02/01/2026
လီဗာပူးလ်းအသင်း လိဒ်ယူနိုက်တက်အသင်းကို အိမ်ကွင်းအန်ဖီးမှာ ဂိုးမရှိ သရေနဲ့ပွဲပြီးခဲ့ပါတယ်။ ဒီပွဲမှာ အသင်းစွမ်းဆောင်ရည် အနည်းငယ်ကောင်းခဲ့ပါတယ်။ လိုအပ်ချက်တွေတော့ရှိနေဆဲပါ။ ကံကောင်းလို့မရှူံးခဲ့တာလို့ပဲပြောရမှာပါ။ နှစ်တစ်နှစ်ရဲ့အစပွဲစဥ်ဆိုတော့ ဒီလိုပဲအသင်းတိုင်းဟာ မရှူံးချင်ကြပါဘူး။ လိဒ်နဲ့လီဗာပူလ်းဟာ ဒီရာသီမှာ နှစ်ကျော့စလုံးသရေပဲရခဲ့ကြပါတယ်။ ဒီပွဲသရေရလဒ်ကြောင့် လီဗာပူလ်းအသင်းဟာ ရမှတ် ၃၃မှတ်နဲ့ အဆင့်၄နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။
01/01/2026
ဒီနေ့ဘယ်သူဂိုးသွင်းမှာလဲ???
01/01/2026
Line up
လိဒ်ယူနိုက်တက်နဲ့ ကစားမယ့်လူစာရင်းထွက်ပါပြီ
ဒီနေ့နည်းပြကလူအပြောင်းအလဲတွေလုပ်ထားပါတယ်။ နောက်တန်း RBမှာ ဘန်တလေပြန်ပါလာပါပြီ။ LBမှာ ကာကီအစား ရိုဘက်ဆင်ကိုပဲ ပြန်သုံးထားပါတယ်။ ကွင်းလယ်ကတော့ RWမှာ ဖရင်ပေါင်ကို သုံးလာပါတယ်။ ဒါကလဲ နည်းပြက ယုံကြည်ရလို့ သုံးကြည့်တယ်မြင်မိပါတယ်။ သူခြေစွမ်းမပြနိုင်ရင် အရန်လူတွေဖြစ်တဲ့ အဲလက်စစ်၊ ခီရေးစား၊ ဂတ်ပိုတို့ကို သုံးလာနိုင်ပါတယ်။
တိုက်စစ်မှာတော့ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အီကီတီကီပဲဖစ်ပါတယ်။
ဒီနှစ်သစ် 2026ရဲ့ အိမ်ကွင်းအဖွင့်ပွဲမှာ အနိုင်ရရှိသွားနိုင်မလား???
မကြာမီကစားကြပါတော့မယ်ဖြစ်တဲ့အတွက် အားပေးကြပါအုံးနော်
31/12/2025
နှစ်သစ်မှာအရာရာအဆင်ပြေကြပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်🤍🤍
Happy New Year 2026
28/12/2025
မနေ့ကဝုဗ်အသင်းကို၂ဂိုး၁ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး အီကီတီကီ ဂိုးမရပေမယ့် ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ Wirtzကလဲ တစ်ပွဲထက်တစ်ပွဲ တိုးတက်လာပါတယ်။ ဒီပွဲမှာ Wirtz တစ်ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ ကွင်းလယ်ဖန်တီးရှင်ဖြစ်လာတော့မလား???? ကျတော်ကတော့ သူဟာ အသင်းအတွက်အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ မြင်မိပါတယ်။ အခုပွဲမှာလဲ သူဟာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အသင်းကစားအားချလိုက်လို့ တစ်ဂိုးပြန်ပေးလိုက်ရပါတယ်။ ဒါဟာလဲ အရန်ကစားသမားကောင်းနည်းလို့ဖြစ်ပါလိမ့်မယ်။
ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ ရမှတ် ၃၂မှတ်နဲ့ အဆင့်၄ နေရာကို ယာယီတက်လှန်းခဲ့ပါပြီ။
28/12/2025
မနေ့ကဝုဗ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂျိုတာရဲ့ကလေးများနဲ့ ဖွင့်ပွဲလုပ်ခဲ့တာ တွေ့ရပါတယ်
27/12/2025
Line up😘
တိုက်စစ်မှူး အီဆက်ဒဏ်ရာရရှိသွားတာကြောင့် Chiesaပါဝင်လာခဲ့ပါတယ်။