ရှိတော့ရှိတယ်။ ရှားမဲ့ခွတ်မူမျိုး။
Myanmar Rooster Farm
မြန်မာ့ တိုက်ကြက်မျိုးတွေကို ထိန်းသိမ်းစောင့်လျှောက်ပါ
10/01/2023
"အကြိုအထောက်နဲ့သာကစားပါ"
မြင်ဖူးသူတိုင်း ဒီကြက်မိုက်ကို တားစီးဖို့ရာမလွယ်ဘူး လို့ကောက်ချက်ချထားတဲ့ကြက်မိုက်တစ်ကောင်ဟာ...
ဟိုတနေ့ကပဲ ရှူံးသွားတယ်။
ငါ့စီလာရင်သေမယ်ဆိုတဲ့လမ်းကြက်တစ်ကောင်ကလည်း....
ပြီးခဲ့တဲ့တစ်ပတ်လောက်က နှုတ်တစ်ပေါက်ကောင်းတဲ့ အမိုက်တစ်ကောင်ကိုရှုံးသွားတယ်။
ကြက်ခြင်းတူရင် အနိုင်ပဲလို့ မြင်ဖူးသမျှ အသိအမှတ်ပြုထားတဲ့ကြက်ဟာ ပြီးခဲ့တဲ့နှစ်က ရှုံးသွားတယ်။
ဒီကြက်တွေတစ်ဦးတစ်ယောက်အမြင်အရကောင်းခြင်းမဟုတ်ပဲ
အများအမြင်ကောင်းတယ်၊တော်တယ်လို့အသိအမှတ်ပြုခံရပါလျှက်
ဘာကြောင့်ရှုံးခဲ့ကြတာလဲ။
အဖြေကရှင်းရှင်းလေးပါ။
အရင်တစ်ခါလိုမဟုတ်လို့ပါပဲ.....
ဒီတော့......
ကျွန်တော်တို့၊ခင်ဗျားတို့ကြက်တွေအားလုံးကောင်းတယ်။
အရင်လိုမဟုတ်ရင်ရှုံးမယ်။အရင်လိုဟုတ်မဟုတ်ကမသိရတာမှို့......
အကြို၊အထောက်နဲ့သာကစားပါ။
#တောကျီးကန်း
18/11/2022
ကြက်မျိုးကောင်းဆိုတာ ဝယ်တတ်ယုံနှင့်မရဘူး။
ဝယ်မဲ့မျိုးရိုးရဲ့ အကြောင်းအရာတွေကိုလည်းသိဖို့လိုအပ်တယ်။
ဒါမှကိုယ်တိုင်မျိုးရိုးတစ်ခုကိုပုံဖော်တဲ့အခါအခက်အခဲမရှိအောင်မြင်ဖို့%များမယ်။
ကြက်နဲ့ပတ်သက်ပြီးကြက်တိုက်ခြင်းခေါင်းစဥ်အောက်မှာတည်ရှိနေတဲ့....
(1) ကြက်ရွေးတာ
(2)ကြက်ပြင်တာ
(3)ကြက်ကပ်တာ
(4)ကြက်လောင်းတာ
စတဲ့အချက်(4)ချက်လုံးတော်မှကြက်သမားကောင်းဖြစ်တာ
အဲ့လိုမဟုတ်ပဲ တစ်ခုခြင်းစီမှာပဲတော်နေရင် ကြက်သမားကောင်းမဟုတ်ဘူး။သူ့ကျွမ်းကျင်မှု့အရတစ်ခုတည်းမှာပဲတော်နေသူပဲဖြစ်တယ်။
16/11/2022
ကြက်မျိုးဘယ်လောက်ကောင်းကောင်း
ကြက်ကောင်းမျိုးမတည်တတ်ရင်အလကားပဲ။
ကြက်ကောင်းဘယ်လိုဖြစ်ဖြစ်
ကြက်ခွတ်ပေါ်အောင်မမွေးမြူတတ်ရင်အလကားပဲ။
ကြက်ခွတ်ဘယ်လိုကောင်းကောင်း
ကြက်ကပ်မှားရင်အလကားပဲ။
ကြက်ကပ်ဘယ်လိုတော်တော်
ကြက်မျိုးမမှန်ရင်အလကားပဲ။
ဒီတော့ တိုက်ကြက်တစ်ကောင်အောင်မြင်ကျော်ကြားဖို့ဆိုတာဘယ်ဟာကအရေးပါသလဲဆိုရင် "တိုက်ကြက်မှာမျိုးရိုးအကရေးအကြီးဆုံးပဲ။မျိုးရိုးကောင်းနေတဲ့ကြက်တွေထင်ပေါ်ကျော်ကြားပြီးအောင်မြင်မှု့ရဖို့အတွက်ကတော့ တိုက်ကြက်နှင့်ပတ်သက်တဲ့အခန်းကဏ္ဍအလိုက်ပြုလုပ်နေသူလူအားလုံးရဲ့လုပ်ရပ်တိုင်းကအရေးကြီးနေပါတယ်။"
တိုက်ကြက် တိုက်ခြင်းဟာ တိုက်ကြက်တစ်ကောင်ရဲ့ဖြစ်တည်မှု့ အကောင်းဆုံး သူ့အချိန်သူ့အခါတွင်းမှာပြင်ဆင်တိုက်ရတဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်။ ဒီတော့ တိုက်ကြက်တစ်ကောင်အပေါ်မှာ ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုအပ်တယ်။
မြန်မာ့တိုက်ကြက်မျိုးရိုးတွေကို လက်ဆင့်ကမ်းထိန်းသိမ်းကြပါစို့လိုပြောကြားရင် ကျွန်တော့်ရဲ့ Myanmar Rooster Farm Pageမှကြိုဆိုပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay