05/01/2024
အိုနာနာနေရာမှာ ကမ္ဘာ့ဂိုးသွင်းအကောင်းဆုံး ဂိုးသမားနဲ့ အစားထိုးဖို့ မန်ယူပြင်ဆင်
မန်ယူအသင်းဟာ အာဖရိက ဖလားပွဲသွားကစားတဲ့ ဂိုးသမား အိုနာနာနေရာမှာ အစားထိုးဖို့အတွက် လာဇီယိုအသင်းက ဂိုးသွင်းကောင်းတဲ့ ဂိုးသမား ပရိုဗီဒယ်လ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ CalcioMercato.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လာဇီယိုဂိုးသမားက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစတင်ပြီး စီးရီးအေရဲ့ အကောင်းဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ဒြပ်ကို ရယူ ပိုင်ဆိုင်ထားတဲ့ လက်ရှိ အီတလီ လက်ရွေးစင် ဂိုးသမားလဲ ဖြစ်ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာတော့ သူ့ကို ကမ္ဘာ့ဘောလုံးပရိသတ်က ဂိုးဖမ်းတာထက်စာလျှင် ဂိုးသွင်းတာနဲ့ ပိုပြီး သတိထားမိနေကြမှာပါ။
ပြီးခဲ့တဲ့ အက်သလက်တီကို နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ လာဇီယိုအသင်းအတွက် အဖိုးတန် ချေပဂိုးကို ဂိုးသမား ပရိုဗီဒယ်လ်က လှလှပပ သွင်းယူပေးခဲ့တာပါ။
ဒါက ပရိုဗီဒယ်လ်အတွက် ပထမဆုံးသွင်းဂိုးတော့ မဟုတ်ပဲ ၂၀၂၀ ခုနှစ်ကလဲ Juve Stabiaအသင်းအတွက် ကစားပေးစဥ် အက်စ်ကော်လီအသင်းဖက်ကို ဂိုးသွင်းဖူးပါသေးတယ်။
တကယ်တော့ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ ပရိုဗီဒယ်လ်ဟာ လူငယ်ကစားသမားဘဝကို တိုက်စစ်မှူးအဖြစ် စတင်ခဲ့သူဖြစ်ပြီး ဂိုးပေါင်း ၂၇ဂိုးထိသွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက် ပရော်ဖက်ရှင်နယ် အသွင် ကူးပြောင်းစဥ်မှာတော့ ဂိုးသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ ပရိုဗီဒယ်လ်ကို မန်ယူအသင်းအနေနဲ့ ခေါ်ယူနိုင်ခဲ့ပါက မျက်မှောက်ခေတ် ဘောလုံးကမ္ဘာမှာ ပေးပို့မှု အကောင်းဆုံး ဂိုးသမား အိုနာနာအစား ဂိုးသွင်းအကောင်းဆုံး ဂိုးသမားနဲ့ အစားထိုးမှု ဖြစ်လာတော့မှာပါ။
လာဇီယိုအသင်းအနေနဲ့လဲ ဂိုးသမားအတွက် ယူရို ၃၅သန်း ခန့် အနည်းဆုံး အလိုရှိနေတယ်လို့ သိရတာကြောင့် ဒီပမာဏဟာ လာမယ့် နွေရာသီမှာ မန်ယူအသင်း သတ်မှတ်ထားပြီး သုံးစွဲမယ့် ပမာဏမှာ ရှိနေတာကြောင့် စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့တစ်ခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။
05/01/2024
မက်ဆီနဲ့ သုည
သုညဆိုတဲ့ ဂဏန်းက တန်းဖိုးမရှိတာလို့ ရုတ်တရက် ယူဆလို့ရပေမယ့် တကယ်တမ်းကျ သူဘယ်မှာ နေနေတာလဲဆိုတဲ့အပေါ်မှာ သူ့တန်ဖိုးက မူတည်ပါတယ်။
ကိန်းဂဏန်းတစ်ခုရဲ့ ရှေ့မှာ သုည ဘယ်လောက်များများ သုညတွေဟာ တန်းဖိုး တက်မလာပေမယ့် ကိန်းဂဏန်းတစ်ခုရဲ့ နောက်မှာဆိုရင်တော့ သုည တစ်လုံးတိုးတိုင်း တန်ဖိုးက ၁၀ ဆ မြင့်နေတယ်ဆိုတာ အားလုံး သိကြမှာပါ။
ဘောလုံးလောကမှာလဲ သုညဆိုတာကို ဘယ်ကစားသမား၊နည်းပြမှ မကြိုက်ကြပါပေမယ့် ကိန်းဂဏန်းတစ်ခု နောက်မှာာ သုညတွေ တိုးဖို့ဆိုရင်တော့ အားလုံး ကြိုက်ကြမှာပါ။
ဥပမာ ၁၀ဂိုး၊ ၃၀ ဂိုး၊ စသဖြင့်ပေါ့။ အခုပြောပြမှာက မက်ဆီ ပိုင်ဆိုင်ထားတဲ့ သုညတစ်လုံးတည်းရဲ့ တန်ဖိုးပါ။
