Shwe Hmone Chel "GYM" မကွေး

Shwe Hmone Chel "GYM" မကွေး

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Hmone Chel "GYM" မကွေး, Sports Team, Magway.

22/06/2024

Do Come True💪
#ကြိုးစားခြင်းရဲ့နောက်မှာအောင်မြင်မှုကအသင့်စောင့်ကြိုနေပါတယ်😍

တစ်နေ့ (24)နာရီမှာမိမိကျန်းမာရေးအတွက် အချိန်တစ်နာရီလောက်ပေးသင့်ပါတယ်ရှင်...🤩
#နေ့စဉ်မိမိတတ်စွမ်းသမျှလေ့ကျင့်ခန်းလေးကို ကြိုးစားပြီးလုပ်သွားမယ်ဆိုရင်အချိန်ကြာလာတဲ့အခါ ကျန်းမာကြံ့ခိုင်ပြီးအနာရောဂါကင်းရှင်းတဲ့ခန္ဓာကိုယ်လေးကိုရရှိပိုင်ဆိုင်လာနိုင်မှာမလွဲဧကန်ပါရှင်...🎉
Dance လေးကို Gym မှာတစ်ရက်ခြားတစ်ခါထည့်သွင်းကပေးပါတယ်ရှင်။အရမ်းကြိုးစားကြတဲ့ကျမသင်တန်းသူလေးတွေဟာ အခုဆိုရင်တစ်ပတ်ပြီးတစ်ပတ် သက်လုံလေးတွေအရမ်းကောင်းလာခဲ့ကြပါပြီ...??
#အဆီပိုကင်းလှပကျော့ရှင်းတဲ့ Body လေးတွေရဖို့အတွက် တက်ညီလက်ညီကြိုးစားလေ့ကျင့်ကြပါစို့...👏

🏡...Shwe Hmone Chel Gym
🏞️...မကွေး
📲...09-979760756



20/06/2024

🌿🌸"Congratulations Ma May Myat Mon"🌸🌿

တစ်လအတွင်း Body weight (5)ပေါင်ကျအောင်ကစားနိုင်ခဲ့ပါသော သင်တန်းသူလေး မမေမြတ်မွန်အတွက် ထပ်တူကြည်နူးဝမ်းသာရပါတယ်ရှင်.. 😍
Gym တစ်ခါမှမကစားဖူးလို့ ကစားနိုင်ပါ့မလားတွေးမိပေမယ့် တစ်နေ့ပြီးတစ်နေ့အရမ်းကြိုးစားပြီး ကစားနိုင်လာခဲ့လို့ တစ်လအတွင်းသိသိသာသာခန္ဓာကိုယ်လေးကျစ်ကျစ်လျစ်လျစ်ပြောင်းလည်းလှပလာခဲ့ပါပြီ..😍
မနက် (5)နာရီအိပ်ယာထ 5နာရီခွဲ Gym အရောက်လာပြီး (7)နာရီဆိုပြန် အချိန်ဇယားလေးအတိုင်း နေ့စဉ်မပျက်မကွက်လာပြီးပုံမှန်ကြိုးစားခဲ့သူလေးဖြစ်ပြီး တစ်လလုံး Gym ပျက်ရက်မရှိခဲ့သူလေးမို့ချီးကျူးရပါတယ်ရှင်...👏👏
တစ်လအတွင်း ခန္ဓာကိုယ်အတိုင်းလေးတွေသိသိသာသာကျသွားတဲ့ Body ကိုယ်တိုင်းလေးတွေကို အခြားကစားနေသူတွေလည်း Moti ရစေဖို့တင်ပေးလိုက်ပါတယ်နော်.. 💚

20.5.2024 💕 20.6.2024

Body weight=159 lb 154 lb

ကျောပြင် =37 36
ခါး. =35 33.5
ဗိုက်. =42 40.5
တင်. =44 43
ဘယ်လက်. =18 16.5
ညာလက်. =18 16.5
ဘယ်ပေါင် = 27 26
ညာပေါင်. =27 26

20/06/2024

🌾🌺"Congratulations Ma EiEi Maw"🌺🌾

တစ်လအတွင်း Body weight (7)ပေါင်ကျအောင်ကစားနိုင်ခဲ့ပါသော သင်တန်းသူလေး မအိအိ‌မော်အတွက် ထပ်တူကြည်နူးဝမ်းသာရပါတယ်ရှင်.. 😍
စပြီးကစားတဲ့နေ့ကနေ တစ်လပြည့်သွားတဲ့အထိရက်ပျက်မရှိပဲ အရမ်းကြိုးစားပြီးကစားခဲ့သူလေးပါ။တစ်နေ့တစ်ခြားသိသိသာသာ ခါး shape လေးတွေပေါ်ဗိုက်လေးချပ်လာတာကိုမြင်ရတဲ့အတွက် ချီးကျူးစကားပြောခဲ့ရသူလေးဖြစ်ပါတယ်...🤩
ဒါလေးကစားကြည့်ပါဦးဆိုတာနဲ့ ဟုတ်ကဲ့ပါချယ် ဆိုပြီးတစ်ခါ‌လေးတောင်မှမငြီးမငြူပဲ ကြိုးစားပြီးကစားတတ်သူလေးမို့ တစ်လပြည့်ရလာဒ်လေးက တစ်လလုံးပင်ပန်းခဲ့သမျှလေးတွေအမောပြေခဲ့ရတဲ့နေ့လေးတစ်နေ့ဖြစ်လာခဲ့ပါပြီ...👏🥰
တစ်လအတွင်း ခန္ဓာကိုယ်အတိုင်းလေးတွေသိသိသာသာကျသွားတဲ့ Body ကိုယ်တိုင်းလေးတွေကို အခြားကစားနေသူတွေလည်း Moti ရစေဖို့တင်ပေးလိုက်ပါတယ်နော်.. 🩵

20.5.2024 💕 20.6.2024

Body weight=140 lb 133 lb

ကျောပြင် =37 36
ခါး. =33 31.5
ဗိုက်. =38 36.5
တင်. =41 39
ဘယ်လက်. =16.5 15
ညာလက်. =16.5 15
ဘယ်ပေါင် = 24.5 23.5
ညာပေါင်. =24.5 23.5

Photos from Shwe Hmone Chel "GYM" မကွေး's post 17/06/2024

💁🏃Gym ဆော့ရင်ဘောင်းဘီအတိုဒူးအထက်လေးပဲ လွတ်လွတ်လပ်လပ်ဝတ်ချင်တယ်ဆိုသူလေးများအတွက် ပေါင် (200)ကျော်အထိ ဝတ်လို့ရတဲ့ ဝါးသားအေးအေးလေးရပါပြီနော်...😉
Gym မဆော့ပဲကန်ဘောင်မှာလမ်းလျှောက်တတ်သူလေးများဆိုလည်းအဆင်ပြေသလို ကျန်းမာရေးအတွက်စက်ဘီးစီးတတ်ကြတဲ့ Biker သမားလေးတွေအတွက်လည်း သက်တောင့်သက်သာအရမ်းရှိသောပါ...🚴🏃🚵
နွေ၊ မိုး၊ ဆောင်းရာသီမရွေးဝတ်လို့ကောင်းတာမို့ အရောင်စုံတုန်းလေးစိတ်ကြိုက်ရွေးလို့ရပါတယ်နော်...☺️

တစ်ထည်= 8000/-

Photos from Shwe Hmone Chel "GYM" မကွေး's post 17/06/2024

ပေါင်အရမ်းတုတ်လွန်းလို့ ဘောင်းဘီတွေဝတ်ရတာသက်တောင့်သက်သာမရှိဖြစ်နေလား????
👉တင်အရမ်းကြီးလွန်းလို့ ဘောင်းဘီအရှည်ဝတ်ရင် စိတ်ကျဉ်းကျပ်ဖြစ်နေပြီလား???

အသားအရမ်းအိဖတ်အေးမြပြီး ရောက်တိုင်းမလောက်တဲ့ ပေါင်(200)ကျော် ပေါင် (300)နီးပါးအထိစိတ်ချလက်ချဝတ်နိုင်တဲ့ ဆွဲသား‌ ဘောင်းဘီဒူးဖုံးဆိုဒ်ကြီး 4XL အသားအရမ်းကောင်းရောက်ပါပြီနော်...👖👖
ရာသီဥတုအရမ်းပူလို့အိမ်မှာ ဝတ်မယ်ဆိုရင်လည်း နူးညံ့အိဖတ်နေသောဆွဲသားလေးမို့ အရမ်းအဆင်ပြေတဲ့အပြင် အပြင်သွားရင်းဝတ်တဲ့အခါလည်း သက်တောင့်သက်သာနဲ့စတိုင်ကျကျ ဝတ်လို့အဆင်ပြေသောပါပဲရှင်...👖👖🍀
အခုမှရောက်စမို့ ရွေးချယ်စရာအရောင်လိုင်း (9)ရောင်ရှိပါတယ်ရှင်။စိတ်ကြိုက်အရောင်လေးပြောဝယ်လို့ရပါပြီ...😍

