YoungBoys FC

YoungBoys FC

Share

Amateur Football Club (Mandalay Industrial Zone 1)

24/02/2026

22-2-2026 Match Result

Mandalar Hero FC 3 - 3 YOUNGBOYS FC

⚽️12’ ⚽️26’⚽️78’ No 9 Chit Ko 32’ 41’ 89’

ချစ်ကြည်ရေးခြေစမ်းပွဲများ ၃ လကြာ နားထားခဲ့ပြီး ပထမဆုံးပြန်ကန်တဲ့ ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။လူစုံအောင်သာဦးစားပေး စုစည်းခဲ့ရပြီး ကစားကွက် တည်နိုင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။
ပထမပိုင်းမှာ ကစားကွက်ပျောက်ခဲ့ပေမယ့် လိုအပ်တဲ့ချေပဂိုးများကိုတော့အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ချစ်ကိုကို မှ တာဝန်ယူပေးနိုင်ခဲ့ပြီး သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။
ဖိတ်ခေါ်ကစားပေးတဲ့ တဖက်အသင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်ခဗျ။ထိခိုက်မိတာများရှိခဲ့ပါရင်လည်း အနူးအညွတ် တောင်းပန်အပ်ပါတယ်ခဗျ။

26/10/2025

25-10-2025 Match Result

YOUNGBOYS FC 3 - 1 Med Students FC

No 12 A M Thant 22’ ⚽️55’
No 8 Kaung Myat 34’
No 26 Min Thant 57’

ချစ်ကြည်ရေးပွဲ အဖြစ် ဆေးတက္ကသိုလ်လူငယ်လေးများအသင်းနဲ့ ခြေစမ်းကစားခဲ့ကြပါတယ်။ပွဲကစားရင်း ထိခိုက်မိတာများရှိခဲ့ပါရင်လည်း ညီငယ်လေးများကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခဗျ။

24/10/2025

23.10.25 Match Result

Myoma Amara FC 2 - 3 YOUNGBOYS FC

⚽️13’ ⚽️ 90’ No 88 T L Htet ⚽️⚽️⚽️
24’30’43’

ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် မြို့မ အသင်းနဲ့ အမရပူရ ကွင်းမှာ ကစားဖြစ်ခဲ့ကြပါတယ်။အိမ်ရှင်ပီသစွာ ဧည့်ခံကစားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခဗျာ။ကစားပုံ ကစားကွက်တကယ်ကောင်းတဲ့ အသင်းတစ်သင်းနဲ့ ကစားခွင့်ရခဲ့တာဟာ ကျနော်တို့အသင်းအတွက်တော့ တန်ဖိုးရှိလှပါတယ်။မတော်တဆ ထိခိုက်မိတာများရှိခဲ့ရင်လည်း အနူးအညွှတ် တောင်းပန်အပ်ပါတယ်ခဗျ။

20/10/2025

19-10-2025 Match Result

YSK FC 1 - 1 YOUNGBOYS FC

⚽️2’ No 26 Min Thant 86’

တပတ်အတွင်း ဒုတိယအကြိမ်မြောက်တွေ့ဆုံမှု့မှာတော့ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ကြပါတယ်။ပွဲအစမှာပဲ နောက်တန်းအမှားကနေ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။တိုက်စစ်ပိုင်းကလည်း လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့ လူစားလဲမှု့ အချို့ပြုလုပ်ခဲ့ပြီး ပွဲပြီးခါနီးမှာတော့ ချေပဂိုးရယူနိုင်ခဲ့ပါတယ်။ဒီပွဲမှာတော့ အသင်းရဲ့ အားနည်းချက်အများအပြားကို တွေရှိခဲ့ရပြီး ပြင်ဆင်မှု့ မလုပ်နိုင်ရင်တော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ရမှာပဲထြစ်ပါတယ်။ပြိုင်ဖက်အသင်းဟာ ကစားအားကောင်းမွန်လှပြီး အားကစားစိတ်အပြည့်ရှိတဲ့ အသင်းတသင်းအဖြစ် အသိအမှတ်ပြုရပါတယ်။ဖိတ်ခေါ်ကစားပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။မတော်တဆ ထိခိုက်မိတာများရှိခဲ့ပါရင်လည်း တောင်းပန်အပ်ပါတယ်ခဗျာ။

14/10/2025

14-10-2025 Match Result

Sixty Six FC 1 - 0 YOUNGBOYS FC

⚽️86’

စိတ်ပျက်ဖွယ်ရာ တစ်ကိုယ်ကောင်းဆန်မှု့တွေ ဂိုးမသွင်းတတ်မှု့တွေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။အသင်းသားတွေ နောက်ကျခြင်း မလာရောက်ကြခြင်းတို့ကြောင့် ပြိုင်ဖက်အသင်းမှာ ကစားသမား ၃ ဦးအား ခေါ်ယူပြီး ကစားခဲ့ရပါတယ်။ဂိုးသမားမလာရောက် နောက်တန်းမရှိ တိုက်စစ်မရှိ ပဲ ကွင်းလည်ကစားသမားများဖြင့်သာ ကစားခဲ့ရပြီး ပွဲပြီးဆုံးသည်အထိ အသင်းဟာ ၁၁ ယောက်မပြည့်ခဲ့ပါဘူး။အသင်းခေါင်းဆောင်ကိုယ်တိုင် အသင်းရဲ့ အနေအထားကို စိတ်ပျက်ခဲ့ပြီးနိုင်လိုစိတ်
ပျောက်ဆုံး ခဲ့ရပါတယ်။အသင်းသားတွေဟာ သူတို့ဟန်အတိုင်း စိတ်တိုင်းကြ ကစားခွင့်ရခဲ့ပြီး ရှုံးနိမ့်ခဲ့ကြပါတယ်။
ပြိုင်ဖက်အသင်းမှ ညီအကိုများအား အထူးကျေးဇူးတင်ရှိပါတယ်ခဗျ။ထိခိုက်မိတာများရှိခဲ့ပါရင်လည်း တောင်းပန်အပ်ပါတယ်ခဗျာ ။

13/10/2025

12-10-2025 Match Result

YSK FC 2 - 4 YOUNGBOYS FC

⚽️24’ ⚽️52’ No 70 Sai Min ⚽️ 19’
No 26 Min Thant ⚽️ 43’⚽️ 80’
No 20 H Wai Yan ⚽️ 57’

အပတ်စဉ် ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် Ko Ye အသင်းနဲ့ ခြေစမ်းကစားခဲ့ကြပါတယ်။YSK အသင်းဟာလည်း မကြာခဏ တွေ့ဆုံခဲ့ကြဖူးပြီး ကစားအားကောင်းတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ပွဲဟာ အကြိတ်အနယ်ရှိလှပါတယ်။
အဖွင့်ဂိုးကို အသင်းရဲ့ တောင်ပံကစားသမား စိုင်းမင်းက သွင်းယူခဲ့ပါတယ်။ခြေပဂိုးကိုတော့ နောက်တန်းနဲ့ ဂိုးသမားကြား နားလည်မှု့လွဲချော်ပြီး ခွင့်ပြုခဲ့ရပါတယ်။
နောက်ထပ်ဦးဆောင်ဂိုးကိုတော့ တောင်ပံတိုက်စစ်ကစားသမား မင်းသန့်က ခေါင်းတိုက် ရယူနိုင်ခဲ့ပေမယ့်
ခြေပဂိုး ကို နောက်တန်းနဲ့ ဂိုးသမား နားလည်မှု့ အမှားကနေပဲ ထပ်မံခွင့်ပြုခဲ့ရပြန်ပါတယ်။
ထပ်မံဦးဆောင်ဂိုးကို အသင်းရဲ့ လူငယ်ကစားသမား ထက်ဝေယံက ကန်သွင်းရယူခဲ့ပြီး
ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ အကြိတ်အနယ် ကစားကြရင်း တောင်ပံကစားသမား မင်းသန့်ကပဲ အသင်းရဲ့လေးဂိုးမြောက်
ဂိုးကို ရယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲကစားရင်း မတော်တဆထိခိုက်မိခဲ့ပါရင်လည်း YSK မှ ညီကိုများကို တောင်းပန်အပ်ပါတယ်ခဗျာ။

04/10/2025

2-10-25 Result

Union (New) 1 - 3 YOUNGBOYS FC

⚽️ 39’ No 8 Kaung Myat 28’⚽️
No 9 Chit Ko 62’⚽️79’⚽️

ပြိုင်ဖက်အသင်းဟာ လူငယ်အများစု ပါဝင်တာကြောင့်
ကစားအားကောင်းတာကိုတွေ့ရပါတယ်။ဒါ့ကြောင့်ပဲ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။အချိန်အတော်ကြာ ဂိုးပေါက်ပျောက်နေခဲ့တဲ့ တောင်ပံ ကစားသမား ကောင်းမြတ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေ့မယ့် ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး ပထမ ပိုင်းမှာ သရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ အကြိတ်အနယ် ရှိခဲ့ကြပြီး အသင်းရဲ့ ဝါရင့်တိုက်စ်မှူးရဲ့ဂိုးတွေထပ်မံရရှိခဲ့တာကြောင့် အနိုင်ရလဒ်ရရှိခဲ့ပါတယ်။
မတော်တဆ ထိခိုက်မိတာများရှိခဲ့ပါရင် အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခဗျာ။

Photos from YoungBoys FC's post 28/09/2025

27-9-2025 Match Result

YTK FC 1 - 4 YOUNGBOYS FC

⚽️82’ No 15 Kyaw Htet Aung 21’
No 20 Htet Wai Yan 34’76’
No 26 Min Thant 59’

ပွဲကစားရင်း မတော်တဆ ထိခိုက်မှု့များရှိခဲ့ပါရင်လည်း YTK အသင်းမှ ညီကိုများကို အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခဗျာ။ဖိတ်ခေါ်ကစားပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်ခဗျ။

19/09/2025

18.9.2025 (Ar Kar )Result

YOUNGBOYS FC 4 - 2 Dynamic Star FC

No 26 Min Thant 15’ 71’ Myo Tun 42’
No 17 Dynamo 22’ Saung 83’ (P)
No 28 P Min Oo 80’

ပွဲထွက်ဂိုးသမားနောက်ကျနေမှု့ကြောင့် အာဆင်နယ်ဂိုးသမားအား တပွဲစာချုပ်ဖြင့်အရေးပေါ်ခေါ်ယူခဲ့ရပါတယ်။ပွဲအစပိုင်းမှာ တိုက်စစ်မှုးမပါတဲ့ အားနည်းချက်ကြောင့် ရုန်းကန်ခဲ့ရပါတယ်။ပြိုင်ဖက်အသင်းဟာလည်း ကစားအားကောင်းပြီး အတွေ့ကြုံရှိအသင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု့ ပြင်းထန်ခဲ့ပါတယ်။တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ မင်းသန့်နဲ့ ဒိုင်နမို တို့က ဦးဆောင်ဂိုးရယူခဲ့ပြီး ပြိုင်ဖက်အသင်းမှ ကစားသမား မျိုးထွန်းမှ တိကျတဲ့ကန်ချက်နဲ့ ချေပဂိုးတဂိုးရယူသွားခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာတော့ ကွင်းလည်လူစိုင်းမင်းအစား ကျော်ညီခန့်၊တိုက်စစ်ကစားသမား ကောင်းမြတ်အစား ဖြိုးမင်းဦးတို့အားဝင်ရောက်ကစားစေခဲ့ပြီး အသင်းနဲ့ အံဝင်ခဲ့တာကိုတွေ့ရပါတယ်။မင်းသန့်ရဲ့ အတိုးအလှုပ်ကနေ ပဲ နောက်ထပ်တတိယမြောက်းဂိုးရရှိခဲ့ပါတယ်။တဖက်အသင်းမှ လည်းခြေပဂိုးများရရှိနိုင်ဖို့ ဖိအားပေးကစားလာတဲ့အတွက် အကြိတ်အနယ်ရှိခဲ့ကြပါတယ်။တဖက်အသင်းရဲ့ ဖိအားပေးမှု့ကနေပဲ ကောင်တာ ရရှိခဲ့ပြီး မင်းသန့်ရဲ့ပိတ်သွင်းမှု့တွေမအောင်မြင်ခဲ့ပဲ တိုက်စစ်ကစားသမားဖြိုးမင်းဦးက အပိတ်ဂိုးကိုသွင်းယူခဲ့ပါတယ်။ပွဲပြီးခါနီးအထိပြိုင်ဖက်အသင်းကပဲ ဆက်လက် တိုက်စစ်ဆင်ကစားခဲ့ပြီးဖိအားပေးခံခဲ့ရပါတယ်။
ပွဲပြီးခါနီးမိနစ်အနည်းငယ်အလိုမှာတော့ တဖက်တိုက်စစ်ကစာသမားနဲ့ မိမိတို့ဂိုးသမား တယောက်ချင်းအတွေ့မှ ထိခိုက်မှု့ရှိခဲ့ပြီး ပင်နယ်တီပစ်ဒဏ်ပေးခဲ့ရပါတယ်။ရရှိတဲ့ပင်နယ်တီကို ပြိုင်ဖက်တိုက်စစ်မှူး ဆောင်း ကနေပဲ လှပစွာအဆုံးသတ် သွင်းယူသွားခဲ့ပါတယ်။ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာတော့ တကွင်းလုံးပတ်ဆဲနေတဲ့ ကိုဇေဟာ အပိုင်အခွင့်အရေးတခုရရှိခဲ့ပြီး ဂိုးဘားပေါ်ကို ကျော်ကန်ခဲ့ပြီး ပြုံးစိစိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

မတော်တဆထိခိုက်မှု့တွေရှိခဲ့ပါရင်းလည်း တဖက်အသင်းမှာ ညီကိုများကို အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခဗျ။

19/09/2025

ဒုတိယအကြိမ် မှာတော့ဖြင့် အနိုင်ရလဒ်ကို ရရှိခဲ့ကြပါတယ်။

# FC

01/09/2025
Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


YADANAR STREET/64& 65
Mandalay