22/02/2025
Chess Class လေးတွေလည်းပါဝင်ပါတယ်✨
မြန်မာနိုင်ငံအတွင်း စစ်တုရင် (Chess) အား ပြန့်နှံ့စေရန်ရည်ရွယ်၍✨
မြန်မာနိုင်ငံအတွင်း စစ်တုရင် (Chess) အားကစား အဆင့်အတန်း တိုးတတ်မြင့်မားစေရန်အတွက် နှင့် ပညာပြန့်ပွားရေးအတွက် ရည်ရွယ်ပါသည်။
22/02/2025
Chess Class လေးတွေလည်းပါဝင်ပါတယ်✨
09/12/2024
Today, Defending လေး သင်ပေးရင်း Practice လုပ်ကြ🤣♟️
Learning Chess
Contact Us : 09962036222 , 09402739723
Address: Corner of 67 & 104(A)
01/12/2024
Chess ♟️
By One Or Group သင်ပေးပါတယ်♟️
Contact Us : 09962036222 , 09402739723
သင်တန်းနည်းပြ _ ဒေါ်ဆုလဲ့နန္ဒာ
04/09/2024
Chess သင်တာကို On Campus ပဲတတ်ချင်တဲ့သူတွေအတွက်ပါရှင့်✨♟️
04/01/2024
Our Chess Page Restarts Again!!!
Plz Follow & See First For More Information About Chess Knowledge, Online & Offline Classes.
23/01/2021
စစ်တုရင်ဝါသနာပါသူ Beginnerတွေအတွက်
❗ကစားရုပ်ရွှေ့နည်းလေး❗
မှတ်ရလွယ်အောင် ကျွန်တော်တို့ Pageမှ ကောက်နုတ်၍ပြန်လည်မျှဝေပေးလိုက်ပါတယ်✨
စစ်တုရင်အရုပ်ရွှေ့နည်းအချုပ်
----------------------------------
🗝️ အလျားလိုက်၊ဒေါင်လိုက်သွားတာ ရုခ်။(Rook)
🗝️ ထောင့်စောင်းသွားတာ ဘစ်ရှော့ခ်။(Bishop)
🗝️ ရုခ် နဲ့ ဘစ်ရှော့ခ် နှစ်မျိုးပေါင်းသွားတော့ ကွင်းန်။(Queen)
🗝️ ခုန်ပျံကျော်လွှားအယ်လ်ပုံသွား အဲ့ဒါ နိုက်ကွက်များ။(Knight)
🗝️ စ,တက်တော့ တစ်ကွက် နှစ်ကွက်၊ နောက်ထပ်တက်တော့ တစ်ကွက်၊ အစာစားရင် စောင်း,လိုက်တက်၊ ထိပ်ရောက်တော့ ရာထူးတက် ပွန်းရဲ့ မျှော်လင့်ချက်။ (Pawn)
🗝️ အရပ်ရှစ်မျက်နှာလှည့်နိုင်တာ အဲ့ဒါကင်းကြီးပါ။(King)
🗝️ လုံခြုံရေးကို ရှေ့ရှုရေး ကက်စလင်း လုပ်ရသေး။(Castling)
စစ်တုရင်ဝါသနာပါတဲ့ကလေးလေးတွေဆိုရင် သံချပ်လေးနဲ့တောင် ဆိုလို့ရသေးတယ်နော်🤗✨
To Juu Juu (အခြေခံစစ်တုရင်ကစားနည်း)
20/01/2021
သင်တန်းသားတွေအမေးများတဲ့
❗စစ်တုရင်ရဲ့ အတိတ်ကာလ အကြောင်းလေးကို❗
အခြားသူတွေလည်းသိအောင် ကျွန်တော်တို့ Page မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခဗျာ။🙏
♟️စစ်တုရင်အားကစား စတင်ပေါ်ပေါက်ခဲ့တဲ့ အချိန်နဲ့ နေရာကိုတော့ အတိအကျ သိနိုင်ဖို့ ခက်ခဲဆဲပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက ကစားခဲ့ကြကြောင်း တွေ့ရပါတယ်။ စစ်တုရင်ကစားနည်းကို ရှေးခေတ်အိန္ဒိယပြည်က အခြေခံခဲ့တယ်လို့ သမိုင်းဆရာအတော်များများက လက်ခံထားခဲ့ကြပါတယ်။ အနည်းစုကတော့ ရှေးခေတ်တရုတ်ပြည်ကြီးကနေ ပေါက်ဖွားခဲ့တယ်လို့ ယူဆကြပါတယ်။
♟️လက်ရှိကစားနေတဲ့ စစ်တုရင်အားကစားရဲ့ မြစ်ဖျားခံရာ ကစားနည်းတစ်ခုကို အေဒီ ၆ ရာစုမှာ ကစားနေခဲ့ပါပြီ။ ရှေးအိန္ဒိယပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ဂုပတအင်ပိုင်ယာမှာဖြစ်ပြီးတော့ စတုရင်္ဂလို့ ခေါ်ဆိုကြပါတယ်။ စတု = လေးဂဏန်း၊ အင်္ဂ = အင်္ဂါ ဖြစ်ပြီး အင်္ဂါလေးရပ်လို့ အဓိပ္ပာယ်ရပါတယ်။ အဆိုပါခေတ်ရဲ့ စစ်အင်္ဂါလေးပါးဖြစ်တဲ့ ခြေလျင်၊ ဆင်၊ မြင်း၊ ရထား တို့ကို ညွှန်းဆိုတာပါ။ စတုရင်္ဂ ကစားနည်းဟာ အိန္ဒိယပြည်ကနေတဆင့် ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့သွားပါတယ်။ ယဉ်ကျေးမှုကို ဆင့်ပွားခံယူနေကျ ပုံစံအတိုင်း စတုရင်္ဂကိုလည်း တိုင်းနိုင်ငံအသီးအသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဆင့်ပွားပြောင်းလဲပြီး ကစားခဲ့ကြပါတယ်။
♟️တရုတ်မှာတော့ ရှန်ချီအမည်ရတဲ့ တရုတ်စစ်တုရင်ကစားနည်းအဖြစ်၊ ကိုရီးယား နဲ့ ဂျပန်မှာ ရှိုးဂိအမည်ရကစားနည်းအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ မွန်ဂိုလီယာ၊ ဆိုက်ဘေးရီးယား ဒေသတွေမှာလည်း မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကစားရုပ်တွေနဲ့ ထွန်းပေါ်လာခဲ့ပြန်ပါတယ်။ မြန်မာပြည်ကိုလည်း စစ်တုရင်ကစားနည်းအနေနဲ့ ရောက်ရှိခဲ့ပါတယ်။ နယ်ရုပ်၊ ဆင်၊ မြင်း၊ ရထား၊ စစ်ကဲ၊ မင်းကြီးစသည်ဖြင့် ပါရှိပြီး စည်းမျဉ်းစည်းကမ်းတွေက အနောက်တိုင်းစစ်တုရင်နဲ့ ဆင်တူတာကို တွေ့ရပါတယ်။ (ဒီနေရာမှာကြုံလို့ပြောရရင် စစ်ဘုရင်ကစားတယ်၊ စစ်ဘုရင်ထိုးတယ် လို့ တချို့လူတွေ သုံးနှုန်းတာဟာ မှားတယ်လို့ ပြောရမှာပါ။ စတုရင်္ဂ၊ စစ်တုရင်ကပဲ အသုံးမှန်ပါလိမ့်မယ်။)
♟️လက်ရှိကမ္ဘာမှာ ရေပန်းအစားဆုံးဖြစ်တဲ့ အနောက်တိုင်းစစ်တုရင်ကတော့ ပါရှန်းပြည်ကနေ တဆင့်ခံရောက်ရှိခဲ့တာပါ။ ဆက်ဆေးနီးယန်းအင်ပိုင်ယာခေတ် ပါရှန်းမှာ Shatranj ဆိုတဲ့အမည်နဲ့ ပေါ်ပေါက်ခဲ့ပြီး စည်းမျဉ်းတွေလည်း တိုးတက်လာခဲ့ပါတယ်။ ကစားသမားတစ်ယောက်ဟာ ပြိုင်ဖက်ရဲ့ ဘုရင်ကို တိုက်ခိုက်ရင် ရှား Shāh!(ပါရှန်းဘာသာဖြင့် "ဘုရင်") လို့ ခေါ်ရပြီး ပြိုင်ဖက်ဘုရင်တိုက်ခိုက်ခံရလို့ လွတ်လမ်းမရှိချိန်မှာ ရှားမတ် "
Shāh Māt! (ဘုရင်လွတ်လမ်းမရှိပြီ) လို့ ခေါ်ဆိုခြင်းအမှုကို စတင်လာပါတယ်။ အနောက်တိုင်းစစ်တုရင်အဖြစ် ဖွံဖြိုးလာတဲ့ ကစားနည်းအမျိုးမျိုးမှာ အဆိုပါအာမေဋိတ်တွေက ကျန်ရှိခဲ့ပြီး အနောက်တိုင်းစစ်တုရင်ရဲ့ Check နဲ့ Checkmate ဆိုတဲ့ စကားနှစ်လုံးရဲ့ မူရင်းပင်မလည်း ဖြစ်ပါတယ်။
♟️Shatranj ကစားနည်းဟာ အာရပ်တို့ ပါရှန်းကိုနယ်ပယ်ချဲ့ထွင်အပြီးမှာ အာရပ်ကမ္ဘာကို ရောက်ရှိသွားပါတယ်။ ကစားရုပ်အမည်တွေကို ပါရှန်အမည်တွေအတိုင်း ဆက်လက်ထားရှိပါတယ်။ ကစားနည်းကို အာဖရိကမြောက်ပိုင်း မူးအာလူမျိုးတွေက သယ်ဆောင်သွားခဲ့ကြပြီး အဲသည်ကနေ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ဆွီဒင်၊ ဒတ်ခ်ျ၊ အင်္ဂလန် စတဲ့ ဥရောပပြည်ထောင်တွေကို ရောက်ရှိခဲ့ပါတော့တယ်။ ပါရှန်းပြည်ကနေ အာရပ်ကမ္ဘာကို ရောက်သလိုမျိူး စစ်ကျူးကျော်မှုတွေကနေ ယူဆောင်သွားကြတာ များပါတယ်။ ရုရှပြည်ကိုတော့ အရှေ့အလယ်ပိုင်းဒေသကပဲ တိုက်ရိုက်ရောက်ရှိခဲ့တာပါ။
အရှေ့တိုင်းကိုတော့ ဗုဒ္ဓဘာသာ ဘုရားဖူးခရီးသည်တွေနဲ့ ပိုးလမ်းမကတစ်ဆင့် ကုန်သွယ်တဲ့ ကုန်သည်တွေကနေတဆင့် ရောက်တယ်လို့ ဆိုကြပါတယ်။
♟️စစ်တုရင်ကစားနည်း အများဆုံး ဖွံဖြိုးဝေဆာခဲ့တာက ဥရောပမှာပါ။ လွတ်လွတ်လပ်လပ် ဖွံဖြိုးခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။ မူဆလင်တို့ သယ်လာခဲ့တဲ့ ကစားနည်းဖြစ်တာမို့ ခရစ်ယာန်ဘုရားကျောင်းရဲ့ တားမြစ်ပိတ်ပင်မှုတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ Church ရဲ့ တားဆီးမှုကနေ လွတ်မြောက်ရအောင် ကစားရုပ်တို့ရဲ့ အသွင်ကို ပြောင်းလဲရင်း ခရစ်ယာန်အသွင်အပြင် ပေါ်လာပါတယ်။ ကစားရုပ်အချို့ရဲ့ အခေါ်အဝေါ်တွေလည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။
♟️မော်ဒန်စစ်တုရင်မှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တွေနဲ့ စိတ်လှုပ်ရှားဖွယ် နည်းခွဲလိုင်းခွဲတွေနဲ့အတူ လူကြိုက်များလာခဲ့ပါတယ်။ အချိန်မှတ်စနစ်ကို ၁၈၆၁ မှာ မိတ်ဆက်ခဲ့ပါတယ်။ ထိရောက်တဲ့ စည်းမျဉ်းတွေနဲ့ သြဇာကြီးမားတဲ့ ကစားသမားတွေ ပေါ်ပေါက်လာခြင်းနဲ့တူ စစ်တုရင်ကစားနည်းဟာ အထူးရေပန်းစားလာပါတော့တယ်။
to Original writer
17/01/2021
White To Move❕❕
What is The Best Move For White??
09/01/2021
စစ်တုရင်ကစားခြင်းဖြင့် ရရှိလာနိုင်သော
ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ♟️❕
=========================
၁။ ဉာဏ်ရည် ဉာဏ်သွေး (I.Q) တိုးတက်မြင့်မားလာခြင်း။
၂။ဦးနှောက်နှစ်ခြမ်းစလုံးလေ့ကျင့်ခန်း လုပ်ဖြစ်စေခြင်း။
၃။မှတ်ဉာဏ်၏မှတ်မိနိုင်စွမ်းအားတိုးတက်လာခြင်း။
၄။စာဖတ်နိုင်သော စွမ်းရည်မြင့်မားလာခြင်း။
၅။ကောင်းသော နားထောင်သူတစ်ယောက်ဖြစ်လာခြင်း။
၆။စိတ်ရှည်သည်းခံနိုင်မှုနှင့် စိတ်စွမ်းအားများအတွက်
သင်ကြားလာနိုင်ခြင်း။
၇။ရန်လိုတတ်သောသူများကို ငြိမ်သက်လာအောင်ထိန်းသိမ်း
လုပ်ဆောင်နိုင်သော စွမ်းရည်စွမ်းပကားများပိုင်ဆိုင်လာခြင်း။
၈။မိမိကိုယ်မိမိ ယုံကြည်တန်ဖိုးထားမှုများ တိုးတက်မြင့်မားလာခြင်း။
၉။အယ်ဇိုင်းမားရောဂါဟုခေါ်သော ဦးနှောက်ပုံမှန်အလုပ်မလုပ်သော
ဦးနှောက်ချို့ယွင်းမှုရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း။
၁၀။ တီထွင်ဖန်တီးနိုင်မှု အရည်အချင်း တိုးတက်မြင့်မားလာခြင်း။
၁၁။ အပြန်အလှန်အကျိုးသက်ရောက်မှုများအတွက်လုပ်ဆောင်
လာနိုင်ခြင်း။
၁၂။ အာရုံစူးစိုက်နိုင်မှု သမာဓိစိတ်စွမ်းအား တိုးတက်မြင့်မားလာခြင်း။
၁၃။ အစီအစဉ်ရေးဆွဲ၍ရှေ့ရေးအတွက်ကြိုတင်ပြင်ဆင်မှုများ
လုပ်ဆောင်တတ်လာအောက် သင်ကြားလာနိုင်ခြင်း။
၁၄။ပြဿနာရပ်များကိုဖြေရှင်းတတ်လာသည့်စွမ်းရည်
မြင့်မားတိုးတက်လာခြင်း။
၁၅။ဖျော်ဖြေမှု ရသ တစ်ခုအနေဖြင့် စိတ်ကိုဖြေလျှော့စရာ
စိတ်ကုထုံးနည်းတစ်ခုအဖြစ်အသုံးပြုနိုင်ခြင်း။
၁၆။ထိုးထွင်းသိမြင်ခြင်းဆိုင်ရာစိတ်စွမ်းအားများကိုလည်း
တိုးတက် မြင့်မားလာစေခြင်း။
to Koko Aung
06/01/2021
❗Stay At Home မှာ ပညာတစ်ခုသင်ယူလိုက်ပါ♟️❗
🎉Chess မှာ ထိပ်တန်းရောက်ဖို့ မြန်မာပြည်ရဲ့အကောင်းဆုံး နည်းပြဆရာနဲ့သင်ယူနိုင်ပါပြီ🎉
♟️ လူတိုင်းအတွက် Excellent Chess Clubရဲ့ Online စစ်တုရင် သင်တန်း♟️
🔺 သင်တန်းအမှတ်စဥ် (၃) အတွက် သင်တန်းသားအသစ်များ စာရင်းပေးသွင်းနိုင်ပါပြီ။🔺
🔍 ရည်ရွယ်ချက် 📖
♠ နယ်ဝေးမှ စစ်တုရင် ဝါသနာရှင်များ ၊ ချစ်သူများအတွက် စစ်တုရင် အလွယ်တကူ သင်ကြားနိုင်အောင် စီမံပေးခြင်းဖြစ်ပါတယ်။
🔍 ဘယ်သူသင်ကြားပေးမှာလဲ?
