ရန်ကင်းတောင်တက်💪💪💪
Lion Gym
Healthy and fitness center
5.1.2026 တနလာ် နေ့တွင် yoga class ညနေ 4:30pm -5:30pm အတန်းရှိပါမည် (1month- 60000) လာရောက်ကစားလိုသူများကြိုတင် စာရင်းပေးနိုင်ပါသည်။
💪💪💪
22/12/2025
💪💪💪
𝐀𝐥𝐥 𝐢𝐧 𝐎𝐧𝐞 𝐓𝐨𝐭𝐚𝐥 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧
ကျန်းမာကြံ့ခိုင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် လိုအပ်တာတွေ အားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်တယ်ဆိုရင် စိတ်ဝင်စားလား။ 𝐋𝐢𝐨𝐧 𝐆𝐲𝐦 မှာဆိုရင် သင့်ရဲ့ ကြံ့ခိုင်မှု ပန်းတိုင်တွေ အရောက်လှမ်းနိုင်ဖို့အတွက် "𝐀𝐥𝐥 𝐢𝐧 𝐎𝐧𝐞 𝐓𝐨𝐭𝐚𝐥 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧" ကို ပေးစွမ်းနိုင်ဖို့ အဆင်သင့်ပါပဲ။
ဘယ်လိုမျိုးလဲဆိုတော့…
ပြီးပြည့်စုံတဲ့ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ကိရိယာတွေ၊
ပေါ့ပါးလန်းဆန်းစေမဲ့ လေ့ကျင့်ခန်းတွေ၊
စနစ်ကျတဲ့ လမ်းညွှန်မှုပေးမဲ့ ကျွမ်းကျင်နည်းပြများ၊
သန့်ရှင်းပြီး စိတ်အေးချမ်းသာစေမဲ့ ပတ်ဝန်းကျင်
အားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။
ဒါ့ဆို အချိန်စောင့်ဆိုင်းမနေဘဲ 𝐋𝐢𝐨𝐧 𝐆𝐲𝐦 ရဲ့ 𝐀𝐥𝐥 𝐢𝐧 𝐎𝐧𝐞 𝐓𝐨𝐭𝐚𝐥 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 နဲ့အတူ
သင့်ရဲ့ ကျန်းမာရေးခရီးကို စတင်လိုက်ပါ။
🦁𝐋𝐢𝐨𝐧 𝐆𝐲𝐦
🚩𝐀𝐝𝐝𝐫𝐞𝐬𝐬- အရှေ့မြို့ပတ်လမ်း ၂၉𝐱၃၀ ကြား၊ကန်ကောက်၊မန္တလေးမြို့။
📲𝐏𝐡-𝟎𝟗𝟕𝟗𝟕𝟒𝟕𝟓𝟒𝟓𝟓
23/11/2025
ထူးမတောင်တက်အမှတ်တရ lion gymအဖွဲ့🚶🚶🚶
16/11/2025
Sunday ရန်ကင်းတောင်တက်🚶🚶🚶
Lion Gym မှ gym ကစားသူတိုင်းကို ကုသိုလ် အပျော် အနေဖြင့် တန်ဆောင်တိုင် မုန့်ဖိုးပေးလိုက်ပါသည်။👏👏👏🎇🥳 (တနင်္လာနှင့်အင်္ဂါ) gym (၂)ရက်ပိတ်ပါသည် ။
27/10/2025
Gym ကစားပြီး ရေချိုးရင် အသက်အန္တရာယ်ရှိနိုင်လား❓
✅✅✅✅✅✅
Gym ကစားပြီး ရေချိုးတာဟာ သတိထားရမယ့် အချက်ပါ
တိုက်ရိုက် အသက်အန္တရာယ်ထိ ရှိလောက်အောင် မဆိုးဝါးသော်လည်း
မှားယွင်းသော နည်းလမ်းတွေနဲ့ ရေချိုးမိရင် ကျန်းမာရေး ပြဿနာတွေ
ဖြစ်စေနိုင်ခြေရှိပါတယ်။
အောက်ပါ အချက်တွေကို သတိထားသင့်ပါတယ်
၁။ ရုတ်တရက် ရေအေးနဲ့ မချိုးပါနဲ့
Gym ကစားပြီးချိန်မှာ ခန္ဓာကိုယ်က ပူနွေးနေပြီး နှလုံးခုန်နှုန်း၊
သွေးခုန်နှုန်း မြန်နေပါတယ်။ ဒီအချိန်မှာ ရေအေးစက်နဲ့
ရုတ်တရက် ရေချိုးမိရင် သွေးကြောတွေ ရုတ်တရက် ကျဉ်းသွားတတ်ပါတယ်
ဒါဟာ သွေးတိုးတက်စေပြီး နှလုံးအတွက် ဝန်ပိစေနိုင်ပါတယ်
အထူးသဖြင့် နှလုံးရောဂါအခံရှိသူတွေအတွက် အန္တရာယ်ရှိပါတယ်
ကြွက်သားတွေ တောင့်တင်းသွားတတ်ပါတယ်
လေ့ကျင့်ခန်းလုပ်ထားပြီး ပူနွေးနေတဲ့ ကြွက်သားတွေဟာ
ရုတ်တရက် အေးသွားရင် တောင့်တင်းကိုက်ခဲမှုတွေ ပိုဖြစ်စေနိုင်ပါတယ်
၂။ ရေပူနဲ့လည်း ချက်ချင်း မချိုးပါနဲ့
ရေအေးလိုပဲ ရေပူပူနဲ့လည်း ချက်ချင်း မချိုးသင့်ပါဘူး။
သွေးကြောတွေ ချက်ချင်း ကျယ်သွားပြီး သွေးခုန်နှုန်း ပိုမြန်စေကာ
ခေါင်းမူးတာ၊ သွေးပေါင်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်လို ရေချိုးသင့်သလဲ?
အကောင်းဆုံးနည်းလမ်းက ခန္ဓာကိုယ် ပုံမှန်အပူချိန်ပြန်ရောက်အောင်
ခဏစောင့်ပြီးမှ ရေချိုးတာက အကောင်းဆုံးဖြစ်ပါတယ်
Cool Down လုပ်ပါ။ Gym ကစားပြီးတိုင်း ၅ မိနစ်ကနေ ၁၀ မိနစ်လောက်
လမ်းဖြေးဖြေးလျှောက်တာ၊ stretching ဆွဲတာမျိုး လုပ်ပေးပါ
ချွေးခြောက်အောင် စောင့်ပါ။ ချွေးတွေ မကျန်တော့ဘဲ
ခန္ဓာကိုယ် အပူချိန်၊ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်တဲ့အထိ
(မိနစ် ၂၀ ခန့်) စောင့်ပါ
ရေနွေးနွေးလေး ချိုးပါ။ စချိုးတဲ့အခါ ရေနွေးနွေးလေး
(လူကိုယ်တိုင်နဲ့ သက်တောင့်သက်သာရှိမယ့် အပူချိန်) နဲ့ စချိုးပါ
ရေအေးကို တဖြည်းဖြည်းချင်း ပြောင်းသုံးလို့ရပါတယ်။
အထူးသတိထားရမဲ့အချက်တွေကတော့
Gym ကစားပြီး ချက်ချင်း ရေအေးကန်ထဲ ခုန်ဆင်းတာ
(သို့) ရေခဲရေနဲ့ ချိုးတာ မျိုးကို ရှောင်ပါ
ဒါဟာ အသက်အန္တရာယ်ထိ ရှိလောက်အောင် ဆိုးရွားတဲ့ အပြုအမူပါ
ခန္ဓာကိုယ်ကို Cool Down ဖြစ်အောင် အချိန်ပေးပြီးမှ
ရေနွေးနွေးလေးနဲ့ ချိုးပါက ဘေးကင်းပြီး ကြွက်သားတွေပြေလျော့စေပြီး
ကျန်းမားးရေးအတွက် ကောင်းမွန်ပါတယ်။
🚥🚥🚥🚥🚥🚥🚥
12/10/2025
Lion gym ရဲ့ ကိုယ်တော်ချောနဲ့ မမချောလေးတို့များ 👏👏🏔️🏔️💪💪
ရွှေဟသ်ာဂူတောင်တက်အမှတ်တရ🚶🚶🚶
02/10/2025
𝐈𝐭'𝐬 𝐓𝐢𝐦𝐞 𝐓𝐨 𝐇𝐢𝐭 𝐓𝐡𝐞 𝐆𝐲𝐦 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 & 𝐆𝐞𝐭 𝐅𝐢𝐭
တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ရတာ ပျင်းရိနေပြီလား? အခုပဲ သင့်သူငယ်ချင်း၊ ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးနဲ့ လက်တွဲပြီး 𝐋𝐢𝐨𝐧 𝐆𝐲𝐦 ကို လာရောက်ဖို့ အချိန်တန်ပါပြီ။ အတူတူ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို စိတ်ဓာတ်ခွန်အားဖြစ်စေပြီး အကောင်းဆုံးရလဒ်တွေရရှိစေမှာပါ။
𝐋𝐢𝐨𝐧 𝐆𝐲𝐦 မှာ ကျန်းမာရေးပန်းတိုင်တွေကို အတူတူ အကောင်အထည်ဖော်နိုင်မဲ့ အထူး 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေရှိပါတယ်။
* ၁ လ 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩: ၄၅,၀၀၀ ကျပ်
* ၆ လ 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩: ၁ လ 𝐅𝐫𝐞𝐞
* ၁ နှစ် 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩: ၃ လ 𝐅𝐫𝐞𝐞
ဒီအစီအစဉ်တွေဟာ သင့်ရဲ့ကျန်းမာကြံ့ခိုင်မှုအတွက် တကယ်ကို အဖိုးတန်တဲ့ ရွေးချယ်မှုတွေဖြစ်တဲ့အပြင် အတူတူ လေ့ကျင့်ရင်း ပျော်ရွှင်စရာအချိန်တွေကိုလည်း ရရှိနိုင်ပါတယ်။
ဒါကြောင့် အခုပဲ သင်ချစ်ခင်ရသူနဲ့အတူ 𝐋𝐢𝐨𝐧 𝐆𝐲𝐦 ကို လာရောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပုံဖော်လိုက်တော့နော်။
🦁𝐋𝐢𝐨𝐧 𝐆𝐲𝐦
🚩𝐀𝐝𝐝𝐫𝐞𝐬𝐬- အရှေ့မြို့ပတ်လမ်း ၂၉𝐱၃၀ ကြား၊ကန်ကောက်၊မန္တလေးမြို့။
📲𝐏𝐡-𝟎𝟗𝟕𝟗𝟕𝟒𝟕𝟓𝟒𝟓𝟓
’sTimeToHitTheGym
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
အရှေမြို့ပတ်လမ်း ၂၉ ၃၀ ကြား Nan Oo Lwin
Mandalay
Opening Hours
| Monday | 06:00 - 11:00 |
| 15:00 - 20:00 | |
| Tuesday | 06:00 - 11:00 |
| 15:00 - 20:00 | |
| Wednesday | 06:00 - 11:00 |
| 15:00 - 20:00 | |
| Thursday | 06:00 - 11:00 |
| 15:00 - 20:00 | |
| Friday | 06:00 - 11:00 |
| 15:00 - 20:00 | |
| Saturday | 06:00 - 11:00 |
| 15:00 - 20:00 |