ကလပ်ပွဲတွေ
နားထားတဲ့ကာလမှာတော့
နိူင်ငံခြေစမ်းပွဲများ ကလပ်ခြေစွမ်းပွဲများ
အာရှဇုန်ခြေစမ်းများ များကစားကြဖို့ရှိပါတယ်။
မြန်မာကြေးနဲ့မြန်မာဟန်
ကစားနိူင်ဖို့အတွက် 555 Mix လည်းရှိသလို
ကစားနည်းမျိုးစုံပုံစံအစုံ ကစားနိူင်မဲ့
Ibet 789 လည်းရှိပါတယ်ခင်ဗျာ။
မကြာခင်ကာလတွေမှာလည်း
ရွေးချယ်မူများနဲဲ့ ပြန်လာခဲ့ပါမယ်။
အားပေးကြပါအုန်း။
Sport Paradise
Sports Article
02/08/2023
" ဆော်ဒီလိဂ်ကို လျှော့တွက်လို့တော့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဟန်ဒါဆန်က သူ အဲ့ဒီကို သွားချင်တဲ့လို့ ပြောတော့ ကျွန်တော် အရမ်းအံ့အားသင့်ခဲ့ရပါတယ်။ ကျွန်တော်တို့ ၈ နှစ်လောက် ရင်းနှီးမှုတွေရှိခဲ့ကြတာ။ နောက်ပြီး အသင်းအတွက် သူ့ကို ဆက်ထိန်းချင်နေတာ သူလည်း အသိဆုံးပါ။ ဒါပေမဲ့ သူ ထွက်ချင်တယ်ဆိုတော့လည်း ကျွန်တော်တို့ အခက်အခဲ မရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်လကမှ ဆော်ဒီလိဂ်ကို စီရော်နယ်ဒိုပဲ ရောက်သေးတာ အခုတော့ တော်တော်များများ ရောက်ကုန်ကြပါပြီ။ သူတို့က ဥရောပဘောလုံးလောကကို ခြိမ်းခြောက်နေတာမျိုး မဟုတ်တော့ပါဘူး။ တကယ်ကောင်းမွန်အောင် တည်ဆောက်နေတာ ရှင်းလင်းနေပါပြီ "
🎙 ကလော့ပ်
26/07/2023
ကံမကုန်သရွေ့ ပြန်စုံကြအုန်းမယ်
အင်တာမိုင်ယာမီကတော့ ယော်ဒီအယ်လ်ဘာကိုပါ ထပ်မံခေါ်ယူနိုင်ခဲ့ပါပြီ။ ဒါကြောင့် အခုဆိုရင် မက်ဆီ၊ ဘက်ကွက်စ်နဲ့ အယ်လ်ဘာတို့ ဘာကာအသင်းဖော်တွေ မိုင်ယာမီမှာ ပြန်ဆုံပါပြီ။ မက်ဆီအတွက်လည်း သူ့ကို ကူညီပေးနိုင်မယ့် အသင်းဖော်တွေကို ရလိုက်တာပါ။ ဘက်ခမ်းက ဒါကို ရည်ရွယ်ပြီးတော့ကို လုပ်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒီ ၃ ဦး ရောက်လာမှုနဲ့အတူ မိုင်ယာမီရဲ့ လူစာရင်းက တော်တော်လေးအားကောင်းသွားပါပြီ။ ရလဒ်တွေဆိုးရွားနေတဲ့ အသင်းကို သူတို့ ဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ သေချာတာကတော့ မက်ဆီတယောက် အသင်းဖော်ဟောင်းတွေကြောင့် အခက်အခဲသိပ်မရှိလောက်ဘူးဆိုတာပါပဲ။
သူ့အတွက် လိဂ်အသစ်၊ အသင်းသစ်၊ ရေသစ်မြေသစ်မှာ ကစားရမှာဆိုပေမယ့် ကာလရှည်တွဲကစားဖူးတဲ့ သူတွေနဲ့ အတူတူပြန်ကစားရမှာက ကွင်းထဲမှာ အဆင်ပြေမှာ သေချာပါတယ်။ အဲဒါကိုမှ အဆင်မပြေဘူးဆိုရင်လည်း သူ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံရမှာပါ။
19/07/2023
" ဆော်ဒီလိဂ်က MLS ထက် ပိုကောင်းပါတယ်။
ကျွန်တော် ဘယ်ဥရောပကလပ်ကိုမှ ပြန်လာမှာမဟုတ်ပါဘူး။ ၁၀၀% သေချာပါတယ်။ ဆော်ဒီလိဂ်ကို ကျွန်တော်လမ်းဖွင့်ထားပါတယ်။ အခု ကစားသမားတွေအားလုံး ဒီကိုရောက်လာပါပြီ"
စီရော်နယ်ဒို 🗣️
ဘောလုံးပရိတ်သတ်တွေ ဘယ်လိုထင်လည်း ?
18/07/2023
''ဆော်ဒီပြောင်းသွားတဲ့အဓိကအချက်ကတော့ ကျွန်တော့်မိသားစုပါ။ ကျွန်တော်အမြဲတမ်းအိပ်မက်ခဲ့ရတဲ့ဘ၀ကို မိသားစုကိုပေးနိုင်မယ့်အခွင့်အရေးလေ။ အဲဒါကပဲ အဓိကအကြောင်းအရင်းပါ။ ကျွန်တော့်မှာ ကလေး ၃ ယောက်နဲ့ ချစ်ဖွယ်ဇနီးတစ်ယောက် ရှိပါတယ်။ သူတို့ကို ကျွန်တော်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အဲဒါကပဲ ကျွန်တော့်ကစားသမားဘ၀ရဲ့အကြီးဆုံးဆုဖလားပါ''
ဥရောပဘောလုံးကနေ ဆော်ဒီကိုပြောင်းသွားတာနဲ့ပတ်သက်လို့ ပေါ်တူဂီလက်ရွေးစင်ရူဘင်နီဗက်စ်က အခုလို ပွင့်ပွင့်လင်းလင်းပဲ ဖြေခဲ့ပါတယ်။
တကယ်ဆို သူက ၂၆ နှစ်ပဲရှိသေးပြီး ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးအသက်အရွယ်ကို ရောက်နေတာပါ။
သူသာ အဲဒီမပြောင်းရင် ဘာစီလိုနာကိုရောက်နိုင်တဲ့အခြေအနေရှိပါတယ်။
ဒါပေမဲ့ နီဗက်စ်ကတော့ ဥရောပထိပ်တန်းအသင်းတစ်သင်းထက် ငွေကိုသာ ရွေးချယ်ခဲ့တာပါ။
သူ့ရဲ့ရွေးချယ်မှုကို အပြစ်ပြောလို့ မရနိုင်ပါဘူး။
ဘာကြောင့်လဲဆို ကစားသမားဘ၀ဆိုတာ တိုတိုလေးပါ။
ကစားသမားဘဝနောက်ပိုင်း ကျော်ဖြတ်ရမှာတွေက အများကြီးရှိပါတယ်။
ကစားသမားဘဝနောက်ပိုင်းစား၀တ်နေရေးအတွက် ဆုဖလားတွေက ဘာမှလုပ်ပေးလို့ မရနိုင်ပါဘူး။
နီဗက်စ်ကတော့ သူနဲ့သူ့မိသားစုအတွက် ရေရှည်ကိုသာ ကြည့်ခဲ့ပါတယ်။
14/07/2023
- ဂယ်ရီနက်ဗီး 🗣️
“ မင်းဘယ်အချိန်မှာ ကိုယ်လုပ်နေတာတွေက မမှန်ကန်ဘူးလို စတင် ခံစားမိခဲ့တာလဲ ? “
- ဒယ်လီအလီ 🗣️
“ မနက်ခင်း တစ်ခုမှာ ကျွန်တော် နိုးလာခဲ့တယ်၊ ကျွန်တော် ထရိန်နင်ကို သွားရပါမယ်၊ ဒါပေမယ့် နည်းပြမော်ရင်ညိုဟာ ကျွန်တော့်ကို အသင်းမှာ လုံးဝ အသုံး မပြုတော့ပါဘူး၊ ကျွန်တော် မှတ်မိပါသေးတယ်၊ ကျွန်တော် ကိုယ် ကျွန်တော် မှန်ထဲမှာ ပြန်ကြည့်ပြီး ‘ အကယ်၍ ငါအသက် (၂၄) နှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူလိုရမလား ? ‘ ဆိုပြီးပြန်မေးနေခဲ့ပါတယ် “
08/06/2023
"ကျနော် ပိုက်ဆံကြောင့် အင်တာမိုင်ယာမီကို ရွေးချယ်တာမဟုတ်ပါဘူး၊ ပိုက်ဆံကြောင့်သာဆိုရင် ကျနော် ဆော်ဒီ ဒါမှမဟုတ် တခြားနေရာတခုကို သွားမှာပေါ့၊ ငွေကြေးကြောင့် မဟုတ်ခဲ့ဘူးဆိုတာက အမှန်တရားပါပဲ"
"ကျနော် ဘာစီလိုနာကိုလည်း ပြန်သွားချင်ခဲ့တယ်၊ ဒါ မညာပါဘူး၊ ဒါပေမယ့် ကျနော့်ကို ခေါ်ဖို့အတွက် တခြားသူတွေကို ရောင်းထုတ်တာ၊ လစာလျှော့ရတာမျိုးတွေကို ကျနော် မလုပ်စေချင်တော့ဘူး၊ ကျနော် အဲဒီအတွက် အရမ်းပင်ပန်းခဲ့ပြီးပါပြီ"
- မက်ဆီ
11/03/2023
7up သောက်ပြီး လှောင်တဲ့ ကာရေဂါကို ကိုယ့်ဂိုးကိုယ် ၇ ဂိုး ပြန်သွင်းတာ မင်းမဟုတ်ဘူးလားလို့ တစ်လုံးတည်းနဲ့ အပီသိပ်ထည့်လိုက်တဲ့ ရှမိုက်ကယ်
လီဗာပူးကို မန်ယူက ၇ ဂိုးပြတ်နဲ့နိုင်လိုက်တော့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါတစ်ယောက် 7up သောက်ပြလိုက်၊ ဒီနေ့က မတ်လ ၇ ရက်နေ့လို့ ပြောလိုက်၊ ချန်ပီယံလိဂ်ချန်ပီယံဆုကို ၇ ကြိမ် ရယူထားတဲ့ အေစီမီလန်က နောက်တစ်ဆင့်ဆီ တက်လှမ်းသွားပါပြီလို့ ပြောလိုက်နဲ့ အတော့်ကို ပွဲခံနေခဲ့တာပါ။ ရုပ်သံလွှင့် အစီအစဉ်မှာ မန်ယူဂန္ထဝင်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်နဲ့ ချိတ်ဆက်စကားပြောခွင့် ရရှိတော့လည်း ဒီစကားလုံးတွေနဲ့ပဲ ကာရေဂါက လှောင်ပြောင်ထေ့ငေါ့လို့ နေခဲ့ပါတယ်။ ဒီတော့ ပီတာရှမိုက်ကယ်က တစ်ခွန်းတည်းနဲ့တင် ကာရေဂါကို အပီသိပ်ထည့်လိုက်ပါတယ်။ ဘာစကားနဲ့လဲဆိုတော့ “မင်းပြောတာတွေ ငါသိပါတယ်။ ဒါနဲ့ မင်းမေ့နေတာတစ်ခု ငါပြောပြမယ်ကွ။ ငါသိခဲ့တဲ့ ကစားသမားတစ်ယောက် ရှိတယ်။ အဲ့ကစားသမားကလည်း ထူးခြားတယ်။ ကိုယ့်ဂိုးကိုယ်ပြန်ပြီး ၇ ဂိုးတောင် သွင်းခဲ့တာဟ။ အဲ့ဒါက တခြားလူ မဟုတ်ဘူး။ မင်းပဲ”ဆိုတဲ့ စကားနဲ့ပါပဲ။ ငြိမ်ခံ မနေဘူးနော် ကာရေဂါရေ…ရှမိုက်ကယ်တို့က ရတဲ့အကွက်က ပြန်တွယ်တယ်။ ဘယ်လိုလဲ…ဆိမ့်ရဲ့လား။
08/02/2023
Myanmar transfer Sports News✅
မလေးရှားစူပါလိဂ်ကလပ် PDRMအသင်းသည် မြန်မာလက်ရွေးစင်ကွင်းလယ်လူ ကျော်မင်းဦးကို ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
မလေးရှားကလပ်မှာ အောင်မြင်မူ ရရှိနိူင်ပါစေလို့
ကျန်တော်တို့ Sport Paradise မိသားစုမှ
ဆုတောင်းပို့သအပ်ပါတယ်။
Photo: PDRM
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Mandalay