Ko Kaung Htet Zaw

Ko Kaung Htet Zaw

Share

𝐋𝐎𝐍𝐃𝐎𝐍 𝐈𝐒 𝐀𝐋𝐖𝐀𝐘𝐒 𝐁𝐋𝐔𝐄 🔵🏆

27/05/2026

🇧🇷Joao Pedro မရတော့ မောင်Decoတို့ ကြံရာမရ Gordan ဘက်လှည့်သွားတယ်ထင်ပါတယ် 😅

🟦Joao Pedro Stay at Chelsea 💯✅

27/05/2026

🚨 🚨| 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒!!

🟦ချဲလ်ဆီးအသင်းဟာ အသင်းရှိဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး Joao Pedro အတွက် မည်သည့်ပြောင်းရွှေ့ကြေးမျိုးနဲ့မှလက်ခံဆွေးနွေးဖို့အစီစဉ်မရှိကြောင်း ဘာစီနာအသင်းရဲ့တာ၀န်ရှိသူတွေထံအသ်ိ‌ပေးထားပြီဖြစ်ပြီး ယခုနွေရာသီအပြောင်း‌အ‌ရွှေ့မှာ Joao Pedro အားအသင်းကနေ ရောင်းချသွားဖို့ လုံး၀(လုံး၀) မရှိဘူးလဲလို့သိရပါတယ်။

Shut All Doors 🤐

📝 Fabrizio Romano

26/05/2026

🇦🇷 📝

🟦Enzo Fernandez နဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ သတင်းအချို့ဟာ Rumor (ကောလဟာလ)အဆင့်သက်သက်သာရှိပါတယ်ညီကိုတို့။

🟦Xabi အသင်းကို စပြီးJoinတာနဲ့ သူ့ရဲ့ JD ကိုသူတာ၀န်ယူတာနဲ့ Enzo ကို New Contract (စာချုပ်သစ်)ထပ်မံချုပ်ဆိုနိုင်ဖို့ကို Xabi အနေနဲ့ဦးစားပေးအရင်လုပ်ဆောင်ပါလိမ့်မယ်။

24/05/2026

ဟာ...ဘယ်လိုကြီးလဲဗျာ😢

🟦ကစာသမားတွေအကုန်လုံးက ငါတို့အသင်း ဥရောပ၀င်ခွင့်တစ်နေရာအတွက် အစွမ်းကုန်ပေးဆပ်ကစားမယ်ဆိုတဲ့စိတ် တစ်ယောက်မှအရိပ်ယောင်ကိုမတွေ့ရဘူးဗျာ။

🟦မမျှော်လင့်တာကောင်းပါတယ်ဗျာ ... (1)ကနေပြန်စကြတာပေါ့ ... ဟူး😮‍💨

24/05/2026

𝐅𝐈𝐍𝐀𝐋 𝐌𝐀𝐓𝐂𝐇 🔥 ⚔️

🟦လူစာရင်းရပါပြီ။

22/05/2026

🟦Enzo Fernandez နဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ သတင်းအချို့ဟာ Rumor (ကောလဟာလ)အဆင့်သက်သက်သာရှိပါတယ်ညီကိုတို့။

🟦Xabi အသင်းကို စပြီးJoinတာနဲ့ သူ့ရဲ့ JD ကိုသူတာ၀န်ယူတာနဲ့ Enzo ကို New Contract (စာချုပ်သစ်)ထပ်မံချုပ်ဆိုနိုင်ဖို့ကို Xabi အနေနဲ့ဦးစားပေးအရင်လုပ်ဆောင်ပါလိမ့်မယ်။

21/05/2026

လှလိုက်တာကွာ ကျက်သရေကိုရှိလို့ ... 🟦🤩

20/05/2026

ဟျောင့် ရေ ဒီနေ့ မန်‌လေးမှာတော့ အနီကောင်တွေပတ်ရှောင်နေရတယ်ဟေ့

ညက ဘောလုံးပွဲကြည့်ပြီး အိပ်မပျော်တော့တာနဲ့ မနက်စော မနက်စာ၀ယ်ရင်း စားနေကျကွမ်းဆိုင် ကွမ်းလေး၀င်ထုတ်တာ ... အဲ့မှာ စပြီးတိုးတော့တာပဲဟေ့

ကွမ်းဆိုင်က ချာတိတ်က မန်ယူဖန် 🟥
ကိုက အပြာကောင်🟦

လာ၀ယ်ဘဲကြီးက ဟျောင့်ရေ Gunner ဂျာစီကြီး တကားကားနဲ့ Scoopyi တဗြူးဗြူးနဲ့မိုးမမြင်လေမမြင် အမောင် "ညီလေး ဒီနေ့လေ တော်တော်တိုက်‌ကျလိမ့်မယ်လို့ပြောနေတုန်း" ကွမ်း‌ဆိုင်ကိုလဲ မောင်းနေတဲ့ဆိုင်ကယ်က ကျော်သွားပြီနော်...အဲ့ဒါကို

ကိုယ့်ဆရာပြန်ကွေ့လာတာ အမောင်ရေ

"ညီလေးအကို့ကို နှပ်ဆေးရည်ပါးပါးနဲ့၅၀၀၀ဖိုးလောက်ထုတ်စမ်းကွာတဲ့ ... ကွမ်းက အိမ်မှာညက မဝါးဖြစ်ဘူး ၃ထုပ်လောက်ကျန်သေးတယ် ‌မင်းမြင်လို့တမှင်လှည့်လာတာဆိုပဲ " ဟ😅

နောက်ပြီး နေ့လည်ကျတော့ ကျွန်တော် မနက်ကထုတ်လာတဲ့ကွမ်းလေးကကုန်သွားတော့ လမ်းကြုံတာနဲ့ နောက်တကြော့၀င်ထုတ်မိပြန်ရော "အဝေးက FZ မောင်းလာတဲ့‌ ဘဲကိုလှမ်းမြင်တယ် ဟော ဂြိုလ်ဆိုးကထပ်ဆိုဒ်ပြန်ပီထင်တယ်လို့တွေးနေတုန်း" ဆိုင်ရှေ့ ဆိုင်ကယ်ကြီးထိုးရပ်ပြီး Gunner ဂျာစီ Long Sleeve ကြီး၀တ်ပြီး Tracksuit ကြီးနဲ့အမောင် "ကွမ်းဆိုင်က ကလေးက်ို "ညီလေး ဒီနေ့ရာသီဥတုကအေးတယ်နော် ‌နည်းနည်းချမ်းသလိုပဲ‌ တွေ" လာလုပ်နေတာ ။

အဲ့ဒါနဲ့ကျွန်တော်လဲ မျက်စိရှေ့ ဂွင်ကြုံတုန်း လာ၀ယ်တဲ့ဘဘဲနဲ့လဲ မရင်းနှီးပါဘူးဗျာ "ဟ ... ငါ့ Brother ရာ နွေခေါင်ခေါင် ဒီလောက်ပူနေတာ ကျောက်တွေလဲပေါက်ကုန်အုံးမယ်လို့" ပြောလိုက်တော့ လာ၀ယ်တဲ့ဘေးကလူတွေကထရီတော့ ဆရာသမား ဂြိုလ်တွေပေးနေတာ မနဲလှည့်ထွက်ခဲ့ရတယ်🥴

အဲ့ဒါနဲ့ကားကွေ့ပြီး ပြန်ထွက်တော့ ကွမ်းဆိုင်က ချာတိတ်ကိုမေးနေတာ ယဲ့ယဲ့ကြားလိုက်သေးတယ် သူက ဘာFan လဲလို့မေးနေတာ ချဲလ်ဆီးဖန်လို့ ဟိုချာတိတ်ကပြန်ဖြေတော့ပိုဆိုးသွားတယ်

မလွယ်ဘူးဗျာ ဒီနေ့ မြင်ရတွေ့ရတာ😅

20/05/2026

Delap's Trademark 🥴

ညက စပါးဘယ်နောက်ခံလူ Spence ကိုသုံးသွားတဲ့အကွက်နဲ့တပုံထဲ

သောက်ကျိုးနည်း တိုက်စစ်မှူး 😅

20/05/2026

What A Block 'Hato' 🧱 🔥

20/05/2026

Congratulations Gunner 🎉👏

🟦ကျွန်တော်ဟာ အပြာရောင် ချဲလ်ဆီးအမာခံပရိတ်သတ်တစ်ဦးပါညီကိုတို့ အာဆင်နယ်ဟာကျွန်‌တော်တို့နဲ့လန်ဒန်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်‌နေပေမဲ့ ဒီနှစ် အာတီတာရဲ့ အာဆင်နယ်က အတော်လေးကိုပုံစံကောင်းပြသသွားခဲ့တဲ့နှစ်တစ်နှစ်ပါ။

🟦(22)နှစ်အကြာမှာ အဂ်လန်ပရီးမီယားလိဒ်ရဲ့အမှတ်ပေးဖလားအိမ်မက်ကို (၄)ကြိမ်မြောက်ဆွတ်ခူးရယူနိုင်တဲ့အတွက် ချဲလ်ဆီးပရိတ်သတ်တစ်ဦးအနေနဲ့ဂုဏ်ယူ၀မ်း‌မြောက်မိပါတယ်။

🟦Gunner တွေအတွက်ကျဆုံးချိန်အခိုက်တန့်တွေရှိခဲ့သလို ယခုအချိန်မှာတော့ မွန်းကြပ်‌နေတာတွေကိုပွင့်ထွက်ပြီးပျော်ပစ်လိုက်ပါ Gunner Fans တို့။

တကယ်ထိုက်တန်ခဲ့ပါတယ်👏👏👏

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay