Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
Hector Fitness Trainer
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hector Fitness Trainer, Personal trainer, Mandalay.
Hello Everyone''
ကျွန်တော့် PT Clientတွေကို Promotion လေးမလုပ်ပေးဖြစ်တာလည်း ကြာပြီဖြစ်လို့ Promotionလေးလုပ်ပေးပါမယ်ခင်ဗျာ။
PT fees Normal Price - 1Month Bath 4000ကို
ယခု Promotionအနေနဲ့ PT 3month အပ်သူတိုင်းကို PT 1month freeအပြင် Creatine 1ဘူးကိုပါလက်ဆောင်ရရှိမှာဖြစ်ပါတယ်ခင်ဗျာ
Promotionကာလ ယနေ့ 23.5.2025 မှ 31.5.2025အထိသာ
ယခုမအားသေး၍ လကုန်မှ စjoinချင်တဲ့သူတွေလည်း Promotionကိုလက်လွှတ်မခံချင်ပါက
သတ်မှတ်ထားတဲ့ Promotion ရက်အတွင်း
ကြိုတင်အပ်ထားလို့ရပါတယ်ခင်ဗျာ
Dateကိုတော့ စဆော့တဲ့ ရက်မှသာ စမှတ်မှာဖြစ်လို့
ကြိုတင်စားရင်းသွင်းအပ်ထားချင်သူများလည်း ကြိုတင်အပ်ထားလို့ရပါတယ်ဆိုတဲ့အကြောင်း
သတင်းကောင်းလေးပါးလိုက်ပါတယ်ခင်ဗျာ🤝
#မြဝတီမြို့
Contact - 09685984531
02/11/2023
Hello 🙋♂️
ကိုယ်တတ်ထားတဲ့ ပညာရပ်တစ်ခုနဲ့ သူတို့လေးတွေရဲ့ ကြိုးစားမှုနဲ့
ပေါင်းစပ်လိုက်သောအခါ😍
ဒါကတော့ Trainerတွေအများကြီးရှိတဲ့အထဲကမှ
ဆရာမများပဲ ကိုယ့်ကိုယုံကြည်စွာနဲ့ Online Pt Joinခဲ့တဲ့
Clientလေးတွေရဲ့ 4monthအတွင်းပြောင်းလဲလာခဲ့တဲ့ ရလာဒ်လေးတစ်ခုပါ။
ပြောင်းလဲမှုအတွက် Congratulationsပါ မ Thin Yanant Wai နဲ့ မGyan Gyan👏👏👏
ဒီထပ်ပိုလှလာမဲ့ Bodyအချိုးစားထိရဖို့ဆက်သွားကြမယ်နော်💪
/
/ /
Your Body - Me
- joinချင်သူများ #ဖုန်းနဲ့သာဆက်သွယ်ပေးပါခင်ဗျာ
Page messenger မသုံးဖြစ်လို့ပါခင်ဗျာ🤝
☎ - 09685984531
and rural landscapes
Exercises without equipment🌳🏋
Gymသွားဖို့အချိန်မရတဲ့ ညီအကိုတွေအတွက် အိမ်မှာအလွယ်တကူလေ့ကျင့်နိုင်ရန်အတွက် ရည်ရွယ်ပြီး မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။
Gymမှာမလုပ်သင့်တဲ့ အချက် (၃)ချက်
.............................................................
မိတ်ဆွေ သင်ဟာ Gym ကစားနေတဲ့သူတစ်ယောက်ဆိုလျှင်
ဒီအချက်တွေကိုရော သင်သိပါသလား?
Gym မှာမလုပ်သင့်တဲ့ အချက်တွေရှိပါတယ်
ဒီလိုပြောတာဟာ သင့်ကို
စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ပြောနေတာမဟုတ်ဘူးနော်
လူ့ကျင့်ဝတ်အရ မလုပ်သင့်တဲ့ ကိစ္စတွေဆိုတာကို ပြောပြပေးယုံပါ
(၁) ကစားပြီးတဲ့အခါ ပစ္စည်းတွေကို ရှုပ်ရှုပ်ပွပွမထားခဲ့ပါနဲ့
ကစားပြီးတဲ့အခါ အလေးတုံးတွေကို ဒီအတိုင်းထားပစ်ခဲ့တာမျိုး၊ ဝိတ်တုံးတွေကို နေရာတကျမထားဘဲ လုပ်တဲ့နေရာမှာပဲ ထားခဲ့တာမျိုးမလုပ်ပါနဲ့နော်။ လူတစ်ယောက်က သူ့အမူအကျင့်တွေကနေ သူဘယ်လိုလူလဲဆိုတာ အကဲဖြတ်နိုင်ပါတယ်။
(၂)
Squat ထိုင်တဲ့နားမှာ လူမစုပါနဲ့
မိန်းကလေးသီးသန့်မဟုတ်တဲ့ အားကစားရုံလိုနေရာမျိုးမှာ မိန်းကလေးတစ်ယောက် Squat ထိုင်နေရင် အနားကနေ သိသိသာသာရော၊ မသိမသာရော ကြည့်နေတာမျိုးရှောင်ပါ။ ဒီအချက်က သင့်ကို Smartမဖြစ်စေတဲ့အပြင် တခြားသူအမြင်မှာ အထင်အမြင်သေးသွားစေနိုင်ပါတယ်။
(၃) နားကြပ်နဲ့သီချင်းနားထောင်ရင်း လိုက်ဆိုတာမျိုးမလုပ်ပါနဲ့
သင့်အသံကို ဘယ်သူမှမကြားချင်ပါဘူး။ ဥပမာမောပန်းနေတဲ့အချိန်မှာ ပိုဆိုးပါတယ်။ သင်ရောက်နေတဲ့နေရာက ကာရာအိုကေခန်းမမဟုတ်ဘူးဆိုတာကို သတိရပါ။
လေးစားစွာဖြင့် -
04/11/2022
oatmealနေ့စဥ်စားသုံးခြင်းရဲ့အကျိုးကျေးဇူးများ
...................................
1. #နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း
Oatsက ကျန်းမာရေးအတွက် အထောက်ပံံ့ပေးဆုံး
အစေ့အဆံထဲကတစ်ခုဖြစ်ပါတယ်
ကျွန်တော်တို့မြန်မာနိုင်ငံမှာသိပ်ပြီး
ဒီဟာကို စားဖို့မသိကြပါဘူး
အခြားနိုင်ငံအများစုမှာတော့ မနက်စာအဖြစ်
လူအများစုစားသုံးကြတာကိုကျွန်တော်လေ့လာချက်အရတွေ့ရှိရပါတယ်
Oatsက နှလုံးရောဂါဖြစ်ပွားမှုကို
တားဆီးနိုင်တဲ့အပြင် သူ့အထဲမှာပါတဲ့Antioxidantsတွေက သင့်ရဲ့ကိုယ်ခံအားကိုတိုးပွားစေပါတယ်
2. #ဝိတ်ထိန်းပေးခြင်း
Oatsကိုပုံမှန်စားသုံးပေးခြင်းက သင့်ရဲ့ကိုယ်အလေးချိန်တက်မလာအောင်အကူညီပေးပါတယ်
Oatsကိုမနက်စာအနေနဲ့စားသုံးပြီးလျှင်
သင်ဟာအချိန်အတော်ကြာတဲ့အဓိဗိုက်ဆာမှာမဟုတ်ပါဘူး
3. #အသားအရေထိန်းပေးခြင်း
Colloidal oatmealလို့ခေါ်တဲ့ ဂျုံမှုန်ကို အလှကုန်ပစ္စည်းအများစုမှာထည့်ကြပါတယ်
ဒါ့ကြောင့် Oatsတွေက သင့်ရဲ့
အသားအရေကိုလှပစေပါတယ်
Oatsကိုနေ့စဥ်စားသုံးပေးမယ်ဆိုလျှင်
သေချာတစ်တစ်ခုကတော့...သင်အရင်ကထပ်ပိုလှလာမှာအသေချာပါပဲ🤘
4. #ကြွက်သားများအားတိုးစေခြင်း
သင်အလေးတွေမတဲ့အခါ ကြွက်သားတွေပိုပြီးထင်ပေါ့စေဖို့ အထောက်အကူပြုပါတယ်
ကောင်းမွန်တဲ့Proteinအရင်းမြစ်ဖြစ်တာကြောင့်
သင်Oatesကိုစားကိုစားသုံးပေးသင့်ပါတယ်လို့ကျွန်တော်အကြံပြုပါတယ်🤜🤛
ကျွန်တော်တို့တတွေ အားကစားမလုပ်ခင်
အားအင်ပြည့်ဖို့ စားသုံးရတဲ့Preworkout foodထဲမှာလည်း Oatsကအရေးပါသောအစားအစာတစ်ခုဖြစ်ပါတယ်
ကောင်းမွန်တဲ့ အဟာရရင်းမြစ်ဖြစ်တာကြောင့် သင့်ကိုအားအင်ပိုမိုပြည့်စေပါတယ်
အားကစားလုပ်နေချိန်မှညလည်း သက်လုံပိုမိုကောင်းမွန်အောင် အကူညီပေးပြန်ပါတယ်
ဒါ့ကြောင့် အားကစားမလုပ်ခင် Oatsကိုစားသုံးပေးသင့်ပါတယ်
5.
Cholesterolဓာတ်များရင် နှလုံးရောဂါဖြစ်ပွားမှုနှုန်းမြင့်စေပါတယ်
အသင့်စားသုံး အစားစာအများစုနှင့်
အရက်/ဘီယာ/အဆီအစိမ့်များက သင့်ကိုCholesterolဓာတ်မြင့်စေပါတယ်
Oatsက သင့်ရဲ့Cholesterolဓာတ်ကိုလျော့ကျအောင် ကူညီအထောက်ပံ့ပေးတာဖြစ်လို့
မိတ်ဆွေတို့အနေနဲ့ Oatsကို နေ့စဥ်စားသုံးသင့်တယ်လို့ အကြံပြုရင်း
ဒီနေရာမှာပဲ ကျွန်တော်ရဲ့ဆောင်းပါးလေးကိုရပ်လိုက်ပါတယ်ခင်ဗျာ
နောက်နေ့တွေမှာလည်း ယခုလို ဗဟုသုတရစရာအကြောင်းအရာများကို Sharingလုပ်ပေးမှာဖြစ်လို့
ကျွန်တော်ရဲ့Pageလေးကို Like & followမလုပ်ရသေးသူများ Like & followလေးလုပ်ထားလို့ရပါတယ်ခင်ဗျာ
- Hector
Ph - 09756736146
03/11/2022
Gymမှာ Exercise တွေလုပ်ပြီး
Bodyပြောင်းလဲလာမှုနှေးကွေးနေတာဟာ...
အောက်ကအချက်တွေကြောင့်👇
Exerciseတွေလုပ်ပြီးတိုင်း ''သင်''လုပ်လေ့မရှိတဲ့
အဓိကအမှား (၆)ချက်ကိုပြောပြပေးပါမယ်🤘
1. အလေးတွေနဲ့ကစားပြီးချိန် အကြောမလျော့ခြင်း
မည်သည့်Exerciseကိုမဆိုလုပ်ပြီးချိန်တိုင်းတွင်
အကြောများကိုသေချာစနစ်တကျလျော့ရပါမည်။
2. အလေးတွေ(Weight)တုံးတွေနဲ့ကစားပြီးချိန်တွင် Cardioနဲ့ပတ်သတ်တဲ့ Exerciseတွေကို 30မိနစ်ထပ်ပိုမကစားသင့်ပါ
ဇီဝကာမဖြစ်စဥ်နဲ့ ဟော်မုန်းတွေကို ပြင်းထန်စွာအနှောက်ယှက်ဖြစ်စေပါတယ်။
3. Exerciseတွေအပြင်းအထန်လုပ်ပြီးချိန်တွင်
ခန္ဓာကိုယ်တွင်းမှ ဆဲလ်တွေဟာအဟာရတောင်းတပါတယ်
4. အလေးတွေမလို့ ပျက်စီးသွားတဲ့ကြွက်သားမျှင်တွေကို ကုသဖို့ အဟာရချက်ချင်းလိုအပ်ပါတယ်
Exerciseတွေလုပ်ပြီး ၁နာရီအတွင်းမှာ
Carbohydrate နှင့် Proteinဓာတ်ပါဝင်တဲ့အစားအစာတွေစားပေးရပါမယ်။
5. ဗိုက်အရမ်းတင်းစေမဲ့အစားအစာတွေနဲ့ အဆီအစိမ့်ဆီကြော်စာတွေမစားမိစေဖို့သတိပြုပါ
အဆီအစိမ့်တွေနဲ့ ဆီပြန်ဟင်းတွေကိုလိုတာထပ်ပိုစားခြင်းက သင်ပင်ပင်ပန်းပန်းကစားထားသမျှကို
အလကားပဲဖြစ်စေဦးမှာပါပဲ
ဒါ့ကြောင့် အားကစားတွေကိုအပြင်းအထန်လုပ်ပြီး
အဆီအနှစ်ပါတာတွေနဲ့ဆီကြော်စာတွေစားသုံးနေတာဟာ သင့်ရဲ့မဟာအမှားကြီးပါ။
6. သင်ကစားလိုက်လို့ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို
ပြန်ပြည့်စေဖို့နဲ့ ကြွက်သားမျှင်တွေလျှင်မြန်စွာပြန်ကောင်းလာစေဖို့အတွက် အသားဓာတ်ပါဝင်တာတွေအဓိကစားပေးရပါမယ်
ဥပမာ - ကြက်ဥအကာ/အသား/ငါးနှင့် နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်များစွာပါဝင်တာမို့
အဓိကထားစားပေးသင့်ပါတယ်။
#မသိသေးတဲ့သူတွေအတွက်ဗဟုသုတရစေဖို့
တင်ပေးခြင်းဖြစ်ပါတယ်
#ဆရာကြီးများကျော်သွားနိုင်ပါတယ်ခင်ဗျာ🤘
Fitness Trainer - Hector
Ph - 09756736146
Exercise to relieve the pain in your heart💔🏋
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Mandalay