♦ မြန်မာနိုင်ငံ စစ်တုရင်လောကမှာ 5️⃣ ဦးထဲသာ ရှိသော International Master ဘွဲ့ရ IM ဦးနေဦးကျော်ထွန်းက ဂရုတစိုက် သင်ကြားပေးမှာဖြစ်ပါတယ်။
♦ ဆရာ ဦးနေဦးကျော်ထွန်းသည်
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ ပေးအပ်သော နိုင်ငံတကာ နည်းပြလက်မှတ် ရရှိထားသူဖြစ်ပါသည်။
♦ ဆရာသည် နိုင်ငံတကာပြိုင်ပွဲများစွာကို ယှဥ်ပြိုင်ခဲ့သလို ပြည်တွင်းမှာရော ပြည်ပမှာရော ဆုပေါင်းများစွာကို ရရှိထားသူဖြစ်ပါသည်။
♦ လက်တလော ပြီးခဲ့သော 2020 ခုနှစ် Online World Olympic Chess ပြိုင်ပွဲကြီးမှာ တစ်ဦးချင်းအကောင်းဆုံးကစားသမား ခုံဆု ၂ ဆုကို ရရှိထားသူဖြစ်ပါတယ်။
♦ နည်းပြအနေဖြင့် ယခုပြည်တွင်းမှာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် အကယ်ဒမီမှာ နည်းပြချုပ်အနေဖြင့်တာဝန်ထမ်းဆောင်နေပါတယ်။
♦ နိုင်ငံတကာအနေဖြင့်
▪2002 ခုနှစ်စင်္ကာပူနိုင်ငံမှာလည်ကောင်း၊
▪2004 ခုနှစ်ထိုင်းနိုင်ငံမှာ လည်းကောင်း၊
▪ 2008 ခုနှစ်မှာနောက်တစ်ကြိမ် နိုင်ငံတကာကစားသမားများကို စင်္ကာပူနိုင်ငံ မှာ နည်းပြ လုပ်ပေးခဲ့ပါသည်။
🔍 ဘယ်လိုသင်ကြားပေးမှာလဲ?
📍 Zoom ဖြင့် တစ်ပတ်ကို (၄) ရက် တစ်ချိန်ကို တစ်နာရီ ဂရုတစိုက် သင်ကြားပေးမှာဖြစ်ပါတယ်။
📍 သင်ကြားရမည့် သင်ရိုးစာအုပ်များကို သင်တန်းသားတိုင်းထံ အခမဲ့ ပေးသွားဦးမှာလည်းဖြစ်ပါတယ်။
📍 ဒါ့အပြင် ကျန်တဲ့အချိန်များမှာ သိလိုတာများ မေးနိုင်ဖို့ Facebook မှာ Groupတွေ ခွဲပေးထားပြီး
leaderများကို ထားရှိပေးထားပါမယ်။ ၄င်း Leaderများမှာလည်း အရည်အချင်း ပြည့်ဝသော သူများသာထားရှိပေးသွားပါမည်။
🔍 ထိရောက်မှုရှိပါ့မလား?🤷
✌ အိမ်မှာ လုံးဝ မသင်တာထက်စာရင်တော့ အများကြီးထိရောက်တဲ့အပြင် ပြီးစလွယ် ကလပ် မဟုတ်ဘဲ အထိရောက်ဆုံးဖြစ်အောင် ဆရာနဲ့တိုက်ရိုက်သင်ပေးမည်ဖြစ်ပါ၍
ထိရောက်မှုရှိပါတယ် လို့ပြောချင်ပါတယ် ။
✌ ဒါ့အပြင် သင်တန်း အမှတ်စဥ် (၂) အတွက်လဲ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် သင်တန်းသားများရဲ့ Good Feedback များကိုလဲ ကျွန်တော်တို့ရဲ့ Page မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
🔍 ဘယ်Classတွေရှိတာလဲ?
🔴 Basic Class
Mon to Thu ( 6 PM - 7 PM )
🔸 စစ်တုရင်ကို အရုပ်ကောင်းကောင်းမရွေ့တတ်သေးသူများ၊ အခြေခံမှစ၍ စနစ်တကျလေ့လာချင်သူများအတွက် ရွေးချယ်သင့်ပါတယ်။
🔴 Intermediate Class
Mon to Thu ( 5 PM - 6 PM)
🔸 စစ်တုရင် အရုပ်ရွေ့တတ်ပြီးသူများ၊ အခြေခံ သင်ရိုးအတိုင်း စနစ်တကျ လေ့လာချင်သူများ ၊ ပြိုင်ပွဲတွေဝင်ဖူးပြီး ဆရာများနဲ့ စနစ်တကျ တစ်ခါမှ မသင်ဖူးသူများ အတွက် တတ်သင့်တဲ့အတန်းပါ။
✴ Special Class ✴
🔸 ဆရာဖြင့် အထူးသီးသန့်သင်လိုသူများအတွက် ရည်ရွယ်ထားသောအတန်းဖြစ်ပါသည်။ လိုချင်သောအချိန် လိုချင်သောပုံစံကို ဆရာနဲ့ တိုက်ရိုက် ညှိနှိုင်းနိုင်ပါသည်။
🔍 သင်တန်းကြေးကရော?
📌 Basic Class - 20000 ks
📌 Intermediate Class - 30000 ks
📌 Special Class အတွက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
▪လစဥ်ကြေးပုံစံနဲ့ ဖြစ်ပြီး သက်ဆိုင်ရာ သင်ရိုးစာအုပ်ကိုအခမဲ့ ရရှိမည်ဖြစ်ပါသည်။
🔺 ဂရုတစိုက်သင်နိုင်ရန်အတွက် လူဦးရေးအထူးကန့်သတ်ထားပါသည်။ 🔺
🔍 စာရင်းဘယ်လိုသွင်းရမလဲ?
☎ ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊
Page Chat Box မှ ဖြစ်စေ နာမည် ၊ ဖုန်းနံပါတ် များကို ပေးပို့ခြင်းဖြင့် စာရင်းသွင်းခဲ့နိုင်ပါတယ်။ကျွန်တော်တို့မှ ပြန်လည်ဆက်သွယ်ပေးပါမယ် ။
🔍 ဘယ်ချိန်စာရင်းပိတ်မှာလဲ? ⏰
💥10.1.2021 💥ရက်နေ့နောက်ဆုံးထား စာရင်းပေးသွင်းရမှာ ဖြစ်ပြီး 🔥11.1.2021🔥 ရက်(တနင်္လာနေ့) မှာ သင်တန်းစတင်မည် ဖြစ်ပါသည်။
ဆက်သွယ်ရန်
📱09-402570230 & 09-971431590
#သင့်ရဲ့အခွင့်အရေးကို ခုပဲ ရယူဖို့ ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ ။💪
Extra 👉 ဘဝအတွက်စစ်တုရင်စာအုပ်ကို ကျွန်တော်တို့pageမှဝယ်ယူနိုင်ပါပြီ။
အသေးစိတ်ကို pageထဲ၌ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်✏️✨
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |