25/05/2025
ချန်ပီယံဆုဖလား ကိုင်မြှောက်မယ့်ပွဲ ပွဲထွက် လူစာရင်းပါ
အလတ်ဆတ်ဆုံး လီဗာပူးသတင်းတွေအတွက် အ?
25/05/2025
ချန်ပီယံဆုဖလား ကိုင်မြှောက်မယ့်ပွဲ ပွဲထွက် လူစာရင်းပါ
25/05/2025
အန်းဖီးဒ်ကွင်းမှာ ရောက်ရှိနေပြီဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီး ♥️
25/05/2025
ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည်အကြိမ် 20 မြောက် အင်္ဂလိပ် ပရီးမီးယားလိဂ်ဖလား အောင်ပွဲနေ့ဆင်နွှဲနေကြတဲ့ မြင်ကွင်းပုံရိပ်များ🇹🇭♥
25/05/2025
" အာဆင်နယ်က ပြီးကတည့် ရာသီ၂ ရာသီဆက် ငါတို့ထက် ရမှတ်သာတယ်လို့ အာတီတာက ပြောတာလား။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အမြင်ရှိပါလိမ့်မယ်။ ငါတို့က ရာသီမသိမ်းခင် ၄ ပွဲအလိုတည်းက ချန်ပီယံဖြစ်နေတာပါ။ အာဆင်နယ်ထက် ရမှတ်ပိုများလို့ ချန်ပီယံဖြစ်နေတာလေ။
ဆင်ခြေဆိုတာဟာ ဖလားမရတဲ့သူတွေ သုံးတာပါ။ လီဗာပူးအသင်း ချန်ပီယံမဖြစ်ရင် လူမခေါ်ပေးလို့၊ လိုချင်တဲ့ကစားသမား မရလို့ဆိုပြီး ငါလည်း ဆင်ခြေတွေ ပေးမှာပါပဲ။ "
အာနယ် ဆလော့
24/05/2025
2024-2025ဘောလုံးရာသီ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဂရာဗင်ဘတ်ချ် က ရရှိသွားပါတယ်
24/05/2025
လီဗာပူးအသင်းအနေနဲ့ Florian Wirtz အတွက် Bayer Leverkusen ထံသို့ တရားဝင်အကြောင်းကြားမှု ပြုလုပ်ခဲ့ပါပြီ။ Wirtz ဘက်ကလည်း ပြောင်းရွေ့မှုအတွက် ခေါင်းညိမ့်ထားပြီး လီဗာပူးအသင်းနဲ့ လီဗာကူဆင် တို့သည် အဆိုပါပြောင်းရွှေ့ကြေး နှင့် စာချုပ်ပါအသေးစိတ်အချက်အလက်များကိုပင် ဆွေးနွေးနေပါတယ်။ လီဗာပူးဘက်ကလည်း ဒီအပြောင်းအရွှေ့ကို မကြာခင်အတွင်း ပြီးစီးချင်နေတာဖြစ်ပါတယ်။Wirtz အနေနဲ့ ဘိုင်ယန်နည်းပြ ကွန်ပနီနဲ့ စကားပြောတဲ့အခါမှာ ဘိုင်ယန်အသင်းရဲ့ အနာဂါတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ခိုင်မာမူ ပလန်မရှိလို့ ငြင်းခဲ့တယ်လို့ သတင်းထွက်လာပါတယ်။
ဒါ့အပြင် Bayern ရဲ့ လေ့ကျင့်ရေးစခန်းက နှစ်၃၀ ကျော်ဖြစ်လာပြီဖြစ်ပြီး ပြင်ဆင်မွမ်းမံမှုမရှိတာကြောင့် ပိုပြီးစိတ်ညစ်သွားစေခဲ့တာ လို့လည်း သိရပါတယ်။
