20/07/2022
👉🏻လူငယ်များနှင့် တစ်ကိုယ်ရည်အာသာဖြေခြင်း❗
💥လိင်စိတ်သာယာမှု (Sexual Pleasure) ကို ပေးနိုင်တဲ့အပြင် တစ်ကိုယ်ရည်အာသာဖြေခြင်း (Ma********on) က သင့်ကို ကောင်းကောင်းအိပ်ပျော်စေခြင်း၊ စိတ်ဖိစီးမှု (Stress) များကို လျှော့ချပေးခြင်းနဲ့ စိတ်ကြည်လင်စေခြင်းတို့ကဲ့သို့သော အကျိုးကျေးဇူးများကိုလည်း ပေးနိုင်ပါသေးတယ်။
💥တစ်ကိုယ်ရည်အာသာဖြေခြင်းဆိုတာ ဖြစ်ပေါ်လာတဲ့ လိင်စိတ်ဆန္ဒများကို လိင်စိတ်သာယာမှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။
💥ယုံတမ်းစကားများစွာရှိပါသော်ငြားလည်း... တစ်ကိုယ်ရည်အာသာဖြေခြင်းက ခန္ဓာကိုယ်အပေါ် ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာ မမှန်ပါဘူး။ ဒါပေမယ့် တစ်ကိုယ်ရည်အာသာဖြေခြင်းကို အလွန်အမင်းစွဲလမ်းတာတွေ၊ မလုပ်ဘဲမနေနိုင်တာတွေနဲ့ အလွန်အကျွံပြုလုပ်တာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာပါ ပြဿနာအချို့ရှိလာနိုင်ပါတယ်။
👉🏻တစ်ကိုယ်ရည်အာသာဖြေခြင်းကို ဘယ်အချိန်မှာ အလွန်အကျွံဖြစ်နေပြီလို့ ပြောကြမလဲ❓
✅• အကယ်၍ မိမိနေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေ၊ ကျောင်းနဲ့ အလုပ်ကိစ္စတွေအပေါ်မှာ အချိန်မပေးနိုင် အာရုံမစိုက်နိုင်ဖြစ်လာတဲ့အခါ...
✅• မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အတူတူအချိန်ကုန်ဆုံးဖို့ စိတ်မပါဖြစ်လာတဲ့အခါ...
✅• ညအိပ်ရာဝင်တဲ့အခါ ဒါမှ မလုပ်ရရင် အိပ်မပျော်နိုင်တော့ဘူးလို့ ဖြစ်လာတဲ့အခါ...
✅• တစ်ကိုယ်ရည်အာသာဖြေတာကို စွဲလမ်းလွန်းနေတဲ့ မိမိကိုယ်ကို အပြစ်မြင်လာတဲ့အခါ...တွေမှာ အလွန်အကျွံဖြစ်နေပြီလို့ ပြောလို့ရပါပြီ❗
👉🏻 အဲ့ဒါဆို ဘယ်လိုလျှော့ချမလဲ❓
💥တစ်ကိုယ်ရည်အာသာဖြေခြင်းဟာတစ်ကိုယ် တည်း ရှိနေတဲ့အချိန်တွေမှာမှ လုပ်တတ်ကြတာဖြစ်လို့... အဲ့လိုစိတ်ဖြစ်လာပြီဆိုရင် ဆိတ်ကွယ်ရာနေရာမှာ တစ်ယောက်တည်းမနေဘဲ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူတူရှိနေခြင်းအားဖြင့် လျှော့ချလို့ရနိုင်ပါတယ်။ သင်က တစ်ကိုယ်ရည်အာသာဖြေခြင်းကို စွဲလမ်းလွန်းပြီး အလွန်အကျွံတွေလုပ်မိနေပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေဆီမှာ အကြံဉာဏ်တောင်းခံသင့်ပါတယ်။
💥တကယ်တော့... တစ်ကိုယ်ရည်အာသာဖြေခြင်းဆိုတာ (အလွန်အကျွံမဟုတ်ရင်) မိမိကို သဘာဝအတိုင်း စိတ်ပျော်ရွှင်မှုပေးတဲ့၊ ကျန်းမာစေတဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်💯💯
18/04/2022
05/02/2022