သုညတစ်လုံးတည်းဆိုရင်တော့ တန်ဖိုးမရှိဘူးဆိုတာ ရှင်းပါတယ်။ ဆိုတော့ မက်ဆီပိုင်ဆိုင်ထားတဲ့ သုည တစ်လုံးတည်းက တန်ဖိုးရှိလား မရှိဘူးလားဆိုတာတော့ စာဖတ်သူ ပရိသတ်တွေကိုယ်တိုင်ပဲ သုံးသပ်ဝေဖန်ပေးပါ။
၂၀၂၃ခုနှစ်ထဲမှာ မက်ဆီဟာ ပီအက်စ်ဂျီ၊ အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနားအသင်းတို့အတွက် စုစုပေါင်း သွင်းဂိုး ၃၅ဂိုးရရှိခဲ့ပါတယ်။
ထူးခြားတာကတော့ ဒီသွင်းဂိုး ၃၅ဂိုးစလုံးမှာ ပင်နယ်တီက သွင်းယူရရှိတဲ့ဂိုး တစ်ဂိုးမှ မပါဝင်တာပါပဲ။ ဒါကြောင့် ၂၀၀၆ခုနှစ်နောက်ပိုင်း မက်ဆီဟာ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် နှစ်တစ်နှစ်အတွင်း ပင်နယ်တီဂိုးမရတဲ့နှစ် ဖြစ်လာခဲ့ပါတယ်။
၁၇နှစ်အတွင်းမှာ ပင်နယ်တီဂိုးမရတဲ့ ပထမဆုံးနှစ်ဆိုပါတော့။ ကစားသမားတိုင်းဟာ တစ်နှစ်အတွင်း သွင်းဂိုး ၃၀ ဂိုးနဲ့ အထက်ရဖို့ ကြိုးစားကြရာမှာ ပင်နယ်တီသွင်းဂိုးတွေကိုလဲ မက်မက်မောမာရယူနေကြချိန်မှာ မက်ဆီကတော့ ပင်နယ်တီသွင်းဂိုး မပါပဲ ၃၅ဂိုးရှာဖွေပြနိုင်ခဲ့တာပါ။
ဆိုတော့ မက်ဆီဟာ ၂၀၂၃ခုနှစ်အတွင်း ပင်နယ်တီသွင်းဂိုး မရှိတဲ့ ကစားသမားပေါ့။ သုညကိုက်တဲ့ မက်ဆီပေါ့။ မက်ဆီတစ်ယောက် ဒီသုညကြောင့်စိတ်ပျက်နေမလား? ဒီသုညကို ဂုဏ်ယူနေမလားဆိုတာကတော့....။
04/01/2024
ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းထက် မန်စီးတီးရဲ့အားနည်းချက်ကို ဖွင့်ပြောလာတဲ့ ပက်ဂွါဒီယိုလာ
ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ သူ့အသင်းထက် လီဗာပူးအသင်းက ပိုကောင်းမွန်နေပြီး ဒါဟာ မန်စီးတီးရဲ့အားနည်းချက်ဖြစ်တယ်လို့ ပက်ဂွါဒီယိုလာက ဝန်ခံပြောဆိုလိုက်ပါတယ်။
ပက်ဂွါဒီယိုလာရဲ့အသင်းက ဒီဇင်ဘာလနှောင်းပိုင်းကာလအတွင်း လိဂ်နှစ်ပွဲဆက်အနိုင်ရရှိဖို့ အတော်လေးကြိုးပမ်းခဲ့ရပြီး လတ်တလောမှာ အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ အက်စတွန်ဗီလာ(တစ်ပွဲပိုကစား)တို့ရဲ့နောက် နှစ်မှတ်အကွာ၊ အမှတ်ပေးဇယားအဆင့်-၃ နေရာမှာ ရပ်တည်နေပါတယ်။
မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဖလားကို လေးနှစ်ဆက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် စပိန်သားနည်းပြကတော့ လီဗာပူးဟာ လာမယ့်မေလ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေဖို့ အခြေအနေကောင်းတစ်ရပ်ပိုင်ဆိုင်ထားတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး BBC Match of the Day အစီအစဉ်နဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ချန်ပီယံပြေးလမ်းက အတော်လေးခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းက အမှတ် ပေးဇယားထိပ်ဆုံးနေရာမှာ မရှိပါဘူး။ လီဗာပူးက ပိုကောင်းတဲ့အသင်းပါ။
ကျွန်တော်တို့မှာလည်း ဒဏ်ရာပြဿနာတွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အမှတ်ပေးချန်ပီယံဆုတွေကို ဆွတ်ခူးခဲ့ဖူးပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ရောက်ရှိနေတဲ့အဆင့်ကလည်း အရမ်းကောင်းပါတယ်လို့ပဲ ပြောရပါလိမ့်မယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့အားလုံး အနားယူဖို့ လိုအပ်နေပါပြီ။ ဇန်နဝါရီကတော့ နိုဝင်ဘာ၊ ဒီဇင်ဘာတို့လိုမျိုး အလုပ်များတဲ့ကာလတော့ မဟုတ်ပါဘူး။ ဒါကြောင့် နောက်လာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်ထားရပါမယ်”လို့ ဆိုပါတယ်။
ရိုဒရီနဲ့ အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုးတွေက မန်စီးတီးရဲ့ ၂၀၂၃ ခုနှစ်နောက်ဆုံးပွဲစဉ်လည်းဖြစ်သလို ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်အနိုင်ရရှိမှုလည်း ဖြစ်လာစေမယ့် နိုင်ပွဲကို ဖော်ဆောင်နိုင်ဖို့ လုံလောက်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးက အသင်းတိုက်စစ်မှူးဟာလန်းပြန်လာနိုင်မယ့်အချိန်ကိုတော့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
တဖက်မှာတော့ ပြီးခဲ့တဲ့သြဂုတ်လကတည်းက ဒဏ်ရာကြောင့် အသင်းအတွက် မပါဝင်နိုင်တဲ့ ဒီဘရိုင်းဟာ ပွဲနေ့လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့ပါပြီ။ သူ့ကို စနေနေ့၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့်မပေးခဲ့ပေမယ့် ပက်ဂွါဒီယိုလာကတော့ ဒီဘရိုင်းပြန်လာနိုင်မှုအတွက် အားရကျေနပ်နေခဲ့ပါတယ်။
"ဒီဘရိုင်းသွေးပူလေ့ကျင့်ခန်းလုပ်နေချိန်မှာ ကွင်းတွင်းရှိနေတဲ့ ပရိသတ်ကြီးက မတ်တပ်ရပ်အားပေးခဲ့ကြပါတယ်။ သူ့ရဲ့ဒဏ်ရာက ကာလရှည်ဒဏ်ရာတစ်ခုဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ ဒီဘရိုင်းပြန်လာနိုင်ပြီဖြစ်လို့ ကျွန်တော်တို့တွေ ပျော်ရွှင်နေကြပါတယ်”လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။
03/01/2024
ယူနိုက်တက်နဲ့ ကာလတိုအငှားစာချုပ်သက်တမ်းကုန်ဆုံးသွားလို့ တော့တင်ဟမ်ကို ပြန်လည်ရောက်သွားတဲ့ ရီဂူလွန်
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်မှ ကာလတိုအငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကို ယခုအခါမှာတော့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် သူ့ရဲ့မိခင်အသင်းထံပြန်လည်ပို့ဆောင်ခဲ့ပြီဖြစ်ပါတယ်။
ဒဏ်ရာရရှိနေတဲ့ လုခ်ရှောနေရာမှာ အစားထိုးဖို့အသုံးပြုခဲ့တဲ့ အသက်-၂၇ နှစ်အရွယ် ကစားသမားဟာ တော့တင်ဟမ်မှာပဲဆက်ရှိနေမှာမဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်ခုခု ဒါမှမဟုတ် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်သို့ အငှားနဲ့ထပ်မံရောက်ရှိဖို့အလားအလာရှိနေပါတယ်။
ဒေါ့မွန်ရဲ့ပစ်မှတ်ဟာ ချဲလ်ဆီးနောက်ခံလူ မတ်ဆင်းဖြစ်သော်လည်း ကစားသမားကို ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့စည်းကမ်းချက်တွေကို ညှိနှိုင်းနိုင်ခြင်းမရှိသေးတာကြောင့် ရီဂူလွန်ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။
ရီဂူလွန် ထွက်ခွာသွားသော်လည်း လုခ်ရှောက ပြန်လာနိုင်ပြီဖြစ်တဲ့ အပြင် တိုင်ယဲလ်မာလာစီယာကလည်း ဒဏ်ရာမှသက်သာလာပြီဖြစ်တာကြောင့် အဲရစ်တန်ဟက်အနေနဲ့ ယူနိုက်တက်ရဲ့ဘယ်နောက်ခံကို ပြန်လည်အင်အားမြှင့်တင်နိုင်တော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပြီး ကစားရမယ့်ပွဲစဉ်တွေလျော့နည်းသွားတာကြောင့် ရီဂူလွန်ကို ပြန်လည်ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ နောက်ခံလူဟာ ယူနိုက်တက်မှာ ၇ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး နောက်ဆုံးပွဲထွက်ခဲ့တဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘုန်းမောက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၀-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။
ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့သော်လည်း အများအားဖြင့်တော့ ဒဏ်ရာပြဿနာတွေအလွန်များပြားနေတဲ့ အိုးလ်ထရက်ဖို့ဒ် အသင်းအတွက်ကစားပေးဖို့အဆင်သင့်ရှိနေခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရီဂူလွန်ဟာ ပွဲကစားချိန် မိနစ် ၉၀ မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့သေးသော်လည်း ယူနိုက်တက်ရဲ့ အရှုံးရလဒ်ကို ချေဖျက်ပေးနိုင်စွမ်းတော့မရှိခဲ့ပါဘူး။
၂၀၂၀ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှ တော့တင်ဟမ်သို့ရောက်ရှိလာခဲ့တဲ့ နောက်ခံလူဟာ ၂၀၂၁ ခုနှစ်ကစတင်ပြီး တော့တင်ဟမ်အတွက် ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ရာသီကလည်း အက်သလက်တီကိုမက်ဒရစ်သို့ အငှားနဲ့သွားရောက်ကစားခဲ့တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်အသင်းအတွက် ၆ ပွဲကစားပေးထားတဲ့ ကစားသမားအနေနဲ့ ပိုစတီကိုဂလူရဲ့အစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ ရှိမရှိကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိတော့တင်ဟမ်ရဲ့ ဘယ်နောက်ခံနေရာမှာ ပွဲထွက်ကစားသမား အူဒိုဂီက ခြေစွမ်းပြနေတဲ့အပြင် အရန်ကစားသမားဖြစ်တဲ့ ရွိုင်ယယ်အီမာဆန်ကလည်း ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်က မကြာသေးမီက ဟယ်ရီမက်ဂွါရီ၊ ဗစ်တာလင်ဒီလော့ဖ်၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လုခ်ရှောတို့ကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားခဲ့ရသော်လည်း ယခုအခါမှာတော့ ကစားသမားအများစုက ဒဏ်ရာမှသက်သာလာပြီး ပြန်လည်ကစားနိုင်တော့မှာဖြစ်ပါတယ်။
လာမယ့်အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ဝီဂန်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ တော့တင်ဟမ်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
02/01/2024
🗣 ဒီမီတာဘာဘာတော့ဗ်
"ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ ရှိနေတုန်းက အသင်းမှာ ခရစ္စတီယာနိုရော်နယ်လ်ဒို၊ ရွန်းနီ၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးစ်၊ ဗီဒစ်၊ ဖာဒီနန် ၊ အီဗရာ၊ ဗန်ဒါဆား နဲ့ ဆာအဲလက်ဖာဂူဆန်တို့ ရှိခဲ့ပါတယ်။
"ကျွန်တော်တို့ ကွင်းထဲကို ခြေချခဲ့လိုက်တာနဲ့ ပြိုင်ဘက်အများစုက သူတို့ရှူံးတော့မယ်ဆိုတာကို လက်ခံပြီးသားပါ။”
တစ်ချိန်က မန်ယူနိုက်တက်ဆိုတာ ဘာဘာတော့ဗ်ပြောခဲ့သလိုပဲ ကစားသမားတွေ ကွင်းထဲ၀င်လာရုံနဲ့ တော်ရုံပြိုင်ဘက်တွေက ကြောက်ရွံနေခဲ့ရတာမျိုးပါ။
အခုများကတော့ အိုးထရက်ဖို့ဒ်မှာတောင် သရဲနီတွေကို ပြိုင်ဘက်တွေက ဖင်ပုတ်ခေါင်းပုတ်လုပ်နေခဲ့ပါပြီ။
02/01/2024
ရော်နယ်ဒိုက မက်ဆီထက် ပိုသာလွန်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဝုဗ်စတား ဆီမီဒို
ဝုဗ်စတား နယ်လ်ဆင်ဆီမီဒိုက ရော်နယ်ဒိုရဲ့လေ့ကျင့်ခန်းလုပ်ဆောင်မှုဟာ မက်ဆီထက်ပိုမိုသာလွန်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆီမီဒိုဟာ ၂ ဦးစလုံးနဲ့အတူတူ တွဲကစားဖူးတာဖြစ်ပြီး မက်ဆီနဲ့ဘာစီလိုနာ ၊ ရော်နယ်ဒို နဲ့ ပေါ်တူဂီအသင်းမှာ တွဲကစားဖူးတာဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် ဆီမီဒိုက ရော်နယ်ဒို နဲ့ မက်ဆီတို့ကြားက ခြားနားမှုကို ပြောကြားခဲ့တာဖြစ်ပါတယ်။
"လေ့ကျင့်ခန်းအစီအစဉ်မှာ ရော်နယ်ဒိုက မတူညီတဲ့ ကစားသမားတစ်ဦးပါ။ သူက အမြဲတမ်းလေ့ကျင့်ချင်သလို လေ့ကျင့်ခန်းမဆင်းခင်ကော ဆင်းပြီးချိန်မှာကော gym ကိုသွားချင်ပါတယ်။ ကွင်းထဲမှာ သူက အမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ နိုင်ငံအသင်းမှာတောင် တစ်ခါလေ ၇ ယောက်ချင်းကန်ရချိန်မှာ သူက နောက်ဆုံးမိနစ်အထိ ကစားချင်တဲ့သူပါ။ ပြီးဆုံးချိန်မှာလည်း သူက ဆက်ကန်ချင်နေပါတယ်။ ခရစ္စတီယာနိုက မတူညီတဲ့ကစားသမားပါ။ ကျွန်တော်သူ့လိုကစားသမားမျိုးနဲ့အတူကစားခွင့်ရတာ ကံကောင်းတယ်လို့ ထင်ပါတယ်”လို့ ဆီမီဒိုက ပြောကြားခဲ့ပါတယ်။
ဆီမီဒိုက မက်ဆီရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး အာဂျင်တီးနားသားဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
"ကျွန်တော် မက်ဆီကို ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရတာကို မြင်ရတာဝမ်းသာမိပါတယ်။ သူက အဲ့တာတွေနဲ့ ထိုက်တန်ပါတယ်”လို့ ဆီမီဒိုက ပြောကြားခဲ့ပါတယ်။ ဆီမီဒိုဟာ ဘာစီလိုနာမှာ မက်ဆီနဲ့အတူ တွဲဖက်ကစားခဲ့တာဖြစ်ပြီး ၁၀၈ ပွဲအထိ ပါဝင်ကစားခဲ့ကာ လိဂ်ဖလား၂ ကြိမ် ၊ ကိုပါဒယ်ရေး ၁ ကြိမ် နဲ့ စပိန်စူပါဖလား ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့တော့ ၂၁ ကြိမ်အတူတူတွဲဖက်ကစားဖူးကာ ၂၀၁၉ တုန်းက နေးရှင်းလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ ဆီမီဒိုဟာ လာမယ့်စနေနေ့ အဲဗာတန်အသင်းနဲ့ပွဲမှာ ဝုဗ်အတွက် ပါဝင်ကစားမှာဖြစ်ပြီး ရော်နယ်ဒိုက အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားမှာဖြစ်ပါတယ်။
မက်ဆီကတော့ လက်ရှိမှာမေဂျာလိဂ်ကြောင့်အနားရနေပြီး ဖေဖော်ဝါရီလမှ ပြန်လည်စတင်မှာဖြစ်ပါတယ်။
02/01/2024
အင်္ဂလိပ် ဘောလုံးသမိုင်းမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ဟက်ထရစ်ရှင်
ရက်ဇ်ဟမ်းအသင်းက ဘာရိုးအသင်းကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရက်ဇ်ဟမ်းအသင်းအတွက် တိုက်စစ်မှူး စတီဗင် ဖလက်ချာ တစ်ဦးတည်းက ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။
နိုင်ပွဲကြောင့် ရက်ဇ်ဟမ်းအသင်းဟာ ရမှတ် ၄၉မှတ်နဲ့ အင်္ဂလန်လိဂ်တူးမှာ အဆင့် ၄၌ ရပ်တည်ထားနိုင်ပြီလဲ ဖြစ် ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖလက်ချာကတော့ အင်္ဂလိပ်ဘောလုံးလောကမှာ စုစုပေါင်း ပွဲ ၄၀၀ ပြည့်မြောက်တဲ့ ပွဲလဲ ဖြစ်ပြီး ကစားသမားဘဝရဲ့ ပထမဆုံး ဟက်ထရစ်လဲ ဖြစ်လာခဲ့ပါတယ်။
အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ ဖလက်ချာအနေနဲ့ အခုလိုမျိုး အသက် ၃၆နှစ်ပြည့်ပြီးကာမှ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်ခြင်းဟာ အင်္ဂလိပ် ဘောလုံးလိဂ် လောကမှာတော့ ၁၉၉၃ခုနှစ်က လိဒ်တိုက်စစ်မှူး ဂေါ်ဒွန်ပြီးရင် ပထမဆုံး စကော့တလန်လူမျိုး ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒီလိုမျိုး အသက် ၃၆ နှစ်ကျော်မှ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ စကော့တလန် ကစားသမားတွေ ထဲမှာတော့ တစ်ဦးနဲ့ တစ်ဦးကြားမှာ နှစ်ပေါင်း ၃၀ လောက် ကြာမြင့်နေတာကတော့ တော်လေး ခဲရာခဲဆစ် ကိစ္စ တစ်ခုပါပဲ။
02/01/2024
ဖရန့်ဖတ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့တော့မယ့် ယူနိုက်တက်စတား ဗန်ဒီဘိခ်
ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက် ဖရန့်ဖတ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။
ဗန်ဒီဘိခ်ဟာ ၂၀၂၃ - ၂၄ ရာသီမကုန်ခင်အထိ ဂျာမန်ကလပ်ထံ အငှားနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး နွေရာသီမှာ ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ တနလာၤနေ့ မနက်ခင်းတုန်းက ဖရန့်ဖတ်အသင်းထံ ဗန်ဒီဘိခ် ရောက်လာပြီးနောက် ဖရန့်ဖတ်အားကစားဒါရိုက်တာ ခရော့စ်ချီက ဝမ်းသာမိတယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။
ဗန်ဒီဘိခ်က "ကျွန်တော်တို့အသင်းရဲ့လိုအပ်နေတဲ့ ပဟေဌိအပိုင်းအစတစ်ခု ဖြစ်လာတော့မှာပါ။ သူ့မှာနိုင်ငံတကာအတွေ့အကြုံတွေ ရှိသလို လူငယ်ကစားသမားတွေ အတွက်လည်း အတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်မှာပါ။ ဒွန်နီက ဂိုးပေါက်ကိုခြိမ်းခြောက်နိုင်သလို အပေါ်မှာပြောခဲ့သလိုပဲ သူက ကျွန်တော်တို့တိုက်စစ်ကစားသမားတွေ အတွက် ပိုကောင်းလာစေမှာပါ”လို့ သူက ပြောကြားခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာ ၂၀၂၀ စက်တင်ဘာတုန်းက အေဂျက်အသင်းထံကနေ ယူနိုက်တက်ထံ ပေါင်သန်း ၄၀ နဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားဟာ အိုးထရက်ဖို့ဒ်မြေကို ရောက်ပြီးကတည်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ၂၀၂၃ - ၂၄ ရာသီမှာလည်း တန်ဟက်ရဲ့အသင်းမှာ ပွဲထွက်ခွင့်မရသေးတာဖြစ်ပါတယ်။
ဗန်ဒီဘိခ်ကတော့ ဂျာမန်မြေမှာ စိတ်သစ်လူသစ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၆ နှစ်သားရဲ့ဖရန့်ဖတ်အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၉ မှတ်အထိ ကွာဟနေပါတယ်။
ယူနိုက်တက်ကတော့ ဆာဂျင်မိရောက်လာမှုနဲ့အတူ မာရှယ်၊ ဆန်ချို၊ ကက်စ်မဲရိုးစတဲ့ ကစားသမားတွေကိုပါ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
11/09/2023
မိန်းမတို့ အိန္ဒြေ
သေးမပေါက်ဘဲ နေ
တစ်ခါတရံ ပေါက်တဲ့သေး
ဝါးတစ်ပြန်လောက် ပြေး
😄😄😄😄😄😄😄
အဲ့လိုကြီးလားဗျ