တဖက်မှာလည်း လီဗာပူးရဲ့ သစ်လွင်ပြီးခေတ်မီတဲ့ လေ့ကျင့်ရေးစခန်းကတော့ ပိုမိုကွဲပြားတဲ့အထင်ကြီးမှုတစ်ခုကို ကစားသမားဆီ ပေးနိူင်ခဲ့ပြီး အနာဂတ်အတွက် တည်ဆောက်ထားတဲ့ ကလပ်တစ်ခုလိုပဲ ကစားသမားဆီမှ အမြင်ရလာခဲ့တာလဲဖြစ်ပါတယ်။ ဘိုင်ယန်ဟာ Wirtz ကို သူတို့ကလပ်နှင့်ပူးပေါင်းရန်ယူံကြည်ထားခဲ့သော်လည်း Wirtz က သူ့အနေနဲ့ အသင်းထံသို့ ပူးပေါင်းချင်ကြောင်း ဘိုင်ယန်ကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။
Wirtz ကို လာရောက်ဝင်ရောက်စေဖို့အတွက် Michael Edwards၊ Richard Hughes နဲ့ Arne Slot တို့က မျက်နောက်မှ ကြီးကြပ်တင်ဆက်မှုတွေ များစွာ လုပ်ဆောင်နပါတယ်။
Liverpool ကတော့ Bayer Leverkusen ကို ပေးချရမည့် ပေါက်စျေးနှုန်းအားဖြင့် €130 သန်းလောက်ရှိ အပြည့်အစုံပါဝင်တဲ့ offer ကိုတင်ပြထားပြီး ဂျာမန်စတားကိုဆေးစစ်နိုင်ဖို့လုပ်ဆောင်နေတယ်လို့သိရပါတယ်။
23/05/2025
ဖရန်းပေါင် လီဗာပူးကစားသမားဖြစ်လာခဲ့ပါပြီ။ နွေရာသီရဲ့ ပထမဆုံး လက်မှတ်ရေးထိုးမှုအတွက် အားလုံးပြီးသွားပါပြီ။တရားဝင်ကြေငြာချက်ကို စောင့်ရုံပါပဲ။
19/05/2025
NEWS: လီဗာပူး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့ ၃ သင်းလုံးက ဝက်ဇ်ကို ခေါ်ယူဖို့ အတွက်အပြိုင်ဆိုင် ကစားသမားရဲ့ မိဘဖြစ်သူနဲ့ ဆွေးနွေးမှု လုပ်ခဲ့လို့သိရပါတယ်။
ဂျာမာန်သတင်းတွေဖော်ပြချက်က ဝက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်က ရေပန်းအစားဆုံးဆိုပေမယ့်လည်းလက်ရှိအနေထားမှာတော့ အနှုတ်လက္ခာဆောင်နေတယ်ပါတယ်။
လီဗာပူးအသင်းဟာ နောက်နှစ်အတွက် ပရီးမီးယားလိဂ်နဲ ့ ချန်ပီယံလိဂ်ဆုဖလား ၂လုံးကိုစိန်ခေါ်နိုင်ဖို့အတွက် ခန့်မှန်းခြေပေါင် သန်း ၂၀၀ သုံးဖွယ်ရှိတယ်လို့ သိရပါတယ်။
19/05/2025
ဖရင်းပေါင် ကျောနံပါတ် ၃၀ ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။
18/05/2025
ညာစွန်ကစားသမားဖရန်းပေါင်ဟာ မကြာခင်မှာပဲ လီဗာပူး အသင်းနဲ့အတူဆေးစစ်တော့မယ်လို့ သတင်းထောက် David Ornstein ကတည််ပြုးပေးလိုက်ပါပြီ။
17/05/2025
လေဗာကူဆင် ကွင်းလယ်လူ ဝက်ဇ်ကို ခေါ်ယူရေးမှာ မန်စီးတီး, ဘိိုင်ယန်မြူးနစ်နဲ့ လီဗာပူး သုံးပွင့်ဆိုင်ပိုမို ပြိုင်ဆိုင်ရနိုင်ဖွယ်ရှိနေပါတယ်။
အစောပိုင်း ရက်တုန်းက ဝက်ဇ်နဲ့ မိသားစုဟာ လီဗာပူးမြို့ကို ရောက်ခဲ့တာ ဖြစ်ပြီး ဘိိုင်ယန်ကြယ်ပွင့်စတားကတော့ နောက်ရာသီ ဂျာမာန်လိဂ်ကနေ ထွက်ကစားစေမှာလား ပြည်တွင်းမှာပဲ ကစားစေဦးမလား မဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်။
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |