Biz-Dev Pillars Group

Biz-Dev Pillars Group

Share

စီးပွားရေးလုပ်ငန်းတွေ ပြောင်းလဲချိ

ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ
မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ်ပြီးမှ ကိုယ့်ရဲ့
ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
ကျောင်းကနေခွာတာနဲ့ လခကောင်း မရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

02/03/2022

အကြပ်အတည်းကာလဦးဆောင်မှု “Resilient Leadership” အခမဲ့ဆွေးနွေးပွဲ

မြန်မာ့နိုင်ငံသည် လတ်တလောကာလတွင် အခက်ခဲဆုံး၊ အမှောင်မိုက်ဆုံး ကာလတခုကို ဖြတ်သန်းနေရချိန်ဖြစ်ပါသည်။ အခုကဲ့သို့အချိန်တွင် အပြောင်းအလဲများကို ပူးပေါင်းဆောင်ရွက်နိုင်စေရန် အကြပ်အတည်းကာလဦးဆောင်မှု “Resilient Leadership” မိတ်ဆက်ဆွေးနွေးပွဲကို အတွေ့အကြုံရင့် ဆရာမ Makiko Imaiမှ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အခက်အခဲကာလမှသည် ပိုမိုကောင်းမွန်သော အနာဂတ်အသစ်ကို ဖန်တီးတည်ဆောက်လိုသည့် ခေါင်းဆောင်များ၊ လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများအတွက် အထူးတက်ရောက်သင့်သည့် ဆွေးနွေးပွဲဖြစ်ပါသည်။

ယခုဆွေးနွေးပွဲတွင်
▪️ Cultivate resilient mindset - ကြံခိုင်သော စိတ်အခြေအနေကို ဘယ်လိုမွေးမြူမလဲ
▪️ Develop emotional intelligence - စိတ်ခံစားချက်ဆိုင်ရာ အသိဉာဏ် ( EQ) ကို ဘယ်လိုတည်ဆောက်မလဲ
▪️ Prevent burnout - ပင်ပန်းနွမ်းနယ်မှုကို ဘယ်လိုကာကွယ်မလဲ
▪️ Develop collaborative communication Skill - ပူးပေါင်းဆောင်ရွက်နိုင်သော ဆက်သွယ်ပြောဆိုမှုအရည်အချင်း ဘယ်လိုတည်ဆောက်ကြမလဲ။ စတဲ့အပိုင်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဆရာမ Makiko Imai အနေဖြင့် CNVC (Center for Non-violent Communication) Certified Trainer တစ်ဦးဖြစ်ပြီး Empathic leadership (ကိုယ်ချင်းစာစိတ်ဖြင့် ဦးဆောင်ခြင်း) အပိုင်းတွင် ကျွမ်းကျင်သူနှင့် အကြံပေးနည်းပြတစ်ဦးလည်း ဖြစ်ပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်ခဲ့သူ တဦးဖြစ်ပါသည်။

ဆွေးနွေးပွဲနေ့ရက်/အချိန် - မတ်လ ၈ရက်နေ့ ည ၇နာရီမှ ၈နာရီခွဲအထိ
ပြုလုပ်မည့်နေရာ - Zoom
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ ဖောင်မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
https://forms.gle/LrnhEDZgWQRDBAsu5

(သတင်းစကားမျှဝေပေးခြင်း ဖြစ်ပါသည်)

01/03/2022

အကျိုးသုံးမျိုး (3Es)

လွန်ခဲ့သော ၇ နှစ်ကရေးခဲ့ပေမဲ့ အခု လက်ရှိကာလတိုင်သည်အထိ ဘောင်ဝင် Valid ဖြစ်နေသည့် လုပ်ငန်းခွင်တွေရဲ့ Concepts အယူအဆလေးများပါ....

1. Efficiency အကျိုးရစွမ်းရည်
2. Effectiveness အကျိုးဖြစ်ရလာဘ်ထိရောက်မှု
3. Efficacy အကျိုးဖြစ်ရင်းမြစ်အရည်အသွေး

ဒီဆောင်းပါးရေးခဲ့စဉ်က ကျနော်လက်လှမ်းမှီသလောက်သောမြန်မာဝေါဟာရလေးများနှင့် ဘာသာပြန်ပေးခဲ့တာမှာ ပြည့်စုံလုံလောက်မှုအားနည်းခဲ့လို့ ယခုထပ်မံဖြည့်ဆည်းပေးလိုက်ပါတယ်...

Efficiency ရဲ့အဓိပ္ပါယ်ပြန်ဆိုမှု "အကျိုးရစွမ်းရည်" ဆိုတာကတော့ ပြည့်စုံပါတယ်... ထပ်မံပြင်ဆင်ဖို့မလိုလောက်ပါဘူး....

Effectiveness ကို အဓိပ္ပါယ်ပြန်ဆိုရာမှာကတော့ "အကျိုးဖြစ်ထွန်းမှု" ဆိုတာကတော့ သိပ်လုံလောက်ပုံမပေါ်ဘူး... သိပ်မပြည့်စုံဘူးလို့ ခံစားရပါတယ်... သူက လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းဦးတည်ချက် Mission, Vision, Objectives စတာတို့နဲ့တိုက်ရိုက်ပတ်သက်နေပါတယ်... လုပ်ငန်းရဲ့ဆောင်ရွက်မှုတွေဟာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ဦးတည်ချက် ရည်မှန်းချက်တွေရဲ့လိုရင်းအဓိပ္ပါယ်နဲ့ကိုက်ညီမှုရှိ/မရှိ၊ မူရင်းဦးတည်ချက်၊ ရည်ရွယ်ချက်များကရော စီးပွားလုပ်ငန်းတို့ရဲ့အဓိပ္ပါယ်ရှိ/မရှိ၊ ဒါကို Purposeful အဓိပ္ပါယ်ပြည့်ဝသောလုပ်ငန်း လို့ခေါ်တာပေါ့။ ဒါကြောင့် Effectiveness ဆိုတာဟာ " အကျိုးဖြစ်ထွန်းမှု" ဆိုတာထက်၊ "အကျိုးဖြစ်ရလာဘ်ထိရောက်မှု" ဆိုရင်ပိုမိုပြည့်စုံလေမလားလို့ ယူဆမိလို့ပါ...

နောက်တစ်ခုကတော့ Efficacy: Efficacy ကျတော့ အဲဒီတုံးက ကျနော်ဘာသာပြန်ထားတဲ့ "လိုရင်းအကျိုးပြီးမြောက်မှု" ဆိုတာက တော်တော်လေးကိုဝေးနေပါတယ်... Ends & Means ရဲ့ concept အပေါ်အခြေခံတာကတော့မှန်ပါတယ်... ဒါပေမဲ့စကားလုံးရွေးချယ်မှုက သိပ်မထိရောက်သလိုဘဲ... Effectiveness ကတော့ Ends တွေနဲ့ပိုပါတ်သက်သလို... Efficacy ဆိုတာကတော့ Means တွေနဲ့ပိုပါတ်သက်ပါတယ်... Means တွေဖြစ်တဲ့ (Finance, Manpower, Technology, Technical know-how, Methods, Processes, Policies, etc.) တို့ရဲ့ အရည်အသွေး၊ စွမ်းဆောင်နှိုင်ရည်၊ Talent, Skills, Competencies, စသည်တို့တွေဟာ လုပ်ငန်းအဖွဲ့အစည်းရဲ့ Efficacy များပါဘဲ... ဒါကြောင့် ကျနော်ကတော့ "အကျိုးဖြစ် ရင်းမြစ်အရည်အသွေး" လို့ ပြောင်းလဲပြန်ဆိုလိုပါတယ်...