👉တစ်ထည်=8500/-

Photos from Shwe Hmone Chel "GYM" မကွေး's post 17/06/2024

💁ပေါင်(200)ကျော် ပေါင် (300)နီးပါးအထိအထိစိတ်ကြိုက်ဝတ်လို့ရပါသော ဝါးသားဘောင်းဘီရှည်ဆွဲသားအိအိလေးတွေရောက်ပါပြီရှင့်...😍
ဗိုက်ပူ၊ ခါးတုတ် ၊ပေါင်တုတ် တုတ်ချင်သလောက်တုတ်ပါစေ သက်တောင့်သက်သာဝတ်လို့ရစေပါတယ်ရှင်။100% အာမခံပြီးရောင်းပါတယ် ပေါင် 250ကျော်အထိအေးဆေးဝတ်လို့ရပါတယ်...😉
Gym ကစားရင်းဝတ်လို့ရသလို လမ်းလျှောက်ဖို့အတွက်ဆိုရင်လည်းအရမ်းအဆင်ပြေသောပါ။အပြင်ထွက်တဲ့အခါအပေါ်ကအင်္ကျီအပွလေးနဲ့ style မိမိလေးဝတ်ချင်ရင်လည်း အရမ်းလှစေမှာပါရှင့်...😍
အခုမှရောက်တာမို့ရွေးချယ်စရာအရောင်တွေလည်းအစုံပါနော်။ခါး‌ေမျှာ့ကြိုးမှာကြယ်သီးပေါက်လေးတွေလည်းအများကြီးပါတာမို့ အကယ်၍ ပိန်သွားပြီဆိုလျှင်လည်းမိမိလိုသလိုအတိုးအလျှော့လုပ်လို့ရပါတယ်ရှင်..😍

💁ဈေးနှုန်းလေးက ...9500/- ပါရှင်

💘အပြင်ဆိုင်တွေမှာ 13000/-အထိ‌ ရောင်းကြပါတယ်နော်🥴

14/06/2024
12/06/2024

မေတ္တသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တစ်ခေါက်ပဲ ရွတ်လိုက်တာ...
ခု ဒီပုံစံအတိုင်းလေး ရွတ်တာ တစ်လ တိတိပြည့်ပီ....ကိုယ်စိတ်ကို စမ်းသပ်ခံရတဲ့ အနေနဲ့ အိမ်တွင်းရေး မိသားစု ပြသာနာဖြစ် အချိူ့သောအရာ
အတိုက်အခံလေးတွေတော့ဖြစ်တာပေါ့..ပြသာနာတွေဖြစ်တာတောင်..ဒါပေမယ့် စိတ်မာ အေးချမ်းတယ် .
ကိုယ့် မေတ္တာ တွေမှန်လို့လားတော့မသိ...ဒုက္ခ ပေးမယ့်သူ အပူပေးမယ့်သူတွေ ကိုယ့်နားမှာ မနေနိုင် မနေရဲတော့ဘူး...

တစ်ပတ်လောက်ပဲ အရင် လုပ်ကြည့်ပါ..☺
အခု အဓိဋ္ဌာန်တစ်ခုအနေနဲ့ ရွတ်မယ့် မေတ္တသုတ်
ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ..

🙏🙏🙏"မေတ္တသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏
တနင်္ဂနွေဂြိုလ်သက် ၆
တနင်္လာဂြိုလ်သက် ၁၅
အင်္ဂါဂြိုလ်သက် ၈
ဗုဒ္ဓဟူးဂြိုလ်သက် ၁၇
စနေဂြိုလ်သက် ၁၀
ကြာသပတေးဂြိုလ်သက် ၁၉
ရာဟုဂြိုလ်သက် ၁၂
သောကြာဂြိလ်သက် ၂၁
(စုစုပေါင်းဂြိုလ်သက် ၁၀၈)
🙏🙏🙏🙏🙏
၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မီ
"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ
တနင်္ဂနွေသားသမီးများအားလုံး
၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မီ-
"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မီ
"အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ-
စရွတ်လျှင် မရွတ်မီ
"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မီ
"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မီ
"ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မီ-
"သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မီ
"စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။
၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိုင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သည်းခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။
၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-
(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခ

12/06/2024

Gym မလာဖြစ်ခဲ့သော ဒီနေ့ပေါင်းများစွာ...🥴🥴

12/06/2024

💁...Evening Class
⛓️... Battle Rope Exercise

Battle Rope Exercise ကိုပုံမှန်ကစားပေးခြင်းအားဖြင့်...👇
🍃လက်မောင်းအဆီပိုများကိုကျစေပါတယ်။
🍃ဂျိုင်းသားအဆီပိုများကိုကျစေပါတယ်။
🍃ကျောပြင်အဆီပိုများကို ကျစေပါတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းရှိအဆီပိုများအားလုံးကင်းစင်အောင် ကျစေတဲ့အတွက် ကျမသင်တန်းသူလေးတွေကိုအမြဲလေ့ကျင့်ပေးဖြစ်ပါတယ်ရှင်...😉💓💪

🏡...Shwe Hmone Chel Gym
🏞️...မကွေး
📲...09-979760756

Want your business to be the top-listed Gym/sports Facility in Magway?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Magway

Opening Hours

Tuesday 05:30 - 20:00
Wednesday 05:00 - 20:00
Thursday 05:30 - 20:00
Friday 05:30 - 20:00
Saturday 05:30 - 20:00
Sunday 05:30 - 20:00