10/12/2023
ပွဲကြိုခန့်မှန်းထားတဲ့အတိုင်းပဲ အဲဗာတန်ရဲ့ရုန်းအားကြားမှာချဲလ်ဆီးတို့ဒူးထောက်ခဲ့ရပါတယ်။ တစ်ပွဲပြီးတစ်ပွဲ ကိုးလ်ပယ်မာကိုတောင်အားနာစရာကောင်းနေပါတယ်။ မူဒရစ်၊ပယ်လ်မာ၊ဂါလယ်ချာတို့ပဲတစ်သင်းလုံးစာကစားရသလိုဖြစ်နေတာပါ။
နည်းပြပိုချက်တီနိုရဲ့အမှားလည်းမကင်းသလို ဘယ်ခြမ်းမှာမူဒရစ်အတွက်အရေးပါတဲ့ အန်ဇိုကိုလူစားလဲခဲ့တာပါ။ ဒါတင်မဟုတ်သေးပဲ ပွဲပြီးခါနီးမှာ ဂိုးသမားပါလဲလိုက်ရတယ်ဆိုတော့ ချဲလ်ဆီးဟာ ပိုပြီးယိုင်နဲ့သွားပါတော့တယ်။
အဲဗာတန်နောက်တန်းကလည်း မာလ်ဒီနီ၊ပူယိုးလ်တို့၀င်ကန်နေသလားအောက်မေ့ရအောင်ကောင်းလွန်းခဲ့တာပါ။ ချဲဆီးတို့ ကံအကြောင်းမလှခဲ့သလို အဲဗာတန်ကိုလည်း ဂုဏ်ပြုရမယ့်ပွဲစဉ်တစ်ပွဲပါပဲ။
10/12/2023
ပွဲကြိုသုံးသပ်ချက်အတိုင်းပဲ ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရပြန်ပါပြီ 🔵⚪
Everton 2 vs 0 Chelsea (FT)
Doucuoré 54'
Dobbin 90+2'
10/12/2023
ငါးပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ စပါးကတော့ ဒီပွဲမှာ အကောင်းဆုံးပြန်လာဖို့အတွင် ပြင်ဆင်ခဲ့မှာတော့ အသေချာပါပဲ။ နယူးနဲ့ နောက်ဆုံးတွေ့ဆုံမှု (၅) ကြိမ်မှာလည်း (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံးဆိုတဲ့ရလဒ် ရရှိထားပါတယ်။
နယူးကာဆယ် အသင်းကတော့ ဒဏ်ရာရကစားသမားတွေများပြားနေပြီး ကြားရက်မှာ ချန်ပီယံလိဂ်ပွဲတွေရှိနေပါသေးတယ်။ သို့ပေမဲ့လည်း နှစ်ဖက်လုံးက တိုက်စစ်အားသန်ပြီး ဖွင့်ကစားတတ်တဲ့အသင်းတွေဖြစ်တာနဲ့အညီ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဂိုးမြူးသွားနိုင်ပါတယ်။
10/12/2023
Man City Vs Luton Town Line Up !
10/12/2023
အဲဗာတန် vs ချဲလ်ဆီး (ပွဲကြိုသုံးသပ်ချက်)
တစ်နေ့ရွှေတစ်နေ့ငွေဖြစ်နေတဲ့ ချဲလ်ဆီးခြေစွမ်းနဲ့ နောက်ဆုံးကန်ထားတဲ့ပွဲစဉ်မှာ နယူးကာဆယ်ကို ဂိုးပြတ်သွင်းထားတဲ့ အဲဗာတန်တို့နဲ့တွေ့ဆုံမှုဟာလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
နောက်ဆုံးတွေ့ဆုံမှု (၅) ကြိမ်မှာလည်း ချဲလ်ဆီးက ၂ ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးဆိုတဲ့ ရလဒ်ကိုရရှိထားပါတယ်။ FFP စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး အဲဗာတန်က 10 မှတ်လျှော့ခံထားရလို့ တန်းဆင်းဇုန်ရောက်သွားခဲ့ပေမဲ့ အကောင်းဆုံးရုန်းအားနဲ့အတူ နယူးနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပါတယ်။
ပိတ်ဆော့မှာမဟုတ်တဲ့ အဲဗာတန်ကြောင့် ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပြီး လွယ်ကူမှာမဟုတ်တဲ့တွေ့ဆုံမှုကို ချဲလ်ဆီးတို့ ရင်ဆိုင်ရနိုင်ပါတယ်။
02/12/2023
အိမ်ကွင်းမှာ နိုင်ပွဲထပ်မံရရှိခဲ့တဲ့ Arsenal 🔴💥
02/12/2023
ပထမပိုင်းအပြီး 2ဂိုးပြတ်နဲ့ဦးဆောင်နေတဲ့ အာဆင်နယ် 🔴
Saka 6'
Ødeegard 13'
02/12/2023
Goallllllllll 🔴
Ødegaard 13'
Ars 2-0 Wol
02/12/2023
U-17 World Cup မှာဗိုလ်ဆွဲခဲ့တဲ့ Germany အသင်း 🇩🇪🏆
Germany U-17 2 vs 2 France U-17
Penalty 4 - 3 (Germany Win)
02/12/2023
Arsenal vs Wolverhampton Line Up 💥💣
02/12/2023
ယနေ့ညမြန်မာစံတော်ချိန် ၉နာရီခွဲမှာEPLပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ကစားကြမယ့် အာဆင်နယ်အသင်းနဲ့ ဝုဗ်ပွဲစဉ်မှာတော့ နှစ်ဖက်စလုံးရဲ့ တိုက်စစ်တွေကို ဖောဖောသီသီမြင်ရမယ့်ပွဲစဉ်လို့တော့ တွက်ရမှာပါပဲ။
အာဆင်နယ်အသင်းကတော့ အိမ်ကွင်းအားသာချက်နဲ့အတူ ထုံးစံအတိုင်း သူတို့ကစားနေကျတိုက်စစ်ဦးစားပေးကစားကွက်ကို ပုံဖော်လာနိုင်ပြီးတော့ ဝုဗ်ကလည်း ခံစစ်နှစ်ထပ်ကာပြီး ခံစစ်အသားပေးကစားတတ်တဲ့အသင်းမဟုတ်တာကြောင့် ရှေ့လယ်နောက် ဟန်ချက်ညီညီကစားလာမှာဖြစ်လို့ကြည့်ကောင်းမဲ့ပွဲစဉ်အဖြစ်သတ်မှတ်ရမှာပါ။
ဝုဗ်နည်းပြအနေနဲ့ အာဆင်နယ်လိုအသင်းကိုတိုက်စစ်ဖွင့်ကစားမလား? အခုနောက်ပိုင်း EPL ဖြတ်မျဉ်းအသင်းတွေအသုံးများလာတဲ့ခံစစ်နှစ်ထပ်ကာ တန်ပြန်တိုက်စစ်ပုံစံမျိုးနဲ့ ခင်းကျင်းလာမလားဆိုတာ စိတ်၀င်စားစရာကောင်းနေပါတယ်။
ဒါ့အပြင် ဝုဗ်က ကွင်းလယ်အဖျက်ပိုင်းပိုမိုအားကိုးပြီး တန်ပြန်တိုက်စစ်သွားတာအလွန်လျင်မြန်တဲ့အသင်းဖြစ်တာကြောင့် အာဆင်နယ်ခံစစ်မှူးများ မကြာခဏဆိုသလို အလုပ်ရှုပ်နိုင်ပြီး သတိကြီးကြီးထားရပါလိမ့်မယ်။
အချုပ်အနေနဲ့ကတော့ ယခုပွဲစဉ်မှာဝုဗ်က ခံစစ်ဆော့လာရင် အာဆင်နယ်အသင်းအနေနဲ့ဂိုးရဖို့ရုန်းကန်ရနိုင်ပေမယ့် သူတို့ပုံစံအတိုင်းတိုက်စစ်ဆင်ကစားလာမယ်ဆိုရင်တော့အပြန်လှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။