23/07/2025
ဝဥမာလာအထုပ်လေးတွေရပြီ။ အထဲမှာအထုပ်သေး(၆)ထုပ်ပါတယ်။
အနီ - မာလာအစပ်
အဝါ - နှမ်းအရသာနဲ့ မာလာအနံ့ပါတယ် ချိုချိုလေး
နီညို - ကွေ့တယိုအရသာ
လိမ္မော် - အော်ရဂျင်နယ်မာလာအရသာ အစပ်ပါးပါးလေး
#ဝဥမုန့် #ထိုင်းမုန့် #ဝဥမာလာ #ဝဥ
09/06/2024
ငွေ ကို ဘယ်လိုထားမလဲ
ငွေကို ပိုက်ဆံအိတ် အံဆွဲ
မီးခံသေတ္တာ စသည်မှာ
ထားပါတယ်။ ဒါပေမဲ့
ထားတဲ့နည်းစံနစ် လိုပါတယ်။
မိမိငွေ အဝင်များဖို့
အထွက်နည်းဖို့
လာဘ်ကောင်းဖို့
လုံခြုံစိတ်ချဖို့
ကံတက်စေဖို့
အဝင်ကောင်း သလို
အထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေ
Fung Shui ပညာက အခုလို
အကြံပြုပါတယ်။
၁ ကရဝေးရွက် နဲ့အတူထားပါ။ အကျ်ိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ။ ငွေပွားများ လာစေပါတယ်။
၂ အကျိုးအနာမပါတဲ့
ဆန်စေ့ ၂၁ စေ့က်ို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ။
လာဘ်ပွင့်လန်းစေတဲ့အပြင်
မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်။
၃ ပင်လယ်ဆား အနည်းငယ် က်ို ပလတ်စတစ်
အိတ်ကလေးနဲ့ ထုပ်ပြီးငွေ
နဲ့အတူထားပါ။
ငွေကြေး အရှုပ်အရှင်းကိစ္စ
ကြွေးမြီ အမှုအခင်းကိစ္စများ
ကာကွယ်ပေးပါတယ်။
၄ ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ
အတူထားပါ။ ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်။
၅ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ။
ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ။
၆ ပိုက်ဆံအိတ်ထဲမှာငွေ
လုံးဝ မရှိတဲ့ အဖြစ်မျိုး မပြု
မ်ိပါစေနဲ့။ ငွေကံ ညံ့သွားတတ်ပါတယ်။
၇ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေ
ကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ။
ရော မထားပါနဲ့။
ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့။
လာဘ်တိတ်ပါတယ်။
၈ အားလုံးထည့်ထားနိုင်ရင်
ကောင်းပါတယ်။ အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့
သင့်ပါတယ်။
၉ ဝင်ငွေကောင်း ငွေမြဲပြီး
လာဘ်လာဘ ပွားများကြပါ
စေ။🙏🏼
၁၀ တားရော့ကတ် အနေနဲ့
နံပါတ် ၁၇ The Star ကို
အဆောင်အဖြစ် ထည့်ထား
နိုင်ပါတယ်။
Crd to owner
11/05/2024
မင်မင် Share ပေးချင်တာတခုရှိတယ်🤩
မင်မင်က မြေကွက်တခုရောင်းစရာရှိတာ
ရောင်းထုတ်နေတာ ၁လခွဲလောက်ရှိပြီ မထွက်ဘူး
အဲ့ကျမှတခုသတိရသွားတယ်
လေးညှင်းပွင့်နဲ့လာဘ်ဖွင့်ရမယ်ပေါ့နော်
အားတဲ့ရက်ကျရင်တော့ လေးညှင်းပွင့်ပြုတ်ရည်နဲ့ မြေကွက်ကိုသွားပြီးဖြန်းမယ်လို့တွေးထားပြီး
အရင်ဆုံး မြေကွက်စာချုပ်အိတ်ထဲကိုပဲ လေးညှင်းပွင့် ၃ ပွင့်ထည့်ထားလိုက်တယ်
တကယ် ၅ရက်ပဲကြာတယ်အခု အဲ့မြေကွက် ဝယ်လက်ရလာပြီး စရံပါချသွားပြီ🙏🏼
အဆင်ပြေချင်တာထက်ပိုပြီးပြေချင်ရင် စမ်းကြည့်ကြနော် 🥰
#ငွေကြေးကပူပန်စရာမဟုတ်တာကိုလက်တွေ့သိလာပါလိမ့်မယ်
အပွင့်ကသေးသေးလေး
နေရာလည်းမယူ
ရနံ့လည်းအဆင်ပြေတဲ့ လေးညှင်းပွင့်(Cloves) တွေက ငွေကြေးကံတွေကို မြှင့်တင်ပေးနိုင်တာကို မင်မင်ကိုယ်တိုင် စမ်းပြီး တကယ်ဖြစ်လာလို့ ထပ် Share ပေးတာပါ❤️
သုံးပုံသုံးနည်းကိုတော့ 👇🏼👇🏼👇🏼
တခါကတင်ဖူးတဲ့ link လေးကို Commentမှာကြည့်နော်
လုပ်ဖူးတဲ့သူတွေရှိရင်လည်း အတွေ့အကြုံလေးကိုပြောပြပေးခဲ့ဦးနော် 🙂↕️
13/04/2024
စတုဒိသာရှိရင်လက်တို့ကြပါ😁
16/03/2024
Everyone စိတ်ကိုရွှင်ရွှင်လန်းလန်းထားပေးပါ
ကိုယ်လက်သန့်စင်ပြီး မင်္ဂလာရှိအောင်နေပါနော်
မမြင်ရတဲ့စွမ်းအင်တွေကို Positive Mindset နဲ့ လက်ခံပေးပါ
လေးညှင်းပွင့်လေးသုံး၍လည်း ငွေခေါ်ကြပါနော်
အားလုံးပဲ ကံကောင်းကြပါစေ 🙏🏼🙏🏼🙏🏼
လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း
ခုတလော ငွေဝင်နည်းလေးတွေဝေမျှပါလို့ပြောလို့ လည်း
post မတင်တာကြာတော့ ငွေခေါ်နည်းတွေထဲက တစ်ခုဖြစ်တဲ့
လေးညှင်းပွင့်ကိုသုံးပြီး ငွေခေါ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်....
ဒီနည်းလေးဟာ အရမ်းကိုရိုးရှင်းပြီးလုပ်ရတာလည်းလွယ်ကူပါတယ်....
လေးညှင်း (Clove) ကိုရပ်ကွက်ထဲက ကုန်ခြောက်ဆိုင် ၊ ကုန်စုံဆိုင်တွေလည်း အလွယ်တကူဝယ်လို့ရသလို ပရဆေးဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်...
Ocean/ City Mart တို့မှာလည်းဝယ်လို့ရတာကြောင့်
ဒီနည်းလေးကိုရေးပေးဖြစ်တာပါ....
နည်းလေးကတော့....
အရောင်းအဝယ်ကောင်းချင်သူများ/စျေးရောင်းနေသူများ
ပစ္စည်းတွေရောင်းမထွက်ပါက လေးညှင်းပွင့်လေးကို ပစ္စည်းတွေကြားမှာထားပေးပါ.....
( အပွင့်အရေအတွက်မသတ်မှတ်ထားပါ)
တပတ် တခါတော့လုပ်ပေးပါ...
ထင်မထားလောက်အောင်အရောင်းသွက်လာပါမယ်နော်....
Online မှအရောင်းအဝယ်လုပ်နေသူများကတော့ လေးညှင်းပွင့်ကို လေးညှင်းပွင့်လေး 5 ပွင့်ကို အိတ်ထဲထည့်ကာ ဆောင်ထားပါ...
မနက်တိုင်း အိတ်ဖြင့် ဖုန်းကိုပုတ်ကာ မိမိလိုရာဆုတောင်းပါ...
အရောင်းအဝယ် ငွေကြေးလာဘ်လာဘတွေပွင့်ပါလိမ့်မယ်....
မိမိအိမ်ခြံမြေဆိုင်ခန်းမှာ လာဘ်ပိတ်နေတယ်လို့ထင်ရင်တော့ လေးညှင်းပွင့် ပြုတ်ရည်ဖြင့်သာ နေရာအနှံ့ပတ်ဖြန်းပါတော့....
ပြုတ်ရည်သာသုံးပါရန်....
တလတကြိမ်လုပ်လို့ရပါတယ်....
ငွေဝင်ချင်ရင်တော့ ပိုက်ဆံအိတ်ထဲမှာ လေးညှင်းပွင့် 3 ပွင့်ထည့်ကာဆောင်ထားပါ....
စန်းကျနေတယ်ထင်ပါက လေးညှင်းပွင့်ပြုတ်ရည်နှင့်ခေါင်းလျှော်ပေးပါ....အနံစွဲတာမကြိုက်သူများကတော့ ပြီးရင်တော့ရေနဲ့ပြန်လျှော်ပေါ့နော်.....
စန်းကောင်းမှ လာဘ်ကောင်းတာမလို့ စန်းဟာလည်းအရေးကြီးလှပါတယ်....
လုပ်ရလွယ်တဲ့နည်းမို့လို့ လူတိုင်းလိုက်လုပ်ကြည့်ပါနော်....
ယခုနည်းလေးကို မိမိနှစ်သက်ရာ နေ့ရက် အချိန်မှစပြီးလုပ်လို့ရပါတယ်....
Credit to the owner
01/03/2024

14/02/2024
❤️ချစ်သူတိုင်း နီးကြပါစေ
❤️ချစ်ခြင်းမေတ္တာကို အခွင့်ရတိုင်းထုတ်ပြနိုင်ကြပါစေ❤️Self-Love ကိုသင်ယူတတ်မြောက်ပြီး ကိုယ်ချစ်ရတဲ့သူတိုင်းရဲ့ ရင်ထဲက Trauma တွေကိုချေဖျက်ပေးနိုင်ကြပါစေ
Tips: အလွယ်ဆုံးနည်းက ဖက်ပေးလိုက်ပါနော် Hug is the best medicine တဲ့
❤️ Just my wishes: let me hug you every day and kiss you every night...