Mandalay Road Runners

Mandalay Road Runners

Share

We run to enjoy our lives physically and mentally

02/05/2026

မနက်ဖြန် Sunday Run ရှိမှာလားဆို​တော့ ရှိမှာပါ 😁

ဒီတစ်ပတ် တနင်္ဂနွေ (2026 May 2) မနက်ခင်းမှာလည်း
Beginner တွေအတွက် 3Km၊ 👈👈👈
ပုံမှန်သမားတွေအတွက် 5Km 👈👈👈
ကိုယ်နှစ်သက်ရာ ပျော်ပျော်ပါးပါး စုပြေးကြဖို့
Mandalay Road Runners တို့ရဲ့ Sunday Run အစီအစဥ်ရှိနေပါတယ်။☺☺☺

ဒီတစ်ပတ်အတွက် Runner တွေ အမောပြေစားဖို့ ဖရဲသီးကိုတော့ Master Kyaw ရဲ့ စာရေးကိရိယာဆိုင်က စီစဉ်ပေးထားပါတယ်။ 😊😊

အချိန်ဇယား (နေမပူခင် အမြန်ပြေးမယ်)🤞🤞
မနက် ၅:၃၀ နာရီ
စုရပ်ကို အရောက်လာခဲ့ပါ။ 🙏
(သွေးပူလေ့ကျင့်ခန်း တူတူလုပ်ကြမယ်)

မနက် ၅:၄၅ မှာ စပြေးကြပါမယ်။ 💪💪

စုရပ်: ၆၆/၁၉ လမ်းထောင့်၊ ကျုံးအတွင်း ကားပါကင်မြောက်ဘက်။

ကားနဲ့ဆိုင်ကယ်များကို ကျုံးအတွင်း Parking နေရာမှာ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။

လာပြေးနေကြမိတ်ဆွေများရော၊ မပြေးဖူးသေးတဲ့ ဝါသနာရှင် Beginner တွေကိုပါ နွေးထွေးစွာ ကြိုဆိုနေပါတယ်။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့!

27/04/2026

ကဆုန်ညောင်ရေသွန်းရအောင်!!! ☺☺☺☺☺

ပွဲခါညောင်ရေ
သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ
ထုံးစဥ်လာဖြင့်...

လက်ဝဲသုန္ဒရ ✍✍✍✍

Mandalay Road Runners (MRR) တို့အနေနဲ့ ပြေးလို့ပျော် ပျော်ဖို့ပြေးရင်း ရိုးရာအစဥ်အလာကို ထိန်းသိမ်းခဲ့တဲ့ပွဲတွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီးကြပါပြီ။ 😊😊😊

ဒီတစ်ခေါက်လည်း "ကဆုန်လပြည့် ဗုဒ္ဓနေ့" မှာ မန္တလေးသူမန္တလေးသားတွေ အစဥ်အလာမပြတ် ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိပင်ဆီကို အရောက်သွားပြီး ရေသွန်းလောင်း သပ္ပါယ်ကြမှာပါ...။🙏🙏🙏🙏

မဟာနွယ်စဥ်အရပ် (မိန်း) ထဲမှာ ရှိတဲ့ ဗောဓိကုန်း မဟာဗောဓိပင်ဘုရားကို အသွားအပြန်ပြေးကြမှာပဲ ဖြစ်ပါတယ်။
ကီလိုအားဖြင့် အသွားအပြန် 7Km ရှိပါတယ်။

ကဆုန်လရဲ့
မနက်ခင်းလေပြေခပ်ရူးရူးလေးမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပျော်ပျော်ပါးပါးပြေးပြီး ရိုးရာအစဥ်အလာတစ်ရပ်ကို ထိန်းသိမ်းကြဖို့ ဖိတ်ခေါ်ပါတယ်။ 🤝🤝

ကဆုန်လပြည့်နေ့မှာ Running ပွဲကို Run for Health, Run for Tradition ဆိုပြီး ပါဝင်လိုက်ပါစို့! 👍👍👍

နေ့ရက် -30/4/2026(ကဆုန်လပြည့်နေ့)👈
နေရာ - 66/26*27 Generation Teashop အရှေ့👈
အချိန် -5:15 အရောက် 5:30 စထွက်ပါမယ်။ 👈


26/04/2026

ကြမ်းသွားချက်ကတော့ Full.Marathon ကို 2 နာရီအောက်ဗျာ

01:59:30!!!!!

SABASTIAN SAWE IS THE FIRST PERSON EVER TO RUN A SUB-TWO Abbott World Marathon Majors MARATHON!

A NEW ERA FOR MARATHON RUNNING!

23/04/2026

မန္တလေးရဲ့ နွေရာသီက ဘယ်လောက်ပဲ ပူပူ၊ ပြေးမှာပဲဆိုတဲ့ Runner တွေရှိနေတာပဲ မဟုတ်လားခင်ဗျာ 🤩

ဒီလိုအပြေးသမားတွေအတွက်
ဒီတစ်ပတ် တနင်္ဂနွေ (April 26) မနက်ခင်းမှာလည်း
👍 Beginner တွေအတွက် 3Km၊
👍 ပုံမှန်သမားတွေအတွက် 5Km နဲ့
👍 အမောခံနိုင်သူတွေအတွက် 8Km ဆိုပြီး
ကိုယ်နှစ်သက်ရာ ပျော်ပျော်ပါးပါး စုပြေးကြဖို့
Mandalay Road Runners တို့ရဲ့ Sunday Run အစီအစဥ်ရှိနေပါတယ်။

နောက်ပြီး ဒီတစ်ပတ်မှာ အမိုက်ဆုံးက "After-Run Treats" (ပြေးပြီးရင် စားဖို့သောက်ဖို့) တွေ အလျှံအပယ် စောင့်နေတာပဲ! ဘာတွေလဲဆိုရင်👇

⚡ Hydration & Refreshments

Hikari Ion Supply Drink - ひかりကနေ အိုင်ယွန်းဓာတ်တွေ အပြည့်ဖြည့်ပေးဖို့ Hikari Ion Supply Drink ဘူးတွေ ပြင်ဆင်ထားတဲ့အပြင်

BO LAY - Mobile Second Shop ကလည်း ရေသန့်ဘူးတွေနဲ့ အသင့်စောင့်နေမှာပါ။

ရေတင်ဘယ်ကမလဲ... Happy Mobile, ၉၉၉ အိမ်ဆောက်ပစ္စည်း နဲ့ Golden Star (တာယာ၊ အင်ဂျင်ဝိုင်၊ ဘက်ထရီ နဲ့ အလိုင်းမင်း) တို့ စုပေါင်းပြီးတော့လည်း အမောပြေ အအေးတွေ တိုက်ဦးမှာတဲ့ခင်ဗျာ 🤩👍

🍉 ဒါပဲလားဆိုရင်တော့
ပြေးပြီးလို့ ချွေးတွေထွက်၊ ပင်ပန်းနေချိန်မှာ နတ်မြင်းပျံ သွပ်ပြားရောင်းဝယ်ရေး ကနေ စီစဉ်ပေးထားတဲ့ ဖရဲသီးစိတ်လေးတွေကို ရှိနေဦးမှာဆိုတော့ ...

ပြည့်စုံနေပြီဟုတ် ???

⏰ အချိန်ဇယား (နေမပူခင် အမြန်ပြေးမယ်)
မနက် ၅:၄၅ နာရီ
စုရပ်ကို အရောက်လာခဲ့ပါ။
(သွေးပူလေ့ကျင့်ခန်း တူတူလုပ်ကြမယ်)

မနက် ၆:၀၀ နာရီမှာ စပြေးကြပါမယ်။

📍 စုရပ်: ၆၆/၁၉ လမ်းထောင့်၊ ကျုံးအတွင်း ကားပါကင်မြောက်ဘက်။

⚠️ ကားနဲ့ဆိုင်ကယ်များကို ကျုံးအတွင်း Parking နေရာမှာ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။

လာပြေးနေကြမိတ်ဆွေများရော၊ မပြေးဖူးသေးတဲ့ ဝါသနာရှင် Beginner တွေကိုပါ နွေးထွေးစွာ ကြိုဆိုနေပါတယ်။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့!

18/04/2026

မင်္ဂလာပါ Mandalay Road Runner အဖွဲ့ဝင်များခင်ဗျာ။

မနက်ဖန် ၁၉ ရက်၊ ဧပြီလ၊ ၂၀၂၆ (တနင်္ဂနွေနေ့) တွင် အဖွဲ့၏ ပုံမှန် Sunday Run အစီအစဉ်

ရှိမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

အားလုံးပဲ အနားယူရင်း သက်လုံကောင်းကောင်းနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ 🏃‍♂️🏃‍♀️

17/04/2026

👋👋👋 နှစ်ဆန်းတစ်ရက်နေ့ ဆုမွန်ကောင်း 👋👋👋

အားလုံးပဲ မင်္ဂလာနှစ်သစ် အခါသမယ ဖြစ်ကြပါစေလို့
Mandalay Road Runner အဖွဲ့တော်သားများက တောင်းဆုမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏🙏

MRR နဲ့အတူ ခန္ဓာကျန်းမာ စိတ်ချမ်းသာတဲ့ ဘဝကို ရရှိအောင် ဆက်လက်လျှောက်လှမ်းကြရအောင်ပါခင်ဗျာ
☺☺☺

#သင်္ကြန်
#ခန္ဓာကျန်းမာစိတ်ချမ်းသာဖို့mrrနဲ့ပြေးကြစို့

Photos from Mandalay Road Runners's post 15/04/2026

မဟာသင်္ကြန်အကြတ်နေ့မှာတော့ MRR များအနေနဲ့
မနက် (၁၁) နာရီမှာ ရွှေရင်အေး စတုဒိသာကျွေးမှာဖြစ်ပါတယ်။☺☺☺

နေ့လယ် (၂) နာရီမှာတော့ မုန့်လက်​ဆောင်းကျွေးမှာပါ။ ခွက်ရေ (၉၉၉) ခွက်တိတိကို ဒါနပြုထားပါတယ်။
တစ်ဦးတည်းဒါနရှင်ကတော့ ညီမလေး Xiao Fang ပါ။
နေပူပူမှာ ရင်အေးစေဖို့ ဖရဲသီးပါကျွေးပါမယ်တဲ့ဗျ...။

အားလုံးပဲပျော်ပျော်ပါးပါရေကစားရင်း စတုဒိသာ ဘာရောက်သုံးဆောင်ကြပါဦး😁😁😁

စတုဒိသာလေးကလည်းနောက်ဆုံးရက်မို့ အားလုံးလာခဲ့ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ 🥰🥰🥰🥰

နေရာ - 38/79*80
Pioneer Purified Drinking Water

Photos from Mandalay Road Runners's post 14/04/2026

မဟာသင်္ကြန်အကျနေ့မှာ MRR ဘာတွေလုပ်နေလဲ။

မဟာသင်္ကြန်အကျနေ့ မနက်ခင်းမှာတော့ MRR အသင်းသူအသင်းသားများရဲ့ ကြာဆံကြော် စတုဒိသာ ကျွေးခဲ့ပါတယ်။

ညနေခင်းလေးမှာတော့ MRR က ညီမလေး Phyu Hnin (INNI Beauty & Cosmetic ) ကနေ ဇီးကျောက်ကျောအအေး ခွက်ရေ (600) ကို တိုက်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ MRR အသင်းကနေ ရွှေရင်အေး စတုဒိသာကို တိုက်ကျွေးမှာပါ။ မနက်ခင်းပိုင်းပါ။

နေ့လယ်ခင်းမှာတော့ ညီမလေးXiao Fang ကနေ
မုန့်လက်ဆောင်းတိုက်မှာ ဖြစ်မှာပါတယ်။ မနက်ဖြန်မှာ အသေးစိတ် ထပ်ကြေညာပါမယ်ဗျာ...

မနက်ဖြန်မဟာသင်္ကြန်အကြတ်​နေ့မှာလည်း
ပျော်ပျော်ပါးပါးရေကစားရင်း စတုဒိသာလေးတွေ သုံးဆောင်ကြပါဦးနော်...

Photos from Mandalay Road Runners's post 14/04/2026

MRR ဝိုင်းတော်သားများရဲ့ ဝိုင်းဝန်းလှူဒါန်း ကြိုးပမ်းပေးမှုကြောင့် မဟာသင်္ကြန်အကြိုနေ့အတွက်
မုန့်လုံးရေပေါ်နဲ့ မုန့်လက်ဆောင်း ကျွေးမွေးမှုပြီးမြောက်ခဲ့ပါပြီ။😊😊😊

ယနေ့မဟာသင်္ကြန်အကျနေ့ နေ့လယ် (၁၂) နာရီတိတိမှာ ​
ကြာဆံကြော်စတုဒိသာကျွေးမွေးမှာမို့
မည်သူမဆိုရေပက်ကစားရင်း စတုဒိသာပျော်ပျော်ပါးပါးသုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နေရာ - 38/79*80
Pioneer Purified Drinking Water



#သင်္ကြန်

Photos from Mandalay Road Runners's post 12/04/2026

MRR ရဲ့ စတုဒိသာမဏ္ဍပ်ကတော့ 38/79*80
PIONEER သောက်ရေသန့် စက်ရုံရှေ့ဖြစ်ပါတယ်။

​ရိုးရာအစဥ်အလာအတိုင်း
11 နာရီထိုးရင် မုန့်လုံးရေပေါ် စကျွေးပါမယ်။
တစ်ဦးတည်းအလှူရှင် Ko Fei (ကိုနေကိုအောင်*ဇနီး) တို့ကနေ ပေးထားတာဖြစ်ပါတယ်။ လမ်း၄၀၊၇၈x၇၉ကြား ဟိန်းမြင့်မိုရ် 3Dအလိုင်းမင်း ကဖြစ်ပါတယ်။

နေ့လယ် (1) နာရီကျရင်တော့ မုန့်လက်ဆောင်းလေး စီစဥ်ပေးထားပါတယ်နော်...

အကြတ်နေ့အထိ စတုဒိသာစီစဥ်ပေးထားပါတယ်။
အပြေးချစ်သူများအပြင် မိဘပြည်သူအားလုံး ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အခုလို စတုဒိသာ ကျွေးမွေးရေးလေး ဖြစ်မြောက်လာဖို့အတွက် ကူညီပါဝင်ပေးကြတဲ့ MRR အဖွဲ့သား Runners များကို ကျေးဇူးတင် လေးစားလျက်... 🥰🥰



#သင်္ကြန်

12/04/2026

"သင်္ကြန်ဆိုတာက ရက်အရှည်ဆုံးပွဲ။ အမေတို့ မန္တလေးမှာ သင်္ကြန်အကြိုနေ့ကနေ စကနေတဲ့ပွဲ။ အကြိုနေ့မှာ ဘုရားကန်တော့ဖို့ ဘုရားရေသပ္ပါယ်ဖို့ မဟာမုနိဘုရားကြီးကို သွားကြတယ်.... "

လူထုဒေါ်အမာ
အမေ့ရှေးစကား(စာ-စာ၈၂)📕📕
မန္တလေးသင်္ကြန်

မဟာမုနိဘုရားကြီးဟာ သင်္ကြန်အကြိုနေ့ကစလို့ အင်မတန်စည်ကားလှပါတယ်။☺☺
မနက်အစော လေးနာရီထိုးလောက်ကြီး ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ ဘုရားကိုလာဦးတိုက်ကြတွေ မနည်းမနောပါပဲ။😌😌
ကျနော်တို့လည်း အပါအဝင်ဖြစ်ခဲ့သလို မန္တလေးသင်္ကြန်ရဲ့ ရိုးရာလည်း ဖြစ်ခဲ့ပါတယ်။ 😌😌

MRR အနေနဲ့ ဒီနှစ်သင်္ကြန်အကြိုနေ့မှာ ရိုးရာလည်းမပျက်စေဖို့ ပျော်ပျော်ရွင်ရွှင်ပေါ့ပေါ့ပါးပါးပြေးပြီး မဟာမုနိဘုရားကြီးရဲ့ မေတ္တာအကြည်ဓာတ်ကို ခံယူကြရအောင်။ 👈👈

လမ်းတလျှောက် ရယ်မောရင်း၊ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း၊ သင်္ကြန်ရဲ့ ပထမဆုံးအချိန်ကို ပျော်ပျော်ပါးပါး စတင်ကြမယ်။ 👏👏👏

ဘုရားရောက်ရင်တော့ အေးအေးဆေးဆေး အမော​ဖြေ
လူစောင့်ပြီးမှ စုရပ်ကိုပြန်ပြေးကြမယ်...။ ☺☺

နေ့လယ်ကျရင်တော့ 38လမ်း/79*80 Pioneer ရေသန့်စက်ရုံရှေ့က MRR မဏ္ဍပ်ကကျွေးမယ့် မုန့်လက်ဆောင်းလေး လာရောက်သုံးဆောင်ကြပါဦး...🥶🥶🥶🥶

ကီလို - 13 Km💪💪💪💪
စုရပ် -66/27 ကလေးဆေးရုံ အနီး (ဆိုင်ကယ်အပ်နှံနိုင်)
အချိန် - ၅နာရီခွဲထွက်မည်။👌👌👌
နေ့ရက် - 13/4/2026(မဟာသင်္ကြန်အကြိုနေ့)

လမ်းကြောင်း -
စုရပ်မှ 66လမ်းမှ 35လမ်းအတိုင်းနောက်ဆင်း 73လမ်း တောင်ဘက်ကိုချိုးပါမယ်။
လမ်းမှ 38 - 82လမ်းထိဆင်း ဘုရားကြီးမြောက်မုခ်လမ်းအတိုင်းအသွား အပြန်ပြေးပါမည်။

ရေပွိုင့် - Pioneer သောက်ရေသန့်စက်ရုံ
38/79*80



#သင်္ကြန်

11/04/2026

(12/4/2026)
ဒီတစ်ပတ် Sunday Run ကိုတော့ နားပါတယ်နော် 😄

အတာသင်္ကြန်ကာလမှာ အားလုံးပဲ ရေစိုရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာအနားယူနိုင်ကြပါစေ။
စွမ်းအင် အပြည့်နဲ့ နောက်တစ်ပတ်မှာ ပြန်တွေ့ကြမယ်။

ပျော်ရွှင်စရာ နှစ်သစ်ကူးဖြစ်ပါစေလို့ Mandalay Road Runners အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်။



#ခန္ဓာကျန်းမာစိတ်ချမ်းသာဖို့mrrနဲ့ပြေးကြစို့

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay
05021