Śāntosha Yoga

Śāntosha Yoga

Share

Yoga is not just a workout it’s about working on yourself 🧘‍♀️

04/09/2025

🍀"September လအတွက် အတန်းလေးတွေ
စတင်လက်ခံပါပီရှင့်”🪷🌻🌹
Mind+Body+Breathing -Mindfulness Yoga🧘‍♀️

🧘‍♀️Yogaဆိုတာ ကျင့်စဉ်တစ်ခုပါပဲ ဘယ်လိုကျင့်စဉ်
လဲဆိုတော့ ကိုယ့်ရဲ့Mind+ Body+Spirit (3)ပါးလုံးကို
ယောဂကျင့်နေစဉ်မှာချိတ်ဆက်ပေးနိုင်စွမ်းရှိပါတယ်

🧘‍♀️Yogaဆိုတာ Asanaတစ်ခုထက်အများကြီးပိုပါတယ်
Yogaလို့ပြောလိုက်ရင် ခန္တာကိုယ်အားစိုက်ထုတ်ရတဲ့
Asanaတွေနဲ့သာ တွဲရက်မြင်တတ်ကြတာများပါတယ်
တကယ်တမ်းWorkoutဆိုတာမျိုးထက် Workinလို့
ပြောလို့ရပါတယ်

🧘‍♀️ကိုယ့်အတွင်းထဲမှာ မမြင်ရတဲ့စွမ်းအားတွေအများ
ကြီးရှိပါသေးတယ်

🧘‍♀️Yogaတစ်ချိန်မှာ တစ်ခြားသူတွေလိုက်ကြည့်နေရတာ
မျိုးထက် ကိုယ်ရဲ့ခန္တာကိုယ်ကို ကိုယ်သိဖို့ ၊ကိုယ့်
စိတ်ကလေးက ခန္တာကိုယ်လှုပ်ရှားမှုတွေသိနေဖို့၊
ကိုယ့်အသက်ရှူသွင်းရှူထုတ်တာ သိနေဖို့ စတာတွေကို
အားစိုက်ထုတ်ကြရပါတယ်

🧘‍♀️ပြင်ပအရာတွေထက် ကိုယ်နဲ့ကိုယ်နဲ့ အရင်ထပ်တူကျ
ဖို့ဆိုတဲ့အရာမျိုး အမြဲကြိုးစားအားထုတ်ကြရပါတယ်

🧘‍♀️ပစ္စုပ္ပန်အခိုက်ကလေးတွေမှာ သိစိတ်လေးကပ်နေဖို့
Yogaကျင့်စဉ်တွေကနေ Yogiတို့ကို နေ့စဉ်ဘဝမှာပါ
များစွာ အထောက်အကူဖြစ်စေပါတယ်

ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာဖို့ ယောဂနဲ့စတင်ထိတွေ့ကြည့်ကြအောင်🤍

Monday to Thursday
7:00am to 8:00am(Regular class)
59A 110-110A Śāntosha Yoga Studio
Fees-90000ks (တစ်လ16ချိန်)

5:00pm to 6:00pm (Regular class)
74 37-38 GTM Fitness Zone
Fees-70000ks (တစ်လ16ချိန်)

Private classလေးတွေလဲ လက်ခံပါတယ်ရှင့်
Auraမှာကအချိန်လေးညှိပြီးတင်ပေးပါမယ်ရှင့်

Zoom online class
Monday to Thursday (Beginner class)
6:00am to 7:00am
Fees-70000ks (တစ်လ12ချိန်)

Zoomနဲ့သီးသန့်သင်ချင်တဲ့သူလေးတွေလဲ အချိန်ညှိပေးပါတယ်ရှင့်

Namaste 🧘‍♀️

Photos from Śāntosha Yoga's post 18/08/2025

Start small. 🤍
Stay consistent. 🪷
Feel the change. 🍀
That's the yoga way.🧘‍♀️

12/08/2025

🪷"Mindfulness Yoga Class”🧘‍♀️

🧘‍♀️ခန္တာကိုယ်ကျန်းမာဖို့ ကြိုးစားအားထုတ်ကြရင်း
စိတ်ကလေးကို ခနလောက်အနားပေးကြည့်လို့ရပါ
တယ်

🧘‍♀️နေ့စဉ်ဘဝမှာ မောပန်းလာရင် Yogaလေ့ကျင့်ခြင်းဖြင့်
အားအင်တွေ ပြန်လည်ဖြည့်တင်းလို့ရပါတယ်

🧘‍♀️စိတ်နဲ့ခန္တာတစ်သားတည်းရှိတဲ့အချိန်ကYogaစတင်တဲ့
အချိန်လေးပါပဲ

🧘‍♀️စိတ်ကလေးအရင်ကထက် Groundingဖြစ်လာမယ်၊
အေးချမ်းလာမယ်၊ အသိ/သတိကပ်လာမယ် ခန္တာ
ကိုယ်ကလဲ အရင်ကထက်ပိုပြီးကျန်းမာလာမယ်
စတာတွေကYogaကျင့်တာကနေ ရရှိစေတဲ့
ဘဝအတွက် ဆုလာဘ်ကြီးတွေပါပဲ

🪷Yoga စတင်လေ့ကျင့်တော့မယ်ဆိုရင်🪷
🪷Monday To Thursday 🪷

Śāntosha Yoga Studio
59A 110-110A Mandalay
Time-7:00-8:00am
Fees-90,000ks (16ချိန်)

Online Zoom Class
Time-6:00-7:00am
Fees-70,000ks(16ချိန်)

Time-7:00-8:00pm
Fees-70,000ks(16ချိန်)

GTM Fitness Zone
74 37-38 Mandalay
Time-5:00-6:00pm
Fees-70,000ks(16ချိန်)

သီးသန့်သင်ကြားချင်တဲ့သူလေးတွေအတွက်လဲ
Private In-Person class
Zoom In-Person class လေးတွေလဲ သင်လို့ရပါတယ်ရှင့် Cbမှာလာရောက်မေးမြန်လို့ရတယ်ရှင့်

Namaste 🧘‍♀️

08/08/2025

8.8 Lion Gate Poratalနဲ့အတူ သင်တန်းလာအပ်တဲ့သူလေးတွေအတွက် 10% offရှိပါမယ်ရှင့်🤍

Śāntosha Yoga Studioနဲ့ Private Classအတွက်ပါရှင့်

Śāntoshaမှာ 90000-10% off
Private class 500,000-10% off

စိတ်ကလေးအေးချမ်းပြီး ခန္တာကိုယ်ကျန်းမာဖို့
Pranayama ပါသင်ကြားပေးတဲ့ထဲပါပါတယ်ရှင့်

နေ့စဉ်ဘဝတွေမှာ အသိ/သတိနဲ့အတူခေါ်ဆောင်သွားနိုင်ဖို့ ယောဂနဲ့စတင်ထိတွေ့ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်ရှင့်

8.8 ဝါခေါင်လပြည့်နေမှာ ကျန်းမာရေး,လူမှုရေး,စီးပွါးရေး စတာတွေနဲ့သက်ဆိုင်သမျှ လာဘ်လာဘတွေအကုန်ပွင့်ကြပါစေရှင့်🍀

Namaste
8.8.2025

26/07/2025

🍀"Augustလအတွက် အတန်းလေးတွေ
စတင်လက်ခံပါပီရှင့်”🪷🌻🌹

🧘‍♀️Yogaဆိုတာ ကျင့်စဉ်တစ်ခုပါပဲ ဘယ်လိုကျင့်စဉ်
လဲဆိုတော့ ကိုယ့်ရဲ့Mind+ Body+Spirit (3)ပါးလုံးကို
ယောဂကျင့်နေစဉ်မှာချိတ်ဆက်ပေးနိုင်စွမ်းရှိပါတယ်

🧘‍♀️Yogaဆိုတာ Asanaတစ်ခုထက်အများကြီးပိုပါတယ်
Yogaလို့ပြောလိုက်ရင် ခန္တာကိုယ်အားစိုက်ထုတ်ရတဲ့
Asanaတွေနဲ့သာ တွဲရက်မြင်တတ်ကြတာများပါတယ်
တကယ်တမ်းWorkoutဆိုတာမျိုးထက် Workinလို့
ပြောလို့ရပါတယ်

🧘‍♀️Yogaတစ်ချိန်မှာ တစ်ခြားသူတွေလိုက်ကြည့်နေရတာ
မျိုးထက် ကိုယ်ရဲ့ခန္တာကိုယ်ကို ကိုယ်သိဖို့ ၊ကိုယ့်
စိတ်ကလေးက ခန္တာကိုယ်လှုပ်ရှားမှုတွေသိနေဖို့၊
ကိုယ့်အသက်ရှူသွင်းရှူထုတ်တာ သိနေဖို့ စတာတွေကို
အားစိုက်ထုတ်ကြရပါတယ်

🧘‍♀️ပြင်ပအရာတွေထက် ကိုယ်နဲ့ကိုယ်နဲ့ အရင်ထပ်တူကျ
ဖို့ဆိုတဲ့အရာမျိုး အမြဲကြိုးစားအားထုတ်ကြရပါတယ်

🧘‍♀️ပစ္စုပ္ပန်အခိုက်ကလေးတွေမှာ သိစိတ်လေးကပ်နေဖို့
Yogaကျင့်စဉ်တွေကနေ Yogiတို့ကို နေ့စဉ်ဘဝမှာပါ
များစွာ အထောက်အကူဖြစ်စေပါတယ်

ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာဖို့ ယောဂနဲ့စတင်ထိတွေ့ကြည့်ကြအောင်🤍

Monday to Thursday
7:00am to 8:00am(Regular class)
11:00am to 12:00am(Basic class)
59A 110-110A Śāntosha Yoga Studio
Fees-90000ks (တစ်လ16ချိန်)

5:00pm to 6:00pm (Regular class)
74 37-38 GTM Fitness Zone
Fees-70000ks (တစ်လ16ချိန်)

Private classလေးတွေလဲ လက်ခံပါတယ်ရှင့်

Zoom online class
Saturday to Monday(Beginner class)
9:30am to 10:30am
Fees-70000ks (တစ်လ12ချိန်)

Zoomနဲ့သီးသန့်သင်ချင်တဲ့သူလေးတွေလဲ အချိန်ညှိပေးပါတယ်ရှင့်

Namaste 🧘‍♀️

Photos from Śāntosha Yoga's post 24/07/2025

"Yoga Mat”🧘‍♀️
🌻Preorder/ Prepaid 🍀
🌻Price-125,000ks [Qualityအကောင်း]

✅ပုံမှန်160,000ksအောက်ထစ်ရှိပါတယ်နော်💕

🪷လိုချင်တဲ့အရောင်၊Design၊နာမည်ထိုး စတာတွေ
ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်
🪷ဈေးကလဲပုံမှန်ပေါက်ဈေးထက် အများကြီးသက်သာ
တယ် ပစ္စည်းQualityအပြင်ပုံလဲပြခားပါတယ်
🪷စက်ရုံဈေးတိုက်ရိုက်မှာပေးမှာမို့ (10)ချပ်ပြည့်တာနဲ့
ဟိုဘက်တန်းမှာပေးလို့ရပါပီရှင့်
🪷ရေရှည်ယောဂကျင့်မယ့်လေးအတွက်
Yoga matကောင်းကောင်းတစ်ချပ်ပဲလိုပါတယ်
🪷Orderလေးစုမှာချင်တဲ့သူလေးတွေအတွက်
(10)ချပ်ကစလက်ကားစျေးနဲ့ရပါမယ်ရှင့်

ကြာချိန်ကတော့ခန့်မှန်းချိန်2weeksလောက်ပါပဲရှင့်🤍

Photos from Śāntosha Yoga's post 21/07/2025

🤍ချစ်ခြင်းမေတ္တာဆိုတဲ့အရာမျိုးက အသွားရှိရင်
အပြန်ရှိတာပါပဲ..

🤍ကိုယ်ပေးတဲ့စေတနာတွေ ၊ စိတ်အေးချမ်းမှုတွေ ၊
ခန္တာကိုယ်ကျန်းမာမှုတွေ တခြားသူတွေလက်ခံရရှိ
နိုင်ဖို့ဆိုတာ
🤍ကိုယ်ပေးတဲ့အရာတွေက စစ်မှန်ဖို့လဲလိုသလို
လက်ခံချင်တဲ့သူတွေကလဲ ဖွင့်ထားတတ်ဖို့လိုပါတယ်

🤍ကိုယ်ပေးချင်တဲ့အရာနဲ့ သူတို့လက်ခံရရှိတဲ့အရာတွေ
ထပ်တူကျတဲ့အခါ ကျေနပ်ပီတိဖြစ်မိတာပါပဲ

🤍Yogaဖျာပေါ်မှာ လေ့ကျင့်ပီး အသိ/သတိကို နေ့စဉ်
ဘဝထဲ ခေါ်ဆောင်သွားနိုင်တာနဲ့သမျှ ကိုယ့်ဘဝကြီး
ကအရင်ကထက်ပိုပြီးအဓိပ္ပာယ်ရှိလာသလို,စိတ်
ကလေးထားတတ်ပြီး အရင်ကထက်ပိုအေးချမ်းလာ
ကြတာတွေ့ရတယ် ကျန်မာခြင်းကလာဘ်ကြီးတစ်ပါ
ဆိုတဲ့အတိုင်း စိတ်နဲ့ခန္တာပါ အရင်ကထက်ပိုကျန်းမာ။
လာတော့တာပါပဲ

🤍မနက်ခင်းပိုင်းအချိန်တက်တဲ့ အစ်မတစ်ယောက်က
Computerကိုတစ်နေကုန်ထိုင်ပြီး အသုံးပြုတဲ့အချိန်မှာ
ပုခုံးတွေ ကြုံ့မိနေတာကို သတိလေးကပ်ပြီးပြန်လျော့
ဖြစ်လာတယ်တဲ့ နေ့စဉ်ဘဝထဲ အသိ/သတိကို
ခေါ်ဆောင်သွားနိုင်တဲ့အခါ ရေရှည်ဖြစ်လာမယ့်
ကျီးပေါင်း၊လေးဘက်နာစတဲ့ရောဂါတွေဖြစ်လာဖို့
ရာခိုင်နှုန်း သူ့အတွက်လျော့နည်းသွားစေတယ်

🤍Yoga Groupထဲမှာ ကိုယ်တိုင်မန့်စရာမလိုပဲ
mentionခေါ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို
လဲ ကျေးဇူးတင်ရပါတယ်

🤍မတောင်းဘဲရတဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိနေတဲ
အတွက်ကျေးဇူးတင်ပါတယ်🍀🪷🧘‍♀️

Photos from Śāntosha Yoga's post 20/07/2025

🪷Pocari Sweat Team 💙

🧘‍♀️ရွေးချယ်စရာတွေ အများကြီးရှိတဲ့ထဲက ယောဂလေ့
ကျင့်ခြင်းဖြင့် မိမိရဲ့စိတ်နဲ့ခန္တာကိုယ်ကို ကရုတစိုက်
အနားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

🧘‍♀️ယောဂဆိုတာ ခန္တာကိုယ်အတွက်တင် အကျိုးများစေ
ရုံသာမက စိတ်ကလေးအတွက်ပါ အကျိုးရှိစေပါ
တယ် Workout ဆိုတာထက် Workinလို့ဆိုနိုင်ပါတယ်

🧘‍♀️ဒီနေ့ အချိန်နှစ်နာရီမှာ ယောဂနဲ့စတင်ထိတွေ့ပေးရင်း
တန်ဖိုးရှိတဲ့အရာတွေ ဝေမျှခွင့်ရခဲ့တဲ့အတွက်
ကျေနပ်မိပါတယ် ရွေးချယ်ပေးတဲ့အတွက်လဲကျေးဇူး
တင်ပါတယ်

🧘‍♀️ယောဂဆိုတာ ရေရှည်ကျင့်သွားရမယ့် ကျင့်စဉ်တစ်ခု
ဖြစ်တာမို့ ကိုယ်နဲ့ ကိုယ်နဲ့ ထပ်တူကျဖို့ ကြိုးစားရင်း
Inner Journey လေးသွားကြည့်ဖို့တိုက်တွန်းချင်ပါ
တယ်ရှင်🤍

“Yoga is not just a workout - it's about working on
yourself.”🧘‍♀️

Namaste 🪷

Photos from Śāntosha Yoga's post 17/07/2025

🪷ဒီနေ့တော့ပုံလှလှလေးတွေရခဲ့တဲ့
ရိုက်ပေးတဲ့ညီမလေးမေဖူးကိုလဲ
ကျေးဇူးတင်ပါတယ်ရှင့် 🥰

🪷ယောဂနဲ့ စတင်ထိတွေ့စေခဲ့တဲ့
တီချယ်ဂင်္ဂါကိုလဲ ကျေးဇူးတင်ပါတယ်🧘‍♀️

🪷ယောဂလေ့ကျင့်ဖို့ နောက်ကွယ်ကအကြောင်း
အထောက်အပံ့တွေအားလုံးကို
ကျေးဇူးတင်ပါတယ်♥️🍀🪷🧘‍♀️

16/07/2025

14/07/2025

ပီတိကိုစားအားရှိ 🤭

Yoga ပြန်သင်ပေးဖို့ စတင်ဆုံးဖြတ်လိုက်တည်းက
ခန္တာကိုယ်အတွက်သီးသန့်၊Asanaတွေသီးသန့်ပေးမယ်ဆိုတာမျိုးမဟုတ်ဘဲ စိတ်ကလေးအေးချမ်းဖို့၊စိတ်ကလေးအနားရဖို့အတွက်ပါပေးမယ်ဆိုတဲ့ စိတ်နဲ့ စတင်ကြိုးစားအားထုတ်ခဲ့ဖြစ်တာ

တစ်တန်းသင်ပေးပြီးတဲ့အချိန် Clientsတွေရဲ့ စိတ်ကလေးအနားရပြီး မျက်နှာကော မျက်စိတွေပါကြည်လင်ပြီး၊အရောင်တွေတောက်ပြီး အားအင်အပြည့်ဖြစ်လာတာမြင်ရတာနဲ့တင် ကျေနပ်နေပါပီ🥰
ဝိတ်တွေကျကြတာတော့အပိုဆုပေါ့

ကိုယ်တိုင်ကအစားအသောက်မက်တဲ့ထဲပါတာမို့ ခန္တာကိုယ်အရင်ဝိတ်ချခဲ့ပေမယ် မကျခဲ့တဲ့အချိန်တွေရှိခဲ့တယ် တကယ်တမ်းလိုအပ်နေတာကစိတ်ပိုင်း မကျလေstressတွေပိလေ ပိုဝလေဖြစ်ခဲ့တဲ့အချိန်တွေရှိခဲ့တယ် အဖြေရှာတွေ့မှ ကိုယ့်ရဲ့Depressionဝင်နေတဲ့စိတ်ကိုတွေ့ခဲ့ရတယ် အပြင်လူအသိတွေနဲ့မတွေ့ချင်တော့တဲ့စိတ်တွေ၊Confidenceပျောက်ဆုံးနေခဲ့တဲ့စိတ်တွေ၊အိမ်ထဲကအိမ်ပြင်မထွက်ချင်တော့တဲ့စိတ် စတာတွေကနေ ကိုယ့်ကိုယ်ကိုပြန်လည်တွေ့ရှိဖို့ ပြောင်းလဲချင်တဲ့စိတ်ကနေ ဒီလမ်းကြောင်းကို စတင်ခဲ့တယ် 🙏

ဒီလမ်းကြောင်းပေါ်ရောက်ဖို့ အများကြီးကျော်ဖြတ်ခဲ့ရတာတွေ ယောဂကျောင်းတက်နိုင်ဖို့ တစ်လချင်းပိုက်ဆံစုခဲ့ရတယ် လဲကျလိုက်ပြန်ထလိုက်နဲ့ တစ်ဖက်သူကိုစိတ်
ပိုင်းဆိုင်ရာခွန်အားပေးချင်တဲ့သူဆိုတော့ ကိုယ်တိုင်ကအ
ရင်သန်မာနေမှရမယ်လေ အခုလဲအဆင်ပြေလားဆိုတော့ တစ်ရက်ချင်းတော့ ကြိုးစားနေဆဲပါပဲ

ပတ်ဝန်းကျင်ကောင်းမှာနေခွင့်ရတဲ့အတွက်၊ဆရာသမားကောင်းတွေနဲ့ဆုံခွင့်ရတဲ့အတွက်၊Clientsကောင်းတွေနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အကြောင်းတရားတွေအတွက်
ကျေးဇူးတင်ပါတယ်ရှင်💕🧘‍♀️🍀

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay
05061

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00