12/05/2023
fitn
ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်တခု ?
12/05/2023
fitn
07/05/2023
တင်ပါးဘေးချိုင့်နေတဲ့ ပျိုမေတို့အတွက် တင်ပါးလေးတွေ ပြန်လည်ပြည့်လာစေဖို့ အထောက်ကူပြုမယ့်လေ့ကျင့်ခန်းကို ဝေမျှပေးထားပါတယ်..
အားလုံးပဲလိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊
06/05/2023
👍Healthy Diet ဆိုတာဘာလဲ??
⭐Healthy Diet (ကျန်းမာတဲ့ စားသောက်ပုံစံ)ဆိုတာ ကျနော်မနေ့က ပြောခဲ့သလို ရေတိုပဲ စားနိုင်မယ့် Diet ပုံစံတွေတော့မပါပါဘူးဗျ..
🙆♂️ကျန်းမာတဲ့ စားသောက်ပုံစံတခုဆိုတာ လိုတိုရှင်းပြောရရင် စားတဲ့အနှပ်တိုင်းမှာ 🍚ကစီဓါတ်၊ 🍖အသားဓါတ်၊ 🧀အဆီဓါတ် တွေကို လိုအပ်တဲ့ ပမာဏအရ အချိုးကျကျလေးပါဝင်ရပါတယ်ဗျ.
👉ကစီဓါတ်က နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက်ခွန်အားအဖြစ်အသုံးပြုဖို့ လိုအပ်ပါတယ်.. ကစီဓါတ်မှာ ချေဖျက်လွယ်တဲ့ ကစီဓါတ်နဲ့ ချေဖျက်မလွယ်တဲ့ ကစီဓါတ် (၂)မျိုးလုံးပါအောင် စားပေးရပါတယ်..
👉အသားဓါတ်ကတော့ ကြွက်သားအတွက် လိုအပ်ပါတယ်.. (Good Fat)အဆီဓါတ်ကတော့ မှတ်ဉာဏ်နဲ့ အခြားအရာတွေအတွက်လိုအပ်ပါတယ်.. လို့ယေဘူယျလောက်ပဲ ပြောချင်ပါတယ်..
🍽️ကျန်းမာတဲ့ အစားသောက်ပုံစံဆိုတာ အနှပ်တိုင်းမှာ ဒါတွေအကုန်ပါဝင်ရပါတယ်..
🙆♂️လွယ်လွယ်နဲ့ မြင်သာအောင်ပြောရရင် မိမိစားမယ့် ပန်းကန်ထဲမှာ 🍚ထမင်း(ချေဖျက်လွယ်တဲ့ ကစီဓါတ်)၊ 🍖အသား/🥚ဥအမျိုးမျိုးအကာ (အသားဓါတ်)၊ သံလွင်ဆီ(အဆီဓါတ်)၊ 🥦🥬အသီးရွက် (ချေဖျက်မလွယ်တဲ့ ကစီဓါတ်) တွေ လိုအပ်တဲ့ ပမာဏအလျောက် ပါအောင်စားပေးရပါတယ်..
🧑💻လူတဦးတယောက်ချင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ Body goal အရ လိုအပ်ပုံချင်းမတူနိုင်တဲ့အတွက် အားလုံးအတွက် ဒီမှာ တထိုင်ထဲ တွက်ပြပေးလို့မရတာကို နားလည်ပေးပါဗျ🙏..
👨🎓ကျွမ်းကျင်တဲ့နည်းပြတယောက်ရဲ့ အကူညီယူပါလို့ အကြံပြုပါရစေဗျ👍
အဆင်ပြေကြပါစေဗျ🤝😊
Lulay (Fitness Trainer)
Lulay Fitness Center MADAYA
(Loss Fat, Get Mass & Real Strong)
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ Core Muscleတွေကို သန်မာစေပြီး အဆီကျဖို့ အထောက်ကူပြုတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းလေးကို ဝေမျှပေးလိုက်ပါတယ်..
အားလုံးပဲ လိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊
05/05/2023
🤙အဆီချဖို့ဆို ဘယ်Diet ကအကောင်းဆုံးလဲ??
🙆♂️Diet အမျိုးအစားပေါင်း များစွာရှိတဲ့အထဲက ကျနော် ၂မျိုး၂စားခွဲပြပါမယ်..
၁။ ရေတိုပဲ စားနိုင်မယ့် Diet
၂။ ရေရှည်စားသွားနိုင်မယ့် Diet
🫠ရေတိုပဲစားနိုင်မယ့် Dietဆိုတာ ကယ်လိုရီကို အလွန်အမင်း လျှော့ထားမယ်၊ အငတ်ခံကြမယ်၊ ညစာတွေ ဖြတ်ကြမယ်၊ ရေလုံပြုတ်တွေပဲစားမယ်..... အစရှိသဖြင့်ပေါ့ဗျာ..
🤧ဒီလိုDiet မျိုးက ရေရှည်စားနိုင်ဖို့ ခက်ပြီး ကိုယ်ရောစိတ်ပါ ဝန်ပိစေပါတယ်.. ပိန်သွားတယ်ဆိုရင်တောင် ခဏပါပဲ.. နောက်ပုံမှန်လေးစားလိုက်မိရင် ပြန်ဝတာတွေ ကြုံရတတ်ပါတယ်..
😔ဒါတွေက ကယ်လိုရီအရမ်းနည်းပြီးစားခဲ့လို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်တာပါ..
၂။ ရေရှည်စားနိုင်မယ့်Diet ကတော့ရှင်းပါတယ်.. ဘဝမှာ ပေါ့ပေါ့ပါးပါး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ပုံမှန်လေးစားရင် အဆီချသွားလို့ရပါတယ်..
😉အငတ်ခံစရာလည်းမလိုတဲ့ အတွက် စိတ်ဖိဆီးမှုလည်း လျော့ပါတယ်..လေ့ကျင့်ခန်းလေးပါ တွဲလိုက်ရင်တော့ ရှယ်ပေါ့ဗျာ...
🤷♂️ဒါနဲ့.. ရေရှည်စားနိုင်မယ့် Diet ဆိုတာ ဘယ်လိုလဲ?? မိမိလိုအပ်တဲ့ ကယ်လိုရီကို သေချာတွက်ချက်ပြီး Body Goal နဲ့ ကိုက်ညီမယ့် ကယ်လိုရီပမာဏ တခုမှာ ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ်၊ အမျှင်ဓါတ်တွေကို အချိုးကျကျလေး ပေါင်းစပ် စားသောက်တာကိုပြောတာပါ...
👉လူတဦးချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အချိုးအစားတွေ ကွဲပြားတာကြောင့် ဒီကနေ အားလုံးအတွက် တထိုင်ထဲ တွက်ပြလို့မရတာကိုတော့ နားလည်ပေးပါ..🙏
🤝ကျွမ်းကျင်တဲ့ နည်းပြတယောက်ရဲ့ အကူညီကိုယူပြီး အကောင်းဆုံး Diet ကို ရေရှည်စားသုံးကာ အဆီကျလှပနိုင်ကြပါစေဗျ🤝
Lulay (Fitness Trainer)
Lulay Fitness Center MADAYA
(Loss Fat, Get Mass & Real Strong)
ဂုတ်ပိုးတွေ မို့မောက်နေသူများအတွက် ဂုတ်ပိုးလေးတွေ ပြေလျော့စေဖို့ အထောက်ကူပြုတဲ့ လေ့ကျင့်ခန်းလေးကို ဝေမျှပေးထားပါတယ်..
အားလုံးပဲလိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊
04/05/2023
💪ကြွက်သားကြီးချင်တာလား?? အလေးများများနိုင်ကြောင်း ကြွယ်ချင်တာလား??
👉မှန်ပါတယ်.. ကြွက်သားကြီးဖို့ အလေးများများ အသုံးပြုဖို့လိုပါတယ်..
ဒါပေမယ့်
🤷♂️အလေးများပြီး Form မမှန်ရင်ရော??
🤷♂️အလေးများပြီး Focus မရှိရင်ရော??
🤷♂️အလေးများပြီး Tempo မပါရင်ရော??
🤷♂️အလေးများပြီး Mind Muscle Connection မရှိရင်ရော??
🤷♂️အလေးများပြီး လေ့ကျင့်ချင်တဲ့ ကြွက်သားကို သေချာမညှစ်နိုင်ရင်ရော??
🤷♂️အလေးများပြီး အပေါ်ကြွရင်ပြီးရော လေ့ကျင့်နေရင်ရော??
👆အထက်ပါအချက်တွေထဲက တချက်ချက်နဲ့ ညှိနေရင် ဂရုစိုက်ဖို့ လိုလာပါပြီ..
👍ကြွက်သားကြီးထွားဖို့ အလေးဝန်အားသုံးရတယ် ဆိုပေမယ့် မိမိက Form မှန်မှန်၊ ညှစ်အားမှန်မှန်၊ Focus မှန်မှန်နဲ့ ကစားနိုင်တဲ့ အလေးဆို ဘယ်လောက်ပဲ ဖြစ်ဖြစ် ကြွက်သားကိုထိရောက်စေပါတယ်ဗျ..
🫠အလေးအများကြီးကို လူတွေရှေ့ ဂိုက်လုပ်ချင်ရုံ "မ"မယ်ဆိုရင်တော့ ရလာဒ်ထက် ဆိုးကျိုးက များမှာပါ..
👉နောက်ပြီး အလေးမှာ ပါတဲ့ နံပါတ်တွေကို ကြွက်သားကမသိပါဘူး.. ဦးနှောက်ကပဲသိတာပါ.. 😊
👉ဒါကြောင့် မိမိနိုင်သလောက်နဲ့ Form မှန်မှန်၊ Tempo မှန်မှန် သေချာလေးလေ့ကျင့်ကြဖို့ အကြံပြုပါရစေ🤝
အဆင်ပြေကြပါစေဗျ🤝🤝🤝😊😊😊
Lulay (Fitness Trainer)
Lulay Fitness Center MADAYA
(Loss Fat, Get Mass & Real Strong)
တင်ပါးကြီးနေတဲ့ ပျိုမေတို့အတွက် တင်ပါးလေးတွေ ကျစ်လျစ်လှပလာစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းလေးကို ဝေမျှပေးလိုက်ပါတယ်..
အားလုံးပဲ လိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊
ပေါင်(၂၀၀)နှင့်အထက်ရှိသူ တွေအတွက် အဆင်ပြေစေမယ့် ဒိုက်ထိုးနည်းလေးဝေမျှပေးလိုက်ပါတယ်..
လိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊
ဝမ်းဗိုက်လေးချပ်စေဖို့ ထိရောက်တဲ့ ကစားနည်းလေးကိုဝေမျှပေးလိုက်ပါတယ်..
အားလုံးပဲလိုက်ပါလေ့ကျင့်ပြီး အဆင်ပြေကြပါစေ🤝😊
| Monday | 06:00 - 18:00 |
| Tuesday | 06:00 - 18:00 |
| Wednesday | 06:00 - 18:00 |
| Thursday | 06:00 - 18:00 |
| Friday | 06:00 - 18:00 |
| Saturday | 06:00 - 18:00 |