29/06/2025
🔥🔥🔥၂နှစ်အတွင်း ချန်ပီယံ စိန်ခေါ်ခွင့်ရသွားတဲ့ ဂျော့ရှုဝါဗန်
ဂျော့ရှုဝါဗန်က ၂၀၂၃ ၆လပိုင်း ၂၄ရက်နေ့မှာ UFC မှာ ပထမဆုံးပွဲ စထိုးပါတယ်။ အခုဆိုရင် UFC ရောက်တာ ၂နှစ်ရှိပါပြီ။ အခု Brandon Royval နဲ့ပွဲအပါအဝင် UFCမှာ စုစုပေါင်း ၉ပွဲထိုးသတ်ထားခဲ့ပြီးပါပြီ။ အဲ့လို ထိုးသတ်အပြီးမှာတော့ နောက်ဆုံး UFC ဖလိုင်းဝိတ် ချန်ပီယံ စိန်ခေါ်ခွင့်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါပြီ။ Royval နဲ့ပွဲမှာလဲ Fight Of The Night ဘောနက်စ် ဒေါ်လာ ၅၀၀၀၀ ရသွားခဲ့ပါသေးတယ်။
ဂျော့ရှုဝါဗန်တစ်ယောက်ကတော့ အသက် ၂၃နှစ်ပဲရှိသေးပြီး အညွှန့်တလူလူနဲ့ ဖိုက်တာဖြစ်ပါတယ်။ ချန်ပီယံပွဲက ဝါရင့်ဖိုက်တာ Pantoja ထိုးရမှာဖြစ်ပါတယ်။ ဂျော့ရှုဝါဗန်အတွက် မလွယ်သေးပေမဲ့လဲ တစ်သစ်စဖိုက်တာနဲ့ ဝါရင့်ဖိုက်တာတို့ရဲ့ အားပြိုင်ကြမဲ့ပွဲဖြစ်လို့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတော့မှာပါ။
#ဂျော့ရှုဝါဗန်
Photo Credit - Rightful Owner
03/02/2025
🔥🔥🔥One Championship မှာ ပွဲဦးထွက် ထိုးသတ်ရတော့မဲ့ ဗရော်နီကာ
ဒီလ ၁၄ရက်နေ့မှာတော့ ဗရော်နီကာက သူ့ရဲ့ One Championship ပွဲဦးထွက်ပွဲကို ထိုးသတ်ရတော့မှာပါ။ အက်တမ်ဝိတ်တန်းမှာ မွေ့ထိုင်းပွဲ ထိုးသတ်ရမှာဖြစ်ပါတယ်။ ကဲ အားပေးဖို့ ပြင်ထားကြဟေ့။
Vero Vs Vera
#ဗရော်နီကာ
19/01/2025
🔥🔥🔥ကယ်ဗင်ဟော်လန်ကို ပထမအချီချုပ်ကွက်နဲ့ အနိုင်ယူပြခဲ့တဲ့ ရိုင်နီယာ
26/09/2024
🔥🔥🔥မနက်ဖြန်ညအတွက် အဆင်သင့်ပဲ
မြန်မာဖိုက်တာ ၂ယောက်ကို အားပေးကြဖို့ အဆင်သင့်ပဲလား
ပွဲကြည့်ဖို့ ကျွန်တော်တို့ရဲ့ Page ကို Like and Follow လုပ်ထားကြပါခင်ဗျာ။
KZH(စိတ်ဓာတ်)
07/09/2024
ဒိုင်ပွဲရပ်နဲ့ အရှုံးပေးလိုက်ရတဲ့ အောင်လ
အောင်လကတော့ ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာ အာဒိုဂန်က Stand ရော Ground ပါ အသာစီးကစားပြသွားခဲ့တာပါ။
KZH(စိတ်ဓာတ်)
Photo Credit - One Championship
06/09/2024
🔥🔥🔥တခဲရုနဲ့သန့်ဇင်တဲ့
၉လပိုင်း ၂၇ရက်နေ့မှာကျင်းပမဲ့ One Friday Fight-81 မှာတော့ သန့်ဇင်က တခဲရုနဲ့ ဖလိုင်းဝိတ် ကစ်ဘောက်ဆင်ပွဲထိုးရမယ်တဲ့။ Black Panther က ဒဏ်ရာကြောင့် နှုတ်ထွက်သွားလို့ သန့်ဇင်က အစားဝင်ထိုးမှာပါ။ ပွဲဖြစ်လာပြီးမှာတော့ ကိုယ့်ဖိုက်တာလေးဘက်က အားပေးရတော့မှာပေါ့။ ဒီပွဲအပေါ် ပရိတ်သတ်တွေရော ဘယ်လိုမြင်လဲ။
KZH(စိတ်ဓာတ်)
Photo Credit - One Championship
17/08/2024
🔥🔥🔥မြန်မာဖိုက်တာ ၅ယောက်အထိပါဝင်မဲ့ One Friday Fight- 76
ဒီလ ၂၃ရက်နေ့ သောကြာနေ့မှာကျင်းပမဲ့ One Friday Fight- 76 ပြိုင်ပွဲမှာတော့ မြန်မာဖိုက်တာ ၅ယောက်ထိ ပါဝင်ထိုးသတ်သွားမှာပါ။ One Championship ထိုးသတ်နေကျ သန့်ဇင်နဲ့ ထွန်းမင်းနိုင်တို့အပြင် တခြားမြန်မာဖိုက်တာ ၃ယောက်နဲ့ စုစုပေါင်း မြန်မာဖိုက်တာ ၅ယောက်ပါဝင်ထိုးသတ်ကြမှာပါ။ မြန်မာဖိုက်တာတွေ ဘယ်လိုအောင်ပွဲခံကြမလဲ ရင်ခုန်စွာ စောင့်ကြည့်ကြစို့ဗျာ။
KZH(စိတ်ဓာတ်)
Photo Credit - One Championship
12/08/2024
🔥🔥🔥စိုးလင်းဦးရဲ့နောက်ပွဲစဉ်
စိုးလင်းဦးကတော့ လက်စွာနေတဲ့ ထိုင်းဖိုက်တာ Nabil နဲ့ ပွဲဖြစ်သွားပါပြီ။ ၉လပိုင်း ၂၇ရင်နေ့မှာ ကျင်းပမဲ့ One Friday Fight-81 ပြိုင်ပွဲမှာ ထိုးသတ်ရမှာပါ။ စိုးကြီးက ပြိုင်ဘက်ကောင်းနဲ့တွေ့နေပြီ။ ဒီပွဲသာနိုင်လိုက်ရင်တော့ အရမ်းအရမ်းကိုမိုက်သွားပြီ။
🛑စိုးလင်းဦးပွဲကြည့်ဖို့ ကျွန်တော်တို့ရဲ့ Page ကို Like and Follow လုပ်ထားကြပါခင်ဗျာ။
KZH(စိတ်ဓာတ်)
Photo Credit - One Championship