Football Myanmar

Football Myanmar

Share

About Football

04/05/2023

ဒီရာသီက ဘာမှကျေနပ်စရာမရှိသေးဘူးလို့ ဖလားတစ်လုံးရပြီးတဲ့ တန်ဟက်ခ်ပြောကြား

***********************************************************************

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က လက်ရှိ ဘောလုံးရာသီနဲ့ပတ်သက်လို့ ဘယ်အရာကမှ စိတ်ကျေနပ်စရာမရှိသေးဘဲ စိတ်ကျေနပ်မှုက အသင်းကို ပျင်းရိသွားစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ကစားရခက်တဲ့ ပြိုင်ဘက် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ တန်ဟက်ခ်က သူ့အသင်းနဲ့ ပတ်သက်လို့ အခုလိုမျိုးပဲ ပြောကြားခဲ့တာပါ။ တန်ဟက်ခ် တာဝန်ယူကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ ယူနိုက်တက်က ကာရာဘောင်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက်လည်း အခြေအနေကောင်းနေပါတယ်။

ဒါ့အပြင် အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိနေတာကြောင့် တန်ဟက်ခ်ရဲ့ ပထမဆုံးရာသီက ကျေနပ်စရာဖြစ်နေပြီလို့ အားလုံးက သုံးသပ်နေကြတာပါ။ ဒါပေမယ့် တန်ဟက်ခ်ကတော့ “ဒီရာသီက ဂုဏ်ယူဖို့ကောင်းတယ် ဒါမှမဟုတ် ကျေနပ်ဖို့ကောင်းတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ စိတ်ကျေနပ်မှုက အသင်းကို ပျင်းရိသွားစေနိုင်ပါတယ်”

“ကျွန်တော်တို့ နောက်ထပ် (၆) ပွဲ ကစားဖို့ ကျန်သေးပြီး ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်။ ဒီအတွက် အပြည့်အဝ အာရုံစိုက်ဖို့၊ ခွန်အားအပြည့်သုံးဖို့၊ သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါတွေက တိုက်ပွဲတွေဖြစ်လာဖို့ရှိပြီး ကျွန်တော်တို့ရဲ့ ရမှတ်တွေအတွက် တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့က ပွဲတိုင်းကို နိုင်ချင်တယ်၊ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲချင်ပါတယ်”

“ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်ရချင်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲက ပရီးမီးယားလိဂ်ရာသီပြီးမှ ကစားရမှာပါ။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ‘အကယ်၍များ’ ဆိုပြီး ကျွန်တော် ဘယ်တုန်းကမှ မပြောပါဘူး။ ကျွန်တော် ဘရိုက်တန်နဲ့ပွဲကိုပဲ အာရုံစိုက်ထားပါတယ်”

“အိပ်မက်မက်နေလို့မရပါဘူး။ ဒါပေမယ့် တူညီတဲ့ အာရုံစူးစိုက်မှုရှိရပါမယ်။ ပွဲတိုင်းမှာ ဒါကို သက်သေပြရပါမယ်။ ကောင်းတယ်ဆိုရုံလောက်နဲ့ မလုံလောက်ပါဘူး။ ပိုကောင်းအောင် လုပ်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

04/05/2023

၂၈ နှစ်ကြာ စံချိန်ကို ရိုက်ချိုးပြလိုက်တဲ့ ဟာလန်း

***********************************************************************

ဒီနေ့မနက် ဝက်စ်ဟမ်း ကို ၃ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတစ်ဂိုး လည်း ပါဝင်ခဲ့ပါတယ် ။ ဒီသွင်းဂိုးကြောင့် ဟာလန်း ဟာ ပရီးမီးယားလိဂ် ၃၁ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုးက ၃၅ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ကာ တစ်ရာသီထဲ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရောက်ရောက်ချင်းပဲ ရိုက်ချိုးပြခဲ့ပြီ ဖြစ်ပါတယ် ။
တစ်ရာသီထဲ သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ စံချိန်ရှင် ကတော့ အန်ဒီကိုးလ် နဲ့ အလန်ရှီးယားတို့ရဲ့ ၃၄ ဂိုး စံချိန်ဖြစ်ပြီး အဆိုပါ ၂၈ နှစ်ကြာ စံချိန်ကိုတော့ ဟာလန်းက ကျော်ဖြတ်ထားသလို ရာသီကုန်ဆုံးဖို့ ၄ပွဲ ကျန်နေသေးတာကြောင့် ဟာလန်းရဲ့ သွင်းဂိုးတွေ ဘယ်အထိ ပြေးပြမလဲ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ် ။
အခြားတဖက်မှာလည်း နိုင်ပွဲရရှိခဲ့တာ​ကြောင့် စီးတီးတို့ဟာ အမှတ်ပေးဇယား ကို ပြန်ဦးဆောင်ထားသလို ဒီရာသီ ဖလား ၃ လုံး လမ်းကြောင်းကိုလည်း အကောင်းဆုံး လျှောက်လှမ်းပြနေဆဲ ဖြစ်ပါတယ် ။

04/05/2023

နေမာရဲ့ အိမ်ရှေ့ထိ သွားရောက် ပြဿနာရှာခဲ့တဲ့ ပရိသတ်အဖွဲ့

***********************************************************************

ကွင်းထဲမှာ မက်ဆီကို လှောင်ရုံနဲ့တင် အားမရသေးတဲ့ ပီအက်စ်ဂျီပရိသတ်တွေဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာရဲ့ အိမ်ရှေ့ထိ သွားရောက်ခဲ့ပြီး အသင်းကနေ ထွက်သွားဖို့အတွက် အော်ဟစ်ပြောဆိုခဲ့ပါတယ်။ လူမျိုးကြီးဝါဒများလွန်းတဲ့ ပီအက်စ်ဂျီပရိသတ်တွေကတော့ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေ၊ ဂေါင်တွေကိုမှ ဒီလိုတွေဆိုးဆိုးရွားရွား ဆက်ဆံနေတာပါ။
Ultras ဆိုတဲ့ ပရိသတ်အဖွဲ့ကလည်း အသင်းရုံးချုပ်ရှေ့မှာ စုရုံးပြီး ဆန္ဒပြတာတွေလုပ်ခဲ့ပြီး မက်ဆီ၊ နေမာနဲ့ ဗာရက်တီတို့ကို ပစ်မှတ်ထားခဲ့ပါသေးတယ်။ နေမာနဲ့ မက်ဆီကိုတောင် ဒီလိုတွေလုပ်နေမှတော့ ကျန်တဲ့ကစားသမားတွေကိုဆို ဒီပရိသတ်တွေက ခေါင်းထဲတောင် ရှိမှာမဟုတ်တော့ပါဘူး။
မက်ဆီရဲ့ ပြသနာတက်လာချိန်မှာပဲ နေမာကိုပါ ကွိုင်ထရှာလို့ ဘာကာကစားသမားဟောင်းနှစ်ဦးစလုံး ရာသီကုန်ရင် တပြိုင်တည်းလစ်ဖွယ်ရှိနေပါတယ်။ ပရိသတ်တွေရဲ့ သူတို့အပေါ် ဆက်ဆံခဲ့ပုံက တွေးကြည့်ရင် ရှက်ဖို့ကောင်းလွန်းပါတယ်။ ဘာကာမှာ သူတို့ ဒီလိုတွေ ဆက်ဆံခံခဲ့ရတာမဟုတ်ပါဘူး။ မနေသင့်တဲ့အရပ်၊ မသွားသင့်တဲ့ဒေသကို သွားခဲ့မိတဲ့ အကျိုးလို့ပဲ ပြောရမလားပါပဲ။ ဒီတိုင်းဆို ပီအက်စ်ဂျီကို နောက်ထပ်နာမည်ကျော်တွေ လာပါဦးမလားဆိုတာကလည်း စဉ်းစားဖို့ကောင်းလာပါပြီ။

04/05/2023

သမီးငယ်အတွက် သောက ရောက်နေရပြန်တဲ့ ရော်နယ်ဒို

***********************************************************************

ရော်နယ်ဒိုရဲ့ အငယ်ဆုံးသမီးလေးဟာ အူအတက်ခွဲစိတ်ကုသမှုကို ဆော်ဒီမှာ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ရင်သွေးငယ်လေးတဦးကို ဆုံးရှုံးထားခဲ့ရတဲ့ ရော်နယ်ဒိုအတွက် နောက်ထပ်ကလေးငယ်အပေါ် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ရပါတယ်။ ခွဲစိတ်မှုက အောင်မြင်ခဲ့တယ်လို့ သိရပြီး ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့လည်း ဆေးရုံမှာ အနီးကပ်ရှိနေခဲ့ကြပါတယ်။
ဒါဟာ ပေါ်တူဂီသားအတွက်တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာစေမယ့် အကြောင်းအရာတခုပါပဲ။ သူ့ရဲ့ ရင်သွေးငယ်ဆုံးရှုံးခဲ့တုန်းကလည်း ရော်နယ်ဒိုဟာ တော်တော်လေးစိတ်ထိခိုက်ရပြီး ကစားသမားဘ၀ ခြေစွမ်းနဲ့ ကွင်းတွင်းကွင်းပြင်မှာ တော်တော်လေးကြီးမားတဲ့ အကျိုးဆက်တွေရှိခဲ့ပါတယ်။
ကစားသမားဘ၀အနားယူခါနီး နောက်ဆုံးနှစ်တွေအတွင်းမှာ ရော်နယ်ဒိုတယောက် ကလေးတွေအတွက်

Photos from Football Myanmar's post 19/03/2023

CR7 🗣 နိုင်ပွဲရလို့ အရမ်းပျော်ပြီး ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ကွင်းမှာ ဂိုးသွင်းယူရတာ အရမ်းပျော်ပါတယ်။

10/03/2023

📢အကောက်ပေးရတာ Vs ပေးစရာမလိုပဲရွေးချယ်ခွင့်ရှိတာ (သင်သာဆိုဘာကိုရွေးမလဲ?)

ကိုယ့်မှာခက်ခက်ခဲခဲကြိုးစားရွေးပြီးတော့ ဘော်ဒီ/မောင်း လေးချလိုက်ပါတယ်။ ကိုယ်လည်းပေါက်ရော အကောက်ပြန်ပေးနေရတာ အဆင်ပြေလို့လား ဘောလုံးဝါသနာရှင်တို့? ကျွန်တော်တို့ TCL မှာတော့ မိတ်ဆွေတို့ကြိုးစားပြီးမှရလာတာကို တစ်ပြားတစ်ချပ်လေးမှကို ပြန်ပြီးတော့ပေးစရာမလိုတဲ့ အခွင့်ရေးတွေရှိနေပါတယ်ဗျ။ မိတ်ဆွေတို့အနေနဲ့ အကောက်ပြန်ပေးစရာမလိုပဲ အပြည့်ရမယ့်အသင်းကို ရွေးချယ်လိုက်ယုံပါပဲဗျ၊ မိတ်ဆွေတို့ရလာတာကို အိပ်ထဲအကုန်ပြန်ထည့်သွားယုံပဲဗျ။ ဒါတွေအပြင် အပတ်စဉ် စနေ/တနင်္ဂနွေနေ့တိုင်း ဘောနပ်တွေလည်းပေးတဲ့အပြင်၊ (၅၀,၀၀၀) တန် ခန့်မှန်းပြိုင်တွေကိုလည်း တောက်လျှောက်ကိုစီစဉ်ပေးနေပါတယ်ဗျ။ ဝန်ဆောင်မှုအားလုံးကို ပျိုမဒီချောချောလေးတွေက ၂၄ နာရီပိတ်ရက်မရှိဆောင်ရွက်ပေးနေတာမလို့ တစ်ပွဲလေးမှလက်လွတ်လိုက်ရခြင်းရှိမှာမဟုတ်ပဲ စိတ်ကြိုက်ဆော့လိုက်ရပြီပေါ့ဗျာ
☎️ အသေးစိတ်သိလိုတာများကို Viber-09884314411 (သို့) Page Messenger မှာ ၂၄ နာရီမေးမြန်းနိုင်ပါတယ်ဗျ

04/03/2023

ကျွန်တော် ခိုးမစားခဲ့ပါဘူး လို့ ပြောဆိုခဲ့ပေမဲ့ ဝန်ခံရတော့မယ် စီရော်နယ်ဒို
======================
ပေါ်တူဂီ မီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး စီရော်နယ်ဒို က ငြင်းဆိုသွားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ပေါ်တူဂီသတင်းစာဖြစ်တဲ့ Correio da Manha က ပုံနှိပ်ဖော်ပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက စီရော်နယ်ဒို ဟာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားဖို့ ပြင်ဆင်နေချိန်မှာ ဗင်နီဇွဲလားနာမည်ကြီး ဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ဂျော်ဂျီလာယာ နဲ့ လိင်မှုကိစ္စ ဖြစ်ပွားခဲ့တယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုရဲ့ ပြောရေးဆိုခွင့်ရှိသူက လုံးဝမှားယွင်းကြောင်းနဲ့ အသရေဖျက်မှု သာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ဂျော်ဂျီလာယာ ဘက်ကတော့ ဆက်လက် ငြင်းဆန်နေမယ်ဆိုရင် အချက်အလက်တွေကို ပြောပြသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဂျော်ဂျီလာယာ က " သတင်းတွေကို ဖတ်ခဲ့ပြီးပါပြီ။ ဒါကို ဘာကြောင့် ငြင်းဆိုနေတာလဲ မသိပါဘူး။ စီရော်နယ်ဒို ဆီကနေ သူအခန်းကို လာလည်ဖို့ ဖိတ်ခေါ်ခံရပြီး အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သလို လိင်မှုကိစ္စလည်း ဖြစ်ခဲ့ပါတယ်။ ဒါကိုဘာကြောင့် ငြင်းဆိုနေတာလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး။ ဒီကိစ္စကြောင့် ကျွန်မ အနေနဲ့ နာမည်ကျော်ချင်တာလဲ မဟုတ်သလို ပိုက်ဆံလည်း မလိုချင်ပါဘူး။ အမှန်တရား တစ်ခုပဲ လိုချင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒီသတင်း ထွက်ပေါ်လာတာကြောင့် စီရော်နယ်ဒို အနေနဲ့ ၆ နှစ်ကြာ အတူရှိခဲ့တဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွတ်ဇ် နဲ့ လမ်းခွဲမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ကံဆိုးမှုတွေဆက်တိုက် ကြုံတွေခဲ့ရတာကြောင့် ၂၀၂၂ ခုနှစ်ဟာ စီရော်နယ်ဒို အတွက် ကံမကောင်းတဲ့နှစ် တစ်နှစ်လို့ ဆိုရမှာဖြစ်ပါတယ်။

Photos from Football Myanmar's post 04/03/2023

CR7 🗣 အဆုံးအထိ အမြဲယုံပါ

06/02/2023

Breaking News!!!
ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၀၀ကျော်နဲ့ စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာ စီးတီးဟာ တန်းဆင်းရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
မန်ချက်စတာ စီးတီးက ၂၀၀၉ခုနှစ်ကနေ ၂၀၁၈ခုနှစ် အထိ ၁၀စုနှစ် တစုနီးပါး အတွင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြိမ် ၁၀၀ကျော် ချိုးဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီးရဲ့ ပြစ်မှုတွေကို စုံခုံဖွဲ့ကာ စစ်ဆေးဖို့ ပြင်ဆင်နေပြီး စုံခုံအတွင်း ပါဝင်မယ့် ပုဂ္ဂိုလ် တဦး ဖြစ်တဲ့ မော်ရေးဟာ အာဆင်နယ်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်တယ်လို့လည်း သိထားရပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကသာ မန်ချက်စတာ စီးတီးကို စွဲချက်တင်ထားတဲ့ ပြစ်မှု ၁၀၀ကျော် အနက် ၅၀ကျော်မှာ အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရင် ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီးကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် တန်းဆင်းခိုင်းမယ်လို့လည်း သိရှိရပါတယ်။
ဒါ့အပြင် မန်ချက်စတာ စီးတီးရဲ့ စပွန်ဆာအများစုကလည်း ယခု ပြဿနာတွေကို အနီးကပ် စောင့်ကြည့်နေပြီး ရာသီကုန်အထိ လက်တွဲ လုပ်ကိုင်နေမှုများကို ရပ်တန့်ရန် ပြင်ဆင်နေကြောင်းလည်း စီးပွားရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

Photos from Football Myanmar's post 24/01/2023

🗣Cristiano Ronaldo
ပထမအနိုင်ရတဲ့ပွဲမာ ပရိတ်သတ်များ မယုံနိုင်လောက်အားပေးကြလို့ အားလုံးကို ကျေးဇူတင်ပါသည် ။

24/01/2023

မာတီနက်ဇ် 🗣
" ကျွန်တော်တို့စိတ်ပျက်ခဲ့ရပါတယ်။ ဘာလို့လဲဆို ဒီပွဲကို ကျွန်တော်တို့ အနိုင်လိုချင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ခေါင်းတွေကိုမော့ပြီး ရှေ့လာမယ့်ပွဲစဥ်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ရပါမယ်။ ပွဲစဥ်တွေက ခက်ခဲခဲ့ပါ တယ်။ ဒါပေမယ့် ပွဲအခြေအနေက ဘယ်လိုမျိုးပဲရှိနေပါ စေ ခင်ဗျာအနေနဲ့ သန်မာရပါမယ်။ ဒီအမှားတွေကနေ လည်း ကျွန်တော်တို့က သင်ယူလေ့လာသွားမှာပါ။ ဒီအရာက ထပ်မဖြစ်သင့်တော့ အမှားပဲ။
ယူနိုက်တက်အတွက် ဂိုးသွင်းပေးတယ်ဆိုတာ ကျွန်တော့် အတွက် အိမ်မက်တစ်ခုလိုပါပဲ။ ဂိုးသွင်းနိုင်လို့ပျော်မိပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ ကျွန်တော်တို့လိုချင်ခဲ့တဲ့ ရလဒ်မျိုးတော့မဟုတ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့အောင်ပွဲခံပုံလား? ထူးခြားတယ်လို့ပဲပြောရမလားပဲ။ ပရိသတ်တွေရဲ့အားပေးပုံကိုက ထူးခြားပါတယ်။ သူတို့ က ကျွန်တော်တို့ကို အမြဲတမ်းအားပေးပါတယ်။ နောက်ဆုံးအနေနဲ့တောင် ကျွန်တော်တို့က သူတို့အတွက် အနိုင်ကစားပေးချင်ပါတယ်။
ဒီပွဲစဥ်မှာ ကျွန်တော်တို့နိုင် နိုင်ချေရှိပါတယ်။ ဒါပေမယ့် မှားယွင်းခဲ့တဲ့အမှားတွေကို အသေးစိတ်မှတ်ချက်ပြုပြီး ပြန်လေ့လာရပါမယ်။ စိတ်ပျက်တာ ဒါမှမဟုတ် ဝမ်းနည်းတာတွေ လုပ်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါ ဘူး။ မနက်ဖြန်အတွက် ကျွန်တော်တို့လေ့ကျင့်ရပါမယ်။ နောက်ပြီး နောက်ပွဲအတွက် စဥ်းစားရတော့မယ်။"

15/01/2023

ကာရာဘောင်ဖလားခံသွားလို့ပေါ့ကွားမဟုတ်ရင်တော့ ဟိုအသင်းမျက်လုံးပြူးနေလောက်ပြီး 🤣🤣

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay