18/10/2021
ဟိုတနေ့ကလုပ်တဲ့ Su Yadanar's Adventure ပြိုင်ပွဲလေးမှာ အမှတ်အများဆုံးရရှိသူသုံးဦးပါ။
ဆုလက်ဆောင်ရယူဖို့အတွက် chat box ကိုကြွပါခင်ဗျာ။ အခြားပါဝင်ယှဉ်ပြိုင်ပေးတဲ့သူတွေကိုရောကျေးဇူးတင်ပါတယ်။ မလာမန့်ပေမယ့် ဆော့တဲ့သူတွေကိုရော C2D နေ့တိုင်းမပျက်မကွက်လုပ်တဲ့သူတွေကိုရော အားလုံးဆက်ပြီးကြိုးစားပေးကြပါဦးလို့တိုက်တွန်းပါတယ်ခင်ဗျာ။ အားလုံးပြိုင်တူတွန်းရင်း ဒီတိုက်ပွဲကြီးပြီးသွားတဲ့အခါ ကျောင်းကန်တင်းမှာပြန်ဆုံကြစို့ရဲ့။
15/10/2021
Hello အားလုံးပဲမင်္ဂလာပါ
သောကြာနေ့ညနေလေးမှာ ညီကိုတို့အတွက် အစီစဉ်လေးတစ်ခု ကြေညာချင်ပါတယ်။ page မှာ အရင်ရက်တွေကပြောခဲ့ဖူးတဲ့ Su Yadanar's Adventure ဆိုတဲ့ဂိမ်းလေးကို ပြိုင်ပွဲလေးတစ်ခုလုပ်ပြီး ဆော့ရမယ့်အစီအစဉ်ဖြစ်ပါတယ်။ အပျင်းလဲပြေ ၊ donate ပြီးသားလဲဖြစ်၊ နိုင်ရင် ဆုရောရမှာဆိုတော့ Android ကိုင်တဲ့ညီကိုတွေအားလုံး ဝင်ပြိုင်သင့်ပါတယ်။
ပြိုင်ပွဲကိုတော့ တနင်္ဂနွေနေ့ည ၉:၀၀ အထိ ပြုလုပ်သွားမှာပါ။ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့အတွက်ကတော့
-ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)မှာ တက်ရောက်နေဆဲကျောင်းသား/သူဖြစ်ရမယ်
-မိမိရရှိထားတဲ့ highest score ကို deadline မတိုင်မီဒီ post အောက်မှာလာမန့်ပေးရမယ်
-မန့်ပြီးတာနဲ့ page cb ကို သင်မန့်ထားတဲ့ score ရရှိအောင်ဆော့ထားတဲ့ screen recording လာပြရမယ်။(date and time ရောအပါအဝင်ပြနိုင်ရပါမယ်။ အရင်ကကြိုဆော့ထားတဲ့ record မဟုတ်အောင်ပါ)
စည်းကမ်းချက်တွေကတော့ ဒါပါပဲခင်ဗျာ။ အနိုင်ရရှိသူသုံးယောက်ကိုတော့ UMTM Fundraising Page က Dream Catcher (size အကြီး/အလတ်/အသေး) ပေးအပ်သွားမှာဖြစ်ပါတယ်။
ဂိမ်းဆော့ရုံနဲ့ Donate နိုင်မယ့် ဒီဂိမ်းလေးကို ကျောင်းကညီကိုတွေအနေနဲ့ အချိန်သေချာပေးပြီးဆော့စေချင်ပါတယ်။ ML မဆော့ရရင် သေရပါတော့မယ် ဆိုတဲ့ညီကိုတွေလဲ ဒီဂိမ်းကိုရော ဆော့ပေးကြဖို့တိုက်တွန်းလိုပါတယ်။ ကဲ ဒါဆိုရင်တော့ Su Yadanar's Adventure ဆော့ရင်း ဆုလက်ဆောင်ယူလိုက်ကြရအောင်ဗျာ
10/10/2021
ဒီ page ကို follow ထားတဲ့ထဲမှာ ဘာမှလုပ်စရာမရှိလို့ ပျင်းနေကြတဲ့ညီကိုတွေ ပါမှာပါ။ အရင်ကတော့ ML လေးဆော့လိုက် NF လေးပွတ်လိုက်နဲ့သာသာယာယာနေခဲ့ပေမယ့် စစ်အုပ်စု အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ကျွန်တော်တို့ညီကိုတွေ မလွတ်လပ်ခြင်းရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းကြီးနားလည်လာကြပြီထင်ပါတယ်( ခုချိန်အထိ China game ဆော့နေသူများ မပါဝင်ပါ)
အခုလိုစိတ်တွေမွန်းကြပ်နေချိန်မှာ အပျင်းပြေဆော့လို့ရမယ့် Su Yadanar's Adventure ဆိုတဲ့ game လေး ခုတလောရေပန်းစားနေတာ သတိထားမိကြလားဗျ? မသိသေးဘူးဆိုရင်တော့ ညီကိုဟာ ရေပေါ်ဆီဖြစ်ဖို့လက်တစ်ကမ်းအလိုအခြေအနေကိုရောက်နေပါပြီနော်။
https://www.facebook.com/104058055379869/posts/104099788709029/?d=n
ဒါ့အပြင် Dota ကြိုက်တဲ့ညီကိုတွေအတွက်လဲ TI ကြည့်ရင်းလှူလို့ရမယ့်အစီစဉ်လေးရှိပါတယ်။ TI လဲကြည့်ရ လှူလဲလှူရ ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ။
https://www.facebook.com/This-is-YSM-249628003606731/
Sh*tty Artwork ဆိုတဲ့ page လေးကိုတော့ အားလုံးသိကြမှာပါ။ အခု အဲ့ page လေးကနေ game tournament တစ်ခုလုပ်ဖို့ရှိတယ်ဆိုတာရော သိပြီးကြပြီလားဗျ? မသိသေးရင် ဒီမှာကြည့်ပါ
https://www.facebook.com/102629212026696/posts/172024125087204/?d=n
post မှာရေးထားတဲ့စည်းကမ်းချက်တွေအတိုင်း အားတက်သရော ဂိမ်းပြိုင်ဆော့ကြရအောင် ညီကိုတို့ရေ။ ဂိမ်းလဲဆော့ရ အပျင်းလဲပြေ လှူပြီးသားလဲဖြစ် ဒီ tournament မှာ အနိုင်ရရင် ဆုလက်ဆောင်တွေပါရဦးမှာဆိုတော့ အဖက်ဖက်က ချို့ယွင်းချက်မရှိတဲ့ အစီစဉ်လေးပါ။ အိမ်မှာနေရင်း အားနေမယ့်အတူတူ C2D လဲလုပ်မယ် ဒီဂိမ်းလဲဆော့မယ် You Tube နဲ့ website တွေအတွက်လဲအချိန်ပေးမယ်ဆိုရင်တော့ ညီကိုဟာ ရေပေါ်ဆီမဟုတ်တော့ပါဘူး။ ဒီလိုမလုပ်ပဲ boycott game တွေ အုပ်လိုက်ပြန်ဆော့မယ်၊ C2D လဲမလုပ်ဘူး ဆိုတဲ့လူတွေကိုတော့ ကျွန်တော့် page ရဲ့ ညီကိုအဖြစ်မသတ်မှတ်တဲ့အပြင် သင်က တော်လှန်ရေးအတွက် သုံးစားမရတဲ့ အဖုအထစ်ကြီးဖြစ်နေပြီလို့သာ ခံယူလိုက်ပါတော့။ ကဲ အချိန်မနှောင်းသေးခင် အားလုံး အတူတူ တွန်းကြမယ်ဗျာ ။
04/10/2021
Kids enjoy boycott games
Men enjoy C2D
03/10/2021
အရင်က ဂိမ်းတပွဲကို ၁၅ မိနစ်လောက်အချိန်ပေးပြီး ပွဲပေါင်းများစွာဆက်တိုက်ဆော့ခဲ့ဖူးကြတယ်မလား?
ကဲ အခု ဒါတွေလုပ်ကြစို့
အခု Facebook သုံးဖို့ အဆင်ပြေသေးတဲ့ ရဲဘော်တို့
တစ်နေ့ကို ခင်ဗျားတို့ရဲ့ screen time ရဲ့ 20% (30 mins) လောက်ကို သေချာအသုံးချရမယ့်အချိန်ရောက်လာပါပြီ။ ပါ။
မိနစ် (၃၀) ကို
- C2D အတွက် (၁၅) မိနစ်
- Wanna Report ကတင်တဲ့ Page တွေကို ထုပေးဖို့က ပုံမှန် (၅) မိနစ်
- SA နဲ့ တစ်ခြားအဖိုးတန် Page တွေမှာ review ကောင်းကောင်းလေး လိုက်ရေးပေးဖို့ (၅) မိနစ် (daily မဟုတ်လို့ ဒီ (၅) မိနစ်ကို C2D ကိုပေါင်းပေးပါ။)
- ကိုယ်အယုံကြည်ရဆုံး သူငယ်ချင်း (၅၊၁၀) ယောက်ကို စု၊ signal group ဖွဲ့ပြီး တကယ်လိုအပ်တဲ့နေရာတွေအတွက် mini fundraising လုပ်တာ၊ info ဖြန့်ပေးတာ၊ အတူတူ တပျော်တပါး click ကြတာအတွက် အားစိုက်ဖို့ (၅၊၁၀) မိနစ်။ ဒါက Facebook သုံးနေတဲ့ တစ်လျှောက်လုပ်ရမှာဆိုတော့ ကြုံရင် ကြုံသလိုပဲ။
တစ်နေ့ကို မိနစ် (၃၀) ပေးရင် ဘာပြန်ရမလဲ?
Democracy တွေဘာတွေခဏထား။ ဟိုဘက်က တစ်ခေါက်လာဖိရင် ကိုယ်တွေဘက်ကလည်း ဟိုဘက်ကို အားအပြည့်နဲ့ -င်တစ်ခေါက် ပြန်ချနိုင်လိမ့်မယ်။ စိတ်စိတ်လေးပြန်ကြုံးလာနိုင်ပေါင်းများတဲ့အခါ ဟိုဘက်က တဖြည်းဖြည်းအင်အားကျုံ့လာလိမ့်မယ်။
တို့ရဲ့ အဖိုးတန် Page တွေကို ကိုယ်တွေကိုယ်တိုင်ကာကွယ်ခြင်းဖြင့် လူသိန်းပေါင်းများစွာ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လို့ရမယ်။ (you know which page)
လူတွေဒီလောက်အသက်ပေးနေရတာတောင် ML stream နိုင်သေးတဲ့ ရေပေါ်ဆီတွေကို ခင်ဗျားတို့ ကြည့်လို့ရလား? ကျွန်တော်တော့မရဘူး။ မရရင် အဲ့လို မအလမျိုးတွေကိုလည်း ဖြုတ်ရမယ်။ Wanna Report ရဲ့ guidelines နဲ့ အချိန်ကို အမြဲစောင့်ကြည့်ပေးပါ။
တော်လှန်ရေးမှာ CDM သမားတွေကိုလည်း မေ့ထားလို့မရတဲ့အတွက် သူငယ်ချင်း (၅၊၁၀) ယောက်အကွက်ကနေ ကူညီလို့ရတယ်။
တစ်နေ့ မိနစ် (၃၀) တည်းမနည်းဘူးလား?
နည်းတယ်ပြောချင်လည်းပြောပါ။ ပိုလုပ်ရင် ကျေးဇူးတောင်တင်ဦးမှာ။ ဒါပေမဲ့ ဒါက နေ့ချင်းညချင်းပြောင်းလဲမယ့်ကိစ္စမဟုတ်တာကြောင့် ရေရှည် မိနစ် (၃၀) ကို ပုံမှန်လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
ကဲ.. ကြုံးကြမယ်ဟေ့!!
03/10/2021
umtm ကညီအကိုတို့..စာရှည်ပေမယ့် ဖတ်ပေးစေချင်ပါတယ်။
ဒီ page မှာ လွန်ခဲ့တဲ့ တနှစ်ကျော် stay home နေရစဉ်က ကျွန်တော်တို့တွေ Mlbb tournament လေးတွေလုပ်ကြ၊ ကျောင်းတွင်းအသင်းအချင်းချင်းပြိုင်ပွဲလေးတွေကို Live လွှင့်ကြရင်း comment section မှာလဲ ml ဆော့တဲ့ကိုယ့်သူငယ်ချင်းတွေနဲ့ တပျော်တပါးကြီး စကြနောက်ကြ နေခဲ့ကြတာပေါ့။
ဒီ page Admin တွေကလဲ တချိန်က ဒီလက်နှစ်ချောင်းဂိမ်းကို ရူးသွပ်ခဲ့ကြတာပဲဗျ။ နေ့မနားညမနားဆော့ခဲ့တဲ့အခါတွေရှိတယ်၊ ကိုယ့်ချစ်သူရည်းစား မိဘနဲ့ အခန့်မသင့်ဖြစ်တဲ့ထိ တနေကုန် ဒီဂိမ်းပဲဆော့နေခဲ့တဲ့နေ့တွေလည်းရှိတာပေါ့ဗျာ။
ဘာလို့ ဒါတွေပြန်ပြောနေရတာလဲဆိုရင် ကျွန်တော်တို့ admin တွေဟာလဲ ညီအကိုတို့လိုပဲ ဒီဂိမ်းကို နှစ်နှစ်ခြိုက်ခြိုက်ဆော့ခဲ့ဖူးကြောင်း သိအောင်ပြောပြတာပါ။ အခုအချိန်မှာတော့ boycott ရမယ့်ဂိမ်း ဆိုတာကို အားလုံးသိပြီးနေကြပြီလို့ထင်ပါတယ်။ ဘာကြောင့် boycott ရမယ် ဘာညာဆိုတာကိုလဲ သိကြမှာပါ တော်လှန်ရေးလဲ ကြာလှပြီမို့ ရှင်းပြဖို့မလိုလောက်တော့ဘူးထင်ပါရဲ့။
ဆိုတော့ကာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့မှာ အခြား ဆော့စရာဂိမ်းတွေအများကြီးရှိတယ်။ ဂိမ်းဆော့နေမယ့်အချိန်တွေမှာ ကိုယ့်အတွက်အကျိုးရှိတာ တစ်ခုခု လုပ်နေလို့လဲရတယ်။ ဒါ့ကြောင့် ဒီ page ကို follow ထားတဲ့ညီကိုတွေကို ML boycott စေချင်ပါတယ်။ ML မှမဟုတ်ပါဘူး အခြားသော boycott game မှန်သမျှကို boycott စေချင်တာပါ။ page မှာက ml ပဲအဓိက လုပ်ခဲ့တာမို့ ml ကို ဦးတည်ပြီးပြောရခြင်းပါ။
ကျွန်တော်တို့ boycott နေတဲ့အချိန်တိုင်းသိပြည်သိ streamer တွေ ပြန် stream နေကြတာလဲ အားလုံးသိကြမာပါ။ အဲ့ streamers တွေကိုလဲ အဖက်မလုပ်ပဲ report ထုကြရအောင်ဗျာ။
https://www.facebook.com/106169878502467/posts/106182308501224/?d=n
တောထဲက ရဲဘော်တွေ၊ cdm ဝန်ထမ်းတွေတောင် ကိုယ့်ဘဝ၊ အနာဂတ်တွေစွန့်လွှတ်ပြီးတိုက်ပွဲဝင်နေကြတာ ကျွန်တော်တို့ မြို့ပေါ်နေ လူတန်းစားက ဘာကိစ္စ ဒီဂိမ်းတွေကို အစွဲအလမ်းထားနေရမှာလဲဗျာ။ အရေးတော်ပုံအောင်မြင်သွားတဲ့အခါ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားလက်ဆုံပြောကြမယ်ညီကိုတို့ရေ။ အခြားသူတွေ ဘယ်လိုပဲဖြစ်ပါစေ ကိုယ့်ကျောင်းက ညီကိုတွေကိုတော့ စည်းလုံးညီညွတ်နေတာပဲမြင်ချင်ပါတယ်ဗျာ။
23/09/2021
ဒီအချိန်တွေမတိုင်ခင်က ဂိမ်းအတူတူဆော့ခဲ့တဲ့ညီကိုတွေ ခု you tube တူတူ stream ကြစို့လားဗျာ။
https://www.facebook.com/100355732302759/posts/145721141099551/?d=n
17/07/2021
စည်ပင် က အလုပ်သမားတွေကို သနား လွန်းလို့ပါ , အရေးကြီးတဲ့ကိစ္စပါပဲ ဖြစ်နိုင်ရင်တော့ dettol ပဲဖြစ်ဖြစ်bleaching power ဖျော်ထားတဲ့ရေနဲ့ပဲဖြစ်ဖြစ် ဖျန်းပြီးမှစွန့်ပစ်သင့်ပါတယ်
အခုကာလမှာ လူတော်တော်များများက ရောဂါကူးစက်လျက် အိမ်မှာ ကိုယ့်ဖာသာ စစ်ကြည့်ပြီး နေကြရတာများနေတဲ့အတွက် အဆိုပါ ရောဂါပိုးရှိသူများရဲ့ အသုံးပြုခဲ့သော mask များ ၊ test kid များ၊ အခြား ပိုးပြန့်ပွားနိုင်သော အသုံးအဆောင်များကို အိမ်စွန့်ပစ်အမှိုက်များနှင့်အတူ စွန့်ပစ်နေကြရမယ်လို့တွေးမိပါတယ်။ ကူးစက်ခံရသူမဟုတ်လည်းအကာအကွယ်များကို လူတိုင်းသုံးပြီး လူတိုင်းပစ်နေကြရပါတယ်။ ထိုအရာတွေမှာလည်း ပိုးက ရှိနေနိုင်ပါတယ် ။
ဆင်းရဲတဲ့နိုင်ငံဖြစ်သည့်အပြင် လက်ရှိပုဂ္ဂိုလ်များမှ ကြည့်ရှုမှု အလွန်အားနဲတဲ့အတွက် စည်ပင်ဝန်ထမ်းများမှာ ကျန်းမာရေးအသုံးအဆောင်များဖြစ်သော လက်အိတ်များ ၊ mask များ ပြည့်စုံစွာ အသုံးပြုရန် အလွန်အားနဲပါတယ်။
တတ်နိုင်သမျှအမှိုက်သိမ်းရင်း ကူးစက်မှုလျော့ချဖို့ နှင့် သန့်ရှင်းရေးလုပ်ဆောင်ပေးနိုင်မှုအား လဲပြိုမှုမဖြစ်ဖို့ ပိုးကူးစက်နိုင်သော အသုံးအဆောင်များအား အသုံးပြုပြီးပါက တတ်နိုင်သမျှ ပိုးသတ်ဆေးဖြန်းခြင်းမျိုး ဆောင်ရွက်ပြီး လုံခြုံသော အိတ်အတွင်း သေချာ ထည့်ကာ စွန့်ပစ်ပေးခြင်းဖြင့် ပြည်သူအချင်းချင်း ကိုယ်ချင်းစာတရား ရှေ့ထား ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Crd