Learn Together Yoga with Yin

Learn Together Yoga with Yin

Share

Intelligence For Living

Photos from Learn Together Yoga with Yin's post 22/05/2026

Root Chakra ကို Sanskrit ဘာသာဖြင့် “Muladhara” လို့ခေါ်ပြီး Chakra အဓိက ၇ ခုအနက် ပထမဆုံး Chakra ဖြစ်ပါတယ်။

ဒါဟာ ကျောရိုးအောက်ခြေ (spine base) မှာ တည်ရှိပြီးလုံခြုံမှု၊ တည်ငြိမ်မှု၊ ရှင်သန်ရပ်တည်နိုင်မှု၊ နှင့် ရုပ်ပိုင်းဆိုင်ရာကမ္ဘာနဲ့ ချိတ်ဆက်မှုတို့ကို ထိန်းချုပ်ပေးပါတယ်။

ဒီ Chakra ကို ကိုယ့်စွမ်းအင်စနစ်ရဲ့ “အခြေခံအုတ်မြစ်” လို့လည်း သတ်မှတ်နိုင်ပါတယ်။

အဓိက ဆက်စပ်ချက်များ

* တည်နေရာ — ကျောရိုးအောက်ခြေ (tailbone area / a**s နဲ့ ge****ls ကြား)
* Sanskrit အမည် — Muladhara
* “Mula” = အမြစ်
* “Adhara” = အခြေခံ / အထောက်အပံ့
* အရောင် — အနီရောင်
* Element — Earth (မြေဓာတ်)
* ရုပ်ပိုင်းဆိုင်ရာ ဆက်စပ်မှုများ — ခြေထောက်များ၊ ခြေဖဝါးများ၊ အရိုးများ၊ အူမကြီး၊ adrenal glands

Root Chakra ရဲ့ အဓိပ္ပါယ်

Root Chakra ဟာ လူတစ်ယောက်ရဲ့ အခြေခံဘဝတည်ငြိမ်မှုကို ကိုယ်စားပြုပါတယ်။
ဒီ Chakra က ကျန်းမာပြီး ဖွင့်လှစ်နေတဲ့အခါ
လူတစ်ယောက်ဟာ —

* လုံခြုံတယ်လို့ ခံစားရခြင်း
* အားပေးထောက်ခံမှုရှိတယ်လို့ ခံစားရခြင်း
* ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း
* မြေကြီးပေါ် ခိုင်မာစွာ ရပ်တည်နေသလို ခံစားရခြင်း

တို့ကို ရရှိနိုင်ပါတယ်။

Root Chakra ဟာ Chakra စနစ်တစ်ခုလုံးရဲ့ အခြေခံဖြစ်တဲ့အတွက် ဒီ Chakra blocked မဖြစ်ပါက
စွမ်းအင်ဟာ အခြား Chakra များဆီကို လွတ်လပ်စွာ စီးဆင်းနိုင်ပြီး ဘဝမှာ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။

Balanced vs. Blocked

Chakra Balance ဖြစ်နေသောအခါ

* မြေကြီးနဲ့ ချိတ်ဆက်နေသလို ခံစားရခြင်း
* စိတ်တည်ငြိမ်ခြင်း
* ငွေကြေးနှင့် ဘဝအခြေခံလိုအပ်ချက်များအပေါ် ယုံကြည်စိတ်ချမှုရှိခြင်း
* ကိုယ့်ဘဝကို ကိုယ်ထိန်းနိုင်တယ်လို့ ခံစားရခြင်း
* ပိုင်ဆိုင်ရာခံစားချက် (sense of belonging) ရှိခြင်း

Chakra ပိတ်ဆို့ / မညီမျှနေသောအခါ

* အကြောင်းမရှိဘဲ ကြောက်ရွံ့မှုများ
* Chronic anxiety (အမြဲစိုးရိမ်ပူပန်နေမှု)
* ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားရခြင်း
* စိတ်မတည်ငြိမ်ခြင်း

ရုပ်ပိုင်းဆိုင်ရာအနေနဲ့ —

* အားနည်းပင်ပန်းမှု
* ခါးအောက်ပိုင်းနာကျင်မှု
* ခြေထောက်နှင့် ခြေဖဝါးဆိုင်ရာ ပြဿနာများ

