14.8.24 ယနေ့ည အတွက် အကြိုက်တူရင်
••••••••••••••
ရီးရဲလ်ဘော်ဒီ
The Boys Fc Team
play
လက်စတာကို ကန်တေစရောက်လာခါစအချိန်တွေကို ကျနော်မှတ်မိနေပါသေးတယ်၊ သွားရေးလာရေးအဆင်ပြေအောင် ကားလေးတစ်စီးလောက်ဝယ်ဖို့ သူ့ကိုကျနော်တို့ ဝိုင်းပြီးတိုက်တွန်းတော့ သူကမဝယ်ချင်ခဲ့ဘူး...
သူ့အိမ်ကနေ လေ့ကျင့်ရေးကွင်းကို လမ်းလျှောက်လာမယ်၊ ဒါဆို ကိုယ်လက်လေ့ကျင့်ခန်းသဘော၊ အပြေးလေ့ကျင့်တဲ့သဘောလည်းဖြစ်မယ်လို့ သူကထင်နေတာလေ...
ဒီလိုရိုးသားတဲ့၊ သဘောကောင်းတဲ့ကောင်လေးဟာ ကွင်းထဲမှာတော့ မမောနိုင်မပန်းနိုင် ပြေးလွှားကစားနေတာပဲ၊ ကွင်းထဲမှာ ကန်တေရှိနေလို့ကတော့ ပြိုင်ဖက်ကစားသမားတစ်ယောက်ယောက် ဘောလုံးဆွဲပြေးသွားလည်း ကျနော်တို့က စိတ်မပူပါဘူး၊ ကန်တေက မရရအောင်ပြန်လုပေးမယ်ဆိုတာ ကျနော်တို့သိနေတာကိုး...
မနှစ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးနဲ့လက်စတာတွေ့တော့ ပွဲပြီးအဝတ်လဲခန်းထဲမှာ ကျနော်တို့ကို သူလာနှုတ်ဆက်တယ်...
ကျနော်သူ့ကို ပထမဆုံးမေးဖြစ်ခဲ့တာက "ဟေ့ကောင်၊ မင်း ဟိုMini Cooperတစ်ပတ်ရစ်ကားလေး မောင်းနေတုန်းလား"ဆိုတာပါပဲ...
"ကျနော် ကားအသစ်ဝယ်ထားတယ် အစ်ကိုရ၊ အဲ့ဒီMini Cooperအဟောင်းလေးကတော့ ပြင်သစ်အိမ်ပြန်ပို့လိုက်ပြီ"
ကျနော် နည်းနည်းအံ့သြသွားတယ်၊ နောက်ဆုံးတော့ ကန်တေလည်း ဇိမ်ခံကားစီးပြီပဲလို့လည်း တွေးမိတယ်...
"ဘာကားပြန်ဝယ်ထားတာလဲကွ"လို့ ကျနော်ထပ်မေးတော့ သူပြန်ဖြေသွားတာက
"Mini Cooperပဲ အစ်ကို"တဲ့...
(ဗာဒီ)
crd
19/07/2021
Click here to claim your Sponsored Listing.
Location
Category
Website
Address
Lewe
NO.3