေရဲ့ဘဝကို သူ လွှမ်းမိုးချုပ်ကိုင်လို့မရတော့တဲ့အခါ သူ့ဘဝကိုလည်း သားသမီးတွေက လွှမ်းမိုးတာကို မခံတော့ဘဲ အမြဲ သားသမီးကိုဆန့်ကျင်တော့တာပါ ။ နေမကောင်းလို့ ဆေးခန်းခေါ်ရင်မလိုက် ၊ ဒီဆေးသောက်ဆိုမသောက် ၊ သားသမီးတွေက ဘယ်လောက်ကောင်းအောင်လုပ်ပေးလုပ်ပေး အများအမြင်မှာ တော့ သားသမီးတွေက လုပ်မပေးလို့ သူ့မှာ ဒုက္ခရောက်ရသယောင်သနားစဖွယ်ပြုမူတတ်ပြီး ကွယ်ရာမှာသားသမီးတွေကို စိတ်
အကြမ်းဖက်အကြပ်ကိုင်တတ်သူ ၊ သားသမီးအပေါ်မှာမရိုးသားသူပါ ။ ဒီလိုမိဘမျိုးကလည်း ရှိပေမဲ့ ရှားနိုင်ပါတယ် ။

မိဘတွေဟာ သားသမီးမွေးဖွားလာတဲ့အခါ ဘာဆိုဘာမှ မသိနားမလည်သေးတဲ့ သားသမီးလေးတွေကို ပြုစုပျိုးထောင်ရတာပါ ။ ကိုယ် ပုံသွင်းချင်သလိုသွင်းလို့ရနိုင်တဲ့ ပျော့ပြောင်းနူးညံ့တဲ့ ရွှံ့တုံးကလေးများပေါ့ ။

အသက်အရွယ်အိုမင်းလာပြီဖြစ်တဲ့ မိဘများကတော့ ဘဝတစ်လျှောက်လုံး သယ်ပိုးလာကြတဲ့ ကုသိုလ် အကုသိုလ် အဖြစ်အပျက်များစွာ အမှတ်တရများစွာ စိတ်ဒဏ်ရာများစွာနဲ့မာကျစ်ခဲနေတဲ့ ကျောက်စိုင်ကျောက်သားတွေလိုမို့ တူနဲ့ထုတောင်ပုံသွင်းဖို့ မလွယ်ကူတော့ပါဘူး ။

တချို့မိဘတွေဟာ အသက်အရွယ်ကြီးလို့ စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဆုတ်ယုတ်သွားတဲ့အချိန်မှာ ကလေးလေးလိုပြန်ဖြစ်သွားပါတယ် ။ ဒီလိုမိဘမျိုးကိုတော့ သားသမီးက ချစ်စနိုးနဲ့တဖန်ပြန်လည်ယုယနိုင်ကြပါတယ် ။

တချို့မိဘတွေက အဲ့ဒီလိုဆုတ်ယုတ်သွားတဲ့အချိန်မှာ ငယ်စဉ်ကတည်းက စုလာတဲ့မကျေနပ်ချက်တွေ ဒေါသတွေကို ဖောက်ခွဲပြီး ဒေါသကြီးကြမ်းတမ်းလာတတ်ကြပါတယ် ။ ဒီလိုမိဘမျိုးအတွက်တော့ မိသားစုထဲက တစ်ယောက်ယောက်က အနားမှာအမြဲ စိတ်ရှည်သည်းခံနေပေးပြီး စတေးပေးဆပ်ကြရလေ့ရှိပါတယ် ။ ဒီလိုလူတွေဟာ caregiver burnout ဖြစ်ပြီး သူ့ဝေဒနာက သူပြုစုရသူရဲ့ဝေဒနာထက် ပိုဆိုးသွားတတ်ပါတယ် ။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘဝကံ အကျိုးပေးမတူကြပါဘူး ။ တချို့သားသမီးတွေက မိဘရဲ့နွေးထွေးတဲ့ရင်ခွင်မှာ ကြီးပြင်းလာကြရပေမဲ့ တချို့သားသမီးတွေကတော့ မိဘရဲ့ဒေါသနဲ့အလိုမပြည့်မှုတွေကို ခံယူရတဲ့ အမှိုက်ပုံးတွေလိုကြီးပြင်းလာရပါတယ် ။ ကြီးပြင်းပုံမတူညီကြတဲ့အတွက် တုန့်ပြန်တွေးခေါ်ပုံနဲ့ ခံစားချက်တွေ မတူညီကြပါဘူး ။

မိဘတွေမှာလည်း ကံအမျိုးမျိုးရှိကြပါတယ် ။ တချို့မိဘတွေက သားသမီးအပေါ် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အမှိုက်ပုံးလုပ်ခဲ့ပေမဲ့ သိတတ်လိမ္မာ အသိဥာဏ်ကြီးတဲ့သားသမီးတွေက ခွင့်လွှတ်ပေးပြီး သားသမီးဝတ္တရားနဲ့အညီ ပြန်လည်သိတတ် နွေးထွေးစောင့်ရှောက်ကြပါတယ် ။ တချို့မိဘများကျတော့ သားသမီးအပေါ် အကောင်းဆုံးပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း သားသမီးအကျိုးကိုပြန်လည်မခံစားကြရပါဘူး ။ ကိုယ်စိုက်ပျိုးသလိုပြန်လည် ရိတ်သိမ်းရတယ်ဆိုတာ သံသရာတလျှောက်ကိုထည့်မတွက်ဘဲ လက်ရှိအခြေအနေအရ တွက်ဆရင်တော့ အမြဲမမှန်တတ်ပါဘူး ။

တကယ်တော့ ဘဲဥအစ ရှာမရသလို သံသရာလည်နေတတ်တာဟာ မိဘနဲ့သားသမီး ဆိုတဲ့ စက်ဝိုင်းကြီးပါ ။ ငယ်စဉ်ဘဝကလည်း မိဘရဲ့အကျိုးကျေးဇူးကို မခံစားရသူတွေ ၊ မိဘရဲ့အမှိုက်ပုံး ဖြစ်ခဲ့သူတွေ ၊ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေကြရတဲ့သားသမီးတွေဟာ အသက်အရွယ်ကြီးရင့်လာပြီး ဘာကိုမှ အလိုမကျ အော်ဟစ်ဆူပူဒေါသထွက်နေတဲ့မိဘတွေကို စိတ်မရှည်ဖြစ်ကြရတာကို မိဘရဲ့နွေးထွေးတဲ့ရင်ခွင်မှာကြီးပြင်းခွင့်ရသူတွေက နားမလည်နိုင်ကြပါဘူး ။ အဲ့ဒီလို ဘဝဒဏ်ရာစိတ်ဒဏ်ရာပြည့်နှက်နေခဲ့တဲ့သားသမီးတွေဟာ ဘဝကိုခက်ခဲစွာရုန်းကန်လာကြရတဲ့အပြင် အိုမင်းပြီးအလိုမကျမှုတွေများနေတဲ့ မိဘဝန်ကိုပြန်ထမ်းရတဲ့အခါ ဒေါသတွေနဲ့ပူလောင်ကြရပြီး သူတို့သားသမီးတွေအပေါ်မှာလည်း ကောင်းစွာမစောင့်ရှောက်နိုင်တော့တဲ့အခါ ဒီသံသရာစက်ဝိုင်းကြီးဟာ အဖန်ဖန်လည်ရတော့တာပါ ။ တချို့သားသမီးများကသာ ဒီသံသရာစက်ဝိုင်းကြီးကိုဖောက်ထွက်ပြီး ကိုယ့်မိဘနဲ့ခြားနားတဲ့ မိသားစုဘဝကိုထူထောင်နိုင်ကြပါတယ် ။

လူတွေရဲ့ဘဝမှာ ပြသနာတစ်ခုခုကြံုလာတဲ့အခါ အား ၃ အားနဲ့ဖြေရှင်းကြရပါတယ် ။ ငွေအား ၊ လူအား ၊ ချစ်ခြင်းမေတ္တာနဲ့ဥာဏ်ပညာအားပါ ။ ဒီအားတွေထဲက တစ်ခုဖြစ်စေ အားလုံးနဲ့ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရတာမျိုးပေါ့ ။ ဒါပေမဲ့ တချို့မိသားစုတွေထဲမှာတော့ ဘယ်လိုအားမျိုးနဲ့မှ မဖြေရှင်းနိုင်လို့ လက်မှိုင်ချရတဲ့ ရှင်းပြလို့မရနိုင်တဲ့ ပြသနာတွေရှိတတ်ပါတယ် ။

ကမ္ဘာတစ်ဝှမ်းမှာ မိဘတွေဟာ သားသမီးတွေရဲ့အနာဂါတ်ကို ဖန်တီးနေကြသလို သားသမီးတွေဟာလည်း မိဘရဲ့အတိတ်ကို လက်ခံနေကြရပါတယ် ။ တချို့မိဘတွေက သားသမီးတွေရဲ့အနာဂါတ်အတွက်ခွန်အားပေးလိုက်ပြီး တချို့မိဘတွေကတော့ ဒဏ်ရာပေးလိုက်ပါတယ် ။

မိဘရဲ့အတိတ်ကို လက်ခံရတဲ့ သားသမီးတွေထဲမှာလည်း တချို့က မိဘဆီကရဖူးတဲ့အေးမြတဲ့မေတ္တာခွန်အားနဲ့မိဘကို စိတ်ရှည်သည်းခံနွေးထွေးစွာစောင့်ရှောက်နေကြသူတွေရှိသလို မိဘပေးတဲ့ဒဏ်ရာတွေကိုလွယ်ပိုးရင်း နာကျင်စွာစောင့်ရှောက်နေရသူတွေလည်းရှိပါတယ် ။

သားသမီးဟာ ဘယ်လောက်ပဲကြီးကျယ်မြင့်မြတ်ထက်မြက်နေပါစေ မိဘသွေးသားကဆင်းသက်ရသူမို့ အနည်းနဲ့အများဆိုသလို မိဘရဲ့လွှမ်းမိုးမှုကိုခံကြရပါတယ် ။ ကိုယ်လက်မခံနိုင်တဲ့အရာတွေနဲ့လွှမ်းမိုးဖို့ကြိုးစားလာတဲ့မိဘကိုဆန့်ကျင်ရတဲ့အခါ ပင်ပန်းခက်ခဲနာကျင်ဝမ်းနည်းကြရပါတယ် ။ မိဘကို ချစ်မြတ်နိုးတန်ဖိုးထားရတာကတစ်ဖက် ၊ နည်းလမ်းမကျတဲ့မိဘရဲ့လွှမ်းမိုးမှုကိုလက်မခံနိုင်တာကတစ်ဖက် လွန်ဆွဲဗျာများကြရပါတယ် ။

လွှမ်းမိုးမှုပြသနာဟာ မိသားစုတွေကို နာကျင်စေပါတယ် ။

တချို့သော နာကျင်မှုတွေကို နာကျင်ဖူးသူတွေပဲ နားလည်နိုင်ကြပါတယ် ။

ဒါပေမဲ့လည်း မိဘနဲ့သားသမီးတွေကြားမှာ ဘယ်လိုပဲ နာကျင်စရာဇာတ်ကြောင်းတွေရှိခဲ့ရှိခဲ့ သွေးသားအမျှင်သံယောဇဉ်မေတ္တာဓာတ် ရစ်ပတ်ကိန်းအောင်း
ဖူးခဲ့လေတာမို့ တစ်နေ့သောအခါ ပြန်လည်လွမ်းဆွတ် တမ်းတကြရစမြဲပါ ။

မလွမ်းခင်လေးမှာပျော်ကြရအောင် သားသမီးဖြစ်စေ မိဘဖြစ်စေ တစ်ယောက်ကိုတစ်ယောက်က မနာကျင်စေဘဲ အသိ သတိလေးနဲ့ ဘဝနေ့ရက်တွေကို ဖြတ်သန်းကြရအောင်ပါ ။

အရုဏ်ဦးမှာပွင့်တဲ့ပန်းကလေးတွေကို လှပမွှေးပျံ့အောင်ပြုစုပျိုးထောင်ရင်း လှပတဲ့နေဝင်ချိန်တွေဆီ တရွေ့ရွေ့ သွားကြရအောင်ပါ ။

#ပုညခင်
30.8.2026

30/08/2026

စီနီယာ ဆိုတော့ သူငယ်ချင်းဆွေကမေးကြတဲ့ မေးခွန်းကတော့….


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

27/08/2026

ကိုယ်တွေ့ အကြံလေးပေးကြည့်မယ်ရှင့်😊


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

24/08/2026

Page cb ထိမေးမြန်းထားတာလေးကို….ဖြေပေးမယ်ရှင့်😊


#တိုးတက်စေလိုသောစိတ်ဆန္ဒဖြင့်

Address

Lashio

Website

Alerts

Be the first to know and let us send you an email when Aye Mee-Offline & Online Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category