26/09/2020
ဒီတစ်ခေါက် review ရေးပေးမယ့်ဖိနပ်ကတော့ nike tiempo legend 8 pro ပဲဖြစ်ပါတယ်။ ဒီဖိနပ်ကတော့ နောက်တန်းကစားသမားတွေအတွက် အဓိကထားပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဆိုတော့ ကျွန်တော့ first impression အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒီဖိနပ်အပေါ်ပိုင်းနားမှာ diamond design လို့ခေါ်တဲ့ အရာပဲဖြစ်ပါတယ်။ နောက်ပြီး kangaroo leather ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့ စီးလိုက်တဲ့အချိန်မှာ သက်တောင့်သက်သာ ဖြစ်စေမှာအမှန်ပါပဲ။ Control ပိုင်းအတွက်ကတော့ diamond design လေးတွေကတာဝန်ယူပေးမှာပဲဖြစ်ပါတယ်။ နောက်ပြီး သူ့မှာပါတဲ့ soleplateအကြောင်းကိုပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ကိုယ်တိုင် solepate အလုပ်လုပ်နေတယ်လို့ ယုံကြည်ဖို့ပဲလိုပါတယ်။ ဒါမယ့် ပွဲကစားချိန် မိနစ်အတွင်း negative effect ဆိုတာ ရှိမှာမဟုတ်ပါဘူး။
အကျဉ်းချုံးပြောရရင်တော့ tiempo 8 ဟာ တော်တော်လေးကောင်းမွန်တဲ့ ဖိနပ်ဖြစ်ပြီး Nikeရဲ့ လက်ရှိနည်းပညာရှုထောင့်နီးပါးကို ပြသထားပါတယ်။FlyKnit သည်ထိပ်တန်းအဆင့်အံဝင်ခွင်ကျဖြစ်ရန်၊ Quadfit အားကြိုးစားရန်နှင့်ထူးခြားသောသက်တောင့်သက်သာရှိမှုနှင့် Tiempo silo တောင်းဆိုသည့်ပျော့ပျောင်းသော kangaroo leatherကိုကမ်းလှမ်းရန်ဖြစ်ပါတယ်။ ဒီဖိနပ်ပေါ်မှာ ရှိတဲ့ leather ကတော်တော်လေးကို ပါးလွှာပြီး နူးညံ့ပါတယ်။
ညီအစ်ကိုတွေအနေနဲ့ ကိုယ်ကစားတဲ့ position အပေါ်မူတည်ပြီး ရွေးချယ်မယ် ဆိုရင်တော့ CBတွေအတွက်တော့ အသင့်လျှော်ဆုံးပါ။ ဒါမယ့် ကျွန်တော်တို့ legend ကြီး Ronaldinho ကြီးကလည်း Tiempo ပဲစီးတာပါ။ ခြေပြားကြီးတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။
စျေးနှုန်းကတော့ $ 291.14ကနေ $ 231.95 ထိရှိပါတယ်။ ဒါကတော့ pro စျေးနှုန်းပါ။ ဆိုတော့ ဒီငွေပမာဏက ဝါသနာရှင်တွေအတွက်တော့ သင့်တော့မှာ မဟုတ်ဘူးဗျ။ Academy version တွေကတော့ မြန်မာငွေ ၆၀၀၀၀ ကျော် ၇၀၀၀၀ကျော် ပဲကျသင့်မှာဖြစ်ပါတယ်။ ဒါမယ့် ပို့ခတွေရောပါရင်တော့ ကိုးသောင်း တစ်သိန်းနားလောက် ဖြစ်သွားမှာပါ။ First copyလေးတွေကတော့ လေးသောင်းဝန်းကျင်မှာရှိပါတယ် ။ ဆိုတော့ကိုယ်တတ်နိုင်တဲ့စျေးနဲ့ သင့်တော်တာကိုပဲ ဆုံးဖြတ်စေချင်တယ်။ Authentic စီးချင်တဲ့ အစ်ကိုတွေအတွက်တော့ Academy version လောက်ကိုပဲညွှန်းပါရစေ။
24/09/2020
အားလုံးပဲမင်္ဂလာ ကျွန်တော်တို့ရဲ့cleats review pageကနေ ကြိုဆိုလိုက်ပါတယ်။
ကျွန်တော် ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဘောလုံးကန်တဲ့ညီအစ်ကိုတွေအတွက် ဘယ်လိုဖိနပ်မျိုးက အသင့်တော်ဆုံးရွေးချယ်မှု ဖြစ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။
ကဲ စလိုက်ကြရအောင်။
ပထမဦးဆုံး ကျွန်တော်ပြောချင်တာက futsal ဖိနပ်ပဲ ဖြစ်ပါတယ်။ Futsal ဖိနပ်မှာအဓိကအားဖြင့် နှစ်မျိုးခွဲထားပါတယ်။ ဒါကလည်း ကွင်းအခြေအနေပေါ်မှာ မူတည်ပြီးခွဲခြားထားတာပါ။ ပထမတစ်မျိုးကို ပြောရမယ်ဆိုရင် Indoor stadiumပါ။ နိုင်ငံတကာပြိုင်ပွဲတွေကျင်းပရင် အသုံးပြုလေ့ရှိတဲ့ကွင်းတွေပါ။ အခုလက်ရှိဒီနိုင်ငံမှာတော့ သိပ်တွေ့ရလေ့မရှိပါဘူး။ နောက်တစ်မျိုးကတော့ မြက်ခင်းတုကွင်း ပဲဖြစ်ပါတယ်။ ဆိုတော့ ကွင်းမတူညီတဲ့အတွက် စီးတဲ့ဖိနပ်လည်းမတူပါဘူး။(အောက်ကပုံမှာပြထားပါတယ်)Indoor stadium ကပါကေးခင်းထားတာ ဖြစ်တဲ့အတွက် သူ့အတွက်တော့ သိပ်ပြဿနာမရှိဘူးလို့ထင်ရပေမယ့် ကျွန်တော်တို့ မြက်ခင်းတုကွင်းတွေမှာ စီးတဲ့ဖိနပ် အဆင်မပြေရင် ကိုယ့်speedကိုမထိန်းနိုင်တာတွေ slipတွေ ဖြစ်တတ်ပါတယ်။ ဆိုတော့ သူ့ကွင်းနဲ့သူစီးတာ အကောင်းဆုံးပါ။ ကိုယ်ကန်လေ့ကန်ထ ရှိတဲ့ကွင်းပေါ် မူတည်ပြီး TF ဝယ်ရမလား Indoorဝယ်ရမလားဆိုတာ ဆုံးဖြတ်စေချင်တယ်။
ဘယ်လိုအမျိုးအစားဝယ်ရမလဲဆိုတာတော့သိပြီ။ ဒါမယ့် ဘယ်လိုတံဆိပ် ဘယ်လိုဖိနပ်ဝယ်ရမလဲဆိုရင်တော့ ကျွန်တော်တို့နိုင်ငံက သူတွေက ခြေညှပ်စီးနေကျဖြစ်တဲ့အတွက်ကြောင့် ခြေဖျားတွေ ကျယ်တတ်တယ် ခြေဖမိုးတွေ မောက်လေ့ရှိပါတယ်။ ခုစျေးကွက်မှာတော့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ် ။ Nike,Adidas,Puma,Keppa,Pan စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ ဘယ်ဟာဝယ်ပါလို့တော့မရှိဘူးပေါ့ ။ ကိုယ့်စိတ်ကြိုက်ဝယ်နိုင်ပေမယ့် Fashionableဖြစ်ချင်ပြီး ခြေဖျားကြီးတဲ့သူတွေဆိုရင်တော့ nike mecurialဝယ်မယ့်အစား adidas x တို့ copaတို့ကိုတော့ ပိုပြီးရွေးချယ်စေချင်တယ်။ Authentic စီးဖို့အတွက် ပြဿနာရှိတယ်ဆိုရင်တော့ လေးသောင်း ငါးသောင်းတန် first copy လေးတွေဆိုင်တွေတော်တော်များများရှိပါတယ်။ အကြမ်းခံမှကြိုက်တယ် ဆိုတဲ့သူတွေအတွက်ကတော့ Pan ကတော့အကောင်းဆုံးပါပဲ။ ပေးရတဲ့စျေးနဲ့လုံးဝကိုတန်ပါတယ်။ ခု Rhino ဆိုတဲ့ Brandလေးကိုလည်း recommended ပေးချင်ပါတယ်။ဒါကတော့ဖူဆယ်အတွက်ပါ။ ညီအစ်ကိုတို့အနေနဲ့လည်း ဘယ်လိုဖိနပ်မျိုးစီးနေတယ် ဆိုတာဝင်ရောက်ဆွေးနွေးပေးကြပါဦး။
Page အသစ်ဖြစ်တဲ့အတွက် like and share လေးရောကူညီပါဗျ။ နောက်ရက်တွေမှာလည်း ဖိနပ်review များကို အတတ်နိုင်ဆုံး တင်ပေးသွားပါမယ်။
ခုလိုကပ်ရောဂါဘေးကာလကို ညီအစ်ကိုတွေအားလုံး ကျော်ဖြတ်နိုင်ကြပါစေ။ မကြာခင် ကွင်းထဲမှာ ပြန်ဆုံတွေ့ကြရအောင်ဗျာ။