ဖြစ်ပေါ်နိုင်ပါတယ်။

Root Chakra ကို Balance ပြန်လုပ်နည်းများ

Nature နဲ့ ချိတ်ဆက်ပါ

Root Chakra ရဲ့ element က Earth ဖြစ်တဲ့အတွက် —

* မြေပြင်ပေါ် ခြေဗလာနဲ့ လမ်းလျှောက်ခြင်း
* စိုက်ပျိုးရေး / gardening လုပ်ခြင်း
* သဘာဝထဲမှာ အချိန်ဖြုန်းခြင်း

တို့က grounding feeling ပြန်ရစေပါတယ်။

Physical Activity / Yoga

အောက်ပါ yoga poses တွေက မြေကြီးနဲ့ ခိုင်မာစွာ ချိတ်ဆက်ပေးနိုင်ပါတယ် —

* Tadasana (Mountain Pose)
* Virabhadrasana (Warrior Pose)

Mantra Chanting

Root Chakra ရဲ့ seed sound ဖြစ်တဲ့
“LAM” ကို ထပ်ခါတလဲလဲ ရွတ်ဆိုခြင်းက
ဒီ energy center ကို သန့်စင်စေပြီး activate
ဖြစ်လာစေနိုင်ပါတယ်။


22/05/2026

မိမိဘဝရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ဖို့ စိတ်ဝင်စားတဲ့သူတွေကို ဖိတ်ခေါ်ပါတယ်

#ဖိတ်ခေါ်ပါတယ်

20/05/2026

Wisdom In Action

Ganga The Ultimate Yoga Centre

14/05/2026

The Tree of Yoga (8 Limbs of Yoga) ရဲ့ အရိပ်အောက်မှာ လုံခြုံတယ် အေးမြတယ် ကိုယ်တိုင် လေ့ကျင့်တယ် ကိုယ်တိုင်ပြန်မျှဝေတယ်

13/05/2026

🕊️မနက်စောစောထပြီး နေ့တနေ့ကိုအစီအစဉ်တကျ
ခွန်အားအပြည့်နဲ့ ဖြတ်သန်းလေ့ရှိတဲ့
Early Birds လေးတွေရော

🦉ညနောက်ကျတဲ့အထိ အလုပ်တွေလုပ်ကိုင်ပြီး
မနက်နေမြင့်အိပ်ရေးဝတဲ့အချိန်မှ နိုးထလေ့ရှိတဲ့
Night Owls လေး တွေရော

🌻ဘယ်လိုအလေ့အကျင့်ရှိတဲ့သူဖြစ်ဖြစ် ပြည့်ဝစွာရှင်သန်ဖို့ အတွက်The Ultimate Ganga Studio မှာ
Dr. Chaw Su နဲ့ Join နိုင်တဲ့ အတန်းအချိန်လေးပါ

📆 အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး
⏰မနက် ၈နာရီ-၉:၁၅နာရီ

12/05/2026

Welcome Home 🏠

11/05/2026

With Ganga The Ultimate Yoga Centre – I just got recognized as one of their top fans! 🎉

10/05/2026

Come on to that time is for you!!!

Photos from Learn Together Yoga with Yin's post 01/05/2026

အားလုံး မင်္ဂလာပါ။

ဒီ Page လေး စတင်တဲ့အချိန်ကနေပြီးFollowing လုပ်ခဲ့ကြတဲ့ မိတ်ဆွေများကို တရားဝင်မိတ်ဆက်တဲ့ Post လေးပါ

ကျွန်တော်ရဲ့နာမည်အပြည့်အစုံက Dr ခင်ချောစုယဉ်ဖြစ်ပါတယ်။ သာဖွားမီးယပ်ပညာကိုလေ့လာခဲ့တဲ့ဆရာဝန်
တစ်ယောက်ဖြစ်ခဲ့သလို ဆေးပညာကုသရေးနဲ့စီမံခန့်ခွဲရေးနယ်ပယ်မှာ ၁၀နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ယောဂဆရာမ တစ်ယောက်အနေနဲ့သင်တန်းပို့ချပေးနေပါတယ်။ In person & Online Regular နဲ့ Private Class တွေသင်ကြားပေးနေပါတယ်။

ဒီ Page ရဲ့ မူလရည်ရွယ်ချက်အတိုင်း ယောဂပညာရပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ဆက်လက် ဝေမျှသွားမှာဖြစ်ပါတယ်။

ဆေးပညာဗဟုသုတ၊ယောဂပညာရပ် နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကိုလဲသိချင်တာမေးမြန်းခြင်းနဲ့အခမဲ့ဆွေးနွေးလို့ရပါတယ်။

(မှတ်ချက်:ဆေးမကုပါဘူးရှင့်)

30/04/2026

50% Bonusရဲ့ အဓိပ္ပါယ်

နောက်လ Friday- Saturday- Sunday 5-6:30PM join ချင်တဲ့သူတွေ ရှိရင် ညွှန်ပေးပါဦး တချိန်ကို ၁၀၀၀၀ ၃ကြိမ်၊ ၆ကြိမ်၊ ၉ကြိမ်၊ ၁၂ကြိမ် အဆင်ပြေသလို join နိုင်ပါတယ်။

ကိုယ်ဝယ်ထားတဲ့ အကြိမ်ရေအပြည့် Joinနိုင်တဲ့သူကို 50% Bonus ပေးတယ်ဆိုတာ ၃ကြိမ်သွင်းထားတဲ့သူက တရက်မှမပျက်ရင် နောက်ထပ် ၃ကြိမ် ထပ်ရတဲ့အတွက် ၃၀၀၀၀ ၆ကြိမ်ဆိုတော့ တချိန်ကို
၅၀၀၀ဘဲကျမှာပါ😍

20/08/2023

🧘‍♀️🧘‍♀️🧘‍♀️🧘‍♀️ Ashtanga Yoga 🧘‍♀️🧘‍♀️🧘‍♀️🧘‍♀️

ဒီခေါင်းစဉ်လေးကို Types of yoga တွေ
လေ့လာစဉ်ကမြင်ဖူးမယ်ထင်ပါတယ်

ဒီနေ့တော့ Ashtanga Yoga ရဲ့ introduction ကို
လေ့လာကြစို့

Patanjali အမည်ရှိတဲ့ယောဂပညာရှိကြီးက Yoga Sutra လို့ခေါ် တဲ့ယောဂကျမ်းကိုရေးသားခဲ့တယ်
အဲ့ဒီကျမ်းထဲမှာ Ashtanga Yoga ကို system တစ်ခုအနေဖော်ပြထားပါတယ်

In Sanskrit, Ashta= Eight, anga= limb လို့
အဓိပ္ပါယ်ရှိတဲ့အတွက် Ashtanga Yoga ကို
Eight Limbs of Yoga လို့လဲခေါ်ပါတယ်

Yogic Philosophy အရ ယောဂဆိုတာ ဖျာပေါ်မှာ
လေ့ကျင့်ရတာတခုတည်းမဟုတ်ဘဲ မိမိရဲ့
ယောဂဖျာပေါ်မှာနေစဉ်အတိုင်း ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပါရည်ရွယ်ချက်တွေပြည့်စုံပျော်ရွှင်ပြီးအဓိပ္ပါယ်ရှိတဲ့
ဘဝနေနည်း လမ်းညွှန် (၈)ချက်လို့လဲပြောလို့ရပါတယ်

Eight Limbs of Ashtanga Yoga မှာ
အောက်ပါအတိုင်းအစဉ်လိုက်ဖြစ်ပါတယ်

1. Yamas
2. Niyamas
3. Asanas
4. Pranayama
5. Pratyahara
6. Dharana
7. Dhyana
8. Samadhi

Third and Fourth Limbs ဖြစ်တဲ့ အာစန နဲ့
ပရာနာယာမ်က ယောဂီတို့အတွက်
ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်

Ashtanga Yoga ရဲ့ အနှစ်သာရက Eight Limbs or steps တွေသည် တခုနဲ့တခုချိတ်ဆက်နေပြီး
ယောဂကျင့်စဉ်တလျှောက် အစဉ်လိုက်
ဖြစ်ပေါ်လာတယ်လို့ယုံကြည်လက်ခံကြပါတယ်

Namaste 🙏

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Address


Between 60-62 Street And 30-32 Street
Mandalay
05022