06/11/2026
🏃♀️🏃🏽♂️🏃🏿တနင်္ဂနွေ မနက်ခင်းကို MRR နဲ့အတူ လန်းဆန်းတက်ကြွစွာ စတင်လိုက်ကြရအောင် 😄
👍 တစ်ပတ်လုံး အလုပ်တွေ ပင်ပန်းထားသမျှကို ချွေးထွက်ပြီး ဖြေဖျောက်ချင်လို့ပဲဖြစ်ဖြစ်…
👍ကျန်းမာရေးနဲ့ ဝိတ်ကျဖို့အတွက်ပဲဖြစ်ဖြစ်…
ခုလာမယ့် တနင်္ဂနွေနေ့(၈.၁၁.၂၀၂၆) မှာ လုပ်မယ့် MRR Sunday Run က #မည်သူ့ကိုမဆို ကြိုဆိုနေပါတယ်ခင်ဗျာ 😊
ဒီတစ်ပတ်မှာလဲ
Runner တို့ရဲ့ အကြိုက်နဲ့ သက်လုံအပေါ် မူတည်ပြီး
3️⃣Km,
5️⃣Km နဲ့
8️⃣Km ဆိုပြီး ခွဲပြေးကြပါမယ်။
ပြေးလမ်းပေါ်ကို အခုမှ စတင်ခြေချမယ့် Beginner တွေအတွက်လည်း လုံးဝ စိတ်ပူစရာမလိုဘဲ 3Km လမ်းကြောင်းကို အေးအေးဆေးဆေး လမ်းလျှောက်/ပြေး လုပ်လို့ ရပါတယ် 😊👍
💦 အပြေးသမားတွေ ပန်းဝင်လာတဲ့အခါ ရေဓာတ်နဲ့ အားအင်တွေ ချက်ချင်း ပြန်လည်ဖြည့်တင်းပေးဖို့
Mandalay Road Runners ရဲ့ Hydration Partner ဖြစ်တဲ့ Hikari Ion Supply Drink - ひかりမှ ဟီကာရီအိုင်ယွန်းဖြည့်အချိုရည်များ စီစဉ်ပေးထားမယ့်အပြင်
Aung Thamardi Gold,Jewellery Shops & Refinery အောင်သမာဓိ စိန်ရွှေရတနာဆိုင်ကြီးမှလည်း အေးမြတဲ့ ရေသန့်ဘူးများဖြင့် အားဖြည့် ပံ့ပိုးပေးသွားဦးမှာပါခင်ဗျာ 😊
📍 #စုရပ်
၆၆ လမ်း x ၁၉ လမ်းထောင့်၊ ကျုံးအတွင်း (ကားပါကင် မြောက်ဘက်)
⏰ #အချိန်
မနက် ၅:၃၀ နာရီ (လူစုပြီး သွေးပူလေ့ကျင့်ခန်း အတူတူ လုပ်ကြပါမယ်)
🏁 စတင်ပြေးမည့်အချိန်
မနက် ၆:၀၀ နာရီ တိတိ
(ကားနဲ့ ဆိုင်ကယ်များကို ကျုံးအတွင်းရှိ Car Parking တွင် စိတ်ချလက်ချ အပ်နှံထားခဲ့နိုင်ပါတယ်။)
ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့...
MRR နဲ့ အတူတူ ပြေးကြစို့😊