02/05/2026
✨ Join the journey within — where your true self unfolds. ✨
အပြင်လောကရဲ့ အလုပ်များမှုများ၊ စိတ်ရှုပ်ထွေးမှုများကြားမှာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို မေ့သွားတတ်ကြပါတယ်။
ဒီသင်တန်းလေးကတော့…
🌿 ကိုယ့်အတွင်းကို ပြန်လည်လှည့်ကြည့်ဖို့
🌿 စိတ်ကို နူးညံ့စွာ ကုသပေးဖို့
🌿 ကိုယ် နဲ့ စိတ်ကို တစ်ပြိုင်နက်တည်း ညှိနှိုင်းဖို့
အတွက် ဖန်တီးထားတဲ့ Inner Journey တစ်ခုပါ။
ဒီသင်တန်းမာသင်ကြားပေးမှာကတော့
- Yoga Asana (ယောဂပိုစ့်များ)
- Pranayama (အသက်ရှူလေ့ကျင့်ခန်းများ)
- Meditation (တရားထိုင်နည်းများ) များ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📅 သင်တန်းအချိန်နဲ့ စျေးနှုန်းလေးတွေကတော့
📍 Offline Yoga Class (Mandalay)
Tue , Wed , Thur - 6:00 ~ 7:00 Am
Tue , Wed , Thur - 7:30 ~ 8:30 Am
Tue , Wed , Thur - 5:00 ~ 6:00 Pm
12 times per month (80000ks)
Date - 5.5.2026 to 28.5.2026
Address - 41st , btw 87*88st , Mdy.
📞 09966225790
💻 Online Yoga Class (Zoom Platform)
Sat , Sun , Mon - 6:00 ~ 7:00 Am
Sat , Sun , Mon - 8:00 ~ 9:00 Pm
12 times per month (70000ks)
Date - 9.5.2026 to 1.6.2026
ဒါကြောင့် စိတ်ချမ်းသာမှုတွေနဲ့ ကျန်းမာစွာ ဖြတ်သန်းလိုတဲ့ အမျိုးသမီးတွေကို Mandala Yoga မှ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🌸💌
📩 Private Sessions များကိုလည်း
09966225790 ကို သီးသန့် စုံစမ်း၍ အချိန်ညှိနိုင်ပါသည်။
01/05/2026
April တစ်လလုံးအတွက် ကုသိုလ်စုဗူးလေး 🙏
April 1 ရက်နေ့ကနေ 15 ရက်နေ့အထိ ရိပ်သာဝင်ဖို့ စီစဉ်ခဲ့ပေမယ့် တရားစခန်းရက်ပြောင်းထားတာကို မသိလိုက်ရတဲ့အတွက် ပဲခူးမှာတောင်တင် မယ်လို့ ထင်ထားခဲ့တာ ရိပ်သာဝင်ဖို့ တိုက်တွန်းတဲ့ အမရဲ့ workshop ရှိနေတာကြောင့် April 4 ရက်နေ့ကနေ 10 ရက်နေ့အထိ အဲဒီ workshop မှာ Alignment & Adjustment အပိုင်းတွေမှာ ပါဝင်ကူညီပြီး အားဖြည့်ခွင့်ရခဲ့ပါတယ် 🙆♀️
April 12 ရက်နေ့ကနေ 26 ရက်နေ့အထိတော့ လှည်းကူးမြို့ရှိ အောင်သုခရိပ်သာမှာ ၁၅ ရက်
တိုင်တိုင် တရားအားထုတ်ခဲ့ပါတယ်။ (ရှေ့workshop မှာ Chakra လေ့ကျင့်မှုတွေ သေချာလုပ်ခဲ့တာကြောင့် တရားကိုလည်း ပိုမိုစူးစိုက်အားထုတ်နိုင်ခဲ့တာပါ)
April တစ်လလုံး ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများအားလုံးကိုလည်း အမျှ ပေးဝေလိုက်ပါတယ် 🙏
April လအတွင်း ရိုက်ကူးထားတဲ့ ပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော် 🙆♀️
01/04/2026
သင်တန်းယာယီပိတ်မည်ဖြစ်ကြောင်း အသိပေးခြင်း
နှစ်သစ်ကူး သင်္ကြန်အချိန်အခါမှာ စိတ်နဲ့ခန္ဓာ အေးချမ်းမှုရှိအောင် တီချယ်က ရိပ်သာဝင် တရားအားထုတ်မှာဖြစ်ပါသဖြင့် Mandala Yoga သင်တန်းလေးကို ခေတ္တာယာယီ ပိတ်ထားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။🤗
သင်တန်းပြန်ဖွင့်တဲ့အချိန်လေးကိုလည်း Mandala Yoga Page ကနေပြန်လည် ကြော်ငြာပေးပါမယ်ရှင့်။
🏠 Address: 41 x 87 x 88 st, Mdy.
📞 Phone: 09-966225790
17/03/2026
ယောဂရဲ့ အခြေခံအကျဆုံး Tadasana သို့မဟုတ် Mountain Pose ကျင့်စဥ်
ဒီ ကျင့်စဥ်က ခန္ဓာကိုယ်ရဲ့ အနေအထားကို အမှန်ကန်ဆုံးဖြစ်အောင် ထိန်းညှိပေးတဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်သလို ဒီအကွက်ကို မပိုင်ရင် တစ်ခြား ကျင့်စဥ်တွေမှာ အခက်အခဲရှိလာနိုင်ပါတယ်။
ဒါဆိုရင် Tadasana ကျင့်စဥ်ကို ဘယ်လိုလေ့ကျင့်ရမလဲ မျှဝေပေးလိုက်ပါတယ်။🤗
ပထမအဆင့်အနေနဲ့လူကို မတ်မတ်ရပ်ပါ
ခြေထောက်နှစ်ဖက်ကို စုထားပါ (သို့မဟုတ်) ၂ လက်မခန့် ခွာပြီး မတ်မတ်ရပ်ပါ။
ဒုတိယအဆင့်အနေနဲ့ ခြေထောက်ကို မျဥ်းပြိုင်အနေအထာနဲ့ ပေါင်အတွင်းပိုင်းသားကိုညစ်ပြီး ဝမ်းဗိုက်ကိုဆွဲညစ်ထားပေးပါ
တတိယအဆင့်အနေနဲ့ လက်ဖဝါးလေးတွေကို ပေါင်အရင်းနဲ့မှာ ပက်လက်အနေအထာ ထားပေးပါ။
နောက်ဆုံး အဆင့်အနေနဲ့ ပုခုံးကျောနဲ့ မျက်နှာအနေအထားလေးကိုလျှော့ပြီး
အသက်ကို ပုံမှန်အတိုင်း မှန်မှန်ရှူနေပေးပါ။
နောက်ဆုံးမှာတော့ မူလအတိုင်း ပြန်နားပါ
ဒါဆိုရင် ထိရောက်တဲ့ Tadasana ကျင့်စဥ်လေးပြီးဆုံးသွားပါပြီ။
အထူးသတိပြုရန်
ခြေထောက် မသန်သူများ (သို့မဟုတ်) အကြောထုံးတတ်သူများ: ခြေဖျားထောက်ရတာ ခက်ခဲရင် ခြေဖဝါးကို မြေပြင်ပေါ် အပြည့်ချထားပြီး ကိုယ်ထည်ကိုပဲ ဆန့်ထုတ်ပြီး ကျင့်နိုင်ပါတယ်။
ဒီလေ့ကျင့်ခန်းကို ၃ ကြိမ်ခန့် ပြုလုပ်ပေးရင် ခန္ဓာကိုယ်ရဲ့ နာဗ်ကြောစနစ်တွေ နိုးကြားလာပြီး အညောင်းအညာတွေ ပြေပျောက်သွားမှာပါ။
ဒီကျင့်စဥ်လေးကို ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် အညောင်းထိုင်များသူတွေမှာ ဖြစ်တတ်တဲ့ ခါးအောက်ပိုင်းနာကျင်တာနဲ့ ကျောရိုးပုံစံ ပျက်ယွင်းတာတွေကို သက်သာစေတဲ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အသက်ရှူစနစ်ကိုလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။🌸
🏠 Address: 41 x 87 x 88 st, Mdy.
📞 Phone: 09-966225790
10/03/2026
တစ်ခါတလေမှာ လူအများနဲ့ ရောနှောပြီး လေ့ကျင့်ရတာထက် မိမိရဲ့ ကျန်းမာရေးအခြေအနေနဲ့ စိတ်ဖိစီးမှုတွေအပေါ် မူတည်ပြီး အနီးကပ် လမ်းညွှန်မှု ကို ပိုပြီး လိုအပ်တဲ့သူတွေရှိကြမှာပါ။
အဲ့အတွက် Mandala Yoga မှာ One By One သီးသန့်အချိန်လေးတွေ စီစဥ်ပေးထားပါတယ်ရှင့်။🤗
သီးသန့်လေ့ကျင့်ချင်တဲ့သူတွေအတွက်ဆိုရင်
🧘♀️ကိုယ့်ရဲ့အားလပ်ချိန်လေးပေါ် မူတည်ပြီး တီချယ်နဲ့ အချိန်ညှိယူလို့တာမို့
အချိန်မရှိမှာလည်း စိတ်ပူစရာမလိုတဲ့အပြင်
🧘♀️တီချယ်နဲ့ နှစ်ယောက်ထဲ အေးအေးချမ်းချမ်း လေ့ကျင့်ခွင့်ရမှာ ဖြစ်လို့ ပိုပြီး စိတ်အေးချမ်းမှု ရှိစေမှာပါ။
🧘♀️ဒါ့အပြင် ယောဂကျင့်စဉ်တစ်ခုတည်းတင်မဟုတ်ဘဲ တီချယ်နဲ့အတူ Healing လုပ်နိုင်မယ့် Session တွေပါရှိတာကြောင့် တစ်နေ့တာလုံး ပင်ပန်းသမျှ စိတ်ဖိစီးမှုတွေကို အေးအေးချမ်းချမ်း ဖြေလျော့နိုင်မှာ ဖြစ်ပါတယ်။"
March လအတွက် လူဦးရေ (၅) ယောက်သာလက်ခံပေးသွားမှာဖြစ်လို့
အမြန်ဆုံးအပ်ထားဖို့တော့လိုပါလိမ့်မယ်။😉
ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ အမျိူးသမီးဘဝကို ပိုင်ဆိုင်နိုင်ဖို့
Mandala Yoga ကအမြဲစောင့်ကြိုနေပါတယ်။
အသေးစိတ် သိချင်တယ်ဆိုတော့ တီချယ်ရဲ့ အောက်ပါဖုန်းနံပါတ်ကနေ အသေးစိတ်လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။
( သင်တန်း အချိန်လေးတွေနဲ့ ပတ်သက်ပြီး တီချယ်နဲ့ သေချာဆွေးနွေးတိုင်ပင်လို့ ရတာမို့လို့ ပျက်ကွက်မယ်ဆိုရင် March လထဲမှာပဲ ပြန်လည်အစားထိုးပေးသွားမှာ ဖြစ်ပါတယ်ရှင့်)
📞 Phone: 09-966225790
26/02/2026
တာဝန်နဲ့ အလုပ်တွေကြောင့် ကိုယ့်ကိုကိုယ်ကော ဂရုစိုက်ဖို့ မေ့လျော့နေကြလား အမျိူးသမီးတို့
အထူးသဖြင့် စိတ်အတက်အကျမြန်တာ၊ အကြောင်းအရင်း မရှိဘဲ စိတ်မကြည်မလင်ဖြစ်တာ ပင်ပန်းနွမ်းနွယ်တာတွေကြောင့် စိတ်ဓာတ်ကျသလို ခံစားနေရလား။ 😔
ဒါဆိုရင် အမျိူးသမီးတို့ကို စိတ်ရောကိုယ်ပါ အေးချမ်းမှုပေးနိုင်မယ့်
Mandala Yoga က ဖိတ်ခေါ်လိုက်ပါတယ်ရှင့်
Mandala Yoga မှာဆိုရင် လေ့ကျင့်ခန်း လုပ်ရုံသက်သက်မဟုတ်ဘဲ
🌸 စိတ်တည်ငြိမ်မှုကို ဦးစားပေးတဲ့အတွက် ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့အတူ
စိတ်ကိုပါ အေးချမ်းစေဖို့ တီချယ်ကိုယ်တိုင် စနစ်တကျသင်ကြားပေးပြီး
🌸 စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေကို Yoga ကျင့်စဥ်တွေနဲ့ ထိန်းညှိပေးပြီး
🌸 အေးအေးဆေးဆေး လေ့ကျင့်လို့ရအောင်လည်း အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးထားပါတယ်။🧘♀️
အချိန်နဲ့ သင်တန်းကြေးလေးတွေကတော့
Offline Class
Tue , Wed , Thur (3.3.2026 - 26.3.2026)
(12 times per month 80000ks)
6:15 - 7:15 Am
7:30 - 8:30 Am
9:30 - 10:30 Am
5:00 - 6:00 Pm
Online Class
Sat , Sun , Mon (7.3.2026 - 30.3.2026)
(12 times per month 70000ks)
6:15 - 7:30 Am
7:30 - 8:30 PM ပဲဖြစ်ပါတယ်
ဒါ့အပြင် လူတွေအများကြီးနဲ့ မလေ့ကျင့်ချင်ဘူးဆိုတဲ့
သူလေးတွေအတွက်လည်း တီချယ်နဲ့အတူ သီးသန့်လေ့ကျင့်လို့ရမယ့်
One by One အချိန်လေးတွေလည်း ယူလို့ရသေးတယ်နော်
One By One လေးကတော့ (၃)ဦးသာ လက်ခံပေးသွားမှာဖြစ်လို့ အမြန်ဆုံးလာအပ်ထားဖို့တော့ လိုမယ်နော်။
ဒါကြောင့် ပင်ပန်းသမျှတွေကို အေးချမ်းမှုအဖြစ် ဖန်တီးနိုင်မယ့် Mandala Yoga ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။🤗
အသေးစိတ် သိချင်ရင် တီချယ်ရဲ့ အောက်ပါဖုန်းနံပါတ်ကနေ အသေးစိတ်လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။
🏠 Address: 41 x 87 x 88 st, Mdy.
📞 Phone: 09-966225790
#ကျောက်ဝိုင်း
24/02/2026
အိမ်မှုကိစ္စ၊ သားသမီးဝေယျာဝစ္စတွေနဲ့ တစ်နေ့ကုန် မအားရအောင် ပင်ပန်းနေကြပြီလား။ 😔
မနက်လင်းတာနဲ့ မီးဖိုချောင်ဝင်၊ ဈေးလိုက်၊ မိသားစုအရေးတွေ လိုက်လုပ်နေရင်း ညဘက်ဆိုရင် ခါးနာတာ၊ ဇက်ကြောတက်တာတွေနဲ့ စိတ်မအေးတော့တာတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒါအတွက်ဆိုရင် မန္တလေးမြို့မှာရှိတဲ့ Mandala Yoga က အမျိုးသမီးတို့အတွက် အသင့်ရှိနေမှာပါရှင်။ 🤗
Mandala Yoga သင်တန်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -
🧘♀️ ခါးနဲ့ ကျောရိုးအကြောအခြင်တွေကို ပြန်ပွင့်စေပြီး နာကျင်မှုကို သိသိသာသာ လျော့ပါးစေမှာပါ။
🧘♀️ အိမ်ထောင်ရှင်မတွေ ကြုံတွေ့ရတတ်တဲ့ စိတ်မကြည်တာ၊ ဒေါသထွက်လွယ်တာတွေကို ထိန်းညှိပေးပြီး ညဘက်တွေမှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။
🧘♀️ ဒါ့အပြင် တီချယ်နဲ့အတူ Healing Session လေးတွေပါ ထည့်ထားပေးတာကြောင့် စိတ်ကိုလည်း ပိုပြီး အေးချမ်းလန်းဆန်းစေမှာပါ။
ဒါကြောင့် မိသားစုကိုလည်း ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချင်တဲ့ အမျိုးသမီးတို့အတွက် Mandala Yoga က အမြဲစောင့်ကြိုနေပါတယ်။
📅 သင်တန်းအချိန်နဲ့ ဈေးနှုန်းလေးတွေကတော့
📍 Offline Yoga Class (Mandalay)
ရက်: အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (Tue, Wed, Thu)
အချိန်များ:
☀️ 6:15 AM - 7:15 AM
☀️ 7:30 AM - 8:45 AM
☀️ 9:15 AM - 10:30 AM
🌅 4:30 PM - 5:30 PM
💰 သင်တန်းကြေး: ၈၀,၀၀၀ ကျပ် (တစ်လ ၁၂ ကြိမ်)
💻 Online Yoga Class (Zoom)
ရက်: စနေ၊ တနင်္ဂနွေ၊ တနင်္လာ (Sat, Sun, Mon)
အချိန်များ:
☀️ 6:15 AM - 7:15 AM
🌙 7:30 PM - 8:30 PM
💰 သင်တန်းကြေး: ၇၀,၀၀၀ ကျပ် (တစ်လ ၁၂ ကြိမ်) သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
လူဦးရေ အကန့်အသတ်လည်း ရှိတာမို့ အမြန်ဆုံး လာအပ်ထားဖို့တော့ လိုမယ်နော်။
🏠 Address: 41 x 87 x 88 st, Mdy.
📞 Phone: 09-966225790 (အသေးစိတ်ကို မေးမြန်းနိုင်ပါတယ်ရှင်။)
17/02/2026
"မှန်ကန်တဲ့ သင်ကြားမှုတိုင်းမှာ မှန်ကန်တဲ့ လေ့ကျင့်မှု ဆိုတာ အမြဲ ရှိစမြဲပါပဲ။ 🧘♀️
ပြီးခဲ့တဲ့ (၅) ရက် တာ Learning Journey တစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပင်ပန်းမှုတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး လေ့ကျင့်ဖြစ်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ယောဂ ဆရာမ တစ်ယောက်အနေနဲ့ တစ်ခြားသူတွေကို ပြန်လည်မျှဝေတဲ့ အခါ ကိုယ်တိုင်တကယ် တတ်မြောက်နားလည်ထားတဲ့ အရာတွေနဲ့ သင်ကြားပေးချင်လို့ပါ။ ✨
ဒီခရီးစဉ်မှာ အတူတူကြိုးစားခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ပညာတွေကို လက်တွန့်မနေဘဲ စေတနာအပြည့် နဲ့ သင်ကြားပေးခဲ့တဲ့ Teacher တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏
အေးချမ်းတဲ့ ဘဝနေထိုင်မှုအတွက် အမြဲအတူ ရှိနေမယ့် Mandala Yoga
Address - 41st btw 87*88 st ,Mdy.
📞09966225790
#ကျောက်ဝိုင်းအနီး
11/02/2026
သင်တန်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးချက်
Madala Yoga သင်တန်းလေးကို ခေတ္တပိတ်ထားပါမယ်ရှင်။
တီချယ့်အနေနဲ့ အသိပညာသစ်တွေနဲ့ အကောင်းဆုံး ပြန်လည်မျှဝေပေးနိုင်ဖို့အတွက် သင်တန်းလေးသွားတက်ဖို့ ရှိပါတယ်။ 🧘♀️
ဒါကြောင့် သင်တန်းလေးကို Feb 12thမှ Feb 17 th ခေတ္တ ပိတ်ထားမည်
ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။🥰
10/02/2026
လူတွေ သိပ်မသိကြတဲ့ ယောဂကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေကို သိကြလား? 🤔💭
လူတော်တော်များများက ယောဂကို သာမန် လေ့ကျင့်ခန်းတစ်ခုလို့ပဲ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ လေ့ကျင့်ခန်းတစ်ခုထက်ပိုတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ 🌈✨
ဒါဆိုရင် ယောဂကျင့်စဉ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။ 👇
🌸 စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့ ချပေးတဲ့အတွက် နေ့စဉ် ပင်ပန်း နွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးပြီး စိတ်ကို အေးချမ်းစေပါတယ်။
🌸 ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးတဲ့အတွက် အာရုံစူးစိုက်မှု (Focus) ပိုကောင်းလာစေပြီး အလုပ်လုပ်ရာမှာ ပိုမိုထိရောက်လာစေပါတယ်။
🌸 မိမိကိုယ်ကိုလည်း ယုံကြည်မှု တိုးလာတာကြောင့်ကိုယ့်ရဲ့အတွေးတွေကို အပြစ်မမြင်ဘဲ လက်ခံတတ်လာပြီး အကောင်းမြင်စိတ်တွေ တိုးပွားလာမှာပါ။
🌸 စိတ်ဒဏ်ရာတွေ နဲ့ စိတ်မလုံခြုံမှုတွေကနေလည်း ကာကွယ်ပေးတဲ့အတွက် အတိတ်က စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေတဲ့အတွက် ယောဂကျင့်စဥ်က နေစဥ်ဘဝအတွက် များစွာ အထောက်အကူပြုနေမှာပါ။🧘♂️
ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ Mandala Yoga နဲ့က အမြဲအသင့်ရှိနေပါတယ်။
#ကျောက်ဝိုင်းအနီး
Mandala