တခြားပညာရှင်များ ဆီလျော်ချောမွေ့စွာ ဘာသာပြန်ထားတာများရှိခဲ့ကြရင်လည်း မျှဝေပေးကြပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ...

ဘိုသန်း
1 Mar 2022.

21/12/2021

ဘယ်အချိန်မှာ လုပ်ငန်းကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းစတင်လုပ်ဆောင်ရမလဲ???
===========

လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအား အဘယ်ကြောင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမလဲ၊ ပြုလုပ်သင့်သလဲ၊ ဆိုတာကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သော်လည်း အချိန်ကိုက်လုပ်ဆောင်ရန်အတွက် တွန့်ဆုတ်နေတတ်ကြသည်။ Risk ယူလည်းယူနိုင်ပြီး ယူလည်းယူရဲသည့်သူများအတွက်မူ မည်သည့်အချိန်သည် အချိန်ကောင်းဖြစ်သည်ဟု စဥ်းစားနေစရာမလိုပါ။ ထိုလုပ်ငန်းရှင်များကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဥ်ကို စတင်ပြီး လုပ်ဆောင်နေလောက်ပါပြီ။ သို့သော် အခုလက်ရှိတွင် လုပ်ငန်းအား ဒီဂျစ်တယ်ကမ္ဘာသို့ ခြေပစ်ဝင်ရန် စဥ်းစားဆဲဖြစ်နေသော လုပ်ငန်းရှင်များအတွက်ကတော့ စာရေးသူအနေဖြင့် ဤဆောင်းပါးတွင် လုပ်ငန်းတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို မဟာဗျူဟာအဖြစ် ဘယ်အချိန်စတင်အသက်သွင်းရမလဲဆိုတာကို အာရုံစိုက်သွားပါမည်။

ဒီဂျစ်တယ်လောကမှ သင်ခန်းစာတစ်ခု။ ကုမ္ပဏီတစ်ခုတည်းက ‘လက်လီ’ဈေးကွက်ကို ဘယ်လို ဝါးမျိုနေသလဲ?

လက်လီလောကမှာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ဒုနဲ့ဒေးပါ။ ၎င်းတို့ထဲမှာမှ လူသိအများဆုံးကတော့ ၁၉၆၂ ခုနှစ် အမေရိကန်နိုင်ငံ၊ အာကန်စက်စ်ပြည်နယ် စတင်တည်ထောင်ခဲ့တဲ့ Walmart နှင့် ၁၉၀၂ ခုနှစ် အမေရိကန်နိုင်ငံ၊ မီနီဆိုတားပြည်နယ်ကနေစတင်ခဲ့တဲ့ Target တို့ပဲဖြစ်ပါတယ်။ ၎င်းတို့ဟာ လက်လီလောကမှာဆိုရင် လုံးဝ မပြိုလဲတော့ဘူးလို့ ယူဆရလောက်အောင် ခိုင်မာတဲ့ သမားရိုးကျ လက်လီရောင်းဝယ်ရေး ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ မပြိုလဲတော့ဘူးလို့ ယူဆရအောင်လည်း ၎င်းတို့ လုပ်ငန်းဝင်ငွေက ကြောက်ခမန်းလိလိပါပဲ။ ၂၀၂၀ ခုနှစ်မှာဆိုရင် ကိုဗစ်ဖြစ်နေတာတောင်မှ Walmart ရဲ့ ဝင်ငွေဟာ ၅၂၃.၉ ဘီလီယံဒေါ်လာအထိ ရှိခဲ့ပြီး Target ကတော့ Walmart ထက် နည်းပေမယ့် ၂၀၂၀ အတွက် ၉၃.၅ ဘီလီယံဒေါ်လာအထိ ရှာနိုင်ခဲ့ပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့အလျောက် လုပ်ငန်းစရိုက်၊ လုပ်ငန်းကဏ္ဍတွင်း အသိပညာ၊ လုပ်ငန်းကို ဘယ်လို အကောင်းဆုံးဖြစ်အောင် လည်ပတ်ရမလဲ၊ လုပ်ငန်း efficiency မြင့်အောင် ဘယ်လိုလည်ပတ်ရမလဲဆိုတာတွေကို ထုံးလိုမွှေ ရေလိုနှောက် ကျွမ်းကျင်နားလည်ကြသူတွေပါ။ သို့သော် မကြာသေးမှီကပဲ Amazon ဟာ ၎င်းတို့ နှစ်ဦးစလုံးကို လုံးဝကျော်တက်သွားပါပြီ။ ငွေရေးကြေးရေးဆိုင်ရာ သုသေတန လုပ်ငန်းတစ်ခုဖြစ်တဲ့ FactSet ကတော့ စားသုံးသူများအနေဖြင့် ၂၀၂၀၊ ဇွန်လ မှ ၂၀၂၁၊ ဇွန်လ အထိ ကာလအတွင်း ၆၁၀ ဘီလီယံဒေါ်လာအထိ Amazon မှာ ဝယ်ယူခဲ့ကြပြီး Walmart မှာတော့ ၅၆၆ ဘီလီယံအထိ သုံးစွဲခဲ့ကြတယ်လို့ ခန့်မှန်းထားပါတယ်။ နည်းပညာလုပ်ငန်းဖြစ်တဲ့ Amazon ကို Walmart အနေနဲ့ လိုက်နိုင်ဖို့ကတော့ တော်တော်မလွယ်ကူတော့ပါ။ Walmart ကတော့ လုပ်ငန်းကြီးပီပီ ငွေလည်းပေါတဲ့အတွက်ကြောင့် Walmart Plus ဆိုပြီး အနောက်မှ လိုက်လုပ်နေပါတယ်။ သို့သော် Amazon ရဲ့ ရှေ့နှစ်ပေါင်းများစွာက သင်ယူထားခဲ့တဲ့ သင်ခန်းစာတွေကို အခုမှ သူက လေ့လာရမှာဆိုတော့ Amazon ကို လိုက်မှီရန် စာရေးသူအထင်ကတော့ သိပ်တော့ မလွယ်လှပါ။ Walmart လုပ်ငန်းဟာလည်း ရှည်ကြာလှပြီဖြစ်တဲ့အတွက် တောင့်နေတဲ့လုပ်ငန်းတွင်းလည်ပတ်ပုံ၊ လုပ်ငန်းတွင်းယဥ်ကျေးမှုတွေဟာ နည်းပညာရဲ့အဟုန်ကို အမှီလိုက်နိုင်ရန် ဦးဆောင်သူတွေအဖို့ အင်မတန်ရုန်းကန်ရဦးမှာပါ။ ဤနေရာမှာ သတိထားရမှာက Amazon သည် ၁၉၉၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ Amazon Prime ကို ၂၀၀၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၁၇၅ သန်း အထိ ရှိပါတယ်။ ရှေ့တွင် ဖော်ပြထားသလို Amazon Prime နဲ့ ပုံစံတူတူဖြစ်တဲ့ Walmart Plus ကို Walmart က ဘယ်အချိန်စတင်မိတ်ဆက်ပါသလဲ??? စက်တင်ဘာလ၊ ၁၅ ရက်နေ့၊ ၂၀၂၀ ကျမှသာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Amazon Prime ထက် Walmart Plus ဟာ ၁၄ နှစ် နောက်ကောက်ကျကျန်နေခဲ့ပါတယ်။ Walmart က Amazon လို မလုပ်တတ်ခဲ့လို့လား? လုပ်ဖို့ ငွေမရှိခဲ့လို့လား? နည်းပညာ မရှိလို့လား? တစ်ခုမှ မဟုတ်ပါဘူး။ ငွေက နှစ်စဥ် အဟန့်အတားမရှိဝင်နေလေတော့ မလိုအပ်ဘူးလို့ သုံးသပ်ခဲ့ဟန် တူပါတယ်။ လုပ်ငန်းကဏ္ဍထဲမှာ လှုပ်ခါခံလိုက်ရတဲ့အချိန်ကျမှ ပြာပြာသလဲ ဖြစ်ကုန်ကြတာပါ။ ရေစီးကြောင်းပြောင်းနေချိန်မှာ ရေစီးကြောင်းကို အထင်မသေးပါနဲ့။ လိုအပ်တဲ့ အချိန်မှာသာ ကုန်းရုန်းထလုပ်မယ်ဆိုရင်တော့ Walmart လိုပဲ သင် ဆယ်စုနှစ်တစ်ခု နောက်ကောက်ကျနေနိုင်ပါတယ်။

၉၀ ခုနှစ်များမှ မြန်မာနိုင်ငံတွင်း အသေးစားလုပ်ငန်းတစ်ခု

မြန်မာနိုင်ငံတွင်းမှာဆိုရင်တော့ လက်လီလောကမှာ ရေစီးကြောင်းအရွေ့တွေ တော်တော်များများမြင်ခဲ့ရပါတယ်။ နည်းပညာနှင့် ပတ်သက်၍ ထင်ရှားသော ဖြစ်စဥ်များ အသေးစိတ်မသိရှိသည့်အတွက် စာရေးသူ၏ ကိုယ်တွေ့အကြောင်းအရာလေးကိုသာ ဝေမျှပါရစေ။ စာရေးသူ၏ အဖိုးဖြစ်သူဟာ ၈၀ ခုနှစ်၊ ၉၀ ခုနှစ်များမှာ တစ်နိုင်တစ်ပိုင်စက်ရုံတည်ထောင်ကာ ကလေးဈေးကွက်ကို ဦးတည်တဲ့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ပုံမှန်သမားရိုးကျ ထုတ်ပိုးမှု၊ သမားရိုးကျဖြန့်ချိရေးစနစ်များကိုသာ အသုံးပြုပြီး ရောင်းချခဲ့တာဟာ တော်တော်လေးကိုခရီးပေါက်ခဲ့ပြီး အောင်မြင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သို့သော် City Mart ကဲ့သို့ Supermarket များ စတင်ပေါ်ပေါက်တဲ့ အရွေ့တစ်ခုမှာ အဖိုးဟာ လုပ်ငန်းကို ထိုအရွေ့များနှင့် လိုက်လံစီးမျှောဖို့ရာ ကြိုးစားခဲ့သော်လည်း ကျပ်သားစနစ်မှ ဂရမ်စနစ်ပြောင်းရမည့်ကိစ္စရပ်ကြုံသောအခါ လုပ်ငန်းတွင်း လုပ်ငန်းစဥ်အား ပြောင်းလဲရန်အတွက် အခက်အခဲဖြစ်ခဲ့သောကြောင့် City Mart ကဲ့သို့သော Supermarket များကို နောက်ထပ်ဆိုင်တစ်ခု၊ နောက်ထပ်ဖြန့်ချိရေးကိုယ်စားလှယ်တစ်ခု လို့သာ ယူဆခဲ့ပုံပေါ်ပြီး လုပ်ငန်း၏ ကျပ်သားသုံးစနစ်ကို ဂရမ်စနစ်သို့ မပြောင်းလဲခဲ့ပါဘူး။ (စာကြွင်း – ယခု အကြောင်းအရာသည် ထိုစဥ်အခါက ဖြစ်ပျက်ခဲ့သော အကြောင်းအရာဖြစ်ပါသည်။ ဆောင်းပါးတွင်ပါဝင်သော လုပ်ငန်းများ၏ ယခုလက်ရှိ ဖွဲ့စည်းပုံများနှင့် လုပ်ငန်းလည်ပတ်ပုံများမှာ ကွာဟချက်ရှိနိုင်ပါသည်။) စာရေးသူ၏ အဖိုး ကဲ့သို့ Supermarket revolution ကို ယာယီအဖြစ်သာ မြင်ခဲ့ကြသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင်းမှ အသေးစားလုပ်ငန်းရှင်များလည်း နည်းမည်မဟုတ်ပါ။ ထိုကဲ့သို့ အခွင့်အရေးကို အသုံးမချခဲ့မိသည့် လုပ်ငန်းရှင်များလည်း အားမလိုအားမရ စိတ် အခုချိန်အထိ အနည်းငယ်ကျန်နေဦးမယ်လို့ ထင်ပါသည်။ ထိုအချိန်က City Mart ကဲ့သို့ Supermarket များတွင် နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများသာ များသည့်အပေါ် သုံးသပ်ကြည့်လျှင် အရှေ့ကဖော်ပြသော အချက်ကို မီးမောင်းထိုးပြလျက်ရှိသည်။ လုပ်ငန်းရှင်များသည် Supermarket revolution အား အရှိန်အဟုန်ကောင်းလိမ့်မည်ဟု မထင်ခဲ့ကြသည်မှာ ထင်ရှားလှသည်။ နှစ်ပေါင်းကြာရှည်စွာရပ်တည်လာသော မြန်မာနိုင်ငံဖွားလုပ်ငန်းများလည်း ယခုအခါတွင် လုပ်ငန်းအား ပြန်လည်သုံးသပ်မျှော်မြင်တွေးဆနေကြရသည်။ ယခု ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းသည်လည်း Supermarket revolution နှင့် အသွင်သဏ္ဍာန်တူသော ရေစီးကြောင်းအရွေ့တစ်ခုဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်စေချင်ပါသည်။

ကိုဗစ်-၁၉ ကနေ အထွက် ဘာတွေကျန်ခဲ့မလဲ?

McKinsey က ၂၀၂၀ ခုနှစ် ကိုဗစ် ပြင်းထန်ချိန်များအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာတော့ ကိုဗစ်-၁၉ ကနေ ပြန်လည်ပြီး ရုန်းထွက်ပြီးသော်လည်း ၎င်းကြောင့် ကျန်ရှိခဲ့မည့် စားသုံးသူအရွေ့များကို ဖော်ပြထားပါသည်။ ၎င်းစစ်တမ်းကို အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဖော်ပြထားသော အရွေ့များသည် မြန်မာနိုင်ငံတွင်း စားသုံးသူအရွေ့နှင့်လည်း ဆင်တူနေသည့်အတွက် မှီငြမ်းတင်ပြလိုက်ရပါသည်။ ဖော်ပြထားသော စားသုံးသူအရွေ့များမှာ

ဒီဂျစ်တယ်ဈေးဝယ်ခြင်းသည် ဆက်လက်တည်ရှိနေဦးမည်။ ကိုဗစ်မဖြစ်ခင်ထက် အနည်းဆုံး ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ စားသုံးသူများဟာ အွန်လိုင်းမှတစ်ဆင့် ဈေးဆက်လက်ဝယ်နေကြဦးမည်ဖြစ်သည်။

Millennials များ နှင့် ဝင်‌‌ငွေမြင့်မားသူများသည် အွန်လိုင်းမှ ဈေးဝယ်သူများတွင် အများဆုံးဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် ပြင်းထန်သောကာလများတွင် လုပ်ငန်းရှင်များ အနေဖြင့် ဤအရာကို သတိထားမိလောက်မည်ဟု ယူဆပါသည်။ အဓိကအားဖြင့် ဝင်ငွေမြင့်မားသော မိသားစု အများစုမှာ အိမ်အတွက် ဟင်းချက်စရာများ ဝယ်ယူခြင်းကို အွန်လိုင်းမှ တစ်ဆင့် လုပ်ဆောင်ခဲ့ကြသည်ကို အများဆုံးတွေ့ခဲ့ရသည်။ ထိုသို့ ဝယ်ယူခြင်း behaviour သည် ဆက်လက်၍ ကျန်ရှိခဲ့နိုင်သည်။ Millennials များကတော့ အွန်လိုင်းမှ ဈေးဝယ်ခြင်းတွင် ဦးဆောင်နေသည်မှာ အဆန်းတော့မဟုတ်ပေ။

အခြား အရွေ့များကတော့ ယခုဆောင်းပါးနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဆက်စပ်မှုမရှိသည့်အတွက် ဆက်လက်မဖော်ပြတော့ပါ။ အသေးစိတ်ဖတ်ရှုလိုပါက The great consumer shift တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

ကိုဗစ်အလွန်တွင်လည်း စားသုံးသူများအနေဖြင့် ဒီဂျစ်တယ် အား ပုံမှန်ထက် ပို၍ မြန်မြန်ဆန်ဆန် ရင်းနှီးသွားသလို ပုံမှန်ထက်လည်း ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လာကြပြီဖြစ်သည်။ အဆိုးအထဲမှ အကောင်းလို့ ဆိုရမည့် ထို အချက််များမှာ လုပ်ငန်းရှင်များအသုံးချသင့်သော အခွင့်အရေးပင်ဖြစ်ပါသည်။

အထက်တွင် စာရေးသူ ဥပမာပေးထားသည့်အတိုင်း လုပ်ငန်းအကြီးအသေး မည်သည့် အမျိုးအစားမဆို ခေတ်၏ ပြောင်းလဲလာသော ရေစီးကြောင်းအား လိုက်လံစီးမျောနိုင်ရန် လွန်စွာအရေးကြီးပါသည်။ ရေစီးကြောင်းများအတိုင်း လိုက်လံစီးမျော၍ မိမိကိုယ်ကို အစဥ်အမြဲ လိုက်ဖက်အောင် ပြင်ဆင်နေကြရမည်ဖြစ်သည်။ ထိုမှသာ အချိန်၏ တိုက်စားမှုကို ကြံ့ကြံ့ခံနိုင်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဘယ်အချိန်မှာ လုပ်ငန်းကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို စတင်လုပ်ဆောင်ရမလဲလို့ မေးပါက စာရေးသူအနေဖြင့်ကတော့ “ယခုချက်ချင်း စလုပ်ပါ။” လို့ တိုက်တွန်းရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

Crd: https://smehubmm.com/

13/10/2020

အလုပ်ရုံတွေ ဖွင့်လှစ်ခွင့်ပေးလိုက်တယ်ဆိုတာ အစိုးရက သူ့အကျိုးစီးပွားအတွက်မှ မဟုတ်တာ၊ အများပြည်သူအကျိုးစီးပွားအတွက် အထူးသဖြင့် အလုပ်သမားတွေရဲ့ အကျိုးစီးပွားအလို့ငှာ စွန့်စားလိုက်တာပဲ၊ ကိုဗစ်ကို အမြစ်ပြတ်မချေမှုန်းနိုင်မယ့်အတူ ကိုဗစ်နဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ကြိုဆိုကြရမှာပါ။ ကိုဗစ်နဲ့ တူယှဉ်တွဲနေထိုင်ရေး မူကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့နေရာမှာ မျက်စိကန်းနေလို့တော့ ဘယ်ဟုတ်ပါ့မလဲ၊ အလုပ်ရုံတွေ ပိတ်ထားပြီး အလုပ်သမားတွေကို အခမဲ့ ကျွေးထားမယ်ဆုံးဖြတ်ရအောင်ကလည်း တိုင်းပြည်က ကြွယ်ဝနေတာမှ မဟုတ်တာ၊ သယံဇာတတွေ စိတ်ကြိုက်ထုတ်ယူသုံးစွဲခွင့်ရနေတာလည်း မဟုတ်၊ အခွန်ကို အားကိုး အားထားပြုပြီး ကျွမ်းကျင်တဲ့စီမံခန့်ခွဲမှုပညာကို အသုံးပြုလို့ ပြည်သူကို အလုပ်အကျွေးပြုရမယ့် အစိုးရတစ်ရပ်အနေနဲ့ သင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရပါတယ်။ အလုပ်ရုံတွေ ရေရှည်ပိတ်၊ တိုင်းသူပြည်သားတွေ ဘာမှ မလုပ်ပဲ အခမဲ့ တင်ကြွေးထား​ပြီး နာမည်ကောင်းလိုချင်တာပေါ့၊ ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကိုတော့တိုင်းသူပြည်သားတွေ နားလည်ဖို့ လိုပါလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကြပ်အတည်းကြားက ခေါင်းဆောင်မှုစွမ်းရည်ကို အပြည့်အ၀ အသုံးပြုနေတယ်လို့ ကျနော်တို့လက်ခံပေးမှ စိတ်ချမ်းသာပါလိမ့်မယ်။ အရေးအကြောင်း အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အများကြိုက်တဲ့ ဆုံးဖြတ်ချက်မျိုးထက် သင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ရွေးပြီး ချလေ့ရှိတယ်ဆိုတာကို ကျနော်တို့တွေ လက်ပတောင်းတောင်အစီရင်ခံစာတုန်းက သင်ခန်းစာ ရခဲ့ပြီးသားဖြစ်မှာပါ။ ဒီအခြေအနေမှာ အများစုသော ပြည်သူပြည်သားတွေဖြစ်တဲ့ အလုပ်သမားတွေ ကြိုက်တဲ့ အလုပ်တွေပိတ်ထားပြီး လိုသလောက်ကို အမြန်ထုတ်ပေးတာဝန်ယူတဲ့နည်းကို သုံးမယ်ဆိုရင် အများကြိုက်မယ်ဆိုတာ မသိပဲ မနေပါဘူး၊ ဒီအခြေအနေမှာ အများကြိုက်တာလေး လုပ်ပေးရင် မဲရဖို့တောင် သေချာလိမ့်ဦးမယ်၊ ဒါတောင်မှ သင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုပြီး ပူးပေါင်းပါဝင်ကြဖို့ လိုပါလိမ့်မယ်။ ခုတောင်မှ သူဌေးတွေအပေါ် အစိုးရဟာ ကျေးဇူး​ကြွေးတင်နေရပြီ။
အလုပ်ရုံတွေ ဖွင့်ခွင့်ပေးလိုက်တယ်ဆိုတာ အလုပ်သမားတွေကို အတင်းအကြပ် အလုပ်လုပ်ဖို့ စေခိုင်းတာမဟုတ်ပါဘူး၊ ပြောရရင် အဓမ္မခိုင်းစေမှုမြောက်တဲ့ကိစ္စလည်း မဟုတ်ပါဘူး၊ ကိုယ့်အခြေအနေနဲ့ကိုယ် နေနိုင်စားနိုင်တယ်၊ သို့မဟုတ် အလုပ်လုပ်စရာမလိုအပ်ဘူးလို့ ယူဆရင်တော့ အလုပ်မသွားပဲလည်း နေလို့ရပါတယ်။ သွားမယ်လို့ ဆုံးဖြတ်ရင်တော့ တာဝန်နဲ့ ရပိုင်ခွင့်ကို ခွဲခွဲခြားခြားနားလည်တာ၊ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။ အလုပ်သမားဆိုတာ အသက်ပြည့်ပြီး အရွယ်ရောက်ပြီးသူတွေသာ ဖြစ်တယ်လို့ ယုံကြည်ရတဲ့အလျောက် သင့်လျော်တဲ့ အသိဉာဏ်ပညာပြည့်စုံပြီးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကိုဗစ်မကူးစက်အောင် ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေ အပြည့်အ၀ လိုက်နာဖို့ လိုသလို အခြားသူတွေ လိုက်နာအောင်လည်း တိုက်တွန်းဖို့ လိုပါမယ်။ အလုပ်ရှင်တွေ၊ စီမံခန့်ခွဲသူတွေရဲ့ အကူအညီရယူပြီး ရောဂါကူးစက်ခံရမှုမရှိအောင် သတိပြုထိန်းသိမ်းဖို့ လိုပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ တောင်းဆိုချက်မှန်သမျှ တောင်းဆိုဖို့လည်း ရဲဝံ့ဖို့ လိုပါလိမ့်မယ်။ သူကတော့ မလိုက်နာဘူး၊ ဘယ်သူကတော့ မလိုက်နာဘူးဆိုပြီး ဖွယုံလေး သက်သက်မလုပ်ပါနဲ့။ သမဂ္ဂရှိရင် သမဂ္ဂတွေကိုပြော၊ အခြားတာဝန်ရှိသူတွေကို တိတိကျကျ မှန်မှန်ကန်ကန် သတင်းပို့ပါ။ ထိထိရောက်ရောက် အရေးယူနိုင်အောင် ဆောင်ရွက်ပါ၊ ဖယ်ရီကားပေါ်မှာ လူတွေကြပ်နေတာပဲ၊ ဘာဖြစ်တယ် ညာဖြစ်တယ် ဘာလုပ်လို့ လုပ်ရမှန်းမသိတာတွေလောက်နဲ့ အယားမဖြေကြပါနဲ့၊ ဘယ်စက်ရုံကတော့ဖြင့် ဘယ်လိုအခြေအနေဖြစ်နေတယ်၊ ဒါဟာ ကိုဗစ်ကာကွယ်ဖို့အတွက် မလုံလောက်ဘူးဆိုတာ သိမြင်တယ်ဆိုရင် လုံလောက်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို တာဝန်ရှိသူတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ကြိုးစားပါ။ လက်ဆေးဆပ်ပြာတို့၊ လက်သန့်ဆေးရည်တို့၊ နှာခေါင်းစည်းတို့ဟာ ရထိုက်ပါတယ်၊ ရပိုင်ခွင့်တော့မဟုတ်ပါဘူး၊ ကိုယ့်စက်ရုံမှာ မထုတ်ပေးရင် ထုတ်ပေးအောင်ညှိနှိုင်းပါ။ ထုတ်ပေးရင် ထိထိရောက်ရောက်အကျိုးရှိရှိ အလေအလွင့်မရှိအောင် ထိန်းသိမ်းပါ၊ ထုတ်ပေးပါလျက်နဲ့ အသုံးမပြုဘူး၊ လျစ်လျူရှုနေတယ်ဆိုရင် အချင်းချင်း ကူညီဖြောင့်ဖြပါ။ ထုတ်ပေး၊ မထုတ်ပေးဟာ ပြဿနာရှာရမယ့် ကိစ္စမဟုတ်ပါဘူး။
မထုတ်ပေးလာရင် ထုတ်ပေးလာအောင် စည်းရုံးရမှာပါ။
ကျနော့်စက်ရုံတွေမှာတော့ နှာခေါင်းစီးထုတ်ပေးမထုတ်ပေးလောက် ပြဿနာ လာမရှာမိပါစေနဲ့၊ PPE ပါထုတ်ပေးပြီး အချိန်ပြည့် ဝတ်ခိုင်းပလိုက်မယ်၊
အလုပ်ရှင်တွေကလည်း အဖြစ်သဘောလေး၊ လာစစ်လို့ အောင်ယုံလေး ဝိနည်းလွတ်ကလေးနဲ့ ကိုဗစ်ကို ရန်မစပါနဲ့၊ တကယ်လုပ်ပါ၊ တကယ်ကာကွယ်ပါ။ စိတ်ကျေနပ် စိတ်ချရသည်အထိ စိတ်တိုင်းကျ ကာကွယ်ကြပါ။ ကိုဗစ်အန္တရာယ်ဟာ အလုပ်ရုံရဲ့ အနီရောင်အဆင့်အရေးပေါ်တပ်လှန့်ထားရမယ့်အချိန်ပါ၊ အောရိမ်း အဝါရောင်လို့ မထင်လိုက်ကြပါနဲ့၊
သတိပြုသင့်တာက ကိုဗစ်ကာကွယ်ရေးအတွက် ကျန်းဦးစီးဌာနညွှန်ကြားချက်ကို တာဝန်ရှိသူတွေဘက်က လိုက်နာဖို့ အခက်အခဲ ၂ ခုရှိပါတယ်။ ဖယ်ရီစီစဉ်ပေးတာနဲ့ အလုပ်နေရာ အကွာအဝေးစီစဉ်ပေးတာပါ။ ညွှန်ကြားချက်အတိုင်း ချဲပေးနိုင်ပါတယ်။ နေရာက ထပ်ကျယ်လာတာမဟုတ်တော့ လူလျှော့လို့ပဲ ရပါလိမ့်မယ်။ ဖယ်ရီကိစ္စမှာလည်း သတ်မှတ်အကွာအဝေးနဲ့အညီ စီးနင်းနိုင်တဲ့ ဖယ်ရီစီစဉ်မပေးနိုင်ဘူးဆိုတာ သိဖို့ လိုပါလိမ့်မယ်။ ခြုံပြောရရင် ကိုဗစ်ကာကွယ်ရေးဟာ အစိုးရက ညွှန်ကြားမှ အလုပ်ရှင်က ဖြည့်ဆည်းပေးမှ ကာကွယ်ရမယ့် အရာမဟုတ်ပါဘူး။ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် တာဝန်သိသိ ကာကွယ်ရမယ့် ကိစ္စလို့ သဘောပိုက်ဖို့ လိုပါလိမ့်မယ်။ အလုပ်ရုံထဲက ကိစ္စကျတော့ မြင်သမျှကို အပြစ်လုပ်ပြောတတ်ပြီးတော့ အိမ်ပြန်ရောက်တော့ ဖြစ်သလိုနေမယ်ဆိုပြန်ရင်လည်း စေတနာရှိတယ် မဆိုနိုင်ပါဘူး၊ အလုပ်ရုံကိုလည်း အပြစ်ပြောပါ၊ ကိုယ်တိုင်လည်း ဆင်ခြင်နေထိုင်ပါ၊ နှာခေါင်းစည်းလေးတစ်ခု ၅၀၊ ၁၀၀ ကို ကပ်တွက်ပြီး ထုတ်မပေးလို့ မတပ်ဘူးဆိုလည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ၊
ကိုဗစ်ဟာ လူမျိုး၊ အသားအရောင်၊ ကျားမ၊ ဘာသာ၊ အဆင့်အတန်း၊ လူတန်းစား ရွေးချယ်ကူးစက်နေတာ မဟုတ်ပါဘူး၊ လက်ညှိုးထိုး အပြစ်ပြောနေယုံနဲ့လည်း ပျောက်ကင်းသွားမယ့် ရောဂါအမျိုးအစားမဟုတ်ပါဘူး၊ အတူတကွ လက်တွဲတိုက်ဖျက်မှ ကမ္ဘာမြေပေါ်ကနေ လျင်လျင်မြန်မြန် ထွက်ခွာသွားမှာပါ။
မကြာခင်မှာ ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ဒီအစိုးရကို အားမရရင်၊ ဒီအစိုးရ ဆောင်ရွက်တာ ဆုံးဖြတ်တာကို မကျေနပ်ရင် ကိုယ်အားရတဲ့ ကိုယ့်စိတ်တိုင်းကျမယ့် ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးလိုက်လို့ ရပါတယ်။ အလုပ်သမားစကားနားထောင်မယ့် အစိုးရမျိုးကို မျှော်လင့်တယ်ဆိုရင် အလုပ်သမားရေးကို နားလည်တဲ့ ကိုယ်စားလှယ်တွေ၊ ပါတီတွေကို ရွေးချယ်ပြီး ကိုယ့်စိတ်တိုင်းကျ အစိုးရကို ရွေးချယ်တင်မြှောက်လိုက်လို့ ရပါတယ်။
အလုပ်သမားအားလုံး ကိုဗစ်ကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်ပြီး တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးတက်အောင် ဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ။

11/09/2020

* HR Payroll Excel Training *

HR Payroll ဘယ်လိုတွက်ချက်ရသလဲဆိုတာ
လေ့လာလို့ရနိုင်မည့် Workbook File နဲ့ ရှင်းပြထားတဲ့ video တွေ ရမှာဖြစ်ပါတယ်၊ ဂရုထဲမှာ ပါဝင်ရမှာ ဖြစ်ပြီး အချိန်မရွေးကြည့်နိုင်တယ်၊ မရှင်းတာ၊ သိချင်တာတွေအတွက်လည်း အချိန်မရွေးမေးလို့ ရပါတယ်
Payroll တစ်ခုမှာ ပါဝင်တဲ့ Sheet တွေကို
Formula များနှင့်ချိတ်ဆက်ထားတာကြောင့်
Payroll မှာ ဘယ်လို Formula တွေကို
အသုံးပြုသလဲဆိုတာကိုလည်း သိရမှာပါ ...

ပါဝင်တဲ့ Sheet တွေကတော့
▶️ Employee List
▶️ Attendance
▶️ Employee Info
▶️ SSB
▶️ Allowance
▶️ Overtime
▶️ Leave & Absent
▶️ Payroll
▶️ Payslip
▶️ Personal Income Tax
▶️ Birthday Alert
စတာတွေအပြင်
* Fingerprint စက်ထဲက
Attendance Data ထည့်လိုက်ရုံနဲ့
အလုပ်တက်ရက် ပျက်ရက် ‌စောချိန် နောက်ကျချိန်တွေကိုပါ ကြည့်နိုင်မယ့် Attendance Sheet လေးပါ
ပါဝင်ပါသေးတယ် ...
* Personal Income Tax တွက်ချက်ရာမှာ
သက်သာခွင့်တွေက ဘာတွေလဲ ?
ဝင်ငွေဘယ်လောက်ဆိုရင်
ဘယ်လောက်ဆောင်ရမလဲ ?
ဆိုတာကိုပါ သိခွင့်ရမှာဖြစ်ပါတယ် ...
➡️ 5,000 ကျပ်သာ ကျသင့်မှာပါ...
Message box ကနေ ဆက်သွယ်လို့ ရပါတယ် ...

11/09/2020

အုတ်မြစ်ခိုင်မာသော သီးခြားနယ်မြေများလား (သို့မဟုတ်) မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကနဦး သက်ရောက်မှုများ

ဇွန်လ ၂၅ ရက် ၂၀၂၀
Sina Hardaker

အထူးစီးပွားရေးဇုန်များ (SEZs) ၏ အောင်မြင်မှုသည် လက်တွေ့တွင် ၎င်းဝန်းကျင်ရှိ စီးပွားရေးနှင့် အုတ်မြစ်ခိုင်မာစွာတည်ရှိမှုအပေါ် မှီတည်နေသည်။ သီလဝါစက်မှုဇုန်အနေဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ အသိပညာဗဟုသုတများ လွှဲပြောင်းယူရန်နှင့် တိုင်းပြည်၏ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို အားကောင်းစေရန်အတွက် အပြုသဘောဆောင်သည့် ကြိုးပမ်းအားထုတ်မှုအချို့ လုပ်ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ အထူးစက်မှုဇုန်များမှ အပြုသဘောဆောင်သည့် ပြင်ပအကျိုးအမြတ်များထွက်ရန်မှာ အကန့်အသတ်များရှိခဲ့သည်။
ခရီးဝေးပြီး လမ်းတစ်လျှောက် ခုန်ဆောင့်စွာ တက်စီစီးခဲ့ရသည့်အတွေ့အကြုံသည် မိမိ၏ မှတ်ဉာဏ်တွင် ယနေ့အထိ စွဲထင်နေဆဲဖြစ်သည်။ လေယာဉ်ကွင်းသေးနှင့် မလှမ်းမကမ်းရှိ မိမိ၏ ဟော်တယ်အခန်းမှ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ရှိရာ နေရာသို့ အသွားတွင် ဖြစ်သည်။
မိမိတို့သွားမည့်နေရာသို့ မရောက်မီ ၂ ကီလိုမီတာအကွာလောက်တွင် မိမိတို့စီးလာသည့် တက်စီမှာ သဲနွံနစ်သွားခဲ့သည်။ များမကြာမီပင် အနီးအနားရှိ တံငါရွာလေးတစ်ခုမှ နေထိုင်သူအချို့ အလျင်အမြန်ရောက်လာကာ သဲနစ်ရာမှ ကားထွက်နိုင်ရန် ကူညီပေးခဲ့ကြသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းသည် ရခိုင်ပြည်နယ်ရှိ တိတ်ဆိတ်ငြိမ်သက်လှသည့် ဤကျေးလက်တောရွာတွင်း နေထိုင်ကြသူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည်။
တက်စီမောင်းသမားသည်လည်း ထိုထက်ပို၍ မိမိအား လိုက်ပို့ရန် မဖြစ်နိုင်တော့ပဲ ထိုနေရာတွင်သာ စောင့်ဆိုင်းတော့မည့်အကြောင်းသာ မိမိအား ပြောခဲ့သည်။ ထို့ကြောင့် ခရီးဆက်ရန် ကျန်သေးသည့် သဲလမ်းတစ်လျှောက်ကို ဆယ်ကျော်သက်အရွယ် ဒေသခံတစ်ဦး၏ ဆိုင်ကယ်လမ်းကြုံလိုက်ပို့ပေးမှုကြောင့် ခရီးဆက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဆိပ်ကမ်းငယ်လေးဆီသို့ ရောက်ရှိခဲ့တော့သည်။
ရိုးရိုးသစ်သားဖြင့်သာ ပြုလုပ်ထားသော်လည်း သပ်သပ်ရပ်ရပ်ရှိသည့် ၎င်းတို့၏ သစ်လှေများပေါ်တွင် အလုပ်လုပ်ရင်း စစ်ဆေးနေသည့် လူငယ်အမျိုးသားနှစ်ဦးကို စူးစမ်းကြည့်ရင်း ဤအထူးစီးပွားရေးဇုန်များသည် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့သည့် အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်းပေးနိုင်ပါ့မလားဆိုသည်ကို မိမိကိုယ်ကိုယ် မေးခွန်းပြန်ထုတ်မိခဲ့ပုံကို အမှတ်ရမိသည်။
မြန်မာအစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်များကို တည်ဆောက်ရန် ဘာကြောင့် အဆိုပြုခဲ့ပြီး ထိုစီးပွားရေးဇုန်များမှတဆင့် မြန်မာပြည်သူလူထုအပေါ် ရေရှည်တည်တံ့သည့် အကျိုးသက်ရောက်မှုရှိအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုသည်မှာ မေးခွန်းထုတ်စရာများဖြစ်လာသည်။
ပထမဦးစွာ အထူးစီးပွားရေးဇုန် (SEZs) များဆိုသည်မှာ နိုင်ငံအစိုးရကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့မရှိပဲ ရင်းနှီးမြှုပ်နှံသူနှင့် စီးပွားရေးလုပ်ငန်းအတွက် လွယ်ကူစေရန်ရည်ရွယ်ကာ နိုင်ငံပိုင်နက်အတွင်း မတူညီသည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းများဖြင့် ပထဝီအနေအထားအရ ဘောင်ကန့်သတ်လိုက်သော သီးခြား နယ်မြေများဖြစ်သည်။ အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းစီမံကိန်း၏ အဓိက အရေးပါသော သော့ချက်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားတင်ပို့မှုကို တိုးမြှင့်ရန်၊ နောက်ထပ် ကုန်သွယ်ရေးလိုငွေပြမှုကို လျော့ချနိုင်ရေးကို ကူညီရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကရိယာတစ်ခုအဖြစ် လှုပ်ရှားရန်လည်း ရည်ရွယ်သည်။ ထို့ပြင် နိုင်ငံအတွင်း ဒီမိုကရေစီအပြောင်းအလဲများလုပ်ဆောင်ချိန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့်ကြိုးပမ်းအားထုတ်ချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် နိုင်ငံတကာလူမှုအသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်မှုပြုလုပ်ရန်တို့မှာလည်း ၎င်း၏ အဓိက ပန်းတိုင်များအဖြစ် ပါဝင်သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ဂျပန်၊ ထိုင်းနှင့် တရုတ်နိုင်ငံအစိုးရများနှင့် ပူးပေါင်းကာ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူတို့တွင် အထူးစီးပွားရေးဇုန် ၃ ခု တည်ဆောက်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း ထိုစီးပွားရးဇုန် ၃ ခုထဲမှ ၂ ခုမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။။ ထို့ကြောင့် မိမိ၏ လေ့လာဆန်းစစ်မှုသည် သီလဝါ အထူးစီးပွားရေးဇုန်အား အဓိကထားထားပါသည်။
အထူးစီးပွားရေးဇုန်များကို အမျိုးသားစီးပွားရေးအခင်းအကျဉ်းတစ်ခုလုံးအပေါ် သက်ရောက်မှုအနည်းငယ်သာရှိသော စက်မှုနယ်မြေများအဖြစ် ရှုမြင်ထားသော်လည်း ၎င်းတို့၏ လက်တွေ့အောင်မြင်မှုများမှာမူ ၎င်းတို့၏ ဝန်းကျင်ရှိ စီးပွားရေးနှင့် အုတ်မြစ်ခိုင်မာမှုအပေါ် ကြီးမားစွာ မှီတည်နေသည်။
ထို့ကြောင့် မိမိ၏ သုတေသန ရည်ရွယ်ချက်သည် အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့် ဆက်စပ်တည်ရှိမှု သဘောတရားများကို ကနဦး အသုံးပြုကာ အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများဆွေးနွေးနိုင်ရေးအတွက်ဖြစ်သည်။
သီလဝါသည် ဆိပ်ကမ်းနှစ်ခုနားရှိ ဗျူဟာမြောက်နေရာတွင် တည်ရှိခြင်းအပြင် ရန်ကုန်-မြန်မာ စီးပွားရေးဗဟိုစင်တာနှင့် နီးစပ်စွာ တည်ရှိမှုအနေအထားကြောင့် အကျိုးအမြတ်များရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေးဇုန်သည် ၎င်း၏ လူမှုစီးပွားပတ်ဝန်းကျင်နှင့် အုတ်မြစ်ခိုင်မာစွာတည်ရှိမှုမှာ ယနေ့ချိန်အထိ အလွန်အားနည်းနေသည်။
အထူးစီးပွားရေးဇုန်များဖွံဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်နိုင်စွမ်းအားကို အကဲဖြတ်ကြည့်သည့်အခါ အားနည်းချက်များစွာ ရှိနေသည်ကိုလည်းတွေ့ရသည်။ အဓိက အကြောင်းအရင်းမှာ ၎င်းတို့ ဖန်တီးခဲ့သော အလုပ်အကိုင်အခွင့်အလမ်းများ၏ အရည်အသွေး နိမ့်ကျနေခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အရေအသွေးနှင့်ပတ်သက်ပြီး ယေဘုယျအားဖြင့် မေးခွန်းထုတ်ဖွယ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
သီလဝါစီးပွားရေးဇုန်အနေဖြင့် အလုပ်အကိုင်များဖန်တီးရေး၊ အသိပညာဗဟုသုတများ လွှဲပြောင်းယူရေးနှင့် တိုင်းပြည်၏ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို အားကောင်းစေရန်အတွက် အပြုသဘောဆောင်သည့် ကြိုးပမ်းအားထုတ်မှုအချို့ကို လုပ်ဆောင်ရန် ကနဦး တွေ့ရှိချက်များမှ အကြံပြုထားသော်လည်း အထူးစီးပွားရေးဇုန်များမှ အပြုသဘောဆောင်သည့် ပြင်ပအကျိုးအမြတ်များထွက်လာရန် ယေဘုယျအားဖြင့် အကန့်အသတ်အချို့ ရှိနေသည်။
ရေတိုတွင် စက်မှုလုပ်ငန်းများသည် အထူးသဖြင့် ကျွမ်းကျင်မှုနည်းပြီး လုပ်ခနည်းသော အလုပ်အကိုင်များကိုသာ ဖန်တီးနိုင်လျှင်၊ ဖြစ်နိုင်ချေရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း ရေရှည်တည်တံ့ခိုင်မြဲမှုရှိမရှိ မေးခွန်းထုတ်စရာအဖြစ် ဆက်လက်တည်ရှိနေလျှင် ၎င်းသည် လူထု၏ အခြေခံလူနေမှုဘဝအဆင့်အတန်းအပေါ် သက်ရောက်မှုမှာ ဆက်လက် အားနည်းနေဦးမည်ဖြစ်သည်။
အုတ်မြစ်ခိုင်မာမှု သဘောတရားများကို အခြေခံစဉ်းစားခြင်းသည် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် ပါဝင်ပတ်သက်နေသည့် အပြန်အလှန်ချိတ်ဆက်မှုလုပ်ငန်းစဉ်များအပေါ် ပိုမိုပျော့ပြောင်းသည့် နားလည်သဘောပေါက်မှုများရရှိအောင် ကူညီပေးနိုင်ကြောင်း သက်သေပြနေသည်။

10/09/2020

* HR Payroll Excel File *

HR Payroll သင်တန်းကို တက်ရောက်ချင်သော်လည်း
မတက်ရောက်နိုင်တော့တဲ့အခြေအနေ
ဖြစ်‌နေသောသူများအတွက်
Payroll တစ်စောင်ကို
ဘယ်လိုတွက်ချက်ရသလဲဆိုတာ
လေ့လာလို့ရနိုင်မည့် Workbook File လေး တစ်ခု ရောင်းချချင်လို့ပါခင်ဗျာ ...

Payroll တစ်ခုမှာ ပါဝင်တဲ့ Sheet တွေကို
Formula များနှင့်ချိတ်ဆက်ထားတာကြောင့်
Payroll မှာ ဘယ်လို Formula တွေကို
အသုံးပြုသလဲဆိုတာကိုလည်း သိရမှာပါ ...

ပါဝင်တဲ့ Sheet တွေကတော့
▶️ Employee List
▶️ Attendance
▶️ Employee Info
▶️ SSB
▶️ Allowance
▶️ Overtime
▶️ Leave & Absent
▶️ Payroll
▶️ Payslip
▶️ Personal Income Tax
▶️ Birthday Alert

စတာတွေအပြင်

* Fingerprint စက်ထဲက
Attendance Data ထည့်လိုက်ရုံနဲ့
အလုပ်တက်ရက် ပျက်ရက် ‌စောချိန် နောက်ကျချိန်တွေကိုပါ ကြည့်နိုင်မယ့် Attendance Sheet လေးပါ
ပါဝင်ပါသေးတယ် ...

* Personal Income Tax တွက်ချက်ရာမှာ
သက်သာခွင့်တွေက ဘာတွေလဲ ?
ဝင်ငွေဘယ်လောက်ဆိုရင်
ဘယ်လောက်ဆောင်ရမလဲ ?
ဆိုတာကိုပါ သိခွင့်ရမှာဖြစ်ပါတယ် ...

➡️ 5,000 ကျပ်သာ ကျသင့်မှာပါဗျာ ...

Message box ကနေ ဆက်သွယ်လို့ ရပါတယ် ...

12/06/2020

SME များ ဟာ မလွှဲမရှောင်သာ ကျွန်မတို့ တိုးတက်အောင် လုပ်ရမယ့် ကဏ္ဍဖြစ်ပါတယ် ၉၉ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေဟာ SME ဖြစ်ပါတယ် ။ ဒီ SME တွေ အောင်မြင်မှ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မယ်လိုတာ ထူးထူးထွေထွေ ရှင်းပြနေစရာ မလိုပါဘူး။

SME များနှင့် ပတ်သက်လို့ ရှိရင် ကျွန်မတို့ရဲ့အစိုးရဌာနများ သတ်မှတ်ထားတဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကတော့
- လူ့စွမ်းအားအရင်းအမြစ်
- နည်းပညာဖွံ့ဖြိုးမှုနဲ့ တီထွင်ဖန်တီးမှု
- ငွေကြေးအရင်းအမြစ်၊
- အခြေခံအဆောက်အအုံများရဲ့ ဖွံ့ဖြိုးတိုးတက်မှု
- ဈေးကွက်ရရှိရေး
- သင့်လျော် သော အခွန်အကောက်နဲ့ လုပ်ထုံးလုပ်နည်းများနဲ့
- လုပ်သာကိုင် သော စီးပွားရေးဝန်းကျင်ကောင်းများဆိုပြီးတော့ ကျွန်မတို့ရဲ့ အစိုးရအဖွဲ့ အစည်းများက သတ်မှတ်ထားပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ ဖိတ်ကြားထားတဲ့ ပညာရှင်များ၊ အတတ်ပညာရှင်များ၊ အသိပညာရှင်များ ကဝိုင်းဝန်းဆွေးနွေးပြီးတော့ ဘယ်လို အကောင်းဆုံး ကျွန်မတို့ အကောင်အထည်ဖော်နိုင်မလဲ ၊ ကျွန်မတို့ရဲ့ မူဝါဒတွေကို ဘယ်လို အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ အကြံကောင်းတွေ ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။"

Daw Aung San Suu Kyi
State Counsellor of Myanmar

25/06/2019

Responsible for overseeing communications to the media, including preparing articles, press kits, press releases, and other content initiatives. Cultivates and manages relationships with media reps.

Primary responsibilities:

Prepare articles and press releases for the media.
Ensure the company protects and promotes its image in a proper, coordinated, and consistent manner.
Cultivate and enhance collaborative working relationships within the press and publicity community.
Manage the flow of news about the organization to the media.
Gather and disseminate timely information to press and staff.
Optimize communication system to enhance accuracy of communication.
Create effective communication channels.
Enhance effectiveness of press and publicity function.
Act as a media spokesperson on behalf of the company and address questions and complaints.
Develop relationships with national and regional press contacts to ensure the company reputation is promoted and to deflect criticism.
Plan and oversee press events.
Detect public relations issues as they emerge and address them directly.
Research and write briefing materials.
Assemble press kits.
Compose and edit press releases, company literature, and articles for internal and external use.

Want your business to be the top-listed Gym/sports Facility in Lashio?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Lashio

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00