13/11/2022
Genesis MLBB Farewell !
ခုနေ့မှာဆိုရင်တော့ Genesis Organization ဟာ သူတို့ရဲ့ GE MLBB Team ကို Disband ကာ MLBB လောကကနေနှုတ်ဆက်လိုက်ပြီဖြစ်ကြောင်း သူတို့ရဲ့ page ကနေ တဆင့် တရားဝင်ကြေငြာခဲ့ပါတယ်။
M4 Myanmar Qualifier ပြီးဆုံးချိန်ကတည်းက ထွက်ရှိခဲ့တဲ့ ဒီကောလဟာလသတင်းဟာ အခုဆိုရင်တော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။
အကောင်းဆုံးပုံစံတွေကိုပြသခဲ့ကြဖူးတဲ့ Genesis Esports အနေနဲ့ နောက်တကြိမ် ပရိတ်သတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပါစေလို့ ဆုတောင်းရင်း Genesis player တွေအနေနဲ့လည်း ရောက်ရှိသွားမယ်အသင်းသစ်တွေမှာ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း GE fan တစ်ယောက်ဖြစ်တာကြောင့် GE ပရိတ်သတ်တွေနဲ့အတူ စိတ်မကောင်းဖြစ်ရကြောင်းဖော်ပြရင်း ......Farewell Genesis
10/11/2022
ko waiနဲ့ ace
MiC ပွဲမှ Ace နဲ့ အမှတ်တရ
08/11/2022
MIC ပွဲစဥ်ကြီးမှာတော့ နောက်ဆုံး သုံးသင်းထွက်ပေါ်လို့လာခဲ့ပါပြီ
Falcon esport vs burmese ghoul အသင်းတို့ဟာ မနက်ဖြန် နေ့လည် ၁နာရီအချိန်မှာ upper backet အနေနဲ့ ဆော့ကစားရမှာ ဖြစ်ပြီး
ရှုံးနဲ့အသင်းကတော့ ညနေ၅နာရီအချိန်မှာ galatico rising အသင်းနဲ့ lower backet အနေနဲ့ဆော့ကစားသွားရမှာဖြစ်ပါတယ်
- Falcon esport အနေနဲ့ကတော့ပြောစရာ ထွေထွေထူးထူးမရှိပူး naomi & justin တွဲလုံးတော်တော်မိတယ် YF ရဲ့ EXP LANE က တော်တော်မာကျောတယ်
ဒီအခြေနေထိ ရောက်လာခဲ့တာဟာ ကံကောင်းနေတာမဟုတ်ပါပူး Kenn ကောင်းနေတာပါ
- Burmese ghoul အသင်းအနေနဲ့ကတော့ Ai esport အသင်းကို upper backup မှာ 3-1ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရp ဒီအခြေနေကိုရောက်ရှိလာတာပါ
- Galatico rising အသင်းအနေနဲ့ကတော့ lower backup မှာ fenix esport ကို 2-0 ai esport ကို 2-0ဆိုတဲ့ရလာဒ်တွေ ထွက်ပေါ်အောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့အတွက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ မနက်ဖြန်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်
and share နဲ့ကူညီပေးပါဦး❤️❤️❤️❤️
08/11/2022
Ai esport အသင်းရဲ့ gold laner ACE နဲ့ Falcon အသင်းရဲ့ Mid core KENNတို့ရဲ့ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးဖဲ ဖြစ်ပါတယ်
မြန်မာနိုင်ငံESPORT လောကဒီထက်မက တိုးတက်ပါစေ
08/11/2022
ဒီနေ့မှာတော့ မြန်မာနိုင်ငံEsport လောကရဲ့ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ AI Esport အသင်းဟာ MIC ပွဲကြီးကနေ အပြီးသတ်နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်
AI အသင်းဟာ Galatico Rising အသင်းနဲ့ တွေ့ဆုံခဲ့ပြီး
2-0 ဆိုတဲ့ရလာဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်
-Alitaa အနေနဲ့ ဒီပွဲမှာ အကောင်းဆုံးတွေ လုပ်ပြနိုင်ခဲ့ပေမယ့် ကစားပုံ ပိုကျစ်လစ်တဲ့ galatico rising အသင်းကို အရှုံးပေးခဲ့ရတာဖဲ ဖြစ်ပါတယ်
- DJ အနေနဲ့ ကစားပုံကောင်းမွန်တယ်ဆိုပေမယ့်လည်း လိုအပ်ချက်တွေရှိနေသေးတယ်လို့ ထင်မြင်မိပါတယ်
- GR အနေနဲ့ကလည်း လုံး၀ကို ကစားကွက် ကျစ်လစ်နေပြီး groupပွဲစဥ်တွေမှာလည်း strongတယ်ဆိုတဲ့ Falcon ကို 1-1ရလာဒ်ထွက်ပေါ်အောင် ဆော့ထားနိုင်လို့ GRအနေနဲ့လည်း MIC ပွဲစဥ်မှာ ဘာတွေဆက်လုပ်ပြဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်
-AI အသင်းအနေနဲ့လည်း ရွှေရောင်နေ့ရက်တွေ ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်
and share နဲ့ ကူညီပေးပါဦး❤️❤️❤️
31/10/2022
Fenix esport အနေနဲ့ကတော့AI esport 9K esport တို့နဲ့ Group B မှာ ကျရောက်လို့နေပါတယ်
- Fenix esport အနေနဲ့ M4 Qualifire Myanmar ပွဲစဥ်မှာ
1st runner up အထိ ရယူထားတဲ့ အတွက်ကြောင့် မေ့ထားလို့မရတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်
-နှစ်ရှည်လများ ဂူအောင်းနေတဲ့ PEKAမ အနေနဲ့လည်း ဒီပွဲမှာ LINE UPအနေနဲ့ ပါ၀င်လာတဲ့အတွက် အရင်လို လက်စွမ်းလက်စ ရှိသေးရဲ့လားဆိုတာ စောင့်ကြည့်ရမှာပါ
& share လေးနဲ့ ကူညီပေးကြပါအူး❤️❤️
31/10/2022
Galaticos Rising အသင်းအနေနဲ့ကတော့ MIC ပွဲစဥ်မှာ
FALCON ESPORT BURMESE GOULS အသင်းများနဲ့ GROUP A များ ကျရောက်နေပ့တယ်
-GR အနေနဲ့ မကြာသေးမှီက ကျင်းပခဲ့တဲ့ M4 Qualifire myanmar ပွဲစဥ်မှာ Top 3 ဆိုတဲ့ ရလာဒ်ကို ပိုင်ဆိုင်ထားပါတယ် အခု MIC ပွဲမှာကော ရလာဒ် တွေ ဘယ်လို ကောင်းမွန်အောက်ကြိုးစားသွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်
- အသက်ငယ်ဆုံး player ဖြစ်တဲ့ PS အနေနဲ့ကကော ဘယ်လောက်ထိ PERFORMENCE တွေလုပ်ပြသွားမလဲဆိုတာကတော့ စိတ်၀င်စားဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်
M4 Qualifire ပွဲစဥ်မှာတုန်းကလည်း ရေပန်းအစားဆုံး AI ESPORT ကို 2- 0ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ယူပြထားတာကြောင့် GR အနေနဲ့ ဘယ်လောက်ထိ လုပ်ပြသွားမယ်ဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်
&share နဲ့ ကူညီပေးပါအူး❤️❤️
31/10/2022
MIC ပွဲစဥ်မှာ နောက်ထပ်စောင့်ကြည့်ရမယ့် အသင်းကတော့ FALCON Esport ဖဲ ဖြစ်ပါတယ်
falcon အနေနဲ့ ပတ်သတ်ပြီးတော့ ဘာမှတော့ သိပ်ပြောစရာမရှိပါပူး အခုအချိန်မှာ strong ဆုံးအသင်းတစ်သင်းဆိုတာကိုတော့ လက်ခံရမှာဖြစ်ပါတယ်
-Ruby DD အနေ နဲ့ ဒီပွဲမှာ ထုတ်သုံးပြဖို့ %တော်တော်များနေပါတယ် သူ့အနေနဲ့ကော အသင်းသစ်မှာ သူ့ကစားပုံတွေကကော အံ၀င်နိုင်ပါ့မလား???
- Gold lane မှာ Silent ကို အနားပေးပြီး zippX ကို ထည့်သွင်းလာပါတယ် zippXအနေနဲ့ကတော့ TOP CLAN INTERNATIONAL ပွဲမှာလည်း ဆော့ကစားထားခဲ့တာမို့ သိပ်ပြီး မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး
-NAOMI &JUSTIN တွဲလုံးကတော့ သိပ်ပြောစရာမရှိပူး
တွဲဆော့လာတာလည်း ကြာပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ အတိုင်အဖောက်လေးတွေ အထာတွေ သိနိုင်ပါတယ်
-FALCON အနေနဲ့ကတော့ M4 QUALIFIRE WINNER ဖြစ်နေတဲ့အတွက် ဒီပွဲမှာလည်း ဂုဏ်သိက္ခာပိုင်ဆိုင်ရာအရ အဖြစ်မနေကို အနိုင်ရရှိဖို့လိုအပ်နေပါတယ်
- ဖိလစ်ပိုင်သားကြီး DALE အနေနဲ့ကကော သိမ်းငှက်တွေကို အမြင့်မှာပျံနိုင်ဖို့အတွက် ဘယ်လောက်ထိ Draft pickတွေ ပြသွားမလဲဆိုတာကြည့်ရမှာ ဖြစ်ပါတယ်
-falcon အနေနဲ့ MIC ပွဲမှာ ကံကောင်းမှာလား KENN ကောင်းမှာလားဆိုတာကတော့ သေချာပေါက်ကိုစောင့်ကြည့်ရမှာ ဖြစ်ပါတယ်
လေးနဲ့ ကူညီပေးပါအူး❤️❤️
30/10/2022
AI အသင်းအနေနဲ့ ကတော့ M4 Qualifier ပွဲမှာ ပရိတ်သတ်တွေရဲ့ ရင်ကွဲမှု့ကို ဖြေသိမ့်နိုင်ဖို့အတွက် MIC ပွဲမှာ အစွမ်းကုန် ကြိုးစားသွားမယ်လို့ မြင်မိပါတယ်
- Ai မှာ Kid ကနေနဲ့ကလည်း mage role မဆော့ချင်တော့ဘူးဆိုပြီး သူ့ရဲ့ live stream မှာ အတိအလင်း ပြောကြားထားပါတယ် သူ့အနေနဲ့ကော Aiအသင်းကို စွန့်ခွာသွားမှာလား ??
တစ်ဖတ်မှာလည်း Kid အစား KIDXကို ခေါ်ယူထားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်
အတည်တော့ မပြုနိုင်သေးပါပူး
- ACE အနေနဲ့လည်း ဘန်ကောက်မှာ ဆေးကုသမှု့ခံယူနေတယ်လို့လည်း သတင်းကြားသိရပါတယ် MIC ပွဲအမှီ ACE နေပြန်ကောင်းလာနိုင်ပ့မလား??
- တစ်ဖက်မှာလည်း MIC ပွဲမှာ main line up အစား လူငယ်တွေကို ထည့်သွင်းပြိးဆော့ကစားသွားမယ်လို့လည်းသိရပါတယ်
PVNDV အနေနဲ့ကော လူငယ်တွေကို ကောင်းကောင်းထိမ်းချုပ်နိုင်ပ့မလား???
အမြင်လေးတွေကို မန့်သွားပေးပါအူး ❤️❤️❤️
&SHARE နဲ့ ကူညီပေးပါအူး
30/10/2022
MIC ပွဲရဲ့ Gp stage ကို တက်လှမ်းလာတဲ့ Qualifier winner 4သင်း ကတော့ ထွက်ပေါ်လို့လာခဲ့ပါပြီ
-RM esport ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုအောင်ဖဲ ပရိတ်သတ်ကြီးတို့ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်
-Susss လည်း i love u 3000 squad (name ချိန်း) morning BF အသင်းကို 2-0 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်
-Team Limited အသင်းကတော့ အသင်းသစ်ဖြစ်တယ်လို့ဖဲ ထင်မိပါတယ် သူတို့အနေနဲ့ MIC ပွဲမှာ ဘယ်လောက် လက်စွာပြမယ်ဆိုတာကလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်
-E4E SQ အနေနဲ့လည်း ပရိတ်သတ်ကြီးနဲ့ သိပိပြီးရင်းနှီးမယ်လို့ မထင်မိပါပူး
Qualifier winner အသင်းလေးသင်းအနေနဲ့ Direct invite ရရှိထားတဲ့ အသင်းတွေနဲ့ကော ဘယ်လောက်ထိ လုပ်ပြမယ်ဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်
&share နဲ့ ကူညီပေးကြပါဦးဗျာ