09/11/2026
🚨🏴 🗣️ ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ ကစားသမားတွေအပေါ် ဆက်ဆံပုံကို ထာဝရ ပြောင်းလဲသွားစေခဲ့တဲ့ ဖြစ်ရပ်ဆိုးအကြောင်း ပြောပြခဲ့ပါတယ်။
"ကျနော် အသက် ၃၃ နှစ်ပဲ ရှိသေးတဲ့အချိန် အင်္ဂါနေ့တစ်ခုမှာ လူငယ်ကစားသမားတစ်ယောက် ကျနော့်ရုံးခန်းထဲ ဝင်လာပြီး 'ဆရာ... ကျနော် သောကြာနေ့ ခွင့်တစ်ရက်လောက် ရနိုင်မလား' လို့ မေးခဲ့တယ်။
ကျနော်ကလည်း 'ဘာလို့ ခွင့်ယူချင်တာလဲ' လို့ ပြန်မေးလိုက်တော့ သူက ကျနော့်ကို ကြည့်ပြီး 'ကျနော့် အမေ ဆုံးသွားလို့ပါ' လို့ ပြန်ဖြေခဲ့တယ်။
အဲဒီမှာတင် ဆက်ပြောစရာ စကား မရှိတော့ဘူး။ ကျနော်လည်း 'ရတာပေါ့' လို့ပဲ တန်းပြောလိုက်ရတယ်။
အဲဒီနေ့ကစပြီး ကျနော် ကိုယ့်ကိုယ်ကို ကတိတစ်ခု ပေးခဲ့တာရှိတယ်။ ကစားသမားတစ်ယောက်ယောက် သာ ရုံးခန်းထဲ ဝင်လာပြီး ခွင့်တောင်းခဲ့ရင် ဘာလို့လဲဆိုတဲ့ မေးခွန်းနဲ့ ဘယ်တော့မှ စမမေးတော့ဘူး။ အဲဒီအစား 'ကျနော် ဘာကူညီပေးရမလဲ' လို့ပဲ ရိုးရိုးရှင်းရှင်း မေးတော့မယ်ဆိုပြီးတော့ပေါ့။
လူတွေက ဘောလုံးဟာ ကမ္ဘာမှာ အရေးအကြီးဆုံးအရာ လို့ ထင်လေ့ရှိကြပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ဘဝမှာ ဘောလုံးပွဲထက် ပိုပြီး အရေးကြီးတဲ့ အခိုက်အတန့်တွေ အများကြီး ရှိပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ ကိစ္စတုန်းကလည်း သူ့အဖေ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတက်နေရတာ ကျနော် သိခဲ့တယ်။
ရော်နယ်ဒိုအတွက် သူ့မိသားစုနဲ့အတူ ရှိနေပေးဖို့ ဘယ်လောက်တောင် အရေးပါတယ်ဆိုတာ ကျနော် နားလည်ခဲ့တယ်။ အဲဒီအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဘာလိုနေသလဲ၊ ဘောလုံးပွဲက ဘာတောင်းဆိုနေသလဲဆိုတာတွေက အရေးမကြီးတော့ပါဘူး။
သူ့မိသားစုကပဲ ပထမ ဦးစားပေး ဖြစ်ခဲ့ပါတယ်။
ဘောလုံးကလပ်ထက် အများကြီး ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိတယ်ဆိုတာ ခင်ဗျားတို့ နားလည်ရပါမယ်။ မိသားစုဆိုတာလည်း အဲဒီအထဲက သေချာပေါက် တစ်ခုပါပဲ။"
Photo credit to owner