29/09/2025
၂၆-၉-၂၀၂၅ မှ ၂၈-၉-၂၀၂၅ အထိ ကျင်းပပြုလုပ်ခဲ့ပါသော "ရွှေမန်းတောင် လျှပ်တပြက် ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ" ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဦးစွာပထမ တင်ပြပါရစေ...။
အသင်းလိုက်ပြိုင်ပွဲတွင် (၁၅) သင်းအထိပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး...
- ရွှေမန်းတောင်(A) အသင်း (ပထမ) 🏆🥇
- ပြင်ဦးလွင် (B) အသင်း (ဒုတိယ) 🏆🥈
- A1(A)အသင်းနှင့် အောင်လံအသင်းတို့က (ပူးတွဲတတိယ) 🏆🥉အဖြစ် ဆုများအသီးသီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်...။
နှစ်ယောက်တွဲပြိုင်ပွဲတွင် (၂၅) သင်းအထိပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး...
- နေမင်းထိုက် နှင့် သီဟမျိုးဝင်း (ပထမဆု) 🥇
- ရာဇာ နှင့် စိုးမင်းလတ် (ဒုတိယဆု) 🥈
- သော်ဇင်ဦး နှင့် ဘုန်းခန့် (ပူးတွဲ တတိယ) 🥉
- မင်းဇော်အေး နှင့် သီဟစိုး (ပူးတွဲ တတိယ) 🥉
အဖြစ် ဆုများ အသီးသီးဆွတ်ခူး နိုင်ခဲ့ကြပါတယ်...။
--------
~ကျေးဇူးတင်လွှာ~
အချိန်ပေး လာရောက် ပါဝင်ယှဉ်ပြိုင်ပေးကြပါသော အနယ်နယ် အရပ်ရပ်မှ တင်းနစ်ချစ်သူ ပြိုင်ပွဲဝင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်...။
(၃) ရက်အတွင်း ပြိုင်ပွဲပြီးမြောက်အောင် ကျင်းပနိုင်ရန်အတွက် ကွင်းအသုံးပြုခွင့် ပေးပါသော....
A1 Tennis Club ပိုင်ရှင် ဦးအောင်ကျော်ဦး နှင့် မိသားစု
A1 Tennis Club Coach ဦးပြည့်စုံစိုး နှင့် မောင်သီဟစိုး
A1 Tennis Club အသင်းသားများ နှင့် Club မှ ဝန်ထမ်းများ
ကိုလဲ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားပါရစေ...။
အထူးသဖြင့် ပွဲကျင်းပရေးအတွက် ပွဲစဉ်ရေးဆွဲပြုစုပေးပါသော မန္တလေးတိုင်းနည်းပြ ဦးသော်ဇင်ဦး နှင့် ဦးကျော်ကျော်ဝင်း...
ပြိုင်ပွဲဝင်များနေ့လည်စာအတွက် စီစဉ်ပေးပါသော ကိုဗိုလ်ဟိန်း (မိုးကောင်းကင်လက်ဖက်ရည်ဆိုင်)...
ရွှေမန်းတောင်အသင်းအတွက် အင်္ကျီစပွန်ဆာပေးပါသော ကိုကျော်ဆန်းလွင် (K1 Car Service)...
အထောက်အပံ့ငွေ (၅ သိန်း) ကူညီပေးပါသော ရွှေကိန္နရီ ဒု-ဥက္ကဌ ဦးနိုင်ဝင်းကျော် (Black Gold)...
ပြိုင်ပွဲအစအဆုံး ကူညီပေးကြပါကုန်သော ရွှေမန်းတောင်အသင်းသားများ... နှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း...
နောင်လာမည့် ပြိုင်ပွဲများတွင် ဆက်လက်တွေ့ဆုံကြပါစို့...
🙏🙏🙏
08/04/2025
မြန်မာနိုင်ငံတင်းနစ်အဖွဲ့၏ ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေး အလှူမှာ ရွှေမန်းတောင်တင်းနစ်ကလပ်မှလဲ တစ်တပ်တအား ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့ပါသည် ခင်ဗျား…။
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ…။
🙏🙏🙏
04/03/2025
၂၁-၂-၂၀၂၅ (မှ) ၂၄-၂-၂၀၂၅ အထိ ပြုလုပ်ခဲ့သော ~
"ရွှေမန်းတောင် - ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲကြီး" ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်...။
"ပထမတန်း အမျိုးသား အသင်းလိုက်ပြိုင်ပွဲ"
🥇ပထမဆု
- မာဃမင်း တင်းနစ်ကလပ်
🥈ဒုတိယဆု
- Phoenix တင်းနစ်ကလပ်
🥉ပူးတွဲ တတိယဆု
- Shake Shake တင်းနစ်ကလပ် နှင့်
- ရွှေမန်းတောင် တင်းနစ်ကလပ်
-------------------------------------------
"ဒုတိယတန်း အမျိုးသား အသင်းလိုက်ပြိုင်ပွဲ"
🥇ပထမဆု
- ရွှေမန်းတောင် (A)
🥈ဒုတိယဆု
- ချစ်တတ်သူများ
🥉ပူးတွဲ တတိယဆု
- Golden Brothers နှင့်
- ပြင်ဦးလွင် တင်းနစ်ကလပ်
-------------------------------------------
"အသက် (၅၀) နှင့်အထက် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲ"
🥇ပထမဆု
- ဦးခင်မောင်ဝင်း နှင့် ဦးကိုကို
🥈ဒုတိယဆု
- ဦးဖိုးဇော် နှင့် ဦးကိုကိုဇော်
🥉ပူးတွဲ တတိယဆု
- ဦးအောင်ကျော်ဦး နှင့် ဦးသက်မောင်ထွေး
- ဦးမိုးဟိန်း နှင့် ဦးကျော်လင်း
စသဖြင့်အသီးသီး ဆုများချီးမြှင့်ပေးခဲ့ပါသည်...။
--------------------------------------------
ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အဓိက ကူညီထောက်ပံ့ပေးသူများမှာ ~
၁။ ဦးမျိုးသူရ (ဥက္ကဌ - မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်)
၂။ ဦးဇော်ထိန် (ဥက္ကဌ - မာဃမင်း တင်းနစ်ကလပ်)
၃။ ကြယ်နီ ဆေးပေါ့လိပ် (အုတ်တွင်း)
၄။ ဦးအောင်ကျော်ဦး (ဥက္ကဌ - A1 တင်းနစ်ကလပ်)
၅။ Royal-D အားဖြည့်အချိုရည်
၆။ ပြိုင်ပွဲဝင်ကြေးထည့်သွင်းပါသော ရွှေမန်းတောင် တင်းနစ်ကလပ် အဖွဲ့ဝင်များ
တို့ကိုလဲ အထူးပင်ကျေးဇူးတင်ရှိပါသည် ခင်ဗျား...။
အထူးသဖြင့် လာရောက်ယှဉ်ပြိုင်ပေးပါသော အနယ်နယ်အရပ်ရပ်မှ တင်းနစ်ချစ်သူ ဝါသနာရှင်များအားလုံးကိုလဲ ရွှေမန်းတောင်တင်းနစ်ကလပ်မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြား ပါရစေ...။
🙏🙏🙏
03/03/2025
ပြီးခဲ့သောပြိုင်ပွဲတွင် အသုံးပြုခဲ့သော ပွဲကျ ဘောလုံး ၂၄ ဗူး (၁ဖာ) အား...
နွေရာသီ အခြေခံတင်းနစ် သင်တန်းတွင် အသုံးပြုနိုင်ရန် ရွှေမန်းတောင် တင်းနစ်ကလပ်မှ ကူညီထောက်ပံ့ပေးခဲ့ပါသည်...။
11/02/2025
"ရွှေမန်းတောင် တင်းနစ်ကလပ်"
(၂၀၂၅) ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲ
၂၁-၂-၂၀၂၅ (သောကြာနေ့)
Manager Meeting & Dinner
New Pannar မန္တလေး-ပြင်ဦးလွင်လမ်းပေါ် (၄၄ လမ်းထိပ်)
ညနေ ၄:၀၀ မှ ၈:၀၀ အထိ
၂၂-၂-၂၀၂၅ (စနေနေ့)
မနက် (၇:၀၀) ပြိုင်ပွဲစတင်ပါမည်...။
၂၃-၂-၂၀၂၄ (တနင်္ဂနွေနေ့)
မနက် (၇:၀၀) ပြိုင်ပွဲ ဒုတိယနေ့...။
၂၄-၂-၂၀၂၅ (တနင်္လာနေ့)
မနက် (၇:၀၀) ပြိုင်ပွဲ တတိယနေ့...။
အနယ်နယ်အရပ်ရပ်မှ တင်းနစ်ကစားသမားများကို လာရောက်ယှဉ်ပြိုင်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား...။
20/10/2024
ရွှေမန်းတောင်တင်းနစ်ကလပ်၏ ဂုဏ်ဆောင် တင်းနစ်သမားများကို ဂုဏ်ပြုပါတယ်…။
အမျိုးသားအသင်းလိုက်
🏆 ပထမတံခွန်စိုက်ဆု
၁။ ကိုတင်ထွန်းဦး ၂။ ကိုဖိုးတီ ၃။ ကိုစိုးမင်းလတ် ၄။ ကိုသီဟမျိုးဝင်း ၅။ ကိုရာဇာ ၆။ ကိုကျော်ဦး ၇။ ကိုထွန်းအောင်
နှစ်ယောက်ပေါင်း ၁၁၀
ကိုဖိုးတီ+ကိုအောင်ကို
ဒုတိယဆု 🥈
အလွတ်တန်းနှစ်ယောက်တွဲ
တတိယဆု 🥉
ကိုရာဇာ + ကိုဖုန်းဇော်ခန့်
အမျိုးသမီးအသင်းလိုက်
🥈ဒုတိယ
၁။ မအိဖြူ ၂။ မဟန်သူသူထက် ၃။ မအားလီကျဲ ၄။ မမေသဉ္ဇာခိုင် ၅။ မမိသဲ
ဒုတိယတန်းနှစ်ယောက်တွဲ
🥇ပထမ
မသင်ဇာ+အိဖြူ
ဒုတိယတန်းနှစ်ယောက်တွဲ
🥉တတိယ
အားလိကျဲ+မိသဲ
10/09/2024
ရွှေမန်းတောင် တင်းနစ်ကလပ်တွင် တင်းနစ်အားကစားနည်းကို သင်ပြပေးနေသော တိုင်းလက်ရွေးစင်နည်းပြကြီးများ...
၁။ ဦးကျော်ကျော်ဝင်း
၂။ ကိုတင်ထွန်းဦး
၃။ မအိဖြူ
၄။ ကိုသီဟမျိုးဝင်း ~ တို့ပဲ ဖြစ်ပါတယ်...။
တင်းနစ်အားကစားနည်းကို စနစ်တကျ တတ်မြောက်ချင်ပါတယ် ဆိုရင်ဖြင့် ရွှေမန်းတောင် တင်းနစ်ကလပ်မှ နည်းပြများထံမှာ သင်ယူနိုင်ပါကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်ခင်ဗျာ...။
25/07/2024
🔵 Nadal | Alcaraz | Zverev | Medvedev | Ruud | Tsitsipas
🔴 De Minaur | Fritz | Paul | Shelton
With two Team World players to be named, Laver Cup Berlin 2024 representatives continue to post outstanding results through the halfway point of the season.
Read more: https://bit.ly/3LIXOdn