26/09/2023
me ကတော့လက်မှာပတ်မယ်😊
Sinkyal
26/09/2023
me ကတော့လက်မှာပတ်မယ်😊
20/09/2023
ပထမကြိမ် ယံုကြည်စွာ၀ယ်ယူအားပေးသူများနဲ့ ဒုတိယအကြိမ် ထပ်မံ၀ယ်သူ၊ချစ်ခင်အားေပးကြသူများကိုပါ ကျေးဇူးပါရှင်🥰❤️
ပထမတကြိမ်စျေးလာဝယ်တာက
သင့်ကို ယုံလို့ပါ......
ဒုတိယအကြိမ်စျေးလာဝယ်တာက
သင်ရောင်းတဲ့ပစ္စည်းရဲ့ အရည်သွေးကို
တကယ်ကြိုက်နှစ်သက်ခဲ့လို့ပါ.......
အရေတွက် တစ်ခုထက်ပိုဝယ်ရင်တော့
Customer အနေနဲ့ သင်နှင့်သင့်ပစ္စည်းအပေါ်
100% အပြည့်ဝ သဘောကျလို့ပါ.......
ဘယ်သူမှ ကိုယ့်အိတ်ထဲကငွေကို
အလဟာသ အထွက်မခံပါဘူး.......
poto crd
03/09/2023
ဟော
me နဲ့တူနေပြီ 🥰😃😊
01/09/2023
အဲလိုရယ်တော့ မဟုတ်ရပါဘူး😃☺️🙂
27/08/2023
အကိုရေ ကျနော် က အွန်လိုင်းကနေ ရည်းစား ရှာတာ ဒါပေမဲ့ ကောင်မလေးတွေက ဓါတ်ပုံ မှာ အဖတ် တွေတင်ထားတော့ သူ့တို့အသက်ကို မှန်းလို့ မရဘူး ဘယ်လို လုပ်ရမလဲ လို့ မေးလာတယ်
ကျုပ်လည်း အတွေ့အကြံုကို အခြေခံပြီး ပြန်ဖြေလိုက်တယ်
သိချင်တဲ့ သူများရှိရင်လည်း သိရအောင်လို့ ရေးပေးလိုက်ပါတယ်
အမျိုးသမီး တစ်ယောက်က မိုတီစာတွေ တအားကြိုက်တယ်ဆိုရင် သူ့အသက်က ၂၀-၂၅ မှာ ရှိတယ် ဒီအရွယ်က မြှောက်ပေးရင် တကယ်ဖြစ်မယ် ထင်တဲ့ အရွယ်လေ
အလုပ်က မကျေနပ်ချက်တွေ အဆင်မပြေတာတွေ ပြောတာများတယ် ဆို ၂၅-၃၀ - မျှော်လင့်ထားတာနဲ့ ဖြစ်နေတာ တခြားပါလားဆိုတာ သိပြီး မျှော်လင့်ချက် စပျောက်တဲ့ အရွယ်
အသားလိမ်းဆီ တွေကို စိတ်ဝင်တစား ပြောလာပြီဆိုရင် ၃၀-၃၅ ။ မျက်နှာမှာ wrinkles တွေ တက်လာပြီ လေ ဒါကြောင့် အသားလိမ်းဆီ အမျိုးမျိုးကို ရှိသမျှငွေ ပုံအောပြီး ဝယ်လိမ်းဖို့ ကြိုးစားကြတဲ့ အရွယ်
၃၅-၄၀ အရွယ်ဆိုတာက သိသာတယ် သူတို့က Gym သွားဖို့ အရမ်းစိတ်သန်ကြတယ် ။ သူတို့ကိုယ်လုံး က အိမ်မှာ ဝိတ်ချ လို့ မရတော့ဘူး အပြင်မှာ အားကိုးရာ ရှာပြီး ဝိတ်ချဖို့ ကြိုးစားကြတဲ့ အရွယ်
အိမ်ထောင်ပြုတာ မကောင်းကြောင်း အပျိုကြီး လုပ်ရတာ လွတ်လပ်ကြောင်း ပြောလာရင် ၄၀-၄၅ နှစ်လို့ မှတ်လိုက်ပါ ။ လက်လျော့လိုက်တဲ့ အချိန်မှာ အပြောများ ကြတဲ့ အရွယ်
၄၅ နှစ်ကျော်တဲ့ သူ ဘယ်လောက်ပဲ အဖတ်တင်တင် အဖွားကြီး ရုပ်ပဲ ထွက်လို့ အသက်တွက်ဆ နေစရာ မလို တော့ ပါဘူး
အတိအကျ မဟုတ်ဘူးပေါ့ standard deviation နည်းနည်းတော့ ရှိနိုင်ပါတယ်
ဒါပေမဲ့ အများကြီး မှန်ပါတယ်လို့
- KoKo Gyi
#ပြန်လည်မျှဝေသည်။
20/08/2023
😃🙂😊
14/08/2023
Crd 😔🙂
06/08/2023
🌸 Body Scrub လုပ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်ဖြာ 🌸
ကိုယ်ခန္ဓာ အသားအရေ ကြည်လင်ဖို့အတွက် body spa သွားတာ၊ body scrub လုပ်တာတွေ ရေပန်းစားလာတော့ body scrub နဲ့ ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
ဆောင်ရန်များ 🌸
- ဓာတုပစ္စည်း (Phthalates, Paraben) တွေ ပါဝင်တဲ့ body scrub အသုံးပြုခြင်းက အခန့်မသင့်ရင် အသားအရေကို ထိခိုက်စေနိုင်လို့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ body scrub တွေကို ပိုမိုရွေးချယ်သင့်ပါတယ်။
- ယခင်အသုံးမပြုဖူးတဲ့ body scrub မသုံးခင်မှာ အရေပြားပေါ် နာရီအနည်းငယ်ခန့် အရင်တင်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။ ဓာတ်မတည့်မှုများ ( ပူ၊ စပ်၊ နီရဲ ၍ အဖုအပိန့်များထွက်လာလျှင်) အသုံးမပြုသင့်ပါ။
- body scrub ပြုလုပ်ပြီးပါက အသားအရေကို ပိုမိုချောမွေ့ပြီး ရေဓာတ်ပြည့်ဝဖို့ moisturizer သို့ lotion တစ်မျိုးမျိုး လိမ်းသင့်တယ်။
ရှောင်ရန်များ 🌸
- body scrub ကို မျက်နှာအတွက် အသုံးမပြုသင့်ပါ။ ခန္တာကိုယ်အတွက် အသုံးပြုတဲ့ scrub အမျိုးအစားမှာ မျက်နှာအတွက် ကြမ်းလွန်းပါတယ်။
- နေ့စဉ် body scrub မပြုလုပ်သင့်ပါ။
- လတ်တလော အမွှေးရိတ်ထားသော (သ်ို့) အမွှေးနှုတ်ထားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများအပေါ် body scrub တိုက်ခြင်း ရှောင်သင့်ပါတယ်။
- နေလောင်ထားသော အသားအရေပေါ် ချက်ချင်း body scrub မတိုက်သင့်ပါ။
- Chemical peeling ပြုလုပ်ပြီး လတ်တလော body scrub တိုက်ရန် မသင့်တော်ပါ။
- အင်းဆက်ပိုးမွှားများ တုပ်ခံထားရသော အရေပြားပေါ် body scrub တိုက်ခြင်းသည် အဆိပ်များကို ပျံ့နှံ့စေနိုင်၍ အင်းဆက်ကိုက်ခံထားရတဲ့ နေရာကို ရှောင်ကြဉ်ပြီး body scrub တိုက်သင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက် 💟