14/06/2026
University Esports Association ကနေ ကျင်းပပြုလုပ်ပေးတဲ့ "PUBG Campus Clash University Qualifier" ပြိုင်ပွဲကြီးအတွက် ကျွန်တော်တို့ "မန္တလေးနည်းပညာတက္ကသိုလ် MTU (COE)" အနေနဲ့ ကိုယ်စားပြုအသင်း သွားရောက်ယှဉ်ပြိုင်ဖို့ Qualifierပွဲအတွက် Registerလာတင်လို့ရပါပြီဗျာ❤️🔥
Register on Telegram:
Register end on: 17.6.2026 (Wed)
Tournament Starts on: 19/20/21 (Fri,Sat,Sun)
location: MTU New Main Building 3rd floor Hall📍
18/05/2026
ဒီနေ့နေ့လယ် ၂:၃၀ မှာ MTU ဆော့ကစားရမယ့် ၂ ပွဲရှိပါတယ်ဗျာ MIIT ရယ် SUOE တို့နဲ့ပါ။ varsity league page မှာ live လွှင့်တာမလို့ လာအားပေးကြလို့ရပါတယ် Comment တွေမှာလည်း MTU ကျောင်းသားများရဲ့အားပေးသံလေးတွေနဲ့ စုံစုံလင်လင်တွေ့ရအောင်ပါ။
22/04/2026
MTU ကိုယ်စားပြု MLBB esports အသင်းဖြစ်တဲ့ E Kyar Kway အနေနဲ့ Varsity League Division 1 ကို direct invite ရပြီး league ပွဲများဆော့ကစားရမှာဖြစ်ပါတယ်ဗျာ Divison 1 မှာတော့
1.Myanmar Instutute of Information Technology (MIIT)
2.Mandalay Technological University (MTU)
3.University of Computer Studies, Mandalay (UCSM)
4.Sagaing University of Education (SUOE)
5.Yatanarpon Cyber City (UTYCC)
6.University of Technology, Taungoo (TUT)
7.University of Medicine Magway (UMMagway)
8.University of Medicine, Mandalay(UMM)
တို့နဲ့ အမှတ်ပေးစနစ်ဖြစ်ဆော့ကစားရမှာဖြစ်ပြီး top 2 ထဲပါရင် Varsity Esports Championship ကိုလည်းတက်လှမ်းသွားမှာဖြစ်ပါတယ်။
28/02/2026
MTUက ညီကိုညီမတွေအားလုံးက်ို ကျွန်တော်တို့MTU Esports Clubကနေ ပြုလုပ်ပေးတဲ့ MTU Invitational Cup Season-4 GrandFinal ပွဲလေးကနေ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျ❤️
Location : T3 & T4
Time : 9AM to 5PM
Date : 1.3.2026 ( Sunday )
11th batch နဲ့ 12th batch တို့ရဲ့ပြိုင်ဆိုင်မှုမှာ ဘယ်အသင်းကMTU MLBBရဲ့ Championဖြစ်မလဲဆိုတာ လာရောက်ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျ🤟🏻❤️
26/02/2026
MTU Invitational Cup Season-4 playoff stage Day 4 အပြီးမှာတော့ Kanaung Playboys တို့က season 1&2 champion Pyit Tine Htaung တို့ကို 3-0 နဲ့အနိုင်ယူပြီး Grand Final ကိုတက်လှမ်းသွားပြီဘဲဖြစ်ပါတယ်။ lower bracket ပွဲစဉ်တွေမှာလည်း Season-3 champion Letsquezeee ကို E Kyar Kway တို့က 2-0 နဲ့အနိုင်ရပြီး lower bracket final မှာ Pyit Tine Htaung နဲ့ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။ season 3 champion Letsqueezeee ကတော့ ဒီနှစ်မှာ Top 4 နဲ့ဘဲနှုတ်ဆက်ထွက်ခွာသွားရပြီးနောကိနှစ်တွေမှာအကောင်းဆုံးရလဒ်တွေနဲ့ပြန်လာနိုင်ပါစေဗျာ။
26/02/2026
ဒီနေ့ညအတွက် Upper နဲ့ Lower ပွဲ၂ပွဲရှိပါမယ်🤟🏻
MTUရဲ့နောက်ဆုံးကျန်ခဲ့တဲ့ ၄သင်းဘဲဖြစ်ပါတယ်ဗျ
အသင်းတွေရဲ့ အကောင်းမွန်ဆုံးလက်စွမ်းတွေကိုကြည့်နိုင်ဖို့အတွက် MTU Esports Club Youtube channelကနေ တူတူအားပေးလိုက်ကြရအောင်ဗျာ❤️🔥
Youtube: https://youtube.com/?si=pKc18cSBeY8K0XSI
25/02/2026
MTU Invitational Cup season-4 Day-3 အပြီးမှာတော့ Letsqueeze နဲ့ E Kyar Kwayတို့ကတော့ 2-0 ဆိုတဲ့ရလဒ်တွေနဲ့ နောက်တဆင့်ကိုတက်လှမ်းသွားပါပြီဗျာ။
23/02/2026
MTU Invitational Cup Season-4 Day 1 ပွဲစဉ်လေးတွေအပြီးမှာတော့ Team Yokai နဲ့ Team Complexity နှစ်သင်းက ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရပြီဘဲဖြစ်ပါတယ်။ မနက်ဖြန်ည ၇:၃၀ မှာတော့ အမိုက်စား Upper Bracket ပွဲစဉ်တွေကိုကြည့်ရှုရတော့မှာဖြစ်ပြီး season 1&2 champion Pyit Tine Htaung Vs season 3 champion Letsquezzee တို့ရဲ့ပွဲစဉ်အပြင် E Kyar Kway vs Kanaung Playboys တိုရဲ့ပွဲစဉ်နှစ်ခုကိုမြိုင်မြိုင်ဆိုင်ဆိုင်ကြီးကြည့်ရတော့မှာမလို့ အားပေးကြည့်ရှူကြပါအုံးခင်ဗျာ