02/12/2022
Group H ရဲ့ နောက်ဆုံးပွဲတွေအတွက် ပထမဆုံးပွဲကို ရင်ခုန်မိတယ်။
Ghana vs Uruguay
Ghana ရဲ့ မာကျောတဲ့ကစားဟန်က ဘောလုံးဂုရုကြီး Uruguay ကို ဒုက္ခပေးနိုင်မလားစောင့်ကြည့်ရမယ်။
Partey ဦးဆောင်တဲ့ကွင်းလယ်က မာကျောတယ်ဆိုပေမယ့် Uruguay ရဲ့ Vecino+Bentancur+Valverde အတွဲက အသာကြီးပါ။
ကွင်းလယ်ပိုင်းသာပေမယ့် တိုက်စစ်မှာ ဝါရင့် ကိုက်ကြီး Swarez နဲ့ မုဆိုးဒူးထောက် Cavani တို့နဲ့အတူ မနူးမနပ် Nunez တို့ တိုက်စစ်က ခုထိ တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။
ဒါပေမယ့် အရေးကြုံရင် ဂိုးဧရိယာထဲမှာ အနီကဒ်အပြခံပြီး လက်နဲ့ပုတ်ရဲတဲ့ Swarez ရှိသလို
Atico နဲ့ပွဲမှာ ဂိုးမပေးရဖို့ Tactical Foul လုပ်ရဲတဲ့ Valverde တို့ရှိနေတဲ့အတွက် Uruguay တို့ အနိုင်ရလဒ်နဲ့နောက်တစ်ဆင့်တက်နိုင်မယ်လို့ထင်ပါတယ်။
Ghana 1-2 Uruguay
နောက်တစ်ပွဲကတော့
South Korea vs Portugal
နောက်တစ်ဆင့်တက်ပြီးသား Portugal အတွက်ဘအရံအများစုနဲ့ပွဲထွက်လာနိုင်ပြီး Kim တို့တစ်သိုက် နောက်တန်းကို ဘယ်လိုထိုးဖောက်မလဲ ကြည့်ချင်မိပါတယ်။ သေချာတာကတော့ အရံတစ်သိုက်လည်းကစားခွင့်ရတုန်း ခြေစွမ်းပြဖို့ကြိုးစားလာနိုင်တဲ့အတွက်ဘSoju တို့အတွက်အနိုင်ရလဒ်ကမမျှော်လင့်ရဲစရာပါ။
South Korea 1-2 Portugal